Head to Head ကို မသိတဲ့ နည်းပြကြောင့် ဆီးဂိမ်းဘောလုံးပွဲက မြန်မာအသင်း ရှုံးထွက်ရ

December 16, 2013

Head to Head ကို မသိတဲ့ နည်းပြကြောင့် ဆီးဂိမ်းဘောလုံးပွဲက မြန်မာအသင်း ရှုံးထွက်ရ
ကြေးမုံသတင်းစာမှ ကောက်နုတ်ဖော်ပြသည်၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၃

ရန်ကုန် ဒီဇင်ဘာ ၁၆။  မြန်မာအမျိုးသားဘောလုံးအသင်း အုပ်စုနောက်ဆုံးပွဲစဉ်တွင် အင်ဒိုနီးရှား အမျိုးသားဘောလုံးအသင်း ကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ အမှတ်ချင်းတူ ဂိုးကွာခြားချက် အသာရခဲ့သော်လည်းံHead to Headံစည်းမျဉ်းအရ အုပ်စုပွဲစဉ်မှပင် ထွက် ခဲ့ရပြီးနောက် မြန်မာဘောလုံးအသင်း နည်းပြ ပတ်ဆောင်ဟွာက အဆိုပါံHead to Head စည်းမျဉ်းရှိကြောင်း ဘောလုံးပွဲအချိန် မိနစ် ၉၀ ရောက်မှ သာ အင်ဒိုနီးရှားအသင်းသားများ ပျော်ရွှင်နေသည်ကိုတွေ့မှ သိရ ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားသည်။

အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့သည့် ပွဲတွင် ပတ်ဆောင်ဟွာသည် မြန်မာ ဘောလုံးအသင်း၌ အရန်ကစားသမား အများစုကိုသာ ထည့်သွင်းအသုံးပြု ခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ ရှုံးနိမ့်မှုနှင့် ပတ်သက်၍ ကျွန်တော်က ‘ဆီမီးဖိုင်နယ်မှာရှုံးရင် ဘယ်အသင်း၊ နိုင်ရင် ဘယ်အသင်းဆိုတာကိုပဲ တွေးနေပြီး ဒီပွဲကို အပြည့်အဝ အာရုံမစိုက်ထားခဲ့ပါဘူး။ံHead to Head စည်းမျဉ်း ရှိတာကိုလည်း ဒီပွဲပြီးခါနီးမှ သိတာပါဒါကြောင့် ဒီရှုံးနိမ့်မှုဟာ ကျွန်တော်တစ်ယောက်တည်းသာ တာဝန်ရှိပါတယ် ‘ ဟု ကြေးမုံသတင်းစာမှ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

 အဆိုပါHead to Head စည်းမျဉ်းအား အုပ်စုပွဲများ မကန်မီ ဟိုတယ်ရန်ကုန်၌ ပြုလုပ်ခဲ့သော ဘောလုံး အသင်းမန်နေဂျာများ အစည်းအဝေး၌ပင် ပွဲကြည့်ကြပ်သူများနှင့်အတူ ချမှတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ မီဒီယာများတွင် ကြိုတင်ရေးသားခဲ့သလို မြန်မာဘောလုံးပရိသတ်အားလုံးလည်း ကြိုတင်သိရှိထားသည့် စည်းမျဉ်း ဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားနိုင်ငံက နည်းပြ ပတ်ဆောင်ဟွာ သည် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအား လေးနှစ်ကျော် ကိုင်တွယ်ခဲ့ကြောင်းသိရသည်။

(သတင်း-သီဟသူ၊ ဓာတ်ပုံ-ဌေးနိုင်၊ ကြေးမုံသတင်းစာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်