ငြိမ်းချမ်းအေး – အနှစ် နှင့် အကာ

December 4, 2014

 

 

ငြိမ်းချမ်းအေး – အနှစ် နှင့် အကာ

မိုးမခ  ။ ဒီဇင်ဘာ ၄၊ ၂၀၁၄

မနေ့က ဗမာ့ အွန်လိုင်းလောက မှာ အာဏာရှင် ဗိုလ်သန်းရွှေ ရဲ့ ကိုယ်ရေး မှတ်တမ်း က ဂယက်ရိုက် ခဲ့တယ်။  ဘယ်သူ က စ တင်လိုက်သလဲတော့ မသိ၊ ပညာ အရည်အချင်း (၃) တန်း အောင် ဆိုတဲ့ ကိုယ်ရေး မှတ်တမ်း ဓာတ်ပုံ က လူမှုကွန်ရက် စာမျက်နှာများမှာ ပလူပျံ သွားခဲ့တယ်။  တကယ်တော့ လုပ်ကြံထားကြတာပါ။  ဒီလို ပုဂ္ဂလိက ဘဝ တွေ ကို တိုက်ခိုက် အာဏာရှင် မကောင်းကြောင်း ပြောချင်ကြခြင်းဟာ ဒီမိုကရေစီ ကို မီးသွေးခဲနဲ့ သုတ်ခြင်းပါ။  အနှစ် နှင့် အကာ ကို ခွဲခြား နားမလည် ကြတာပါ။

တကယ်တော့ ဗိုလ် သန်းရွှေ ကို (၃) တန်း အောင် လို့ ပြောမှ သူ့ သိက္ခာ က ကျတာ မဟုတ်ပါ။  ဗိုလ်သန်းရွှေ နဲ့ အပေါင်းအပါများ ရဲ့ ဖြစ်တည်မှု ရပ်တည်မှု ဟာ ကျန် ပြည်သူ သန်း (၅၀) ကျော် ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ သွေး၊ ချွေး ကို ရင်း လို့ ဆိုတဲ့ အခြေခံ အကြောင်း ကြောင့် သူတို့ လို လူမျိုးရဲ့ သိက္ခာ က သုည အမှတ် အောက် ကျပြီး ဖြစ်တယ်။

တသက်လုံး ဗိုလ်နေဝင်း ခိုင်းသမျှ လုပ်ခဲ့တဲ့ ဒေါက်တာ မောင်မောင် ကမ္ဘာ ကျော် ယေးလ် က ဘွဲ့ယူ ခဲ့တယ်၊ ဥရောပ မှာ ဘွဲ့ယူခဲ့တယ်။  ဥပဒေ ပါရဂူဘွဲ့ နှစ်ထပ်ကွမ်း၊ တကယ့် ပညာ ရှင် အစစ်။  ဒါပေမဲ့ အာဏာရှင့် လက်ကိုင်ဒုတ် ဘာ သိက္ခာ မှ မရှိဘူး။  အင်မတန် ရင်းနှီးတဲ့ မိတ်ဆွေ အပေါင်းအသင်းချင်း တွေ့လို့ တခါ တခါ လွတ် ပြီး သူကိုယ်တိုင်လည်း ဒါမျိုး တွေ အတွက် စိတ်မကောင်းဖြစ် ငိုတယ်။

ဆိုချင်တာက လူသား တယောက်  ဖြစ်တည်မှု ရပ်တည်မှု မမှန်ရင် ဘာ သိက္ခာ မှာ မကျန်ဘူး။  အတန်းပညာ နဲ့ မဆိုင်ဘူး။

မြန်မာစာ ကဝိ၊ ကဗျာ စာဆို သခင်ကိုယ်တော်မှိုင်း ဘာ အဖြူ စာ တလုံး မတတ်ပါ။  ဘို စာ ခေတ်စားတဲ့ ရှေးဦး အင်္ဂလိပ် ခေတ်ကတည်းက ဘို အထင်ကြီး၊ ဘို ရှိခိုးနေတဲ့ သူတွေရဲ့ အထက်က ဆရာ လွန်း အဖြစ် ခန့်ခန့်ထည်ထည် နေနိုင်တယ်။  သေသည့်တိုင်နဲ့ အခုအချိန်ထိလည်း သိက္ခာ၊ အရှိန်အဝါ၊ သြဇာ ကြီးတယ်။  ဒါ မြန်မာ ပညာရှိ မို့ လို့ အဓိက မဟုတ်ပါ။  သူ နဲ့ ခေတ်ပြိုင် မြန်မာ ပညာရှိ တွေ ဘယ်သူမှ သူ့လောက် လူလေးစား မခံရပါ။  သူ အခုလို ဂုဏ်သိက္ခာ ကြီးရခြင်းဟာ ခေတ်အဆက်ဆက် ပြည်သူနဲ့တသားတည်း ရပ်ခဲ့တဲ့ မှန်ကန်တဲ့ ဖြစ်တည်မှု ကြောင့်ပါ။

ဆိုတော့ ဗိုလ်သန်းရွှေ တို့ တသိုက်ရဲ့ သိက္ခာ ဟာ အတန်းပညာ နဲ့ မဆိုင်၊ ကျင့်တဲ့ ကိုယ် ကျင့်တရား၊ လုပ်တဲ့ အလုပ်၊ ရပ်တည် တဲ့ ဘက် နဲ့ သာ ဆိုင်တယ်။

ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့် တို့ တသိုက် ကို ဉာဏ် မရှိဘူး များ ထင်သလား။   သူတို့ တိုင်းပြည် ကို ဖျက်ခဲ့တာ ထုံလွန်း အလွန်း အသိ မကြွယ်၊ ပညာ မတတ်လွန်းလို့များ ထင်သလား။  သူတို့ ကိုယ်ကျိုး၊ အုပ်စု လူတစု စီးပွား ကို ကြည့် ဉာဏ်များ၊ ပရိယာယ် ကြွယ်ကြွယ် လိုသလို ကစားပြီး တိုင်းပြည် ကို နင်းခြေခဲ့တာရယ်ပါ။  သူတို့ အကျိုး အတွက် ဉာဏ်တွေမှ အပြည့်၊ ငတုံးငအ တွေ မဟုတ်ဘူး။  ဒါကြောင့် နှစ်ငါးဆယ် ကျော် အသွင် အမျိုးမျိုးပြောင်း ရပ်တည် နေနိုင်တာပေါ့။

ဗိုလ်သန်းရွှေ အတန်း ပညာ အရည်အချင်း အမှန် ဆိုရင်လည်း စစ်တပ် တရားဝင် မှတ်တမ်း အရ အထက်တန်းအောင် ဆိုတယ်။  အမှန်တော့ သေချာ မသိနိုင်။  ခန့်မှန်းရတာကတော့ အထက်တန်း အဆင့် အထိ ရောက်ဖူးတယ်။  အလယ်တန်း အောင်လက်မှတ် ရှိမယ်။  ဒီ လက်မှတ် နဲ့ စာတိုက် စာရေး ဖြစ်မယ်။  အထက်တန်း အထိ လည်း ပညာသင်ဖူးတော့ အဲ့ဒီ အချိန် ဗိုလ်သင်တန်း (OTS) တွေက  လိုသလို ခေါ်တာဆိုတော့ အရာရှိ သင်တန်း တက် အရာရှိ ဖြစ်ခဲ့တယ်။  စစ်တပ် ရာထူး အဆင့်ဆင့်မှာလည်း သူဟာ ပညာဆိုင်ရာ တွေ လေ့လာခဲ့တယ်။  နိုင်ငံရေး သိပ္ပံ၊ စိတ်ဓာတ်စစ်ဆင်ရေး ဘာသာရပ်တွေဟာ သူကျွမ်းကျင်တဲ့ ဘာသာရပ်တွေ ဖြစ်တယ်။  တော်လှန်ရေးကောင်စီ ခေတ် ဗဟို နိုင်ငံရေး သိပ္ပံ နည်းပြတောင် လုပ်ခဲ့တယ်။  သူ့ ရာထူး စဉ် တလျှောက် ဒီ ပညာရပ်တွေကိုပဲ အသုံးချ တက်ခဲ့တယ်။  စီမံခန့်ခွဲမှု တွေ လုပ်ခဲ့တယ်။

ရေးရင်းနဲ့ ဗိုလ်သန်းရွှေ ချီးမွမ်းခန်း ဖွင့်သလို ဖြစ်နေပြီ။

ဗိုလ်သန်းရွှေ ရဲ့ မူလ အရည်အသွေး တခု က လူန လူအ လူနုံ ရုပ် ပေါက်နေတဲ့ ပင်ကိုယ် မျက်နှာပေးလို့ ဆိုရမယ်။  ဒါကြောင့် သူ့ အရည်အသွေး ကို အပြင်ပန်း မသိနိုင်၊ ခန့်မှန်းရခက်ကြတယ်။

ဒါကြောင့်လည်း ဗိုလ်နေဝင်း က သတိ မမူ မိခဲ့ဘဲ ထိပ်ပိုင်း ရာထူး အထိ ရောက်လာ၊ မဆလ နေဝင်ခါနီး မှာ  ဒုချုပ် အထိ ဖြစ်လာတယ်။

ဗိုလ်နေဝင်း  တသက်လုံး ကျင့်သုံးခဲ့တဲ့ မူဝါဒ က လူတော် မလိုဘူး၊ လူကောင်းပဲ လိုတယ် ဆိုတာပါ။  လူကောင်း ဆိုတာက သူ့ကို အာ မခံ၊ သူ ခိုင်းရာ လုပ်မယ့် လူကောင်း မျိုး ပါ။  ဗိုလ်ချုပ် တင်ဦး (အခု NLD) ကို ဆိုရင် မွေးစားသားလို မွေးခဲ့၊ ချစ်ခဲ့တာပေါ့။  သူ့ရဲ့ အာဏာသိမ်းဖက် လက်ဝဲ၊ လက်ယာ ရံ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင် နှစ်ယောက် ကို ဖယ်အပြီးမှာ သားတပည့် အရင်း အမြဲ ခိုင်းတာလုပ်တဲ့ ဗိုလ်စန်းယု ကို စစ်ဦးစီးချုပ် ပေးခဲ့တယ်။  ဗိုလ်စန်းယု သက်ပြည့် တော့ အခြား သားတပည့် ဗိုလ်တင်ဦး ကို ပေးခဲ့တယ်။  ဒါပေမဲ့ နည်းနည်း အထိန်းရခက်၊ သူ့ ထက် ကျော် လာပြီ ဆိုချိန် ဗိုလ်တင်ဦး ကို ကန်ချ မောင်းထုတ်တော့တာပဲ။

ဗိုလ် နေဝင်း အာဏာသက် တလျှောက် ဒါမျိုး ဖြုတ်၊ ထုတ်၊ ရှင်း တွေ အများကြီး ရှိခဲ့တယ်။  ဒါပေမဲ့ ဗိုလ်သန်းရွှေ မပါခဲ့ဘူး။  ဗိုလ်နေဝင်း ကိုယ်တိုင် မြွေပွေး ခါးပိုက်ပိုက်မိတာ၊ နောက်ဆုံး သူ့ကို အာ ခံတော့ ဗိုလ်နေဝင်း ခမျာ သေတာတောင် အလောင်း မလှခဲ့ရဘူး မလား။

ဆိုချင်တာက ဗိုလ်သန်းရွှေ ကို ပေါ့ပေါသေးသေး သွားမထင်နဲ့။  သူ ရူးတာ၊ နုံတာ၊ အ တာ က သူတို့ အတွက် ရူးနေတာ၊ အရူးပါးတွေပါ။

အဓိက ဆိုချင်တာက ဒီ လို လူတသိုက် ရဲ့ သိက္ခာ ဟာ အတန်းပညာ မရှိမှ မဟုတ်၊ နဂို မူရင်း သူတို့ရဲ့ အလုပ်၊ အကျင့်၊ ဖြစ်တည်မှု အရ ကို နိမ့်ကျ နေပြီး ဖြစ်တယ်။  တခြား ထောက်ပြ ဆိုစရာ မရှိပါ။

ကျနော်တို့ လူအများ လိုတာ အဲဒီ နေရာမှာပါ။  မဟုတ်တာ အရေးပေးချင်၊ မရောင်ရာ ဆီလူး ချင်ကြတယ်။  စစ်အုပ်စု အသိုက်အမြုံ တခုလုံး ရဲ့ ဖြစ်တည်မှု ရှင်သန်မှု ကိုသာ မျက်မှောက် ရှုစမ်းပါ။  ကျန်တဲ့ ပုဂ္ဂိုလ်ရေးတွေ မပါစမ်းပါနဲ့။  အဲ့သလို အုပ်စု ရပ်တည်နေမှု ကို မမြင်နိုင်တော့ အခု ဗိုလ်သိန်းစိန် ကို သမ္မတကြီး ပြေးခေါ်၊ ဗိုလ်ရွှေမန်း ကို ဥက္ကဌ ကြီး၊ နာယက ကြီး ညွှန်း “ခေါမ ဒီမိုကရေစီ” ကနေ ယုတ်လျော့ ဗမာပြည်မှာ “စစ် ဘောမ ဒီမိုကရေစီ” ဖြစ်ကုန်တော့တာပေါ့။

ဘာသာရေး ကိစ္စ ဆိုလည်း အတူတူပဲ။  ဘုန်းကြီး တွေ တရား မဟုတ်တဲ့ အရာ တွေ ဟောနေ ပြောနေ တာကျ “ဒဲ့” မပြောရဲကြဘူး။  ကိုရင်တွေ ဦးဇင်းတွေ ကမြင်းကြော ထ တာ တချို့ ထောက် ပြ အပြစ်တင်၊ အတင်းချ ချင်ကြတယ်။  ဘာသာ သာသနာ က အဲ့ဒီလို ကမြင်းတဲ့ အစိတ် အပိုင်းကြောင့် မျက်နှာ ပျက်ရာမှာ မဟုတ်၊ ငြိမ်းချမ်းရေး ဘွဲ့ခံ နေရာ ရနေတဲ့ သြဇာ ရှိ ကိုယ်တော် တွေ ဂျိုး ပြော မိုးပြော ပြော မှ ပျက်ရတာပါ။

အနှစ် ကို ကြည့်ပါ၊ အကာ ကို မယူ မပြောကြပါနဲ့။

ဒါမှ ပြဿနာ   အဖုံဖုံ စစ်အာဏာရှင် စနစ် ဆိုး က အစ ဘာသာရေး မှိုင်း အထိ ကိစ္စ အဝဝ ကို အောင်မြင် ပြီးမြောက် ဖြေရှင်း နိုင်ပါမယ်။

ငြိမ်းချမ်းအေး

ဒီဇင်ဘာ ၀၂၊ ၂၀၁၄

(ဆောင်းပါး ပါ အာဘော်ကို ဝေဖန် ထောက်ပြရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။)

 

ခေါင်းစီး ဓာတ်ပုံ – Credit Wikipedia / Photographer attached to the Prime Minister of the Kingdom of Thailand : Peerapat Wimolrungkarat )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ, ငြိမ်းချမ်းအေး

4 Responses to ငြိမ်းချမ်းအေး – အနှစ် နှင့် အကာ

  1. Hla Hla on December 5, 2014 at 8:05 am

    kaung tae
    very good.
    very good.

  2. Catwoman on December 5, 2014 at 8:47 am

    Good article. Recently I read a book on tha khin ko taw maing by u chit maung. I feel like he s full of racism and bigotry. He hates America yet I don’t think he knows a single American. May be it s a sign of that time. I wish he can see the world today. I did not like that book at all. I think we should be more open minded and accepting of others.

  3. Ba Ba Gyi on December 5, 2014 at 6:46 pm

    အာဏာသိမ်းဖက် လက်ဝဲ၊ လက်ယာ ရံ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင် နှစ်ယောက် ကို ဖယ်အပြီးမှာ သားတပည့် အရင်း အမြဲ ခိုင်းတာလုပ်တဲ့ ဗိုလ်စန်းယု ကို စစ်ဦးစီးချုပ် ပေးခဲ့တယ်။ ဆိုတာမှားနေတယ်။ ၁၉၆၂ အာဏာသိမ်းချိန်မှာ ဗိုလ်မောင်မောင်ဟာကန်ထုတ်ခံထားရလို့သံအမတ်အဖြစ်နဲ့အစ္စရေး ရောက်နေတာတစ်နှစ်လောက်ရှိနေပြီ။ ဗိုလ်စန်းယုဟာလည်း ၁၉၆၃ မှာ ဗိုလ်အောင်ကြီးတော်လှန်ရေးကောင်စီကရော အစိုးရအဖွဲ့ကပါ”နှုတ်ထွက်”တော့မှဗိုလ်အောင်ကြီးနေရာ ဒုစစ်ဦးစီးချုပ် (ကြည်း) ဖြစ်လာတာပါ။

    • nyeinchanaye81 on December 7, 2014 at 6:59 am

့Yeah, I didn’t specified the details. Military Coup dream had started by the trio, Ne Win backed by Aung Gyi and Maung Maung, even since under Japanese occupation. In 1958, they did as a first step

      Anyway, in that sentence, I merely want to point out about Ne Win nature.

      For the commander in chief position, I just want to to say that Ne Win gave his most trusted men and Tin Oo was one of them. That’s it.

      Thanks for your comment.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်