တူမောင်ညို – လက်ပံတောင်းဒေသခံပြည်သူများ၏ လိုလားချက်သည် အဓိကနှင့်ပထမ ဖြစ်ရမည်

December 27, 2014

တူမောင်ညို – လက်ပံတောင်းဒေသခံပြည်သူများ၏ လိုလားချက်သည် အဓိကနှင့်ပထမ ဖြစ်ရမည်
ဒီဇင်ဘာ ၂၈၊ ၂၀၁၄

လက်ပံတောင်းဒေသခံပြည်သူများ အပါအဝင် တပြည်လုံးရှိလယ်သမားများက အဓမ္မနည်းမျိုးစုံဖြင့် အသိမ်းပိုက်ခံနေရသော သူတို့ပိုင် လယ်မြေ၊ ယာမြေ၊ ခြံမြေများအတွက် ခုခံတိုက်ပွဲဝင်နေကြသည်မှာ တရားမျှတပြီး မှန်ကန်သောလုပ်ဆောင်ချက်ဖြစ်ပါသည်။

လက်ပံတောင်းဒေသခံပြည်သူများ၏ ရဲရင့်သောအရေးဆိုမှု၊သွေးမြေကျရမှုများအပေါ်တတိုင်းတပြည်လုံးက၊  ပြည်သူတစ်ရပ်လုံးက သွေး စည်းမှု၊  အားပေးကူညီမှု၊ စာနာထောက်ထားမှုများကို ပုံစံမျိုးစုံဖြင့် ဖော်ပြပါဝင်လုပ်ဆောင်နေကြသည်မှာလည်း အားတက် ဂုဏ်ယူဖွယ်ဖြစ်ပါ သည်။

မိုက်မဲသော၊ အမြင်တို၍ အလိုရမ္မက်ကြီးသော (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရသည် အကြမ်းဖက်မှု၌ သွေးဆာ လက်ယဉ်နေသူများပီပီ၊ လက်ပံတောင်းဒေသခံပြည်သူများအပေါ်တွင်သာမက တပြည်လုံးအနှံ့ တောင်ပေါ်မြေပြန့်မကျန် ဖြစ်ပေါ်နေသော ပြည်သူများ၏ အရေးဆို လှုပ်ရှားမှုများကို အကြမ်းဖက်ဖိနှိပ်လျက်ရှိသည်။

ယင်းသို့  တပြည်လုံးအနှံ့ ဖြစ်ပွားခဲ့/ဖြစ်ပွားဆဲဖြစ်ရပ်များနှင့် လက်ပံတောင်းဒေသတွင်လက်တလောဖြစ်ပေါ်နေသော ဖြစ်ရပ်က အထင် အရှားဖော်ပြနေသည့် အချက် ၂ ခုရှိပါသည်။

၎င်းတို့မှာ
(၁) အုပ်စိုးသူအစိုးရသည် ပဋိပက္ခတစ်ရပ်ပေါ်ပေါက်လာသောအခါ လက်နက်ဖြင့်အကြမ်းဖက်ခြင်း။
(၂) ဒေသခံပြည်သူများ၏အကျိုးစီးပွားကို လျစ်လျူရှုမျက်ကွယ်ပြုပြီး ဦးပိုင်/ဝမ်ပေါင် စသော သက်ဆိုင်ရာခရိုနီများ၊ ကုမ္ပဏီများ၏ အကျိုး စီ ပွားကိုသာ ရွပ်ရွပ်ချွံချွံ ကာကွယ်နေကြသည့်အချက်များပင်ဖြစ်သည်။

အဖိနှိပ်ခံ ပြည်သူများသည် သူတို့၏လိုလားချက်များကိုတောင်းဆိုရာတွင် ဘယ်သောအခါမှာမှ အကြမ်းဖက်ခြင်းကိုမပြုခဲ့၊ ငြိမ်းချမ်းစွာစည်း ကမ်းရှိစွာ တောင်းဆိုဆန္ဒပြခဲ့ကြသည် သာဖြစ်သည်။ ပြည်သူများတွင် အကြမ်းဖက်စရာ မည်သည့်လက်နက်မျှမရှိခဲ့၊ အကြမ်းဖက်မှုကို စတင်ပြုလုပ်သူမှာ အုပ်စိုးသူများဘက်က ဖြစ်သည်။ အုပ်စိုးသူများသည် ဖိနှိပ်ရေးလက်နက်မျိုးစုံတပ်ဆင်ထားသော၊ စနစ် တကျ လေ့ကျင့် ထားသော စစ်တပ်၊ရဲတပ်များဖြင့် ပြည်သူများအပေါ် ရက်ရက်စက်စက် အကြမ်းဖက်ကြခြင်းသာဖြစ်သည်။

(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် ၎င်းတို့၏ အကြမ်းဖက်ဖိနှိပ်ရေးလက်နက်ယန္တယားများထဲတွင် စစ်တပ်၊ ရဲတပ်၊ လုံထိန်းတပ်များ၊ နံပတ်ဒုတ်၊ သေနတ်မျိုးစုံ၊ မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံး၊ မီးသတ်ပိုက်၊ သံဆူး ကြိုးတို့သာမက ဘူဒိုဇာနှင့် အသံချဲ့စက် (လော်စပီကာ) တို့ကိုပါ ထည့်သွင်းထားခဲ့ပြီဖြစ်ပါသည်။ ဤကား မြင်သာထင်သာသော အကြမ်းဖက်လက်နက်ကရိယာများဖြစ်သည်။

အခြားတစ်ဖက်မှလည်း ရုပ်သံလိုင်းများ၊ စာနယ်ဇင်းများ၊ ဆိုရှယ်မီဒီယာများကိုအသုံးချ၍ ပြည်သူများ၏ တောင်းဆိုလှုပ်ရှားမှုများကို သေးသိမ်အောင်၊ ဦးတည်ချက်ဝေဝါးပြီး၊  ပြိုကွဲသွားစေရန် ဘာသာရေး၊ လူမျိုးရေး၊ လှုံ့ဆော်ရေးသားမှုစသော နည်းမျိုးစုံဖြင့် မှိုင်းတိုက်လေ့ရှိ သည်။ ဖြိုခွဲလေ့ရှိသည်။ ပြည်သူများအချင်းချင်း သွေးကွဲစေရန်၊ ရန်တိုက်ဘေးတီးပေးလေ့ရှိသည်။

“၈၈ အရေးတော်ပုံကြီး” တွင် ကျဆုံးခဲ့ကြရသော ကိုဖုန်းမော်၊ ကိုစိုးနိုင်၊ မဝင်းမော်ဦးအစရှိသော ကျောင်းသားလူငယ်များ၊ ပြည်သူများနှင့် အလွတ်သတင်းထောက် ကိုပါကြီး၊ ယခုနောက်ဆုံးလက်ပံတောင်းတွင် ကျဆုံးရသည့် ဒေါ်ခင်ဝင်းတို့၏လက်ထဲတွင် မည်သည့် အကြမ်း ဖက်လက်နက်မျှ မပါရှိပါ။

ဒေါ်ခင်ဝင်း၏ ဦးခေါင်းကိုပစ်ခတ်ခဲ့သော ကျည်ဆံသည် (ရာဘာကျည်ဆံ ဟုတ်သည်/မဟုတ်သည်ထက်) မတော်တဆထိ မှန်ခြင်းမဟုတ်။ လိုင်ဇာစစ်သင်တန်းကျောင်းကို ၁၀၅ မမဖြင့် ပစ်ခတ်သကဲ့သို့ စနစ်တကျ ချိန်ရွယ်ပစ်ခတ်ခြင်းသာဖြစ်သည်။

ဤကဲ့သို့ ခေတ်မီသေနတ်လက်နက်များတပ်ဆင်ထားပြီး ခြေဆုံးခေါင်းဆုံး အကာအကွယ်များဝတ်ဆင်ထားသည့် ရဲများကို ဝါးခမောက် ဆောင်းထားပြီး “လောက်လေးခွနှင့် ဓါးမတို” သာကိုင်ထားသည့် ဒေသခံပြည်သူများသည် မည်သို့ယှဉ်ပြိုင်နိုင်ဖွယ်ရှိပါအံ့နည်း။

အစိုးရပိုင်သတင်းစာများမှနေ၍ လောက်လေးခွနှင့်ပြန်လည်ပစ်ခတ်သော ဒေသခံပြည်သူများကို အကြမ်းဖက်သူများဟု ဖော်ပြရေးသားနေ သည်မှာ မည်မျှအရှက်ကင်းမဲ့ဖွယ်ဖြစ်ပါသနည်း။ ဓါးမတိုတစ်ချောင်းပင်လက်ထဲမပါခဲ့သော တောင်သူဒေါ်ခင်ဝင်း၏ ဦးခေါင်းအား ခေတ်မီ သေနတ်ဖြင့် ချိန်ရွယ်ပစ်ခတ်သူအား “သူရဘွဲ့” ပေးအပ်ကြမည်လော။

ယခုကဲ့သို့ သွေးမတိတ်နိုင်ပဲ၊ ပြည်သူများ၏ သွေးများချွေးများ အကြိမ်ကြိမ်စွန်းထင်းနေရသည့် လက်ပံတောင်းပြဿနာကို ထိထိရောက် ရောက်နှင့် အမြန်ဆုံးဖြေရှင်းဖို့လိုအပ်ပါသည်။

ထိထိရောက်ရောက်ဖြေရှင်းရေးဆိုသည်မှာ လက်ပံတောင်းဒေသခံပြည်သူများ၏ (စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိ သော) အကျိုးစီးပွားအတွက် လတ်တလောနှင့် ရေရှည်အာမခံချက်ရှိသည့်ဖြေရှင်းမှုကို ဆိုလိုပါသည်။ ပြဿနာဖြေရှင်းမှု၏ အဓိက ဦးတည်ချက်သည် လက်ပံတောင်းဒေသခံပြည်သူများ၏ လိုလားချက်နှင့် လုံးဝကိုက်ညီစေရမည်။

ယင်းသို့မဟုတ်ဘဲ၊ တစ်နပ်စားဉာဏ်ဖြင့် ဦးပိုင်လီမီတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့၏ အကျိုးစီးပွားကိုသာ တစ်ဖက်သတ်ကြည့်နေမည်ဆိုလျှင် ယခုကဲ့သို့ အကြိမ်ကြိမ်ထပ်မံ သွေးစွန်းနေပေလိမ့်ဦးဖြစ်မည်သည်။

ထို့အပြင် စုံစမ်းရေးကော်မရှင်များကိုလည်း ပြည်သူများကအယုံအကြည်မရှိတော့ပါ။ ဖွဲ့စည်းခဲ့သမျှသော စုံစမ်းရေးကော်မရှင်များသည် အုပ်စိုးသူများအကြိုက်သာ စုံစမ်းခဲ့ကြသည့် ဘောင်းတော်ညိတ် စိတ်တော်သိ ကော်မရှင်များသာဖြစ်ပါသည်။ သို့ပါ၍ ဒေသခံ ပြည်သူများအကျိုးကိုထိထိရောက်ရောက်ဆောင်ကျဉ်းပေးနိုင်မည့် ဒေသခံပြည်သူများဆန္ဒနဲ့အညီ ရွေးချယ်ဖွဲ့စည်းသည့် “ဒေသခံပြည်သူ့ အကျိုး ဆောင် ရေးနှင့်ကာကွယ်ရေးကော်မတီ” တစ်ရပ်ဖွဲ့စည်းရန်လည်း အရေးတကြီးလိုအပ်ပါသည်။

ထိုကော်မတီသည် ဒေသခံပြည်သူများအကျိုးကိုဖော်ဆောင်ရလိမ့်မည်။ ကာကွယ်ရလိမ့်မည်။ ထိခိုက်နစ်နာမှုရှိမရှိ၊ ဒေသခံ ပြည်သူများလို လားသည့် လျှော်ကြေးနှင့်နစ်နာဆုံးရှုံးမှုကြေးများ တိကျမှန်ကန်စွာရရှိခြင်းရှိ/မရှိ လေ့လာစိစစ်နိုင်ရမည်။ လျှော်ကြေးနှင့် နစ်နာဆုံးရှုံးမှုကြေး များ တရားမျှတခြင်းမရှိသည်ကိုတွေ့ရှိရလျှင် ချက်ချင်းဖော်ထုတ်ပြောကြား တောင်းဆိုပိုင်ခွင့်ရှိသောကော်မတီလည်း ဖြစ်စေရမည်။ ထိုကော်မတီအား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အသင်းအဖွဲ့များက လိုအပ်သော ပညာရပ်ဆိုင်ရာ အထောက်အကူများ၊ အသိအမြင်များပေးအပ်ခြင်းဖြင့် အမြဲမပြတ်စောင့်ကြည့်ဝန်းရံကူညီပေးသင့်သည်ဟု ယူဆပါသည်။

လက်ပံတောင်းဒေသည်လည်းကောင်း၊ ဧရာဝတီမြစ်ဆုံသည်လည်းကောင်း မြန်မာပြည်သူလူထုနှင့်ခွဲခွာ၍ မရသောအစိတ် အပိုင်းများဖြစ်သည်။မြန်မာတစ်နိုင်ငံလုံး၏အရေးသည်လည်းကောင်း၊ မြန်မာနိုင်ငံအစိတ်အပိုင်းတစ်ခုချင်းစီ၏အရေးသည်လည်းကောင်း မြန်မာပြည်သူ တစ်ရပ်လုံးနှင့် သက်ဆိုင်သောအရေးအရာများပင်ဖြစ်သည်။ မြန်မာပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သောအရေးပင် ဖြစ်သည်။

“အညာသားသည် အညာဒေသကိစ္စကိုသာ ပြောရမည်”၊ “တောင်ပေါ်သားသည် တောင်ပေါ်ကိစ္စနှင့်သာ သက်ဆိုင်သည်”၊ “မြစ်ဝကျွန်းပေါ် သားသည်လည်း မြစ်ဝကျွန်းပေါ်ကိစ္စများ၌သာ အာရုံစိုက်ရမည်”ဟု ကန့်သတ်၊ စည်းခြား၍ လုံးဝ (လုံးဝ) မရနိုင်ပါ။

တစ်ခုလုံးကိစ္စဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိစ္စဖြစ်စေ၊ ပြည်သူတစ်ရပ်လုံး၏ အရေးအရာဖြစ်စေ၊ ပြည်သူတစ်စိတ်တပိုင်း၏ အရေးအရာဖြစ် စေ၊ ပြည်သူတိုင်းကအရေးထားစိတ်ဝင်စားနေကြရမည်သာဖြစ်သည်။ အရေးကြီးသည်ဖြစ်စေ/အရေးမကြီးသည်ဖြစ်စေ၊ သွေးနီး ပြီး၊ သွေးစည်းနေကြရမည်သာဖြစ်သည်။

သို့ပါ၍ လက်ပံတောင်းပဋိပက္ခကို တကယ်တမ်း ပြေလည်အောင်ဖြေရှင်းမည်ဆိုလျှင် “နိုင်ငံရေးသမား၏ သွေးထိုးမှု ပယောဂကြောင့်” ဟူ သော အမြင်နှင့်အစွဲကို အုပ်စိုးသူအစိုးရ၊ ဦးပိုင်လီမီတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ဘက်မှ ချက်ချင်းစွန့်လွှတ်ရလိမ့်မည်။

ထိုအမြင်နှင့်အစွဲကို လက်ကိုင်ထားနေသမျှ လက်ပံတောင်းပဋိပက္ခသည် မည်သည့်အခါမျှ ဖြေရှင်းလိမ့်မည်မဟုတ်ချေ။

ယင်းအမြင်နှင့်ယင်းအစွဲသည် အကြမ်းဖက်ရေးနှင့် သွေးစွန်းရေးသို့ထာဝစဉ်ဦးတည်နေသည့် အမြင်လည်းဖြစ်သည်။ အုပ်စိုးသူ အစိုးရ၊ ဦး ပိုင်လီမီတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့သည် ထိုအမြင်၊ထိုအစွဲဖြင့်ပြဿနာကို ချဉ်းကပ်ပြီး မတန်မရာလျှော်ကြေးပေးခြင်း၊ အကြမ်းဖက်ခြင်း စသည့်နည်းလမ်းများဖြင့် လက်ပံတောင်းပဋိပက္ခကို ဖြေရှင်းလျက်ရှိသည်။

အရင်းစစ်လိုက်လျှင် လက်ပံတောင်းပဋိပက္ခ၏ဇစ်မြစ်သည် အုပ်စိုးသူအစိုးရ၊ စစ်တပ်ပိုင်ဦးပိုင်လီမီတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့၏ ကိုယ် ကျိုးစီးပွားကိုသာ တစ်ဖက်သတ်ကြည့်ပြီး ဒေသခံပြည်သူများ၏အကျိုးစီးပွားကို မျက်ကွယ်ပြုခြင်းကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ သို့ပါ၍ လက်ပံတောင်းဒေသခံပြည်သူများ၏လိုလားချက်အပေါ်အဓိကနှင့်ပထမထားပြီး ဖြေရှင်းမည်ဆိုလျှင် လက်ပံတောင်းပဋိပက္ခသည် မပြေလည်နိုင်စရာအကြောင်းမရှိချေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, သူတို့အာဘော်

2 Responses to တူမောင်ညို – လက်ပံတောင်းဒေသခံပြည်သူများ၏ လိုလားချက်သည် အဓိကနှင့်ပထမ ဖြစ်ရမည်

  1. koton on December 28, 2014 at 7:01 am

    မှန်ပါသည်ဒေသခံများရဲ့အကျိုးစီးပွားမပျက်စီးအောင်လုပ်ဆောင်ရပါမည်
    ကိုယ်အတွက်ကြည့်ပြီးဒေသခံတွေဘယ်လိုဖြစ်ဖြစ်ဆိုတဲ့စီမံကိန်းဖြစ်နေပါသည်
    ဒေသချံမားနှင်ညှိနှိင်းပါ
    ပယောဂဆိုပြီးလွဲချမနေနဲ့

  2. Thet Naing on December 28, 2014 at 9:52 pm

    ပြည်သူပိုင်တဲ့ အချုပ်အခြာအာဏာကအစ၊ ဌာနဆိုင်ရာအလယ်၊ လယ်ယာမြေအဆုံး မောင်ပိုင်စီးထားတဲ့ ဦးပိုင်စစ်အုပ်စုရေ….. ခင်ဗျားတို့ ပြောပြောနေတဲ့ တပ်မတော်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ အစဉ်တစိုက်ဦးတည်တယ်ဆိုတာ ဒါပဲမဟုတ်လား။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်