ညိုထက်ညို – ဘီလီရေ… ဂစ်တာတီးလိုက်

January 11, 2015

– ဘီလီရေ… ဂစ်တာတီးလိုက်

(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၅

ဟေ့ ဘီလီ

လမ်း၄၀ ထိပ်မှာ အရင်လိုပဲလား

မင်းပြောနေကျ အတိုင်း

ပွဲတွေ ကြမ်းနေတုန်းလား

ရောင်းပန်းဝယ်ပန်း သာရဲ့လား

ဘ၀တွေ ဈေးကျနေတုန်းလား

အရာရာက ဈေးတက်ရတဲ့ အထဲကွာ

ဟေ့ ရိုးရိုး နဲ့ ဗီးဂတ်စ် တစ်ပွဲ

အရင်ကတော့ ရှယ် နဲ့ လန်ဒန် တစ်ပွဲပေါ့

ဒီလိုပဲ သင်္ခါရပေါ့ ဘီလီရာ

ဂျာနယ်ကို ၀ယ်မလိုလိုနဲ့

တစ်ရွက် နှစ်ရွက် လှန်ဖတ်ပြီးပြီလား

မနက်ဆို ထမင်းချိုင့်ကလေး ဆွဲလို့

ကိုယ့်ဘ၀ကိုယ် တည်ခင်းရောင်းရရှာ

ဟောဟိုမှာ

ပြောရင်းဆိုရင်း မျက်စိရှေ့တင် ဈေးဦးပေါက်သွားတယ်

ဝမ်းလဲနည်း ၀မ်းလဲသာ

တို့တတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့

ဘ၀နဲ့ တေ့လွဲမလွဲအောင် ကြံဖန် ချိတ်ဆက်ရတယ်

အပေါ်က တည်းခိုခန်းကလေးလဲ

အခုနေ ကြမ်းတွေ ဆွေးရော့မယ်

ဘီလီရေ

လူတွေ အထင်မသေးခင်

မင်းဂစ်တာကို မြန်မြန် ကြိုးညှိလိုက်

လူကြိုက်များတဲ့ တစ်နေ့

ဟိုရှေ့က မန်းသီရိထဲ

ကိုယ့်ဘ၀ကိုယ် လက်မှတ်ထိုးပြီး ပရိုမိုးရှင်း လုပ်ကြတာပေါ့

လောလောဆယ်တော့

ရေနွေးကြမ်းကလေး ကျိုက်ကျိုက်ပြီး

အသည်းကွဲအလိုက် ကလေးနဲ့

ဟောဒီ ခေတ်ကြီးကို တတ်သလောက် မှတ်သလောက် သရော်ကြရအောင်

ဘီလီရေ ဂစ်တာတီးလိုက်…။ ။

လမ်း၄၀ ထိပ်မှ ညီငယ် ဘီလီဂျိုး သို့

 

ညိုထက်ညို (ဖေဖော်ဝါရီ၊ ၂၀၀၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်