မောင်ဖေသက်နီ – ရှေးခေတ်ဂရိနိုင်ငံရဲ့ အနုပညာလက်ရာမြောက် တိရစ္ဆာန်များအကြောင်း

January 29, 2015

(Peter Horree / Alamy) (ဓါတ်ပုံ ပီတာ ဟောရီ၊ အယ်လာမီ)
– ရှေးခေတ်ဂရိနိုင်ငံရဲ့ အနုပညာလက်ရာမြောက် တိရစ္ဆာန်များအကြောင်း
(The fantastical beasts of ancient Greece)
(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၅

အခုဆောင်းပါးရေးသားသူ အလက်စတဲယား ဆူကဲ (Alastair Sooke) ဟာ အနုပညာဝေဖန်ရေးသမား၊ အသံထုတ်လွှင့်သူနဲ့ အနုပညာဆိုင်ရာ၊ အနုပညာသမိုင်းဆိုင်ရာတွေကို ဘီဘီစီ တယ်လီဗေးရှင်းနဲ့ဘီဘီစီရေဒီယိုတို့မှာ ပုံမှန်ရေးသားနေခဲ့သူတဦး လည်းဖြစ်ပါတယ်။ သူဟာ အခုလက်ရှိ အင်္ဂလန်နိုင်ငံက ဒေးလီးတယ်လီဂရပ်သတင်းစာ The Daily Telegraph မှာ လက်ထောက် ပန်းချီ၊ အနုပညာဝေဖန်ရေးပညာရှင်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေသလို ၂၀၀၃ ခုနှစ်ကစပြီး သတင်း စာသမားတွေကို လေ့ကျင့်သင်ကြားပေးနေသူအဖြစ်လည်း တာဝန်တွေကို ထမ်းဆောင်နေခဲ့ပါတယ်။ သူဟာ ယဉ်ကျေးမှု သရုပ်ပြပွဲ The Culture Show ရဲ့ ပင်တိုင်သတင်းထောက်ဖြစ်သလို ခေတ်သစ်အနုပညာနဲ့ဆိုင်တဲ့ ဘီဘီစီ အမှတ် (တစ်) BBC One ဆိုတဲ့ အစီအစဉ်၊ ဘီဘီစီ အမှတ် (လေး)  BBC Four ဆိုတဲ့အစီအစဉ်နဲ့ မကောင်းဆိုးဝါးတွေက သူ့ဦးချိုတွေ အသုံးပြုပုံ How the Devil got his Horns ဆိုတဲ့ ‘အနောက်တိုင်း အနုပညာရာဇ၀င်ထဲက မကောင်းဆိုးဝါးဆိုင်ရာဆိုတဲ့ ဆောင်းပါးတွေကို ‘အနောက်တိုင်းအနုပညာ’ ဂျာနယ်နဲ့ ဘီဘီစီ အမှတ် (လေး)  BBC Four ဆိုတဲ့အစီအစဉ်တွေမှာ ရေး သားနေခဲ့သူလည်းဖြစ်ပါတယ်။

http://www.bbc.com/culture/story/20150113-bizarre-beasts-of-ancient-greece

ဂရိဆိုလို့ရှိရင် ကျနော်တို့အားလုံးက ပြဇာတ်တို့၊ ဒီမိုကရေစီတို့ ဒဿနိကဗေဒတို့နဲ့ ပတ်သက်တယ်လို့သိရှိထားခဲ့ကြတာပါ။ အင်မတန်သြဇာကြီးခဲ့တဲ့ ဂရိခေတ် ၃၂၃ ဘီစီမှာ ဘုရင်ကြီး အလက်ဇန်းဒါး (Alexander the Great)  ကွယ်လွန် အနိစ္စ ရောက်သွားခဲ့ပါတယ်။ သူကွယ်လွန်ပြီးနောက်ပိုင်း ရှေးဟောင်းရောမမြို့တော် အင်အားတောင့်တင်းခိုင်မာနေချိန် ဘီစီ ၃၁ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ အက်တီယမ်စစ်ပွဲ (Battle of Actium)  ဟာ ရောမအင်ပါယာကြီးရဲ့ နောက်ဆုံးစစ်ပွဲဖြစ်ပြီး အော့တယ်ဗီ ယန် (Octavian)၊ မာ့က် အင်တိုနီ (Mark Antony) နဲ့ ကလီယိုပါထရာ (Cleopatra) တို့ပူးပေါင်းပြီး ဘီစီ ၃၁ ခုနှစ်မှာ အိုင်အိုနီယန် ပင်လယ် (Ionian Sea) အနီးမှာရှိတဲ့ အက်တီယမ် (Actium) မြို့ကိုတိုက်ခိုက်ခဲ့တဲ့ စစ်မက်ကာလကို အလက်စတဲယား ဆူကဲ (Alastair Sooke) က သူ့ဆောင်းပါးထဲမှာ ရေးသားတင်ပြထားခဲ့တာပါ။

“ရှေးဟောင်း ဂရိခေတ်” ဆိုတဲ့စကားလုံးကို ကြားလိုက်ရုံမျှနဲ့ လူကြီးမင်းတို့စာဖတ်ပရိတ်သတ်ကြီးက ဘာအကြောင်းတွေကို ပြန်လည်အောက်မေ့မိကြမှာပါလိမ့်။ ဘယ်လိုပဲဖြစ်ဖြစ် ရှေးဟောင်းဂရိခေတ်လို့ဆိုလိုက်တာနဲ့ အနောက်တိုင်းလူ့အဆောက် အဦကြီးရဲ့ အဓိကအချင်းအရာတွေလို့ နားလည်သဘောပေါက်မိကြမှာပါ။ “ဒီမိုကရေစီ”ဆိုတာ၊ “ဒဿနိကဗေဒ” ဆိုတာနဲ့ “ပြဇာတ်” ဆိုတာတွေကို သူတို့ကပဲ ဖန်တီး တီထွင်ခဲ့ကြတာ လေ။ အဲဒီ့တုန်းမှာ အနည်းငယ် အကြမ်းပတမ်းဆန်တာမျိုးတွေကို ရံဖန်ရံခါ တွေ့မြင်ကြရမှာပါ။ သူတို့ရဲ့ လူ့အသိုင်အ၀ိုင်းဟာ ထူးခြားဆန်းကြယ်မှုတွေ၊ မလိုအပ်ပဲနဲ့ အင်အားသုံးတပ်ဖွဲ့ အ လွန်အကျွံသုံးခဲ့တာတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။ သူတို့ရဲ့ အနုပညာထက် ပိုပြီးသိသာကောင်းမွန်တဲ့ အနုပညာရပ်တွေ ဘယ်မှာမှ ရှာဖွေလို့မရရှိခဲ့ပါဘူး။

ရှေးဟောင်း ဂရိခေတ်ရဲ့ အနုပညာတွေဟာ အလွန်အင်မတန်ထူးခြားဆန်းကြယ်ပြီး အံ့မခန်းဖွယ်ရာတွေပါပဲ။ အဲဒါကြောင့် ကျနော်တို့က ဂရိခေတ် အနုပညာတွေအကြောင်းပြောကြ၊ ဆွေးနွေးကြတဲ့အခါ အိုလံပစ် နတ်ဘုရားတွေကအစ ဂေါ်ဂွန် (Gorgon) လို့ခေါ်တဲ့ နတ်မိမယ်ကြီးတွေ၊ ဂရစ်ဖင် (Griffin) လို့ခေါ်တဲ့ ခြင်္သေ့ခန္ဓာကိုယ်၊ လင်းယုန်ခေါင်း၊ လင်းယုန်တောင်ပံ တွေနဲ့မနုဿီဟ၊ ကဲန်တောရ် (Centaur) လို့ခေါ်တဲ့ လူရဲ့ဦးခေါင်း၊ လူရဲ့လက်တွေ နဲ့မြင်းခန္ဓာကိုယ်၊ မြင်းခြေထောက်တွေနဲ့သတ္တ၀ါတွေပေါ်ထွန်းခဲ့တဲ့ ဂရိခေတ်၊ ပြီးတော့ ရောမခေတ်တုန်းက စဖင့်စ် (Sphinxe) လို့ခေါ်တဲ့ ခြင်္သေ့ကိုယ်နဲ့လူရဲ့ ဦးခေါင်းရှိတဲ့ ဂရိဒဏ္ဍာရီထဲက သတ္တ၀ါတွေဟာ တွေ့ ရိုးတွေ့ စဉ်တွေပါပဲ။ အဲဒီ့ထဲက အတော်များများဟာ မကြာသေးမီ က အမေရိကန်နိုင်ငံ နယူးယောက်မြို့ တော်မှာရှိတဲ့ “မြို့ ပြမြို့ တော်ဆိုင်ရာ အနုပညာပြခန်း (Metropolitan Museum of Art’s Exhibition) မှာ ဂန္ဓ၀င်ရှေးခေတ်ကာလ ‘မက်ဆိုပိုတေးမီးယား (Mesopotamia) ဒေသမှာရှိတဲ့ အက်ဆီးရီးယား (Assyria ခရိုင်မှ ဣဘေးရီးယား Iberia ခရိုင် ရွှေခေတ်သို’့ ဆိုတဲ့ အနုပညာပြပွဲ Assyria to Iberia at the Dawn of the Classical Age)” ကို ဖွင့်လှစ်ပြသသွားခဲ့ပါတယ်။ အဲဒီလို အန္တရာယ်များတဲ့ သားရဲတိရစ္ဆာန်တွေဟာ ဘယ်လောက်အထိ အန္တရာယ်ကြီး မားနိုင်ပေသလော။ မြေထဲပင်လယ်ထဲမှာတည်ရှိတဲ့ ဂရိနိုင်ငံနဲ့အနာတိုလီယာ (Anatolian) ကျွန်းဆွယ်ကြားမှာ သမိုင်းမတင် မီခေတ်ကာလ၊ လွန်ခဲ့တဲ့နှစ်ပေါင်း တသန်းခန့်လောက် ဘီစီငါးရာစုနှစ်လောက်တုန်းက အေသင်မြို့ပြနိုင်ငံတော် တည်ရှိ ခဲ့ပါတယ်။ အဲဒီကာလတုန်းက ကြေးခေတ်ကာလ (Bronze Age) ဖြစ်ပြီး မီနိုအန် (Minoan) နဲ့ မီဆေနာအဲန် (Mycenaean) ဆိုတဲ့ လူ့အဖွဲ့ အစည်းတွေ ပေါ်ပေါက်ခဲ့ကြဖူးပါတယ်။

“နန်းတက်ဆောင် (Throne Room)” ဆိုတဲ့ မီနိုအန် (Minoan) နန်းတော်ရဲ့ ခနိုဆော့ (Knossos) မှာရှိတဲ့ ဂရိနိုင်ငံတော်ပိုင် အကြီးဆုံးနဲ့ နာမည်ကြီး ခရဲ့တဲ (Crete) ကျွန်းပေါ်မှာ တည်ရှိပါတယ်။ တကျွန်းလုံးမှာရှိတဲ့ အဆောက်အဦးတွေကို စုလစ် မွန်းချွန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ လက်ရာမြောက် ခြင်္သေ့ခန္ဓာကိုယ်၊ လင်းယုန်ခေါင်း၊ လင်းယုန်တောင်ပံတွေနဲ့မနုဿီဟ ရုပ်တုပုံတွေနဲ့ တန်ဆာဆင်ထားကြပါတယ်။ “နန်းတက်ဆောင် (Throne Room)” ဆိုတဲ့ ခန်းမကြီးကိုလည်း လာရောက် လည်ပတ်တဲ့သူတိုင်း သတိမထားပဲမနေနိုင်လောက်အောင် သဘာဝလွန်ရုပ်တုပုံတွေနဲ့ တန်ဆာဆင်ထားကြပါတယ်။ (ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်။ ။ ခရဲ့တဲ (Crete) ကျွန်းဟာ မြေထဲပင်လယ်ထဲမှာတည်ရှိတဲ့ ဂရိပိုင်ကျွန်းတွေထဲက အကြီးဆုံး ဖြစ်ပြီး ဂရိပိုင်ကျွန်းတွေထဲက ပဉ္စမမြောက်အကြီးဆုံးကျွန်းလည်းဖြစ်ပါတယ်။ အဲဒီကျွန်းကြီးတ၀ိုက်ကို ကျွန်းငယ်လေးတွေ က၀ိုင်းရံထားကြပြီး ဂရိနိုင်ငံတော်ရဲ့ တောင့်တင်းခိုင်မာတဲ့ အုပ်ချုပ်ရေးအာဏာပိုင်ကောင်းရှိတဲ့ နယ်မြေ ၁၃ ခုရှိတဲ့ထဲက တခုဖြစ်ပါတယ်။ မြို့တော်လည်းဖြစ်၊ အကြီးဆုံးလည်းဖြစ်တဲ့မြို့က ဟီရာကဠိအော်န် (Heraklion) ဖြစ်ပါတယ်။ ၂၀၁၁ ခု နှစ် ဒေသတွင်း ကောက်ယူခဲ့တဲ့သန်းခေါင်စာရင်းအရ လူဦးရေ ၆၂၃ ၀၆၅ ယောက်ရှိပါတယ်)

ခြင်္သေ့ခန္ဓာကိုယ်ပေလော၊ ဂရိသမိုင်းလာ မနုဿီဟ ရုပ်တုပုံပေလော။ အဲဒီပုံတွေကို ဂရိနိုင်ငံကောင်းစားခဲ့တဲ့ ကြေးခေတ် ထွန်းကားနေတဲ့ဘီစီ ၁၆၀၀ ကနေ ၁၁၀၀ လောက်မှာ ဂရိနိုင်ငံတော်မှာကိုးကွယ်ခဲ့တဲ့ ဂရိ မီဆဲန္နာယန် (Mycenaean Greece ) ဘုရားကျောင်းရဲ့ အ၀င်ဂိတ်မှာသွန်းထုထားတဲ့ပုံဖြစ်ပြီး ဒီပုံကို De Agostini/Getty Images ပြတိုက်က ကူးယူရရှိ ထားတာဖြစ်ပါတယ်။

မီဆဲန္နာယန် (Mycenaean Greece) ဘုရားကျောင်းဟာ ဂရိနိုင်ငံရဲ့ အဓိကနယ်မြေမှာတည်ရှိပြီး ‘ခြင်္သေ့ဂိတ် (Lion Gate)’ လို့လည်း လူသိများထင်ရှားပါတယ်။ ဘုရားကျောင်းအ၀င်ဂိတ်မှာ ခြင်္သေ့နှစ်ကောင် မျက်နှာချင်းဆိုင်ပြီး ဘုရားကျောင်းကို စောင့်ရှောက်ပေးနေတဲ့ရုပ်တုတွေလိုပါပဲ။ ခြင်္သေ့နှစ်ကောင်လုံးမှာ ခေါင်းတွေပြတ်နေကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဦး ခေါင်းတွေက အပေါ်ဘက်ကိုမော့ထားပြီး၊ အပြင်ဘက်ကိုကြည့်နေကြတဲ့ ရုပ်တုနှစ်ခုပါပဲ။ ရုပ်တုနှစ်ခုလုံးကို သံမှိုတွေနဲ့ရိုက် ထားတာကိုလည်းတွေ့ရပါတယ်။ ဒီနေရာမှာ စဉ်းစားစရာအချက်တခုက ရှိနေပြန်ပါတယ်။ အဲဒီရုပ်တုနှစ်ခုလုံးဟာ ခြင်္သေ့ တွေမဟုတ်ဘူးဆိုတဲ့ လက်ဆင့်ကမ်းဆိုရိုးစကားတချို့ကလည်း ရှိနေသေးတာမို့ အတော်စဉ်းစားရမယ့်အခြေအနေပါပဲ။ ဟိုးအရင်ခေတ် မီနိုအန် (Minoan) ခေတ်ဦးနန်းတော်ရဲ့ အပြင်အဆင်တွေပေလောလို့ တချို့ပညာရှင်တွေက သုံးသပ်ပြော ဆိုနေကြပါတယ်။

● အမှောင်ခေတ် နေ့ရက်တွေပေလော
အဲဒီ့ကာလမှာ မီဆဲန္နာယန် (Mycenaean) ဒေသကြီးတခုလုံး ကစဥ့်ကလျားနဲ့ ၀ရုန်းသုန်းကားဖြစ်နေခဲ့တဲ့အတွက် အစဉ်အ လာရှိခဲ့ကြတဲ့ သမိုင်းပညာရှင်တွေက အမှောင်ခေတ် (Dark Ages) လို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဂရိနိုင်ငံပိုင် ယူဘို အဲယား (Euboea) ကျွန်းပေါ်က ဒီနေ့ခေတ် လက်ဖ်ကန်ဓီ (Lefkandi) လို့ခေါ်တဲ့ ခေတ်ပေါ်မြို့နားက ၀တ္တကမြေ (ဘုရား ပိုင်မြေ) ကို ဒီနေ့အချိန်အထိ အထင်အရှားတွေ့ မြင်နိုင်ပါသေးတယ်။ အဲဒီကာလကိုသုံးသပ်ဆင်ခြင်ကြည့်တဲ့အခါ ပရမ်း ပတာဖြစ်နေခဲ့တဲ့အတွက် အမှောင်ခေတ်ကာလ နေ့ရက်တွေလို့ အရင်တုန်းကအတိုင်း ဆက်လက်သတ်မှတ်ခေါ်ဆိုရ တော့ မယ်လို့ ယူဆမိပါတယ်။

ဘီစီ ၁၀ ရာစုနှစ်ကာကို ပြန်လည်ရှုမြင်ကြည့်ရင် ရုပ်တုနဲ့ ပန်းတည်းအနုပညာတွေကို ရွှံ့မြေစေးမျိုးနဲ့ပုံဖော်အလှဆင်ခဲ့တာတွေကို တွေ့မြင်ကြရပါတယ်။ အင်မတန်အကျည်းတန်တဲ့ ဒဏ္ဍာရီလာ ဘီလူးရုပ်တုတွေကိုတောင် ကြည့်ပျော်ရှုပျော်ဖြစ် အောင် လူတပိုင်း၊ မြင်းတပိုင်းနဲ့ ထုလုပ်ထားခဲ့တာကို လေ့လာတွေ့ ရှိရပါတယ်။ အမှန်တကယ်ဆိုရရင် ကဲန်တောရ် (Centaur) လို့ခေါ်တဲ့ လူရဲ့ဦးခေါင်း၊ လူရဲ့လက်တွေနဲ့မြင်းရဲ့ ခန္ဓာကိုယ်၊ မြင်းရဲ့ခြေထောက်တွေနဲ့သတ္တ၀ါလိုမျိုးပေါ်ထွန်းခဲ့တဲ့ ဂရိခေတ် ဒဏ္ဍာရီထဲမှာ ဖေါ်ပြထားတဲ့ သတ္တ၀ါတွေမျိုးပါ။ နှစ်ပေါင်း ၅၀၀ လောက်ကြာလာတဲ့အခါ အဲဒီလို သတ္တ၀ါရုပ် တုတွေဟာ အေသင်မြို့ထဲက ပါသီနွန် (Parthenon) ဆိုတဲ့ ဘုရားကျောင်းရှေ့အထိရောက်လာခဲ့ပြီး လူထုမြင်ကွင်းတွေမှာ အထင်းသားထုဆစ်လာခဲ့ကြပါတယ်။ (ဘာသာပြန်သူ့ မှတ်ချက်။     ။ အေသင်မြို့ထဲက ပါသီနွန် (Parthenon) ဆိုတဲ့ ဘုရား ကျောင်းဟာ အရင်ခေတ်တုန်းက ဂရိနိုင်ငံတော်ကို အစိုးရတဲ့ အေဿဲဏာ (Athena) လို့ခေါ်တဲ့ နတ်မိဘုရားက အေဿဲဏီ ယန် အက်ခရိုပိုလိစ် (Athenian Acropolis) ဘုရားကျောင်းမှာထိုင်ပြီး ဂရိနိုင်ငံတော်ကို စောင့်ရှောက်ကြပ်မတ်ပေးခဲ့တဲ့ အထိမ်းအမှတ်နေရာတခုဖြစ်ပါတယ်)

ဘီစီ ၇ ရာစု ပတ်ဝန်းကျင်တ၀ိုက်က အခုလို အနုပညာတွေနဲ့ “ရောနှောဖန်တီးမှု (mixed creatures)” တွေကြောင့် ဖန်တီး မှုအနုပညာတွေဟာ အင်မတန်ကို ရေပန်းစားလာခဲ့တယ်လို့အောက်စဖို့ တက္ကသိုလ်၊ ဂန္ဓ၀င်အနုပညာများသုတေသနဌာနရဲ့ ဒါရိုက်တာ ပီတာ စတူးဝါ့တ် (Peter  Stewart) က ပြောဆိုခဲ့ပါတယ်။ “ ‘ဒီကာလဟာ အရှေ့မျှော်ကာလ (Orientalising Period)’ ပါပဲ။ အဲဒီအချိန်လောက်ကစပြီး ကျနော်တို့ဟာ လက်ရာမြောက်လှတဲ့ ဂရိလက်ရာ အိုးခွက်တွေ၊ သံမဏိပစ္စည်းတွေနဲ့တခြားလူမှုဆက်သွယ်ရေးဆိုင်တဲ့ လုပ်ငန်းတွေအားလုံးနီးပါးဟာ အရှေ့ဒေသတွေနဲ့ အီဂျစ်နိုင်ငံတွေအထိ သြဇာသက် ရောက်မှုတွေရှိခဲ့ပါတယ်” လို့ ပီတာ စတူးဝါတ် (Peter Stewart) က ပြောပြခဲ့ပါတယ်။ (ဘာသာပြန်သူရဲ့ ဖြည့်စွက်မျတ် ချက်။    ။ ရှေးခေတ်ဂရိနိုင်ငံတော် တန်ခိုးသြဇာကြီးမားနေတဲ့အချိန်လောက်တုန်းက ဆီးရီးယားနိုင်ငံနဲ့ ဆီးရီးယားကိုဆန့်ကျင်တဲ့နိုင်ငံတွေမှာ အောင်မြင်ခဲ့တဲ့ အနုပညာထွန်းကားခဲ့တဲ့ကာလကို အရှေ့မျှော်ကာလ (Orientalising Period) လို့ ရာဇ၀င်ဆရာတွေက သုံးနှုန်းလေ့ရှိခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက သူတို့ဖန်တီးခဲ့တဲ့ အနုပညာဟာလည်း ရိုက်ခတ်မှုတွေ အကြီးအကျယ်ရှိခဲ့ပါတယ်)

ဂရိနိုင်ငံတော်ရဲ့ ကျောက်သလင်းအောင်မုတ်ဦးတွေမှာ ကဲန်တောရ် (Centaur) လို့ခေါ်တဲ့ လူရဲ့ဦးခေါင်း၊ လူရဲ့လက်တွေနဲ့
မြင်းရဲ့ခန္ဓာကိုယ်၊ မြင်းရဲ့ခြေထောက်တွေရှိတဲ့သတ္တ၀ါနဲ့သက်ရှိလူသားတွေ တိုက်ပွဲဖြစ်တဲ့အကြောင်း သရုပ်ဖေါ်ထုဆစ် ထားတဲ့ပုံ။  
(ဓါတ်ပုံ ပီတာ ဟောရီ၊ အယ်လာမီ)

အဲဒီခေတ်ကာလတုန်းက နိုင်ငံခြားကယဉ်ကျေးမှုတွေဟာ ဂရိနိုင်ငံတော်နဲ့ ဂရိလူ့အဖွဲ့အစည်းအပေါ်မှာ အများအပြား သြဇာလွှမ်းမိုးသက်ရောက်မှုတွေ ရှိနေခဲ့ပါတယ်။ အဲဒီခေတ်က ဂရိကုန်သည်တွေဟာ အဲဒီ့ခေတ်အချိန်ကာလကို ကောင်း ကောင်းအသုံးချပြီး မြေထဲပင်လယ်တ၀ိုက်မှာတည်ရှိတဲ့ နိုင်ငံတွေအပေါ် အင်မတန်သြဇာလည်းကြီးမားခဲ့တာပါ။ အဲဒီလို ကောင်းမွန်တဲ့အခြေအနေတွေကို ဖန်ဆင်းပေးထားတဲ့ ကံကြမ္မာကို ကျေးဇူးအထူး တင်ရတော့မှာဖြစ်ပါတယ်။ ရရှိခဲ့တဲ့ ကံကြမ္မာကောင်းတွေကတော့ ဝေးလံတဲ့နေရာဒေသအထိ ပင်လယ်ရေလမ်းခရီးစဉ်တွေကို သွားလာနိုင်ခဲ့ကြတာ ပါ။ အဲဒီ့ အချိန်ကာလက ရေကြောင်းခရီးသွားတွေဟာ သူတို့အသုံးပြုခဲ့တဲ့ ယာဉ်တွေမှာ ကြေးသတ္တုနဲ့ထုဆစ်ထားတဲ့ အင်မတန် အန္တရာယ်ကြီးမားတဲ့ ကြောက်မက်ဖွယ်ရာသတ္တ၀ါကြီးတွေရဲ့ပုံတွေကို သွန်းလောင်း၊ ထုဆစ်ထားတာတွေကို တွေ့ရှိခဲ့ရပါ တယ်။ အဲဒီလို သတ္တ၀ါကြီးတွေကို တကောင် လုံး မထုဆစ်နိုင်ပေမယ့် ဦးခေါင်းပိုင်းတွေကိုတော့ ထုဆစ်တန်ဆာဆင်ထားခဲ့ကြတာမျိုးတွေတော့တွေ့ မြင်ခဲ့ကြရပါတယ်။ အဲဒီ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ ရုပ်တုတွေ၊ ပန်းချီတွေဟာ အဲဒီ့ခေတ် ကာလက သက်ရှိလူသတ္တ၀ါတွေအပေါ် အကြီးအကျယ် သြဇာလွှမ်းမိုးမှုတွေ ရှိနေခဲ့ကြပါတယ်။

“အခုလိုမျိုး ကြောက်မက်ဖွယ်ရာ ဒီသတ္တ၀ါကြီးမျိုးတွေကို ဖန်တီးထုဆစ်ပြီး တန်ဆာဆင်နိုင်ခဲ့တဲ့ အဲဒီခေတ်လူသားတွေရဲ့ အံ့မခန်းဖွယ် ဉာဏ်ပညာကို အသိအမှတ်မပြုလို့ကို မရတော့ပါဘူး။ အဲဒီ့လို သူတို့ရဲ့အတွေးအခေါ်တွေနဲ့ ဉာဏ်အမျှော်အမြင် ကြီးမားမှုတွေကို ဂရိခေတ်ရိုးရာဓလေ့တွေ၊ ဘာသာရေးယုံကြည်မှုတွေမှာ အထင်အရှားတွေ့ရှိ လေ့လာခွင့်ရရှိခဲ့ကြတာပါ” လို့ ပီတာ စတူးဝါတ် (Peter Stewart) ကပဲ ပြောပြခဲ့ပါတယ်။ လူအတော်များများ သဘောကျနှစ်ခြိုက်တဲ့အရာတွေကတော့ ဒဏ္ဍာရီလာ ဘီလူးရုပ်တုတွေကို မျက်စိပသာဒဖြစ်အောင် လူတပိုင်း၊ မြင်းတပိုင်းနဲ့ ထုလုပ်ထားခဲ့တဲ့ရုပ်တု၊ ကဲန်တောရ် Centaur လို့ခေါ်တဲ့ လူ့ဦးခေါင်း၊ လူ့လက်၊ မြင်းခန္ဓာကိုယ်၊ မြင်းခြေထောက်တွေနဲ့သတ္တ၀ါလိုမျိုး ပေါ်ထွန်းခဲ့တဲ့ ဂရိခေတ် ဒဏ္ဍာရီလာ သတ္တ၀ါတွေမျိုးတွေဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ရာစုနှစ်အတော်များများကတည်းက အဲဒီ့လက်ရာတွေ ကွယ်ပျောက် သွားခဲ့တာဖြစ်ပါတယ်။

● လူသားအလှည့် ပြန်ရောက်ရှိလာခြင်း
လက်ရာမြောက်လွန်းလှတဲ့ ရှေးဟောင်းဂရိခေတ်အနုပညာဟာ အလွန်အင်အားကြီးမားခဲ့တာတွေ၊ သိပ်ကိုအကြမ်းပတမ်းပြု မူခဲ့တာတွေနဲ့အင်အား ပြိုင်ဆိုင်တာတွေဘက်ဆီ ဦးတည်ပြောင်းလဲလာခဲ့ပါတယ်။ ရာစုနှစ် တခု၊ နှစ်ခုလောက်ကြာပြီးတဲ့ အချိန် သူတို့ဖန်တီးခဲ့တဲ့ ကြောက်မက်ဖွယ်ရာ သတ္တ၀ါကြီးတွေ၊ မကောင်းဆိုးဝါးတွေကို တန်ဆာဆင်တဲ့အခါ အနုပညာရှင် တွေရဲ့ အမြင်တွေ၊ သုံးသပ်မှုတွေဟာ အရင်တုန်းကနဲ့ လုံးဝမတူတော့ပဲ အပြင်အဆင်နဲ့တန်ဆာဆင်မှုတွေဟာ လုံးဝပြောင်းလဲသွားခဲ့တာကို သတိချပ်မိခဲ့ပါတယ်။ ‘ဂရိလောကကြီး (Greek world’) ဆိုတဲ့ စာအုပ်ထဲမှာ “ဂရိခေတ်က အနုပညာလက်ရာအတော်များများရဲ့ မူရင်းလက်ရာ အနုပညာတွေဟာ ထိခိုက်ပျက်စီးသွားတာ၊ အလှအပတွေ ထပ်မံခြယ် သလိုက်ကြတဲ့အတွက် မူလမူရင်းအနုပညာတွေ ပျက်စီးဆုံးရှုံးသွားတာမျိုးရှိနေခဲ့ပါတယ်။ အထင်ရှားဆုံး ဆုံးရှုံးမှုတခုကို ထောက်ပြရမယ်ဆိုရင် ဟိုးစောစောပိုင်း ဂရိခေတ်ရွှေခေတ်ကာလက သူ့ခေါင်းမှာ မြွေတွေအထွေးသားရှိနေတဲ့ ‘မဲဒုဿ (Medusa) နတ်မိမယ်’ ကို ဘီစီ ၅ ရာစုနှစ် နှစ်လယ်လောက်ထိတိုင် အလှဆုံးပုဂ္ဂိုလ်တဦးအဖြစ် သတ်မှတ်ခံခဲ့တာပါ” လို့ မက်ထရိုပိုလီတန် ပြတိုက်ရဲ့ ပြတိုက်မှူး ဂျိုအဲန် မာတဲန်စ် (Joan Mertens) က ရှင်းပြခဲ့ပါတယ်။

တူရကီနိုင်ငံ ဓိဓီမာ (Didyma) ခရိုင် မီလဲတူ့စ် (Miletus) မြို့ရှိ အပိုလို (Apollo) ဘုရားကျောင်းတော်ရဲ့ အနောက်ဖက်မျက် နှာစာနံရံမှာရေးဆွဲထားတဲ့ ‘မဲဒုဿ (Medusa) နတ်မိမယ်’ ပန်းချီကားကိုကြည့်ရင် အခုခေတ် သက်ရှိလူသားမျက်နှာပုံစံ ဒီပုံကို De Interfoto/Alamy ပြတိုက်က ကူးယူရရှိထားတာဖြစ်ပါတယ်

“အထင်ရှားဆုံး ရေစီးကြောင်းတခုက အင်မတန်ကြောက်စရာကောင်းခဲ့တဲ့ မကောင်းဆိုးဝါးသတ္တ၀ါပုံတွေဟာ မျက်စေ့ ပသာဒ ဖြစ်လာရတဲ့အထိ ပြောင်းလဲလာခဲ့တာပါ။ အနုပညာရှင်တွေဟာ တကယ့်လက်တွေ့ကျတဲ့ ခန္ဓာကိုယ်ပုံစံတွေ၊ အဲဒီ အချိန်မှာ လက်ရှိဖြစ်ပေါ်နေတဲ့အရာတွေကို ပိုပြီး တော့ဖန်တီးရေးဆွဲလာခဲ့ကြပါတော့တယ်။ ပြောင်းလဲဖန်တီးလာတာ တွေကြောင့် အနုပညာရပ်ဟာ နည်းအမျိုးမျိုးနဲ့ ရေးသားဖန်တီးလို့ရတယ်ဆိုတာကို အထင်အရှားညွှန်ပြနေခဲ့တာပါပဲ” လို့ အဲဒီလို ရှေးဟောင်းဂရိခေတ် (Ancient Greece) ကနေ ရိုးရာခေတ် (Classical Era) ကို ပြောင်းလဲလာခဲ့တယ်လို့ ပီတာ စတူးဝါ့တ် (Peter Stewart) ကပဲ ဆက်ပြောပြခဲ့ပါတယ်။

အဲဒီခေတ်ကလူတွေဟာ ဂရိဒဏ္ဍာရီလာ မြင်းနားရွက်၊ မြင်းခေါင်းရှိတဲ့ လူပုဂ္ဂိုလ်ဖြစ်ပြီး တဏှာရာဂစိတ်ကို နှိုးဆွပေးတဲ့ သင်္ကေတပုံ၊ ရောမရာဇ၀င်တွေထဲမှာတော့ ဆိတ်နားရွက်၊ ဆိတ်အမြီး၊ ဆိတ်ခြေထောက်၊ ဆိတ်ချိုတွေရှိတဲ့ပုဂ္ဂိုလ်၊ ကာမစိတ်ကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး သူရပ်တည်နေထိုင်တဲ့မြို့ရွာကို အကြမ်းပတမ်းကိုင်တွယ်တတ်တဲ့ စရိုက်လက္ခဏာရှိပြီး သူကျင် လည်ရာနေရာတ၀ိုက်မှာ သောက်စားမူးယစ်စေတဲ့ (ကြက်မြီးပါတီပွဲ) တွေ မနားတမ်း ပြုလုပ်ပေးခဲ့တာပါ။ “အေသင်မြို့  သူမြို့သားတွေဟာ ဘီစီ ခြောက်ရာစုနဲ့ ငါးရာစုခေတ်က အိုးခွက်တွေကို ဆေးခြယ်ပေးတာမျိုးတွေ၊ မြင်းနားရွက်၊ မြင်းခေါင်း ရှိတဲ့ လူပုဂ္ဂိုလ်ပုံတွေကို ရေးဆွဲခဲ့ကြပေမယ့် လူသားတွေရဲ့ သွင်ပြင်လက္ခဏာကို ပီပီပြင်ပြင်ဖေါ်ထုတ်ရေးဆွဲတာမျိုး မရှိကြ သေးပါဘူး” လို့ ပီတာ စတူးဝါ့တ်က ဆက်လက်ပြောပြခဲ့ပါတယ်။ တကယ့်ကို အေသင်မြို့ တော်သူမြို့ တော်သားတွေဟာ ယဉ်ကျေးတဲ့လက္ခဏာရပ်တွေနဲ့ အလှမ်းကွာဝေးနေသေးပြီး ယေဘုယျအားဖြင့် ပရမ်းပတာအခြေအနေမျိုးနဲ့ ရုန်းကန်လှုပ်ရှားနေကြတာမျိုးတွေကို တွေ့မြင်ကြရလေ့ရှိပါတယ်။ တခါတရံ အေသင်မြို့တော်သူ မြို့တော်သားတွေရဲ့ စရိုက်လက္ခဏာရ ပ်ဖြစ်တဲ့ မြို့ပြယဉ်ကျေးမှုရဲ့ (ကြက်မြီးပါတီပွဲ) တွေကို ပြုလုပ်ဖန်တီးပေးလေ့ရှိကြပေမယ့် အေသင်မြို့ရဲ့ ဂုဏ်သိက္ခာ ယိုယွင်းသွားစေမယ့် အမူအကျင့်တွေကို ပြုလုပ်လေ့မရှိကြပါဘူး။ အခုထောက်ပြခဲ့တဲ့ အချက်အလက်တွေဟာ ဂရိခေတ်ရဲ့ ဂုဏ်အင်္ဂါရပ်တွေဖြစ်သလို အဲဒါတွေက ဂရိဒဏ္ဍာရီလာ မြင်းနားရွက်၊ မြင်းခေါင်းရှိတဲ့ လူပုဂ္ဂိုလ်တွေကို ကိုယ်စားပြုနေကြပါ တယ်” လို့ပီတာ စတူးဝါ့တ်ကပဲ ဆက်ပြောပြခဲ့ပါတယ်။

အခု ကျနော်တင်ပြခဲ့တာတွေက ဒီကနေ့ နောက်ဆုံးအချိန်အထိ သိရှိခဲ့ရတဲ့ ရှေးခေတ်ဂရိနိုင်ငံတော်ရဲ့ သမိုင်းအချက်အလက် တွေအရ ရှေးဟောင်းဂရိခေတ်က အင်မတန်ကြောက်စရာကောင်းတဲ့ အနုပညာတွေနဲ့ပတ်သက်တာတွေပါပဲ။ အဲဒီအချက် အလက်၊ အထောက်အထားတွေကိုလေ့လာပြီး ဂရိခေတ်ရဲ့ ‘ကြောက်စရာ’ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ‘တဖက်သား’ ဆိုတဲ့ ဝေါ ဟာရတွေဟာ ဂရိလူနေမှုအဆင့်အတန်းနယ်နိမိတ် (Perimeters of Civilisation) ကို လှစ်ဟပြသနေတာဖြစ်ပါတယ်။ ဒါပေမယ်လို့ဂရိခေတ်က ကြောက်စရာကောင်းခဲ့တဲ့ မကောင်းဆိုးဝါးသတ္တ၀ါကြီးတွေဟာ အင်မတန်ပြောင်မြောက်တဲ့ အနု ပညာလက်ရာတွေဆိုတာတော့ အရင်ကထက် ဆထက်တန်ဖိုးပိုပြီး အသိအမှတ်ပြုရတော့မှာဖြစ်ပါတယ်။

“‘ကဲန်တောရ် (Centaur) ’လို့ခေါ်တဲ့ လူရဲ့ဦးခေါင်း၊ လူရဲ့လက်တွေနဲ့မြင်းရဲ့ ခန္ဓာကိုယ်၊ မြင်းရဲ့ ခြေထောက်တွေနဲ့သတ္တ၀ါတွေ၊ စဖင့်စ် (Sphinxe) လို့ခေါ်တဲ့ ခြင်္သေ့ကိုယ်နဲ့လူရဲ့ဦးခေါင်းရှိတဲ့ ဂရိဒဏ္ဍာရီထဲက သတ္တ၀ါလိုမျိုးပေါ်ထွန်းခဲ့တဲ့ခေတ်မှာ အင်မတန်ကြောက်စရာကောင်းခဲ့တဲ့ မကောင်းဆိုးဝါးသတ္တ၀ါပုံတွေဟာ ကျေးလက်တောရွာတွေမှာ ကျင်လည်ကျက်စားနေ တာတွေကို ဂရိဒဏ္ဍာရီတွေထဲမှာ ကျနော်တို့ လေ့လာမှတ်သားခဲ့ကြရပါတယ်။ အဲဒီအချက်အလက်တွေကိုက ဂရိခေတ်ရဲ့ လူနေမှုအဆင့်အတန်းရဲ့ အနှစ်သာရ (Greeks’ Concept of Civilisation) ဖြစ်ကြောင်း၊ ဂရိလူမျိုးတွေက ဂရိလူမျိုးတွေအပေါ် ဘယ်လိုရှုမြင်သုံးသပ်သလဲဆိုတဲ့လမ်းစကို ကျနော်တို့ရှာဖွေတွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။ ဂရိလူမျိုးတွေဟာ သူတို့ကိုယ်သူတို့ လူတပိုင်း၊ တိရိစ္ဆာန်တပိုင်းဆိုပြီး ရာဇ၀င်တလျှောက်လုံး ယုံကြည်လက်ခံလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ့အမြင်နဲ့ပဲသူတို့ က တကမ္ဘာလုံးကို ရှုမြင်သုံးသပ်ဆက်ဆံခဲ့ကြတာဖြစ်ပါတယ်။ ဂရိတွေရဲ့အမြင်တွေ၊ ယုံကြည်မှုတွေ၊ စိတ်နေစိတ်ထားတွေနဲ့ အကျင့်စရိုက်တွေဟာ သူတို့ရဲ့ အပြုအမူ၊ အလေ့အကျင့်နဲ့ဓလေ့ထုံးစံတွေဟာ သူတို့လူ့အဖွဲ့ အစည်းရဲ့ ယဉ်ကျေးမှုနဲ့ စိတ်နေစိတ်ထား၊ သဘောထားတွေအပေါ် တိုက်ရိုက်ဆက်နွယ်ပတ်သက်နေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ သူတို့ရဲ့ ယဉ်ကျေးမှုတခုလုံးကို စိတ်နေစိတ်ထားတွေက တည်ဆောက်ထားတဲ့ ပရိဘောဂပစ္စည်းတခုလို တည်ဆောက်ထား တာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်” လို့ ပီတာ စတူးဝါ့တ်ကပဲ ဆက်ပြောပြခဲ့ပါတယ်။

မောင်ဖေသက်နီ

ဒီဆောင်းပါးကို အလက်စတဲယား ဆူကဲ (Alastair Sooke) ဟာ ဘီဘီစီဝက်ဆိုဒ် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ ရေးသားပြီး မောင်ဖေသက်နီက မြန်မာဘာသာပြန်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)