သက်ခိုင် – တမိုးသောက်တဲ့အခါ

January 31, 2015

 

သက်ခိုင် – တမိုးသောက်တဲ့အခါ

(မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၅

တမိုးသောက်တဲ့အခါ

……………………..

အပွင့် အဆံ အလှတွေနဲ့ အတင့်တင့်ထူး

အသစ် တဖန် ဘဝတွေနဲ့ အဆင့်ဆင့်ကူး

အော်

အစစ်အမှန် ကာလတွေမှာ ပွင့်ပြီးရင်း ဖူးကြပါစေကွယ်။

ကျောင်းသားဆိုတာ

မှန်ရာကိုဖတ်

သံသရာအတွက်

ခန္ဓာတောင်ပေးဆပ်ရဲတယ်။

အောင်ကျော်၊ (ဆလိုင်း) တင်မောင်ဦး

ဒီလူထူးတွေရဲ့ မျိုးဆက်

ဖုန်းမော်၊ စိုးနိုင် အသက်

ရင်းခဲ့ရတာတွေလည်း သိမယ်

ကွယ်

သတင်းမရခဲ့တာတွေလည်း ရှိမယ်။

ဒီလိုနဲ့ကျော်ဖြတ်

သမိုင်းအရေးကို ဆက်ဖို့အတွက်

ဒါဟာ ရာဇဝင်မှာ မပြတ်

……………

……………

သင်တို့က ချီတက်

ပြည်သူက မတ်မတ်ဆီးကြို

အော်

တိုင်းပြည်က ငို

………………

………………

ပြိုခဲ့တဲ့ ပြည်တခွင် အတွက်

အသစ်တဖန် သမိုင်းကို ပြန်လောင်း

ကလေးတွေရဲ့ ကံကြမ္မာကောင်းကို

………………….

…………………..

သင်တို့ရဲ့

ရဲရင့်မှုတို့နဲ့ မပြတ် တိုး

အဲဒီလို

တရားသင့်တဲ့ ဆန္ဒတွေ ကိုပျိုး

………………..

……………………

ဟိုး…….. တိုင်းတခွင် ရှစ်သောင်း

ပြည်သူတွေချစ်တဲ့

ခွပ်ဒေါင်းတွေ သွေးပြကြပါရဲ့

ဒါဟာ တကယ်တော့

သမိုင်းချီတဲ့ ဒေါင်း။

ဒါကြောင့်

……………………….

……………………….

တမိုးသောက်တဲ့အခါ

အပွင့် အဆံ အလှတွေနဲ့ အတင့်တင့်ထူး

အသစ် တဖန် ဘဝတွေနဲ့ အဆင့်ဆင့်ကူး

အော်

အစစ်အမှန် ကာလတွေမှာ ပွင့်ပြီးရင်း ဖူးကြပါစေကွယ်။

(ဒီမိုကရေစီ ပညာရေးအတွက် အနစ်နာခံ ပေးဆပ်နေသော သပိတ်မှောက် ကျောင်းသားများအတွက် အမှတ်တရ)

သက်ခိုင်

(၂၂း ၁၁) နာရီ ၃၀.၁.၂၀၁၅)

Photo from Facebook


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, သက်ခိုင်

3 Responses to သက်ခိုင် – တမိုးသောက်တဲ့အခါ

  1. soetint37 on January 31, 2015 at 2:17 pm

    ကဗျာက သိပ်ကောင်းပါတယ် ကိုသက်ခိုင်။ ၁၉၂၀ သပိတ်က စပြီး ကျောင်းသားများ တာဝန်ကျေခဲ့ကြပါတယ်။ မျိုးဆက်သစ်များ လက်ဆင့်ကမ်း လွှင့်ထူခဲ့ကြတဲ့ ခွင်ဒေါင်းအလံတော်ကို အလေးပြုရင်း ကျောင်းသားထုရဲ့ အစဉ်အလာကြီးမားလှတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ပါတယ်။

    • Thet Khaing on February 1, 2015 at 9:21 am

      ကျေးဇူးပါ

  2. kyawzwarmyint on February 9, 2015 at 7:26 am

    သိပ်ကြိုက်တယ်ဗျာ

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်