ဆေးရောင်စုံအချစ်များ တေးစီးရီးသစ် မိတ်ဆက်ပွဲ ပြုလုပ်
ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၅
ဒါရိုက်တာ 4D ရိုက်ကူးတင်ဆက်ပြီး ကိုယ်တိုင်ဆိုထားသော ဆေးရောင်စုံ အချစ်များ တေးစီးရီး MTV DVD KARAOKE စာနယ်ဇင်းမိတ်ဆက်ပွဲ ကို ဖေဖေါ်ဝါရီလ (၅)ရက် ကြာသပတေးနေ့က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း ရှိ နယူးဧရာဟိုတယ်တွင် နေ့လည် (၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ MTV DVD KARAOKE တွင် ဥာဏ်လင်းအောင်၊ 4D ၊ ဟန်ထူးဈာန်၊ ဇင်နိုင်း၊ချမ်းချမ်း၊ ဖြူလင်းလင်းစိုး၊လှိုင်းလေး၊ရှင်ဝမ်း၊ ဂျူးစန္ဒီလေး နှင့် Hazel တို့က ပါဝင်သီဆိုထားကြသည်။DREAM LOVER & HORIZON BAND နှစ်ခု နှင့် တီးခတ်ထားပြီး လင်းစတူဒီယို တွင် အသံသွင်းကာ မစ်ဒေါင်းကို အောင်လေး (Horizon) မှ ပြုလုပ်ပေးခဲ့သည်။ ဟာမိုနီကို Great Zero အဖွဲ့မှ သီဆိုပေးခဲ့သည်။တေးသီချင်းများကို ညီမင်းခိုင်၊ ခန့်သူထက်၊ 4D ၊ မိုးခန့်၊ နိုင်းနိုင်း၊ မင်းဆက်အိမ် တို့မှ ရေးသားပေးထားသည်။
ထို Mtv ,Dvd Karaoke တွင် ဥာဏ်လင်းအောင်၊ Khar ra ၊ အောင်လေး၊ 4D ၊ဟန်ထူးဈာန်၊ရှင်မွေလ၊ ဇော်ဇော်အောင်၊ စည်သူ၊ ဇင်နိုင်း၊ Nine Nine ၊ အောင်ပြေစိုး၊ စွမ်းပြည့်၊ ချမ်းချမ်း၊ ကြူကြူသင်း၊ ဟန်နီမောင်မောင်၊ မြင့်မိုရ်သီရိခင်၊ ဆုမြတ်နိုးကျော်၊ ချောချော၊ ယွန်းဖြိုးအိမ်၊ ဆောင်းရူပါခင်၊ ဖြူလင်းလင်းစိုး၊ Hazel ၊လှိုင်းလေး၊ရှင်ဝမ်း နှင့် ဂျူးစန္ဒီလေးတို့မှ ပါဝင်သရုပ်ဆောင်ထားသည်။
အဆိုပါ တေးစီးရီး မူပိုင် နှင့် စီစဉ်သူ 4D ဖြစ်ပြီး ထင်းရူးရိပ် တေးသံသွင်းမှ ဖေဖေါ်ဝါရီ လကုန်ပိုင်းတွင် ဖြန့်ချိပေးသွားမည်ဖြစ်သည်။
ထို စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားတွင် အလင်းတန်းဂျာနယ် နှင့် ရွှေအမြုတေ မဂ္ဂဇင်း အယ်ဒီတာ ကိုလင်းနိုင်ဦး မှ အခမ်းအနားမှူး အဖြစ်ဆောင်ရွက်ခဲ့ပြီး တေးစီးရီးစီစဉ်သူ နှင့် သီဆိုသူ၊ တီးခတ်သူ များမှ တေးစီးရီး နှင့်ပတ်သက်၍ အမှတ်တရ စကားများ ပြောကြားခဲ့ပြီး မိတ်ဆက်ပွဲ ကိုရုတ်သိမ်းခဲ့သည်။
No tags for this post.
Recent Comments