မေငြိမ်း – ကျမနဲ့ မြန်မာစာ (၅)

February 23, 2015

မေငြိမ်း – ကျမနဲ့ မြန်မာစာ (၅)
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅

ကျမ သတ်ပုံအမှားတွေအကြောင်းရေးတော့ ကျမသူငယ်ချင်း မြန်မာစာပါမောက္ခတစ်ယောက်က Comment မှာ ၀င်ရေး ပါတယ်..။ စာရေးတဲ့သူတွေ မြန်မာစာသတ်ပုံကျမ်း ကြည့်သင့်တယ်ဆိုတဲ့အကြောင်း..။ ဒီနေရာမှာ ပြောရတော့မှာကတော့ ဘာဖြစ်လို့ မြန်မာစာသတ်ပုံကျမ်း မကြည့်ကြသလဲဆိုတဲ့မေးခွန်းရဲ့ အဖြေပါပဲ။ အများစုက သတ်ပုံကျမ်းရော အဘိဓာန်ရော ကို မကြည့်ကြတာဟာ မထောက်မညှာပြောရရင် မကြည့်တတ်ကြလို့ပါပဲ။ ဒါကလည်း ပြောရရင် အချိန်ပေး မလေ့လာကြတဲ့ ကိစ္စလို့ပဲ ပြောချင်ပါတယ်။

မြန်မာစာရဲ့ စာလုံးဖွဲ့စည်းပုံက အင်္ဂလိပ်စာလို Flat Form မဟုတ်ဘဲ Mixed Form လို့ ပြောရမယ်ထင်ပါတယ်။ အင်္ဂလိပ် စာလုံးဖွဲ့စည်းပုံက Consonant + Vowels ဆိုတော့ ရှင်းပါတယ်။ A to Z .. Consonant တွေကို A,E,I,O,U ..Vowel တွေနဲ့ ပေါင်းလိုက်တာမို့ အဘိဓာန်မှာ Cosonant အစဉ်အတိုင်း ကြည့်ရုံပါပဲ။ မြန်မာစာ မှာကတော့ စာလုံးပေါင်းဖွဲ့စည်းပုံကိုက အခြေခံအဆင့် ၄ဆင့်ရှိနေတာပါ။ ‘က’ ကနေ ‘အ’ အထိ ဗျည်းတွေကို အခြေခံသရ (အ၊ အိ၊ အု၊ အေ၊ အဲ၊ အော၊ အံ၊ အို) နဲ့ တွဲတာက ပထမ အဆင့်။ နောက် ဒုတိယ အဆင့်က အသတ် တွေနဲ့ တွဲ။ အသတ်အစဉ်လိုက်ထဲမှာကို သရစဉ်အတိုင်းလိုက်ပြီး အသတ်ထပ်ခွဲ တာတွေ ရှိပြန်။ အဲဒီ အသတ်ဆင့် ပြီးပြန်တော့ တခါ ဗျည်းတွဲဆင့် -ျ  ။ြ-  ။  -ွ ။  -ှ ။ –ျွ ။ြ -ွ ။ -ျှ  ။ြ-ှ  ။ -ွှ  ဆိုတာတွေကလည်း အဆင့်ဆင့်.. အဲဒီ ဗျည်းတွဲတွေကိုမှ တခါ ဗျည်းတွဲသရနဲ့ ဗျည်းတွဲ အသတ်တွေ ထပ်ခွဲသေး တာ ဆိုတော့ အဲဒီအက္ခရာအစဉ်ကိုသာ မကျေညက်ရင် အဘိဓာန်နဲ့ သတ်ပုံကျမ်း တခါလှန်ဖို့အရေးက အတော်ကို အချိန်ယူ တော့တာပါ။ တက္ကသိုလ် ပထမနှစ် ပင်ရင်းမြန်မာစာ သင်ရိုးမှာ အက္ခရာစဉ် ပါပါတယ်။

အင်မတန်ကျွမ်းပါတယ်ဆိုတဲ့ ကျမတောင် အဲဒီအစဉ်အတိုင်း စာလုံးရှာဖို့ အချိန်ယူရသေးရင် အဲဒီအစဉ်ကို မကျေညက်ဘဲ ဗျည်းစဉ်ပဲ သိပြီး ရှာရတဲ့သူတွေအဖို့တော့ ပိုဆိုးတော့တာပဲ။ ဒါနဲ့ပဲ တော်ရုံဆို မကြည့်တော့ဘဲ မှားလည်း မှားမှားပဲလို့ သဘောထားလိုက်ကြတာပါ။ တကယ်တော့ အဲလို သဘောထားတာကိုက Professional မဆန်တာလို့ ပြောရမလားပါပဲ။ (Professional ကို ဗမာလို အကောင်းဆုံးဘာသာပြန်စကားလုံး ရှိရင်လည်း ပြောပြကြပါဦး) ကျမ ဆရာမဖြစ်ကာစကဆို အဲဒီ အက္ခရာစဉ်ကို ခေါင်းရှုပ်လွန်းလို့ (သိပ်မကျွမ်းသေးတာလည်း ပါပါတယ်) သူငယ်ချင်းဆရာမက ကျမအစား အတန်း ၀င်ယူပေးရတာမျိုးတောင် ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကိုယ့်ပညာရပ်အတွက် ကိုယ့်အလုပ်အတွက် Professional ဖြစ်ဖို့ မရ အရ ကြိုးစားရမှာပါပဲ။ အချိန်ပေး၊ အာရုံပေးလိုက်ဖို့ပါပဲ။ အဲဒီအတွက် နာရီပိုင်း .. ရက်ပိုင်းပဲ ကြာပါတယ်။
+++++

နောက်ထပ်အရေးကြီးတာတစ်ခုကတော့ ကိုယ် ပြောချင်တဲ့ အကြောင်းအရာကို ရေးထားတာ တကယ် နားလည်လွယ်ရဲ့လား ဆိုတာကို ပြန်စစ်ကြဖို့ပါ။

နောက်ထပ်အရေးကြီးတာတစ်ခုကတော့ ကိုယ် ပြောချင်တဲ့ အကြောင်းအရာကို ရေးထားတာ တကယ် နားလည်လွယ်ရဲ့လား ဆိုတာကို ပြန်စစ်ကြဖို့ပါ။ ကျမ သတ်ပုံ အမှားတွေ အကြောင်းရေးတော့ ကျမသူငယ်ချင်း မြန်မာစာ ပါမောက္ခတစ်ယောက်က Comment မှာ ၀င်ရေးပါတယ်..။ စာရေးတဲ့သူတွေ မြန်မာစာသတ်ပုံကျမ်း ကြည့်သင့်တယ်ဆိုတဲ့အကြောင်း..။ ဒီနေရာမှာ ပြောရတော့မှာကတော့ ဘာဖြစ်လို့ မြန်မာစာ သတ်ပုံကျမ်း မကြည့်ကြသလဲဆိုတဲ့မေးခွန်းရဲ့ အဖြေပါပဲ။ အများစုက သတ်ပုံ ကျမ်းရော အဘိဓာန်ရောကို မကြည့်ကြတာဟာ မထောက်မညှာပြောရရင် မကြည့်တတ်ကြလို့ပါပဲ။ ဒါကလည်း ပြောရရင် အချိန်ပေး မလေ့လာကြတဲ့ကိစ္စလို့ပဲ ပြောချင်ပါတယ်။

မြန်မာစာရဲ့ စာလုံးဖွဲ့စည်းပုံက အင်္ဂလိပ်စာလို Flat Form မဟုတ်ဘဲ Mixed Form လို့ ပြောရမယ် ထင်ပါတယ်။ အင်္ဂလိပ် စာလုံးဖွဲ့စည်းပုံက Consonant + Vowels ဆိုတော့ ရှင်းပါတယ်။ A to Z .. Consonant တွေကို A,E,I,O,U ..Vowel တွေနဲ့ ပေါင်းလိုက်တာမို့ အဘိဓာန်မှာ Consonant အစဉ်အတိုင်း ကြည့်ရုံပါပဲ။ မြန်မာစာ မှာကတော့ စာလုံးပေါင်းဖွဲ့စည်းပုံကိုက အခြေခံအဆင့် ၄ဆင့်ရှိနေတာပါ။ ‘က’ ကနေ ‘အ’ အထိ ဗျည်းတွေကို အခြေခံသရ (အ၊ အိ၊ အု၊ အေ၊ အဲ၊ အော၊ အံ၊ အို) နဲ့ တွဲတာက ပထမအဆင့်။ နောက် ဒုတိယ အဆင့်က အသတ် တွေနဲ့ တွဲ။ အသတ်အစဉ်လိုက်ထဲမှာကို သရစဉ်အတိုင်းလိုက်ပြီး အသတ်ထပ်ခွဲ တာတွေ ရှိပြန်။ အဲဒီ အသတ်ဆင့်ပြီးပြန်တော့ တခါ ဗျည်းတွဲဆင့် -ျ  ။ြ-  ။  -ွ ။  -ှ ။ –ျွ ။ြ -ွ ။ -ျှ  ။ြ-ှ  ။ -ွှ  ဆိုတာတွေကလည်း အဆင့်ဆင့်.. အဲဒီ ဗျည်းတွဲတွေကိုမှ တခါ ဗျည်းတွဲသရနဲ့ ဗျည်းတွဲ အသတ်တွေ ထပ်ခွဲသေးတာဆိုတော့ အဲဒီ အက္ခရာအစဉ်ကိုသာ မကျေညက်ရင် အဘိဓာန်နဲ့သတ်ပုံကျမ်း တခါလှန်ဖို့အရေးက အတော်ကို အချိန်ယူတော့တာပါ။ တက္ကသိုလ်ပထမနှစ် ပင်ရင်းမြန်မာစာမှာ အက္ခရာစဉ် ပါပါတယ်။

အင်မတန် ကျွမ်းပါတယ်ဆိုတဲ့ ကျမတောင် အဲဒီအစဉ်အတိုင်း စာလုံးရှာဖို့ အချိန်ယူရသေးရင် အဲဒီအစဉ်ကို မကျေညက်ဘဲ ဗျည်းစဉ်ပဲ သိပြီး ရှာရတဲ့သူတွေအဖို့တော့ ပိုဆိုးတော့တာပဲ။ ဒါနဲ့ပဲ တော်ရုံဆို မကြည့်တော့ဘဲ မှားလည်း မှားမှားပဲလို့ သဘောထားလိုက်ကြတာပါ။ တကယ်တော့ အဲလို သဘောထားတာကိုက Professional မဆန်တာလို့ ပြောရမလားပါပဲ။ (Professional ကို ဗမာလို အကောင်းဆုံးဘာသာပြန်စကားလုံး ရှိရင်လည်း ပြောပြကြပါဦး) ကျမ ဆရာမဖြစ်ခါစကဆို အဲဒီ အက္ခရာစဉ်ကို ခေါင်းရှုပ်လွန်းလို့ (သိပ်မကျွမ်းသေးတာလည်း ပါပါတယ်) သူငယ်ချင်းဆရာမက ကျမအစား အတန်း ၀င်ယူပေးရတာမျိုးတောင် ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကိုယ့်ပညာရပ်အတွက် ကိုယ့်အလုပ်အတွက် Professional ဖြစ်ဖို့ မရ အရ ကြိုးစားရမှာပါပဲ။ အချိန်ပေး၊ အာရုံပေးလိုက်ဖို့ပါပဲ။ အဲဒီအတွက် နာရီပိုင်း .. ရက်ပိုင်းပဲ ကြာပါတယ်။
+++++

အထူးသဖြင့် ဘာသာပြန် သတင်းတွေပါ။ ကျမ အကြံပေးချင်တာကတော့ စကားလုံးကောင်းကောင်းတွေ အဆင့်မြင့်မြင့်တွေ သုံးဖို့ ကြိုးစားတာထက် အရှင်းဆုံးတွေးပြီး အရှင်းဆုံးရေးတာကသာ အကောင်းဆုံး မြန်မာစာဖြစ်တယ်ဆိုတာပါပဲ။ ဘာဖြစ် လို့လဲဆိုတော့ ကိုယ်ရေးတာက သတင်းဖြစ်နေလို့ပါ။ ရသစာ မဟုတ်ပါဘူး။ ပြီးတော့ ၀ါကျရှည်တွေသုံးတာကို အတတ်နိုင် ဆုံး ရှောင်ကြစေချင်တာပါ။

ရေဒီယိုသတင်းတွေမှာ စာပိုဒ်တစ်ပိုဒ်လုံး ၀ါကျတစ်ကြောင်းတည်း ပြောသွားတာမျိုးတွေ အများကြီး တွေ့နေရပါတယ်။ အဲဒီအပြင် အဆက်ပစ္စည်းစကားလုံးတွေနဲ့ ပုဒ်တွေကို မှန်မှန်ကန်ကန် မသုံးနိုင်တာပါ။

ဥပမာ စာပိုဒ်တစ်ပိုဒ်ကို ပြချင်ပါတယ်။

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကတော့ ကိုးကန့် ဟာ တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးမှာ ပါဝင်နေတာကြောင့် တိုင်းရင်းသား တန်းတူအခွင့်အရေးပေးပြီး တိုင်းရင်းသား ရင်ကြားစေ့ရေးကို သော့ချက်အဖြစ် အသုံးပြုကာ ငြိမ်းချမ်းရေးတံခါးဖွင့်ပါဆိုပြီး သမ္မတ ဦးသိန်းစိန်ကို အိတ်ဖွင့်ပေးစာကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပေးပို့ခဲ့ပါတယ်။

အဲဒီသတင်းမှာဆိုရင်… အကြောင်းအရာက တဆက်တစပ်တည်းမို့ ၀ါကျမခွဲနိုင်ဘူးဆိုရင်တောင် အနည်းဆုံး ၀ါကျခွဲ နှစ် ကြောင်းလောက်တော့ ခွဲသင့်ပါတယ်။ ကျမ ပြန်ရေးထားတာမှာ လေ့လာနိုင်ပါတယ်။

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကတော့ ကိုးကန့် ဟာ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးမှာပါဝင်နေတာကြောင့် တိုင်းရင်းသားတန်းတူအခွင့်အရေး ပေးသင့်ကြောင်းနဲ့ တိုင်း ရင်းသား ရင်ကြားစေ့ရေးကို သော့ချက်အဖြစ်အသုံးပြုကာ ငြိမ်းချမ်းရေး တံခါးဖွင့်သင့်ကြောင်းတို့ကို သမ္မတဦးသိန်းစိန်ထံ အိတ်ဖွင့်ပေးစာအဖြစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပေးပို့ခဲ့ပါတယ်။

ကာ- အသုံးကို တချိန်တည်း ပြိုင်တူလုပ်နေတဲ့အမူအရာ နှစ်ခုအတွက် သုံးရပါတယ်။
ကော်ဖီသောက်ကာ တယ်လီဖုန်းပြောနေတယ်။ (ရင်း- နဲ့ တူတူပါပဲ)
ကို – ကတော့ Object Marker ပါ။ ဦးတည်တဲ့သဘော (To ) နဲ့ သုံးမယ်ဆိုရင် ဆီကို-ထံကိုလို့ သုံးရမှာပါ။ ဒါဆိုရင် ‘ကို’နှစ်ခါ ထပ်တဲ့ စကားမပြေပြစ်မှုမျိုးလည်း မဖြစ်တော့ဘူးပေါ့။

အချိန်လုပြီးလုပ်ရတဲ့ ရေဒီယိုသတင်းထောက်တွေအတွက်ကတော့ အလွယ်ဆုံးစကားပြေနဲ့ အတိုဆုံးဝါကျတွေ ရေးသင့် တယ်ဆိုတာကို မြင်စေချင်လို့ပါပဲ။
+++++

နောက်ထပ် ခဏခဏ ဆင်တူယိုးမှားမို့ မှားနေကြတဲ့အပြင် အဓိပ္ပါယ်ကိုပါ လုံးလုံးလွဲသွားစေတဲ့စကားသုံးတချို့ကို ထောက်ပြချင်ပါသေးတယ်။ (ကျမ ခဏခဏ ပြောဖူးပြီးသားတွေလည်း ဖြစ်ပါတယ်)။

အပြောင်းအလွဲ – အပြောင်းအလဲ (အမှန်)
(ပြောင်းလဲတာနဲ့ လွဲချော်တာဟာ တော်တော်ကွဲတဲ့အဓိပ္ပါယ်ပါ)

နိုင်ငံရေးအကျဉ်းသမား – နိုင်ငံရေးအကျဉ်းသား
(သမား- ဆိုတာက ကျွမ်းကျင်သူလို့ အဓိပ္ပါယ်ရပါတယ်)

မှတ်ချက်ချ – ကောက်ချက်ချ
ဥပမာ – IS စစ်သွေးကြွတွေရဲ့လုပ်ရပ်ဟာ ရက်စက်ကြမ်းကြုတ်တယ်လို့ သမ္မတအိုဘားမားက မှတ်ချက်ချ ပြောဆိုပါတယ်။
– အသေးစားလုပ်ငန်းတွေ တိုးတက်လာတဲ့အခြေအနေတွေကြောင့် ၂၀၁၅ နောက်ပိုင်းမှာ အမေရိကန်စီးပွားရေး ပြန်ပြီး ဦးမော့လာမယ်လို့ စီးပွားရေးသုတေသီတွေက ကောက်ချက်ချ ပါတယ်။

(Remark နဲ့ Conclude နဲ့ တော်တော်ကွာပါတယ်နော်)

မှတ်တမ်းတင် – စံချိန်တင်
အကြောင်းအရာ တစ်ခုခုကို မှတ်တမ်းတင်တာနဲ့ နှုန်းထားတစ်ခုခု စံချိန်ချိုးတာ။
ဥပမာ – ၈ လေးလုံးလှုပ်ရှားမှုကြီးဟာ သမိုင်းမှတ်တမ်းတင်စရာဖြစ်ပါတယ်။
– ဒီနှစ် ဆောင်းရာသီမှာ နှင်းကျတာ စံချိန်တင်ပါတယ်။

အကျင့်ပျက်ချစား – အကျင့်ပျက်ခြစား (အမှန်)
ခြကောင်တွေစားသလို တတိတိ လျော့ပါးသွားတဲ့အဓိပ္ပါယ်နဲ့ သုံးတာပါ။

ဂတိပေး – ကတိပေး (အမှန်)
ကတိက၀တ်က လာတာမို့ ကတိ က အမှန်ပါ။ ဂတိဆိုတာက ပါဠိက လာတာ ဖြစ်ပြီး လားရာဆိုတဲ့ အဓိပ္ပါယ်ပါ။
– ပညာရေးဥပဒေသစ် ပြင်ဆင်ရေးဆွဲရေးကိစ္စကို အစိုးရဘက်က နှုတ်ကတိပေးရုံလောက်ပဲ ရှိသေးတယ်လို့ ပြောနိုင်ပါတယ်။

စားရိတ်စက – စရိတ်စက (အမှန်)
မြန်မာနိုင်ငံမှာ ၀န်ထမ်းတွေ လုပ်ခ နည်းသလောက် ကုန်ကျစရိတ် ၊ နေထိုင်စရိတ် စတဲ့ စရိတ်စက တွေက ကြီးမြင့်လှပါတယ်။

ကျစ်ကျစ်လစ်လစ် – ကျစ်ကျစ်လျစ်လျစ် (အမှန်)
လစ် – က အလစ်အငိုက် ၊ လစ်လပ် စတဲ့ အဓိပ္ပါယ်တွေ ရှိပါတယ်။

အများဆုံးမှားကြတဲ့ ပျောက်ကြား – ပြောက်ကျား(အမှန်)
အကွက်ပြောက်ပြောက်ပုံစံနဲ့ ကျားတက် တက် ထိုးစစ်ဆင်လို့ ပြောက်ကျား လို့ပေါင်းတာပါ။

လျှော့ကျ ၊ လျော့ချ – လျှော့ချ ၊ လျော့ကျ (အမှန်)

တကယ်တော့ စည်းကမ်းနဲ့ မှတ်လို့ မရတဲ့ သဒ္ဒါအထားအသိုတွေလည်း မြန်မာစာမှာ ရှိတော့ ရှိသားပါ။
ဥပမာ – အကြီးဆုံးသား၊ အငယ်ဆုံးညီမ လို့ ပြောသလို သားအကြီးဆုံး ၊ ညီမ အငယ်ဆုံးလို့လည်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ သူငယ်ချင်းအချစ်ဆုံးကျတော့ လှည့်ပြောလို့ မရပြန်ပါဘူး။ အဲလိုပဲ အလှဆုံးမြို့ ၊ အကောင်းဆုံး စာအုပ်.. ဒါတွေကိုလည်း လှည့်လို့မရပါဘူး။ Superlative စကားလုံးတွေကို နာမ်/နာမ်စားတွေနဲ့ အတူတွဲသုံးရတယ်ဆိုတဲ့ Structure ဖြစ်ပါတယ်။

ဒါပေမဲ့ မနေ့ကတော့ ဂီတဆုပေးပွဲတစ်ခုမှာ ဆုပြားပေါ်မှာရေးထားတဲ့ အမှားတစ်ခုကို တွေ့လိုက်ရပါတယ်။
နှစ်ပေါင်းများစွာ အောင်မြင်မှုကို အထိန်းသိမ်းနိုင်သော လူငယ်ဂီတသမားဆု.. တဲ့။
အထိမ်းသိမ်းနိုင်ဆုံး.. ဆိုတာနဲ့ ထိန်းသိမ်းနိုင်သောကို ဘယ်လိုလွဲမိသွားတယ် မသိပါဘူး။ အဲဒီအမှားကတော့ ဆုပြား ပေါ်မှာကို ရေးထိုးထားတာမို့ မှတ်တမ်းဝင်အမှား ဖြစ်သွားရှာပါပြီ။

(အမှားတွေ ထပ်တွေ့တဲ့အခါ အလျဉ်းသင့်သလို ရေးသွားပါဦးမယ်ရှင်)

(စာကြွင်း- သူငယ်ချင်းတစ်ယောက်က ကျမကို ပြောပါတယ်။ မြန်မာသဒ္ဒါကိုရှင်းတာ အခေါ်အဝေါ်တွေကို ပြဋ္ဌာန်းစာအုပ် ထဲကအတိုင်း သုံးသင့်ပါတယ်.. တဲ့။ သူပြောချင်တာက သမ္ဗန္ဓတို့ ကတ္တားပုဒ် ကံပုဒ်တို့၊ သုဒ္ဒကြိယာ၊ ကာရိုက်ကြိယာ.. စသဖြင့်။ ကျမက ပြန်ပြောလိုက်ပါတယ်။ အဲဒီစကားလုံးတွေကြောင့် မြန်မာသဒ္ဒါကို တော်ရုံနဲ့ ကြောက်ကုန်ကြတာ.. ပျင်း ကုန်ကြတာ ထင်တယ်လို့။ ဒါကြောင့် လူအများစု အလွယ်တကူသိပြီးသား အဆက်ပစ္စည်းစကားလုံး.. Subject, Object, Active, Passive လို့ သုံးတာလို့ ပြန်ပြော လိုက်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မေငြိမ်း

One Response to မေငြိမ်း – ကျမနဲ့ မြန်မာစာ (၅)

  1. catwoman on February 25, 2015 at 12:43 am

    sayama,
    You have to also remember that many Burmese/myanmar people are struggling these days and might not have the time to focus on nit picky things. it might be important to you about how people are spelling things etc but other people might not think it s important. it is not to say that we shouldnt care about our language. People have to survive these days.
    one of my friends say Martin Luther King might be able to give a good speech but he can not help a patient who is dying. I see many patients daily here in the east coast of USA and i dont think I should be nitpicky about writing history and physical on patients. as long as it makes sense and people can understand it, I think it is fine. I hope that grammer police doesnt come after me and be picky because saving lives is more important for me at this point than writing something correctly.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်