ဖိုးစီ (ရုံးတော) – တန်ရာတန်ကြေး

February 27, 2015

 

ဖိုးစီ (ရုံးတော) – တန်ရာတန်ကြေး

(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅

ကားကို ထိုးရပ်လိုက်တော့ တစ်ထပ်တိုက်အိမ် တစ်လုံး၏ ပေါ်တီကို ဆင်ဝင်အောက်မှာ ဖြစ်သည်။  နေရာက မလေးရှား နိုင်ငံ ဂျိုးဟိုးပြည်နယ်က ဘာတူပါဟက်က ရွာလေး တစ်ရွာ။  ဘေးပတ်ဝန်းကျင်မှာ အိမ်ခြေ ခပ်ကျဲကျဲ၊ အလွန်ဆုံးရှိလှမှ ဆယ့်လေးငါးအိမ်ပေါ့။  ထူးခြားတာကတော့ အိမ်တိုင်း အိမ်တိုင်းရဲ့ ရှေ့မှာ အနည်းဆုံး ကား နှစ်စီး သုံးစီးခန့် ရပ်ထားခြင်းပင်။  ကားအများစုက ကုန်တင် လူစီးတွဲစပ်နိုင်သော ဂျပန်ကားတွေ ဖြစ်သည်။

“၀င်း လာ၊ ဒါ ငါ့အမေအိမ်ပဲ..။”

အထဲမှာတော့ အတော်ကို သားနားသပ်ရပ်သည့် ပရိဘောဂများနှင့် ဗမာပြည်က သူဋ္ဌေးကြီးတွေ အိမ်မျိုးက အဆောင်အယောင်တွေအတိုင်း ခမ်းနားလှသည်။  ကျနော်က မလေးရှားနိုင်ငံသား လုပ်ဖော်ကိုင်ဖက် “ဘိုဟာရီး” နောက်ကို လိုက်လာခြင်းဖြစ်သည်။  အမှန်တော့ ကျနော်တို့က အလုပ်တာဝန်ဖြင့် ဂျိုဟိုး လေဆိပ်အနီး ဆီနိုင်း စက်မှုဇုံထဲ လာခဲ့ကြရင်း ဘိုဟာရီးက သူအမေ့အိမ် ဆက်သွားချင်သည် ပြော၍ ကျနော်က ကပ်ပါလာခဲ့တာဖြစ်သည်။

“အမေ ဘယ်မှာလဲ..” ကောင်မလေး တစ်ယောက်ကို သူမေးနေဆဲ ပုဝါခြုံ အဒေါ်ကြီးတစ်ယောက် ၀င်လာတော့ “ဒါသူ့အမေပဲ” လို့ မိတ်ဆက်ပေးသည်။  ရုပ်ရည် သန့်သန့်ပြန့်ပြန့် အသက် (၇၀) တန်းခန့် အဒေါ်ကြီးတစ်ယောက်။  ကျနော့် အကြည့်က သူ့ခြေထောက်မှာ စီးထားသည့် လည်ရှည် ဘု ဖိနပ်ကို ရောက်နေလို့လားမသိ၊ “မုန်ညင်းခင်းထဲက လာခဲ့တာ” ဖြစ်ကြောင်း ပြောရင်း သူ့မိသားစု အကြောင်းကို ရှင်းပြနေရာ စိတ်ဝင်စားစရာ ကောင်းလှသည်။

သားသမီး (၈) ယောက်မိခင် အဖွားကြီး ဖာရီဒါ သည် မုန်ညင်းစိုက်ရင်း ဘ၀ဆည်းဆာကို အေးအေးချမ်းချမ်း ဖြတ်သန်းလျက်ရှိသည်။  ထွက်သမျှသော အသီးအရွက်တွေကို အ၀ယ်တော် ကုမ္ပဏီ တစ်ခု၏ အမည်ခံကာ စင်္ကာပူသို့ သွင်းကာရောင်းချပါသည်တဲ့။  သူ့သားများက နံနက်စောစော စင်္ကာပူ ရှိ ကန်ထရိုက်ဆီသို့ သွင်းရန် ညဦးပိုင်းမှာ သူမနှင့် အလုပ်သမ အချို့  ပြင်ဆင်ရသည် ဆို၏။  သူ့သားအငယ်ဆုံး ဘိုဟာရီး ကတော့ စင်္ကာပူ အလုပ်ပါမစ်ဖြင့် ကျနော့် လုပ်ဖော်ကိုင်ဖက်ဖြစ်ပါသည်။

ဖာရီဒါတို့ မိသားစုမှာ မူလက ဒီနေရာ၊ ဒီရွာခံတွေ မဟုတ်ကြ။  မွှား (Muah) ဟု ခေါ်သော အရပ်မှ ဖြစ်သည်။  သူတို့ ရွာကလေး နှင့် ပတ်ဝန်းကျင်ကို ဆီအုန်းစိုက်ခင်းများ အဖြစ်ပြောင်းလဲရန် မြေယာလျော်ကြေးများ ပေးကာ သိမ်းဆည်းလိုက်ပြီး မြေအစားရသော ဒီအရပ်ဆီသို့ ရောက်လာကာ ဟင်းရွက် စိုက်ပျိုးကာ အသက်မွေးနေကြခြင်းဖြစ်သည်တဲ့။  အပြန်လမ်းမှာတော့ ရင်ထဲ၌ ဖြစ်တည်နေသော မေးခွန်း အစိုင်အခဲ များကို ဘိုဟားရီး အား အားမနာတမ်း မေးမြန်းဖြစ်ခဲ့ပါသည်။

“ဘိုဟာရီး ..မင်းတို့ အရင်နေရာတွေ အသိမ်းခံရတုန်းက မင်းဘယ်အရွယ်တုံး..။”

“ဟာ.. ငါ မမွေးသေးဘူး ၀င်း..၊ (၁၉၇၀) လောက်ကဖြစ်မယ်၊ ငါက ဒီ ဘာတုပါဟက် ရောက်မှ မွေးတယ်..။”

“မင်းတို့ မြေတွေ အသိမ်းခံရတော့ မင်းတို့မိဘတွေ ကျေနပ်ကြသလား၊ ရွာသားတွေနဲ့ ဆီအုန်း ကော်ပိုရေးရှင်းကြီးတွေ ပြဿနာ မတက်ကြဘူးလား၊ ငါ့ကို မင်းသိသလောက် ရှင်းပြပါလား..။”

“ထွေထွေ ထူးထူးမတက်ပါဘူး၊ တကယ်တော့ ငါတို့မိဘတွေက (၁၉၆၀) လောက်ကတည်းက မြေတွေသိမ်းတော့မယ် ဆိုတာ သိထား နှင့်နေပြီတဲ့..။”

“ဘယ်လို၊ မြေသိမ်းမှာကို (၁၀) နှစ်လောက်က ကြို သိတယ် ဟုတ်လား..။”

“အေး.. ဟုတ်တယ်၊ ဘယ်လိုပြောရမလဲ၊  ဒို့ အစိုးရ စိုက်ပျိုးရေးဌာနက (၁၉၆၀) လောက်မှာ ဆီအုန်းစိုက်ဖို့ စီမံကိန်းချတော့ သုတေသန ဌာနတွေ ထူထောင်ပြီး ဘယ်နေရာတွေမှာ ဆီအုန်း ခြံတွေ ဖြစ်လာမလဲ ဆိုတာ တိုင်းတာရင်း ဒေသခံရွာသားတွေ ကို ပညာပေး စည်းရုံးရတယ်၊ ပညာတတ်ရွာသားတွေလည်း စိုက်ပျိုးရေး အင်ဂျင်နီယာတွေ ဖြစ်လာကြတယ်။”

(ဤနေရာ၌ သူသုံးသော အင်္ဂလိပ်စကားမှာ Agro industrial Engineers ဖြစ်၍ မရင်းနှီးသော ကျနော်က နားမရှင်း၍ ၂ ခါပြန်မေးခဲ့ရသည်။)

“ငါ့ မိဘတွေကတော့ ကျောင်းပညာရေးလည်း သိပ်မရှိ၊ နဂိုကလည်း စိုက်ပျိုးရေးပဲ ၀ါသနာရှိတာမို့ သူတို့ ဒီ ဘာတူပါဟက်မှာ နေရာပြန်ချထားတော့ ဒီမှာ ပြန်အခြေချတာပဲ..။”

“မင်းတို့မိဘတွေ မြေလျော်ကြေး ထိုက်ထိုက်တန်တန် ရမှာပါပဲ၊ ငါယုံတယ် ။ ဘေးက အိမ်တွေရော ငါ့အမြင်မှာ အားလုံး အိုကေ နေကြတာပဲ၊ ဟုတ်တယ်မလား..။”

Not really! ဘယ်လိုပြောရမလဲ၊ လျော်ကြေးကို တစ်ချီတည်း အပြီးမရဘူး၊ ဒီဆီအုန်း စီမံကိန်းတွေကလည်း နေ့ချင်းညချင်း ဖြစ်လာတာမဟုတ်ပါဘူး၊ တကယ်တမ်း မလေးရှား စီးပွားရေးကို ပြောင်းလဲအောင် ဖြစ်ထွန်းတာက (၁၉၈၀) လောက်ကျမှပါ၊ တိတိကျကျ ပြောရရင်တော့ မဟာသီယာ ၀န်ကြီးချုပ်ဖြစ်ပြီး နောက်ပိုင်းမှ လို့ ပြောရင်ရတယ်..။”

“လျော်ကြေးက အလီလီခွဲပေးတာ လို့ မင်းဆိုလိုတာလား..။”

“ဟုတ်တယ်၊ ငါမှတ်မိတာတော့ ငါငယ်ငယ်က အိမ်မှာ ရောင်စုံတီဗွီဟာ လျော်ကြေးထဲက တစ်ခုပဲ၊ ပြီးတော့ ဘဏ်တွေက မြေယာလျော်ကြေးကို ၀င်ပြီးစီမံ ခန့်ခွဲတယ်၊ Proton ကားတွေ ထုတ်ပေးတော့လည်း ငါတို့ လျော်ကြေးအစီအမံ ကို ခံစားခွင့်ရသေးတယ်၊ နှစ်ရှည် အာမခံချက်ရအောင် ဆိုတဲ့သဘော ထင်ပါတယ်။”

“ခုရော ရစရာ ရှိသေးလား..။”

“အဟား .. ခုတော့ အားလုံး ကျေပါပြီ..။” 

“ဘယ်လိုပဲ ဖြစ်ဖြစ်ပါကွာ၊ မင်းတို့တွေ (ဤနေရာ၌ မလေးရှား နိုင်ငံသား အားလုံးအား ကျနော်ရည်ရွယ်ပါသည်) အောင်မြင်ခဲ့ကြပါတယ်။ ဟုတ်တယ် မဟုတ်လား။”

“ဆိုပါတော့..၊ အထူးသဖြင့်တော့ စိုက်ပျိုးရေး ၀ါသနာပါတဲ့ ငါ့မိဘတွေ ဒီအလုပ်နဲ့ ဆက်လုပ်ဖြစ်နေတာ ငါတို့မှာ ဘာပူပန်မှုမှ မရှိရတာပဲ..။”

ဘိုဟာရီးနှင့် လမ်းခွဲပြီးအိမ်သို့ ပြန်ရောက်သည်အထိ ကျနော့် အတွေးဝင်္ကဘာ ထဲမှာ သူတို့မိသားစုအကြောင်းသာ ၀ဲလည် လှည့်လျက်ရှိသည် ။  သြော်.. ကံကောင်းရှာကြသည့် တောင်သူတွေဗျား။  ခေါင်ဆောင်ကောင်း၊ စီမံခန့်ခွဲမှုကောင်းတို့၏ အလုပ်ဖြစ်မှုကို မလေးရှား ဆီအုန်းခြံ လုပ်ငန်းများက သက်သေခံလျက်ရှိသည် ဟု ကျနော်ဆိုသော် လွန်ရာကျလေမလား။

အိမ်ရောက်၍ ဖေ့စ်ဘုတ်ကိုဖွင့်၊ အမိတိုင်းပြည်၏ သတင်းများကို မွှေနှောက်ဖတ်ရှုလေသော် ဆန္ဒပြပွဲ၊ အင်အားပြပွဲ (အချို့ အရာတို့ကား ဆန္ဒပြပွဲ မဟုတ်ချေ) ၊ ရှုတ်ချပွဲ ၊ အမုန်းတရား လှုံ့ဆော် သွေးထိုးပွဲ၊ အမနာပ သတင်းများဖြင့် ပြည့်နှက်လျက်ရှိ၏။  တစ်နေရာ၌ ဆရာ မျိုးဆွေသန်း ၏ လက်ပံတောင်းတောင် အရေး ဟောပြောစာတမ်းဖတ်ပုံကို ရင်နာ စရာ ပုံကားများဖြင့် တွေ့ပြန်၏။  တက်ကြွလှုပ်ရှားသူ ရှေ့နေကြီး ၏ စာမျက်နှာတွင်တော့ သွားလေသူ တောင်သူမကြီး ဒေါ်ခင်ဝင်း ၏ အိမ်၌ တရားဥပဒေကြောင်းအရ ရင်ဆိုင်ရန် ဆွေးနွေးနေကြပုံများကို မမြင်ချင်ပါဘဲ မြင်ရပြန်သည်။  သြော်.. ကိုယ်တွေဆီမတော့ မြေယာလျော်ကြေး အရှုပ်ထုပ်ကို မပြောမဆိုနိုင်သေးခင် လူယုတ်မာတို့၏ လက်ချက်ကြောင့် သေပွဲဝင်ရရှာသည့် ဒေသခံအတွက် အသက်လျော်ကြေးအကြောင်းကို စက်ဆုပ်စွာပြောနေရပြီ။

တကယ်တော့ လက်ပံတောင်း ဒေသ၊ ကြေးစင်တောင်ဒေသ စီမံကိန်းသည် မလေးရှား ဆီအုန်းခြံ လုပ်ငန်းများနှင့် မနှိုင်းယှဉ်အပ်ပါချေ။  သူတို့ ဆီအုန်း လုပ်ငန်းဆိုသည်က ဒီမှာဘက်ခေတ်ရောက်မှ တိုးတက်ဖြစ်ထွန်းလာသည့် စက်မှုစိုက်ပျိုးသီးနှံ နည်းပညာနှင့် ကောင်းမွန်သော စီမံခန်ခွဲမှုများ၏ အသီးအပွင့်သာ ဖြစ်သည်။

လက်ပံတောင်းဟူသည်က ရှေးမွန်မဆွ သမိုင်းမတင်မီကပင် ကြေးစင်တို့ ထွက်ရှိနေကြောင်း လူ့သမိုင်း နှင့် ယှဉ်၍ သိရှိထားခဲ့ကြပြီးဖြစ်သည်။  သမိုင်းခေတ်တလျှောက် မင်းအဆက်ဆက် အစိုးရအဆက်ဆက် မြေအောက်၌ တည်ရှိသည့် ရတနာကို မည်သို့ လျော်ကန်စွာ ထုတ်ယူသုံးစွဲ စီမံခန့်ခွဲကြမည်နည်း ဆိုသည့် စီမံခန့်ခွဲပုံကိုသာ စောကြောဝေဖန်ရန်ရှိပါသည်။

ဤမြေ ဤဒေသ၌ ဘိုးဘွားအစဉ်အဆက် ဓားမဦးချ စိုက်ပျိုးစားသောက်လာခဲ့ကြသော တောသူတောင်သား ဆင်းရဲသားများအား သင့်လျော်သော ဘ၀အာမခံချက်များဖြင့် ဖျောင်းဖျ စည်းရုံးရန် နှစ်ပေါင်း ရာနှင့်ချီ၍ အစိုးရများ အချိန်ရခဲ့ပါသည်။  စားအုံးဆီ ကလေးစိုက်ဖို့ပင် နှစ် (၂၀) ခန့် လူထုစည်းရုံးရေး အားယူခဲ့သော မလေးရှား စိုက်ပျိုးရေးဌာန၏ အောင်မြင်မှုများက အလကားတော့ မဟုတ်တန်ရာပါ။  ပြည်သူတို့ မကျေနပ် သဘောမတူပါက ဘာစီမံကိန်းမျှ အောင်မြင်ရန် မရှိကြောင်း မလေးရှား အစိုးရ ကောင်းစွာ သဘောပေါက် နားလည်၍ အချိန်ယူ လုပ်ဆောင်ခဲ့ကြလေသည်။

သို့ဖြင့် မိမိမြေကြီးအောက်မှ သဘာဝအလျောက် ထွက်နေလေသည့် သယံဇာတ ရတနာများ တောင်လိုပုံရှိနေပါလျက် မင်းဆိုးမင်းညစ်၏ ယုတ်မာပက်စက်သည့် ကိုယ်ကျိုးကြည့် စီမံခန့်ခွဲပုံကြောင့် အညာသားတို့ ယာချောင်းပစ်ကာ မလေးရှား ဆီအုန်းခြံ အတွင်း အလုပ်ဆင်းရတော့သည်…။

အကယ်၍ တစ်စုံတစ်ယောက်သည် ဦးပိုင် သို့မဟုတ် လက်ရှိစစ်အာဏာရှင်များအား ကိုယ်စားပြု၍ လက်ပံတောင်းဒေသခံ တောင်သူတို့အား “တန်ရာတန်ကြေး” ပေးခဲ့ပြီးဖြစ်သည်ဟု စောဒကတက်လာငြားအံ့။  

“တန်ရာတန်ကြေး” ဟူသော ဝေါဟာရ အတွက် အောက်ပါမေးခွန်းများအား ဖြေကြည့်စေလိုသည်။

သင်သည် ညောင်ကန် ဒေသ မြန်မာ့ ကြေးခေတ် ယဉ်ကျေးမှု အကြောင်း ကြားဖူးထားပါပြီလား။

ဖုန်းဆိုးမြေ ဖြစ်သည်ဟု ၀ါဒဖြန့်ထားခံရသော လက်ပံတောင်းမြေပေါ်တွင် တစ်ဧက နှမ်းအထွက်နှုန်းသည် ပြည်တွင်း၌ ထိပ်တန်းက ရှိသည်ကို သိပါသလား။

လက်ပံတောင်းတောင် သတ္တုသိုက်၏ ကြေးစင်ပမာဏ မည်မျှ ရှိသည်ကို ကြားဖူးထားပါ၏လား။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် စုံစမ်းခဲ့သော ကော်မရှင်က အကောင်အထည်ဖော်ရေး ကော်မီတီသို့ အကြံပြု ခဲ့သော ဆက်လက်ဆောင်ရွက်ရန် နည်းနာများကို နားစွန်နားဖျားမျှ ကြားဖူးထားပါ၏လား။

ထားတော့..။  ဒါတွေ အားလုံး သိထားပြီး ဟု ကျားကျား မီးယပ်ဆိုငြားအံ့။

လူတို့၏ နေ့စဉ်ဘ၀၌ ကြေးနီ သတ္တု၏ အသုံးပြု ပုံသဘာဝ ကို ကြားဖူးအောင် အားထုတ်ချေပါဦး။ 

လျှပ်စစ်မပါဘဲ ရပ်တည်မရသော ယနေ့ကမ္ဘာ၏ (၆၅) ရာခိုင်နှုန်း မျှသော အသုံးအဆောင်များသည်

ကြေးနီမပါဘဲ ထုတ်လုပ်၍ မရနိုင်သည်ကို သိအောင် လုပ်ချေပါဦး။

အကယ်၍ ဤစာဖတ်မိသူ၏ အသက်သည် (၂၅) နှစ်ပြည့်ပြီးရုံမျှ ဖြစ်သည် ဆိုလျှင် သင်မသေခင် ကမ္ဘာမြေ၏ ရှိရှိသမျှသော ကြေးနီတို့ ထုတ်ယူသုံးစွဲကုန်ခန်း၍ ကြေးနီအကျပ်အတည်း ဖြစ်ရမည်ကို မုချဆတ်ဆတ်တွေ့ရဦးမည် ဖြစ်၍ “တန်ရာတန်ကြေး” ဟူသော စကားကို နောင်လာနောက်သား မျိုးဆက်သစ်နိုင်ငံသားတို့အား ထောက်ထားသောအားဖြင့် ဆင်ခြင်ပြောကြားကြပါရန် အသနားခံလိုသည်။

ဖိုးစီ (ရုံးတော)

(ဆောင်းပါးရှင်သည် စင်္ကာပူ တွင် ခေတ္တ ရောက်ရှိ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်။  အွန်လိုင်း ပုံနှိပ် စာနယ်ဇင်းများတွင် အတွေ့အကြုံ၊ အမြင်နှင့် အထွေထွေ ဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်သည်။)

××××××××××

 

Photo – Irrawaddy News Online, Letpadaung

မိုးမခ တွင် ဖော်ပြခဲ့ပြီးသော ဖိုးစီ (ရုံးတော) ၏ စာများ —

၁) ကပ္ပိယဖိုးစီ – မဟန နှင့် နိုင်သြ ဆိုသည်

http://gita.cc/archives/20177

http://moemaka.blogspot.com.au/2011/12/kapiya-po-si.html

၂) ဦးဇောတိက နှင့် (၃) နာရီ

http://moemaka.com/archives/40029

http://www.moemaka.blogspot.com.au/2014/09/blog-post_530.html

၃) ကုလားရှဖီး၊ ဘုန်းကြီးတူမ နဲ့ ကျနော်ကြုံခဲ့ ဖူးသော လုပ်ကြံပွဲများ

http://moemaka.com/archives/39986

http://www.moemaka.blogspot.com.au/2014/09/blog-post_759.html

၎) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကြိယာ တမျိုးတည်းနဲ့ ကျနော်တို့ တိုင်းပြည်

http://moemaka.com/archives/40003

http://www.moemaka.blogspot.com.au/2014/09/blog-post_551.html

၅) ဗလသေန တော့ မလိုချင်ပါ

http://moemaka.com/archives/40072

http://www.moemaka.blogspot.com.au/2014/09/blog-post_807.html

၆) မိနီကတော့ သေတာ သေတာပါပဲ

http://moemaka.com/archives/40089

http://www.moemaka.blogspot.com.au/2014/10/blog-post_40.html

၇) ဘောင်ဘင်ခတ်သူ

http://moemaka.com/archives/40138

http://www.moemaka.blogspot.com.au/2014/10/blog-post_53.html

၈) ခါချဉ် တစ်ကောင် တင်းတဲ့မာန်

http://moemaka.com/archives/40166

http://www.moemaka.blogspot.com.au/2014/10/photo-aung-htet.html

၉) ပိုးဟပ် တောင်ပံ ခတ်သံ

http://moemaka.com/archives/40277

http://www.moemaka.blogspot.com.au/2014/10/blog-post_38.html

၁၀) အမေ ၏ နိုင်ငံရေး

http://moemaka.com/archives/40305

http://www.moemaka.blogspot.com.au/2014/10/blog-post_79.html

၁၁) မန်းကျည်းတန်း ပုံပြင်

http://moemaka.com/archives/40401

http://www.moemaka.blogspot.com.au/2014/10/blog-post_670.html

၁၂) Sorry ပုံပြင်

http://moemaka.com/archives/40611

http://www.moemaka.blogspot.com.au/2014/11/sorry.html

၁၃) “ဟဲ့…” အမည်မှည့်

http://moemaka.com/archives/40857

http://www.moemaka.blogspot.com.au/2014/11/blog-post_877.html

၁၄) ဘုန်းကြီးတွေ လူလိုမသိဘူး

http://moemaka.com/archives/41120

http://www.moemaka.blogspot.com.au/2014/12/blog-post_99.html

၁၅) စနစ်ဆိုး ၏ အသုံးချခံ သား (၃) သား

http://moemaka.com/archives/41327

http://moemaka.blogspot.com.au/2014/12/blog-post_308.html

၁၆) ကျနော်တို့ သာသနာတော် ဝမ်းယောင်နေပြီလား

http://moemaka.com/archives/41737

 

http://www.moemaka.blogspot.com.au/2015/01/blog-post_95.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်