မောင်ဖေသက်နီ – အနုပညာသမိုင်းကို အကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့ ဗန်ဂိုးနဲ့သူ့ဆုံးဖြတ်ချက်များ

March 2, 2015

မောင်ဖေသက်နီ – အနုပညာသမိုင်းကို အကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့ ဗန်ဂိုးနဲ့သူ့ဆုံးဖြတ်ချက်များ 
(မိုးမခ) မတ်လ ၂၊ ၂၀၁၅
====================
(ဆောင်းပါးရှင် အလက်စတယ် ဆူကေး  Alastair Sooke ဟာ အခုဆောင်းပါးကိုဘီဘီစီဝက်ဆိုဒ်ရဲ့ ယဉ်ကျေးမှုစာမျက်နှာမှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့က ရေးသားခဲ့ပြီး မောင်ဖေသက်နီ ဘာသာပြန်ဆိုပါတယ်)

အခုဆောင်းပါးရေးသားသူ အလက်စတယ် ဆူကေး  Alastair Sooke ဟာ အင်္ဂလန်နိုင်ငံက ဒေးလီးတယ်လီဂရပ် The Daily Telegraph သတင်းစာရဲ့ ပင်တိုင်ဝေဖန်ရေးဆောင်းပါးတွေရေးသားနေတဲ့ သုတေသီတယောက်ဖြစ်ပါတယ်။ သူဟာ ဒါမီအဲန်း ဟာ့တ်စ် Damien Hirst (ဘာသာပြန်သူရဲ့ ထပ်မံဖြည့်စွက်ချက်။ ။ ဒါမီအဲန်း ဟာ့တ်စ်ဟာ ၁၉၆၅ ခုနှစ် ဇွန်လ ၇ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဗြိတိသျှနိုင်ငံသား အနုပညာရှင်၊ တီထွင်ဖန်တီးသူနဲ့ အနုပညာပစ္စည်းတွေကို စုဆောင်းသိမ်းဆည်းသူ ဖြစ်ပါတယ်) အာနစ် (ရှ်) ကာပူးရ် Anish Kapoor (ဘာသာပြန်သူရဲ့ ထပ်မံဖြည့်စွက်ချက်။ ။ အာနစ်(ရှ်) ကာပူးရ် ဟာ ၁၉၅၄ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ ဘုံဘေမြို့မှာ မွေးဖွားခဲ့တဲ့အိန္ဒိယနိုင်ငံသား ပန်းပုအနုပညာရှင်ဖြစ်ပါတယ်။ သူဟာ ၁၉၇၀ ခုနှစ်ကျော်နှစ်တွေကစပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို ပြောင်းရွှေ့နေထိုင်ပြီး ဟော်န်ဆေ အနုပညာကောလိပ် Hornsey College of Art နဲ့ ချယ်လ်ဆီး အနုပညာနဲ့ ဒီဇိုင်းကောလိပ် Chelsea School of Art and Design တွေမှာ အနုပညာ ဘာသာရပ်တွေကို လေ့လာသင်ကြားခဲ့ သူဖြစ်ပါတယ်) နဲ့ဂျက်ဖ် ကူးန်စ် Jeff Koons (ဘာသာပြန်သူရဲ့ ထပ်မံဖြည့်စွက်ချက်။   ။ ဂျက်ဖ် ကူးန်စ်ဟာ ၁၉၅၅ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အမေရိကန်အနုပညာရှင်တယောက်ဖြစ်ပါတယ်။ သူဟာ နယူးယောက်မြို့တော်နဲ့ သူ့မွေးဇာတိ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က ယောက် York မြို့တို့မှာ နေထိုင် နေသူတဦးဖြစ်ပါတယ်) တို့အပါအ၀င် ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေအကြောင်း သုတေသနဆောင်းပါးတွေ ရေးသားနေသူဖြစ်ပါတယ်။၂၀၁၀ ခုနှစ်ထဲမှာ ‘ဘီဘီစီ တစ် BBCOne’ ရဲ့ ‘တနင်္ဂနွေနေ့  ညနေဆည်းဆာ Sunday evening’ အစီအစဉ်ကနေ ကမ္ဘာ့ခေတ်ပေါ် မော်ဒန်အနုပညာနဲ့ပတ်သက်လို့ ပုံမှန်ထုတ်လွှင့်နေသူဖြစ်ပါတယ်။ သူဟာ ‘ဘီဘီစီရဲ့ ယဉ်ကျေးမှုသရုပ်ပြအစီအစဉ် The Culture Show’ ကနေပရိုဂရမ်အမျိုးမျိုးကို တင်ဆက်နေခဲ့သလို ‘ဘီဘီစီ နှစ် BBC Two’ ရဲ့‘ရေဒီယိုနဲ့တယ်လီဗီးရှင်း’ အစီအစဉ်တွေကနေ အနုပညာဝေဖန်ရေးဆောင်းပါးတွေကို စဉ်ဆက်မပြတ်ရေးသားနေခဲ့သူ ဖြစ်ပါတယ်။ အခုအချိန်မှာ ပြင်သစ်နော်မန်ဒီ ကျဆုံးသွားချိန် ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်ကနေ မျက်မှောက် ခေတ်အချိန်အထိ (ဘာသာပြန်သူရဲ့ဖြည့်စွက်ချက်။    ။ အခုဆောင်းပါးကို အလက်စတယ် ဆူကေး ရေးသားနေတဲ့အချိန် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလထဲအထိကို ဆိုလိုတာပါ) သူဟာ ဗြိတိသျှ ပန်းပုအနုပညာ သမိုင်းတွေကို အပိုင်းသုံးပိုင်းခွဲပြီး ရေး သားပြုစုနေခဲ့ပြီး အဲဒီ့အစီအစဉ်ကို ‘ဘီဘီစီလေး BBC Four’ ရဲ့ အစီအစဉ်တွေကနေ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းကတည်းကတင်ဆက်ပြသနေခဲ့သူဖြစ်ပါတယ်။

အခု ဓါတ်ပုံကို ‘ကော်ဘစ်’ ပြတိုက်မှ ရရှိပါတယ်။ (ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်။ ။ ‘ကော်ဘစ် Corbis’ ပြတိုက်ဟာ အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းချေမှာရှိတဲ့ ၀ါရှင်တန်ပြည်နယ်၊ ဆီယက်တယ်လ် Seattle မြို့မှာ ပန်းချီကားတွေ၊ ရုပ်ရှင်မှတ်တမ်းတွေ၊ဖလင်မှတ်တမ်းတွေကိုထိမ်းသိမ်း စောင့်ရှောက်နိုင်စေဖို့ မိုက်ခရိုဆော့ဖ်Microsoft ကွန်ပျူတာကုမ္ပဏီ ပိုင်ရှင်ကြီး ဘီလ်ဂိတ် Bill Gates ကထူထောင်ထားတဲ့ ပြတိုက်ဖြစ်ပါတယ်။ အဲဒီဌာနမှာ ပန်းချီကားပေါင်း သန်းတရာ ၁၀၀ ၀၀၀၀၀၀ ကျော်နဲ့ မှတ်တမ်းဗီဒီယိုပေါင်း ရှစ်သိန်း ၈၀၀၀၀၀ ကျော်ကိုထိမ်းသိမ်းစောင့်ရှောက်ပေးထားတဲ့ ဌာနတခုဖြစ် ပါတယ်) ဒတ်ခ်ျနိုင်ငံဖွား ကမ္ဘာကျော် ပန်းချီဆရာကြီး ဗန်းဆင့် ၀ီလဲမ် ဗန်ဂိုး Vincent Willem van Gogh ဟာ ၁၈၇၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူ့ဘ၀တလျှောက်လုံး ခရစ်ယာန်ဘာသာရေး သင်းအုပ်ဆရာဖြစ်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေခဲ့ရတာ ပါ။ (ဘာသာပြန်သူရဲ့ ထပ်မံဖြည့်စွက်ချက်။ ။ သူ့အလယ်နာမည် ၀ီလဲမ် Willem ကို ဖျောက်ပြီး ဗန်းဆင့် ဗန်ဂိုးလို့ပဲ လူသိများပါတယ်။ သူ့ဘ၀ဟာ နိမ့်ချည်တလှည့်၊ မြင့်ချည်တခါနဲ့နိမ့်တုံမြင့်တုံဖြစ်နေခဲ့ရာက ပန်းချီကို စတင်ရေးဆွဲခဲ့တာပါ။ ဆောင်းပါးရှင် အလက်စတယ် ဆူကေး Alastair Sooke ဟာ ဗန်ဂိုးကို မွေးခဲ့တဲ့အချိန် ၁၈၅၃ ခုနှစ်ကစပြီး သူ့ဘ၀ရဲ့ အရေးအကြီးဆုံးအချိန်အထိကို လေ့လာသုတေသနပြုလုပ်ခဲ့တာဖြစ်ပါတယ်။) ၁၈၇၈ ခုနှစ် နွေဦးပေါက်ရာသီမှာ ဗင်းဆင့် ဗန်ဂိုးဟာ အသက် ၂၅ နှစ်ပြည့်ခဲ့ပါတယ်။ သူ့ဘ၀သက်တမ်း တ၀က်ကျိုးလာခဲ့တဲ့အချိန် သူဖြတ်သန်းခဲ့တဲ့သမိုင်းကြောင်းကို တစေ့တစောင်းငဲ့ကြည့်လိုက်တဲ့အခါ ဒတ်ခ်ျလူမျိုးတယောက်အနေနဲ့ သူ့ဘ၀ရပ်တည်နိုင်ဖို့ အတော်ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ရတာကို သူမြင်တွေ့ရပါတယ်။

ဒတ်ခ်ျနိုင်ငံရဲ့ အမြင့်ဆုံးအဆင့်အတန်း၊ အလယ်အလတ်အဆင့်အတန်းနဲ့ အောက်တန်းနောက်တန်းအကျဆုံးအထိ ဖြတ် သန်းခဲ့ရတဲ့ဘ၀တွေက နိမ့်တုံ၊ မြင့်တုံနဲ့အမျိုးမျိုးပါပဲ။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တွေကို သွားရောက် နေထိုင်မှုမပြုခင်က သူဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်သ်မြို့ TheHague မြို့မှာနေထိုင်ရင်း အနုပညာပစ္စည်းတွေကို လိုက်လံပို့ဆောင်ပေးရတဲ့ အလုပ်ကိုလုပ်ကိုင်ရင်း ဘ၀ရပ်တည်ခဲ့ရတာပါ။ တခြားအလုပ်တွေလုပ်ဖို့က သူရဲ့ အရှက် အကြောက်ကြီးမှုနဲ့ ကျွမ်းကျင်ပိုင်နိုင်မှုမရှိတာကြောင့် ဘာအလုပ်ကောင်းမှ မရရှိခဲ့ပါဘူး။ ၁၈၇၆ ခုနှစ်ထဲမှာ သူဟာ ရှိနေ တဲ့အလုပ်ကနေ အဖြုတ်ခံလိုက်ရပါတယ်။ အဲဒီလို ဆိုးဆိုးဝါးဝါးခါးသည်းလှတဲ့ အဖြစ်အပျက်တွေကြုံတွေ့ခဲ့ရပြီးနောက်မှာမှ အချိန်ပိုင်းစာသင်ပေးရတဲ့ ကျောင်းဆရာအလုပ်ကို ရရှိခဲ့တာပါ။ ဒါပေမယ့် စာသင်ပေးရတဲ့အလုပ်ကလည်း ရေရှည်မခံပါ ဘူး။

အဲလိုအခြေအနေမျိုးတွေကို ရင်ဆိုင်ဖြတ်သန်းရင်း နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ကိုသွားပြီး သူ့ဖခင်ဖြစ်စေချင်တဲ့၊ သူ့ဖခင်က သူ့ခြေရာကိုနင်းစေချင်ပေမယ့် သူ့အဖေ ခရစ်ယာန်သင်းအုပ်ဆရာတာဝန်နဲ့ တခြားဒေသကိုပြောင်းရွှေ့ တာဝန် မထမ်းဆောင်ခင်အထိ သူ့အဖေဖြစ်စေချင်တာမျိုးမဟုတ်ပဲ ဒေါဒရက်ခ်ျမြို့က စာပုံနှိပ်တိုက်တခုမှာ စာပြင်ဆရာတယောက် အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ သူစိတ်ဝင်စားတဲ့ အလုပ်တွေကိုတော့ တဖက်ကမ်းခပ် တတ်မြောက်အောင် စိတ်ရှည်လက်ရှည်နဲ့ မလျှော့တဲ့ဇွဲနပဲနဲ့ ကြိုးစားခဲ့တဲ့အတွက် သူ့အသက် ၂၅ နှစ်ပြည့်မွေးနေ့ကိုကျင်းပ ပြုလုပ်ပြီး လအနည်းငယ်အကြာ ၁၈၇၈ ခုနှစ်ထဲမှာတော့ ခရစ်ယာန်ဘာသာရေးသင်းအုပ်ဆရာဖြစ်လာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သူဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော် ဘရပ်ဆယ်လ်ကနေ စတင်ထွက်ခွာလာခဲ့ပါတယ်။

အဲဒီအချိန်ထိ သူ့အနာဂါတ်အတွက် ဘာလုပ်ရမယ်ဆိုတာကို ကွဲကွဲပြားပြားမဆုံးဖြတ်ရသေးပါဘူး။ အဲဒီလိုယောင်လည် လည်ဘ၀နဲ့ သုံးလလောက်ဖြစ်နေခဲ့ပြီး လူတွေအမြင်မှာ သူဟာ ကုန်းကောက်စရာမရှိတော့လောက်အောင် ဆိုးဆိုးဝါးဝါးဖြစ် နေခဲ့တယ်လို့ အမြင်ရောက်စေပါတယ်။ သူ့ကံကြမ္မာဟာ ‘ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ’ ဆိုတဲ့ စကားလိုမျိုးအတိုင်း ဘာသာရေးသင်းအုပ်ဆရာဖြစ်သင်တန်းက သူ့ကို ၀င်ခွင့်မပြုခဲ့ပါဘူး။ ဗန်ဂိုးရဲ့မိသားစုဟာ မျှော်လင့်စရာဆိုလို့ ဘာမှမရှိ တော့လောက်အောင် ဆိုးဆိုးရွားရွားဖြစ်နေခဲ့ရပါတော့တယ်။ သူဟာလည်း ဘာကိုမှ မည်မည်ရရ မလုပ်တတ် မကိုင်တတ်နဲ့မို့ ဘ၀ရပ်တည်ဖို့အတွက် အင်မတန်ခက်ခဲလာတဲ့အတွက် အ၀တ်အစားကိုမလဲ၊ မုတ်ဆိတ်ကျင်စွယ်လည်း မရိတ်တော့ပဲ ဖြစ် သလို ၀တ်စားဆင်ယင်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့အများအမြင်မှာ ဗင်းဆင့်ဟာသူရူးတယောက်လိုပုံမျိုးလို ဖြစ်နေခဲ့ပါတယ်။ သူ့အဖေက သားအကြီးဆုံး သူ့ကို စိတ္တဇဆေးရုံကိုပို့ပြီး ကုသစေဖို့ စပြီးတွေးလာခဲ့ပါတယ်။

ဒါပေမယ့် ဗင်းဆင့် ဗန်ဂိုးဟာ ဘာသာရေးအပေါ်လည်းစိတ်ဝင်စားမှုလုံးဝမရှိတဲ့အတွက် သာသာရေးသင်းအုပ် ဆရာလုပ်ဖို့ ကလည်း လုံးဝမဖြစ်နိုင်တော့ပါဘူး။ ၁၈၇၈ ခုနှစ် နှစ်ကုန်ပိုင်းရောက်တော့ ဘယ်လ်ဂျီယံနိုင်ငံ မွန်းစ် Mons မြို့နယ်ရဲ့ အ နောက်ပိုင်းမှာရှိတဲ့ ဘိုးရီနာ့ဂ် Borinage ဒေသကိုသွားပြီး ကျောက်မီးသွေးဖုတ်သမားတယောက်အဖြစ် လုပ်ကိုင် ရင်း ဘာသာရေးသင်းအုပ်ဆရာဖြစ်အောင်လုပ်ပြီး ဘ၀ရပ်တည်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဗင်းဆင့် ဗန်ဂိုး ၁၈၈၉ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ မြေတူးသမားများ ပန်ချီကား (ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်။ ။ ၁၈၈၉ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ဗင်းဆင့်ဗန်ဂိုးရဲ့ ‘မြေတူးသူများ ပြင်သစ်ဘာသာနဲ့ Les bêcheurs လို့ ခေါ်ပြီး အင်္ဂလိပ်ဘာသာနဲ့ The Diggers’ လို့ခေါ်ဆိုတဲ့ ပန်းချီကားဟာ ပို့စ်အင်ပရက်ရှင်နစ် ပန်းချီကားမျိုး ဖြစ်ပါတယ်)

လက်ရာမြောက်အနုပညာကို ဖန်တီးခြင်းဗန်ဂိုးဟာ ဘယ်လ်ဂျီယံနိုင်ငံ မွန်းစ် Mons မြို့နယ်ရဲ့အနောက်ပိုင်းမှာရှိတဲ့ ဘိုးရီနာ့ဂ် Borinage ဒေသကိုသွားရောက်ပြီး BAM (မွန်းစ်ရဲ့ အနုအလှ အကြွအရွများ Beaux-Arts Mons) လို့ ခေါ်တဲ့ မွန်းစ်Mons ရဲ့ အနုပညာရပ်တွေကို ၁၈၈၀ ခုနှစ် အောက်တိုဘာလထိတိုင် နေထိုင်ပြီး စာတမ်းတွေကို ရေးသားပြုစုခဲ့ပါတယ်။ နောက်မှ သူ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ပြန်သွားခဲ့တာပါ။ (မွန်းစ်မြို့ဟာ ယဉ်ကျေးမှု အနုပညာနဲ့ပတ်သက်ရင် ဥရောပနိုင်ငံ တွေထဲမှာ ဂုဏ်သိက္ခာအရှိဆုံး မြို့တမြို့အဖြစ်၂၀၁၅ ခုနှစ်အထိ ရပ်တည်နေပါတယ်) ဗန်းဆင့် ဗန်ဂိုးဟာ လည်းခရစ်ယာန် ဘာသာရေးသင်းအုပ်ဆရာ ဖြစ်ချင်စိတ်မရှိတာကြောင့် သူ့အမတယောက်နဲ့တိုင်ပင်ပြီး  ပေါင်မုန့် ဖုတ်သမားဖြစ်နိုင်ရေးအတွက် ကြိုးစားဖို့ပြောဆိုခဲ့ပါတယ်။ ဘိုးရီနာ့ဂ်ဒေသဟာ ဗန်ဂိုးနှစ်သက်သဘောကျတဲ့ဒေသတခုဖြစ်တာကြောင့် သူ သဘောတူခဲ့ပါ တယ်။ သူလေးစား ချစ်ခင်တဲ့ညီအကိုဝမ်းကွဲတော်စပ်သူ သီအို Theo က အဲဒီမှာရှိနေတာမို့ သူဖြစ်ချင်တဲ့အနုပညာရှင် တယောက် ဖြစ်လာနိုင်တယ်ဆိုတဲ့ စိတ်ကူးနဲ့ ဗန်ဂိုးက ဆုံးဖြတ်ချက်ချခဲ့တာပါ။

ဘိုးရီနာ့ဂ် Borinage ဒေသကိုရောက်စပိုင်းမှာ တွေ့မြင်ရတဲ့အရာရာတိုင်းဟာ သူ့အတွက် အသစ်အဆန်းတွေဖြစ်နေ တာကြောင့် သူ့စိတ်ထဲလှိုက်လှိုက်လှဲလှဲ ကြည်နူးမှုတွေဖြစ်ပေါ်စေခဲ့တဲ့အတွက် တနေ့နေ့တချိန်ချိန်မှာ သူဟာ နာမည်ကြီး အောင်မြင်တဲ့ အနုပညာရှင်တယောက်ဖြစ်လာလိမ့်မယ်လို့ မိမိကိုယ်မိမိ ယုံကြည်နေခဲ့သူဖြစ်ပါတယ်။ နောက်ဆုံး ၁၈၉၀ ခုနှစ်ထဲမှာ သူ့ကိုယ်သူသတ်သေသွားခဲ့တဲ့အဖြစ်အပျက်မတိုင်မီအထိ တနေ့နေ့မှာ သူဟာ အောင်မြင်တဲ့အနုပညာရှင် တယောက်ဖြစ်ရမယ်လို့ သူ့ကိုယ်သူယုံကြည်နေခဲ့သူတယောက်အဖြစ် ယူဆနေခဲ့သူပါ။

ပြောရမယ်ဆိုရင် ဘိုးရီနာ့ဂ်ကို စရောက်ခါစက အရာရာဟာ ဗန်ဂိုးအတွက် သိပ်လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ လူ သားတယောက်အနေနဲ့ ပုံမှန်အတိုင်း ရိုးရိုးရှင်းရှင်းနဲ့ ဟိတ်ဟန်မရှိပဲ သမရိုးကျနေထိုင်ခဲ့တာပါ။ အ၀တ်အစားအတွက် ငွေကြေးကိုသိပ်မသုံးပဲ ‘ဘိုးရင်း Borins’ လို့ အလွယ်ခေါ်တဲ့ ဘိုးရီနာ့ဂ်မြို့ မှာ အလုပ်သမားတွေ ၀တ်လေ့ဝတ်ထရှိတဲ့ အလုပ်သမားယူနီဖောင်းမျိုးကိုပဲ ၀တ်ပြီး နေထိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ကံကြမ္မာက သူ့ဘက်မလိုက်ခဲ့တဲ့အတွက် လူထုကို စကားတောင် ကောင်းကောင်းမွန်မွန်မပြောတတ်ပဲ ရှိနေခဲ့ပါတယ်။ သူခေါ်တဲ့ အစည်းဝေးတွေမှာဆိုလည်း တက်ရောက်တဲ့ လူအရေအတွက်က ကမြောက်ကခြောက် (ကမျောက်ကချောက်) ပါ။

သူ့မှာရှိတဲ့ အရည်အချင်းက သူလုပ်နေတဲ့ မိုင်းတွင်းက အလုပ်သမားတွေကိုတောင် ဖြစ်ဖြစ်မြောက်မြောက် မစည်းရုံးနိုင်ခဲ့ ပါဘူး။ သူပြောတဲ့စကားက အလုပ်သမားတွေရဲ့စိတ်နှလုံးကို မဖမ်းဆုပ်နိုင်ခဲ့သလို ဦးဆောင်မှုလည်းမပေးနိုင်ခဲ့ပါဘူး။ သူ စကားပြောရင်လည်း လူအများနားလည်နိုင်မယ့်စကားမျိုးမဟုတ်ပဲ လူအနည်းအကျဉ်းကပဲ နားလည်နိုင်မယ့် ‘၀ါးလူးန် ပြင် သစ်စကား Walloon French’ မျိုး(ဘာသာပြန်သူ ရဲ့ဖြည့်စွက်မှတ်ချက်။       ။ ‘Walloon French’ စကားဟာ ဘယ်လ်ဂျီယံနိုင်ငံ ရဲ့ ဒေသအချို့မှာ အသုံးပြုနေတဲ့ ပြင်သစ်စကားဖြစ်ပါတယ်) ဖြစ်နေတော့ လူတိုင်းဟာ နားမလည်ကြပါဘူး။ သူကိုယ် တိုင် ကလည်း ပြင်သစ်စကားကို ဖျက်ပြီးပြောတာမျိုးကို သဘောမကျတာနဲ့ အဲဒီ့အသံထွက်တွေက ပုံမှန်မဟုတ်ပဲနဲ့ ဗလုံးဗထွေး ဖြစ်နေတတ်တာမို့  သူကိုယ်တိုင်လည်း သိပ်မပြောဖြစ်ပါဘူး။ သူရောက်ပြီး နှစ်ဝက်လောက်လည်းရှိချိန် ၁၈၇၉ ခုနှစ်ဇူလိုင်လ မှာ ကြုံတွေ့ နေရတဲ့အခြေအနေတွေကို ပိုဆိုးစေမယ့်အဖြစ်အပျက်တခု ထပ်ဖြစ်ခဲ့ပါတယ်။ အာဏာပိုင်တွေက ဘာသာရေးသင်းအုပ်ဆရာတွေနဲ့ပတ်သက်လို့ တင်းကြပ်တဲ့ဥပဒေသစ်တွေကို ပြဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေသစ်တွေအရ သူ့ရဲ့ အခက်အခဲတွေကို မီးလောင်ရာလေပင့် ဖြစ်စေခဲ့ပါတယ်။

ဗင်းဆင့် ဗန်ဂိုး ၁၈၈၉ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ‘လမ်းမပေါ်က ဖျော်ဖြေရေးသမား’ ပန်ချီကား

အသက် (၂၆) နှစ်ရှိလာတဲ့အခါ rock-bottom moment လို့ခေါ်တဲ့ ‘ဈေးနှုန်းအနိမ့်ဆုံးစနစ်နဲ့ ပန်းချီကားတွေရေးဆွဲတဲ့စနစ်’ တခု ရေပန်းစားလာပြီး ဗန်ဂိုး ကလည်း အဲဒီလှုပ်ရှားမှုထဲပါဝင်လာပြီး ပန်းချီကားတွေကို စတင်ရေးဆွဲလာခဲ့ပါတယ်။ သူ့မှာရှိနေတယ်လို့ထင်ထားခဲ့တဲ့ ဘာသာတရားကိစ္စဟာ တဖြည်းဖြည်းနဲ့လျော့ပါးလာခဲ့ပြီး စာပြင်ဆရာအလုပ်ဘက်ကို ပိုပြီးစိတ်ဝင်စားလာခဲ့ပါတော့တယ်။ “တခါတရံ ကျနော်ဟာ ပန်းချီကားတွေအများကြီးရှိတဲ့ ကျနော့်မိခင်နိုင်ငံရင်းကို သိပ်အောက်မေ့မိတာပဲဗျာ” လို့ သူ့ဝမ်းကွဲ အကို ‘သီအို’ ဆီကို ၁၈၈၀ ခုနှစ် နွေရာသီတုန်းကရေးခဲ့တဲ့စာတစောင်ထဲမှာ ရေးသားထားခဲ့ပြီး နေ တဓူဝ သူ့ရဲ့ အရင်ကလုပ် ခဲ့တဲ့ အနုပညာအလုပ်မျိုးတွေ၊ ပန်းချီပန်းပုလက်ရာတွေကို ဖြန် ချိပေးရတဲ့အလုပ်မျိုးကိုပဲ အောက်မေ့တမ်းတမိတဲ့အကြောင်း ရေးသားထားခဲ့ပါတယ်။ အဲဒီနှစ်ဆောင်းဦးပေါက်ရာသီမှာ သူဟာ ဘိုးရီနာ့ဂ်နဲ့ ဘရပ်ဆဲလ်မြို့တွေကိုပြန်ပြီး ‘တော်ဝင် အနု ပညာတက္ကသိုလ် Académie Royale des Beaux-Arts (Royal Academy of Arts – Arts College, Belgium)’ မှာ ပန်းချီပညာကို ထပ်မံဆည်းပူးဖို့ ရည်ရွယ်ချက်နဲ့ အဲဒီမြို့တွေဆီကို ဦးတည်ခဲ့ပါတော့တယ်။

အခြေခံ ဖောင်ဒေးရှင်းချခြင်းဘိုးရီနာ့ဂ်မြို့မှာ နေထိုင်နေစဉ် ဗန်ဂိုးဟာ သူဖြစ်ချင်တဲ့ အနုပညာရှင်တယောက်ဖြစ်လာဖို့ အမှန်တကယ်ကြိုးစားခဲ့ပါရဲ့လော။ သူမိုင်းတွင်းမှာ အလုပ်လုပ်ကိုင်နေခိုက် မိုင်းတွင်းတူးသမားတွေရဲ့ နုံချာလှတဲ့ဘ၀တွေကို အသနားပိုခဲ့မိပါတယ်။ “အဲဒီအချိန်ဟာ သူ့ဘ၀တခုလုံးမှာ အစစအရာရာ နုံချာလွန်းခဲ့တာပါ။ မိတ်ဆွေအပေါင်းအသင်း ကလည်းမရှိ၊ တချိန်လုံး သူ့အလုပ်လုပ်နေတဲ့ အလုပ်အသိုင်းဝိုင်းနဲ့ပဲ ဆက်ဆံပေါင်းသင်းနေခဲ့ရတာ” လို့ ဘိုးရီနာ့ဂ်မြို့ မှာနေထိုင်စဉ် ဗန်ဂိုးနဲ့တရင်းတနှီးပေါင်းသင်းနေခဲ့သူ ဆဂျရား ဗန်ဟော့ (ဂ်) တဲန် Sjraar VanHeugten က ပြောဆိုခဲ့ပါ တယ်။ “အဲဒီမှာနေကြတဲ့ လူတွေကဆင်းလည်း အရမ်းဆင်းရဲတယ်၊ ပညာလည်းမတတ်ကြဘူးဆိုတော့ အလုပ်အကိုင်တွေ ကလည်း အလုပ်ကြမ်းတွေမျိုးနဲ့ အန္တရာယ်ရှိတဲ့အလုပ်တွေပဲရှိတယ်။ အဲလိုအခြေအနေတွေကြောင့် သူဟာ ရိုးရိုးရှင်းရှင်းနဲ့ အေးအေးဆေးဆေးနေရမယ့်ဘ၀မျိုးကို သူတောင့်တမိတော့တယ်။ အနုပညာရှင်ဖြစ်လာပြီးနောက်ပိုင်းမှာမှ သူဟာ အလုပ်သင့်ဆုံးအလုပ်ကို ရွေးချယ်ခဲ့မိတယ်လို့ သူသိလာခဲ့ရတာပါ။ သူ အသိအမှတ်ပြုလေးစားရတဲ့ ယန်းဖရန်ဆွာ မီးလေး Jean-François Millet လို အနုပညာသည်တွေလိုမျိုး ဖြစ်ချင်လာမိပါတယ်။ သူ့ဘ၀ သက်တမ်းတ၀က်လောက်ကျမှ သူဘာဖြစ်ချင်တယ်ဆိုတာသိခဲ့ရပြီး အဲဒီလောက်ကျမှ သူစိတ်အ၀င်စားဆုံးအလုပ်ဟာ အနုပညာရှင်အလုပ်ပဲလို့ သိရှိလာ ခဲ့ရတာပါ။ သူဟာသိရှိပြီးနောက်ပိုင်းကစပြီး သေဆုံးတဲ့အထိ သူအလုပ်ချင်ဆုံးအလုပ်ကိုလုပ်ကိုင်ရင်း နေထိုင်သွားခဲ့တာပါ” ကျေးလက်ဒေသတွေမှာနေထိုင်နေကြတဲ့ သာမန်အရပ်သူ၊ အရပ်သားတွေဟာ အခုလိုမျိုးနေ့စဉ်ရက်ဆက် ဆင်းဆင်းရဲရဲ နေထိုင်ရပ်တည်နေရတာတွေကို မြင်တွေ့ ကြုံတွေ့ခဲ့ရတာတွေဟာ ဘိုးရီနာ့ဂ်မြို့မှာနေထိုင်နေစဉ် ဖန်တီးခဲ့တဲ့ သူ့ အနု ပညာတွေမှာ အနည်းနဲ့အများ ရိုက်ခတ်လာခဲ့ပါတော့တယ်။ ဒီအကြောင်းတွေကိုအခုလို အစချီပြီး ရေးသားခဲ့ပါတယ်။ “အဲဒါ က ဘိုးရီနာ့ဂ်မှာ စတင်ခဲ့တာပဲလေ။ အဲဒါကစပြီး ကျနော်ဟာ ပထမဆုံးအနေနဲ့ သဘာဝတရားကြီးကို စတင်ပြီး အနုပညာ တရပ်အဖြစ် ဖန်တီးလာခဲ့တော့တာပါ”

၁၈၉၀ ခုနှစ်မှာ ဗန်ဆင့် ဗန်ဂိုး ရေးဆွဲခဲ့တဲ့ “နိဂုံးမရှိတဲ့ ရွာတရွာAuvers-sur-Oise (An Eternal Village)” ပန်းချီကား

“မိုင်းတွင်းအလုပ်သမားတွေက အခုပန်းချီကားကို သူတို့ဘ၀တွေရဲ့ထပ်တူပဲဆိုပြီး ဂုဏ်ယူပြောကြားလေ့ရှိကြပါတယ်။ ဒီပုံနှစ် ပုံဟာ ကျေးလက်ပုံစံ စတိုင်အိမ်တွေပါပဲ။ အိမ်ပုံစံစတိုင်ဟာ အဲဒီ ဗန်ဂိုးကျင်လည်ခဲ့တဲ့ခေတ်ကို ထင်ဟပ်ပြနေတဲ့အတွက် သိပ်ကိုတန်ဖိုးရှိပါတယ်။ ဗန်ဂိုးရေးဆွဲခဲ့တဲ့ ပန်းချီကားအများစုဟာ သူကျင်လည်ခဲ့တဲ့ခေတ်တွေကို ရောင်ပြန်ဟပ်နေခဲ့တာပါ။ အခု ပန်းချီကားနှစ်ကားဟာ သူနေထိုင်ခဲ့ဖူးတဲ့ ဘိုးရီနာ့ဂ်မြို့ကို တနည်းတဖုံ ရောင်ပြန်ဟပ်နေကြမှာပါ” နောက် ဗန်ဂိုးနဲ့ ပတ်သက်လို့  တခုတ်တရ ပြောကြဆိုကြတာက ဗန်ဂိုးဟာ ဘိုးရီနာ့ဂ်မြို့မှာရေးဆွဲခဲ့တဲ့ ပန်းချီကားတွေစပြီး ရေးဆွဲပြီဆိုရင်အဖြူအမည်းရောင်တွေနဲ့ အရင်ဆုံးရေးဆွဲပြီးမှ တခြားအရောင်တွေကို ထပ်မံဖြည့်သွင်းခဲ့ကြတာပါပဲဆိုတဲ့ စကားပါပဲ။ အဖြူ အမည်းရေးဆွဲပြီးတဲ့ပန်းချီကားတွေကို “ပြင်သစ်နိုင်ငံတောင်ပိုင်းက စိန့်ရေမီး Saint-Rémy လို့ခေါ်တဲ့ မြို့တမြို့ (ဘာ သာပြန်ဆိုသူရဲ့ ဖြည့်စွက်ချက်။  ။ ဗန်ဂိုးဟာ သူ့ကိုယ်သူ သေကြောင်းကြံခဲ့တဲ့မြို့) ကိုသယ်ဆောင်သွားပြီး အရောင်တွေနဲ့ ဖြည့်သွင်းခဲ့တာပါ။ သူ့စိတ်ထဲမှာ သူ့ဇာတိချက်မြှုပ်ဒေသကို ဘယ်လောက်နှစ်ခြိုက်သလဲဆိုရင် သေတာတောင်မှ ၁၈၈၉ ခုနှစ် သူ့ဇာတိကိုပြန်ပြီးမှ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တာပါ” ဗန်ဂိုးရေးဆွဲခဲ့တဲ့ ပန်းချီကားအများစုဟာ ပျက်ဆီးဆုံးရှုံးသွား ခဲ့ရပေမယ့် ဘိုးရီနာ့ဂ်မြို့မှာနေထိုင်ခဲ့စဉ်ကာလမှာ သူရေးဆွဲခဲ့တဲ့ပန်းချီကားတွေထဲက တချို့ကတော့ မပျက်စီးပဲရှိခဲ့တယ်လို့ သူ့မိတ်ဆွေတယောက်ဆီရေးခဲ့တဲ့ ဗန်ဂိုးရဲ့စာတစောင်အရ သိရှိခဲ့ရပါတယ်။ တယောက်ယောက်က ဂရုမစိုက်ပဲနဲ့ တခြား နေရာတခုခုကို သယ်ယူသွားတာလား ၊ဒါမှမဟုတ် အချိန်ကြာလာလို့ ဆွေးမြေ့ပျက်စီးသွားတာလားဆိုတာ အတိအကျ မသိရပဲ သူ့အလေ့အတိုင်း (သူ့အနုပညာဆန်ဆန်နဲ့ ပြောတာကို) ခပ်နောက်နောက်ခပ်ပြောင်ပြောင်နဲ့ အတည်ပြောခဲ့ သလားဆိုတာ အတိအကျမသိရှိရပဲနဲ့ သူ့ပန်းချီကားတွေ ပျောက်ဆုံးကုန်ကြတာဖြစ်ပါတယ်။ ဘိုးရီနာ့ဂ်မြို့မှာနေထိုင်စဉ် ဗန်ဂိုးနဲ့ တရင်းတနှီးပေါင်းသင်းနေခဲ့သူ ဆဂျရား ဗန် ဟော့ (ဂ်) တဲန် Sjraar Van Heugten အဆိုအရ ဗန်ဂိုးဟာ သိပ်ကို အနုပညာဆန်ပြီး သူ့အိမ်ကိုလည်း သူရူးတယောက်လိုပြင်ဆင်ထားခဲ့တာပဲ။ “ဘိုးရီနာ့ဂ်မှာနေတုန်းက သိပ်အမှတ်ရဖို့ ကောင်းတာက တခုခုလုပ်နေရာကနေ နောက်တခုခုကို ချက်ချင်းပြောင်းပြီး လုပ်တတ်တဲ့ အလျင်စလို ပြောင်းလဲလုပ်တတ်တဲ့ သူ့အလေ့အထတခုပါပဲ။ အဲဒီလိုမျိုး အလျင်အမြန် ပြောင်းပြောင်းလုပ်တတ်တဲ့ သူ့အလေ့အထတခုကို ဘယ်တော့မှ မမေ့ နိုင်တော့ပါဘူး။ စတွေ့တဲ့အချိန်ကတည်းက နောက်ဆုံးအချိန် အထိတပုံစံထဲပဲ။ အဲဒီ သူ့အလေ့အထကြောင့်ပဲ သူ့အနုပညာ တွေမှာ အရောင်နဲ့ ပုံစံဖန်တီးရွေးချယ်မှုတွေမှာ တမျိုးတဖုံ ထူးခြားနေတော့တာပေါ့။ အဲါးတွေကြောင့် သူဟာ ဒီနေ့ထက်တိုင် မော်ဒန်အနုပညာရှင်တယောက်အနေနဲ့ ထင်ပေါ်ကျော်ကြားနေခဲ့တာပါပဲ”

အလက်စတယ် ဆူကေး  Alastair Sooke ရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ, လူများ၊ ရုပ်ပုံလွှာများ

One Response to မောင်ဖေသက်နီ – အနုပညာသမိုင်းကို အကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့ ဗန်ဂိုးနဲ့သူ့ဆုံးဖြတ်ချက်များ

  1. catwoman on March 4, 2015 at 2:30 am

    some say he took the heart medicine digoxin which can make people see yellow color so his paintings have lots of yellow.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်