မွန်းအောင်ရဲ့ “ဝတ်မှုန်ကူးတဲ့ည” တကိုယ်တော်ဖျော်ဖြေပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့

March 11, 2015

မွန်းအောင်ရဲ့ “ဝတ်မှုန်ကူးတဲ့ည” တကိုယ်တော်ဖျော်ဖြေပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့
ရန်နောင် (ဗိုလ်တထောင်) ။ ။ (မိုးမခ) မတ်လ ၁၁၊ ၂၀၁၅

အမိမြေ နှင့် နှစ်ပေါင်း နှစ်ဆယ်ကျော် ဝေးကွာနေသော အဆိုတော်မွန်းအောင်သည် သူ၏ ဒုတိယမြောက် တကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ၂၀၁၅ ခုနှစ် မတ်လ (၁၀) ရက်နေ့ ည (၇) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုတော်မွန်းအောင်၏သီချင်းများကို နားမထောင်ရသည်မှာ ကြာပြီဖြစ်သောပရိတ်သတ်အတွက် ရသအသစ်တမျိုးခံစားပေးစွမ်းနိုင်ခဲ့သောအဆိုပါပွဲကြီးတွင် သူ၏နာမည်ကြီးသီချင်းများကို  ပရိတ်သတ်အကြိုက်နှင့်ထပ်တူညီစွာ သီဆိုပေးနိုင်ခဲ့ သည်။

သူ၏ နာမည်ကျော်တေးသီချင်းများဖြစ်သော ဝတ်မှုံ၊ မိုးလုံးမှိုင်း၊ ရိုးရိုးလေးသာဝတ်ခဲ့ပါကွယ်၊ အချစ်များဖြင့်ဖန်ဆင်းတယ်၊ ယု၊ သွေးသစ္စာ၊ ပျံသာ ပျံပါ ခွပ်ဒေါင်းနီ၊ သွေးမုန်တိုင်း အစရှိသော တေးသီချင်း သုံးဆယ်ကျော်ကို နှစ်ပိုင်းခွဲ၍ ဖျော်ဖြေခဲ့သည်။

အခမ်းအနားမှူး အဖြစ် သရုပ်ဆောင်ဟာသ လူရွှင်တော် ဦးမေတ္တာမှ ဆောင်ရွက်ပေးခဲ့သည်။

“ကျနော် သူ့ (ကိုမွန်းအောင်) ရဲ့ သီချင်းကို သိပ်မသိပါဘူး။ ဒီသီချင်းတွေ သူဆိုခဲ့မှန်းလဲ မသိပါဘူး။ ကျနော်က ကိုမွန်းအောင် နိုင်ငံခြားထွက်တဲ့ အချိန်မှ မွေးခဲ့တာဆိုတော့ မကြည့်ဘူးလို့သာလာကြည့်တာ။ တကယ်ကောင်းတယ်ဗျာ” ဟု ပွဲသို့ လာ ရောက်ကြည့်ရှုသူပရိတ်သတ်တစ်ဦးမှ ပြောကြားခဲ့သည်။

လူလတ်ပိုင်းအရွယ်ပရိတ်သတ်တစ်ဦးမှတော့ “ဟာကွာ ယုတပုဒ်ထဲနဲ့တင် လက်မှတ်ခတန်သွားပြီကွာ” ဟုပြောကြားခဲ့ သည်။

မွန်းအောင်၏ ဝတ်မှုန်ကူးတဲ့ည ဖျော်ဖြေပွဲတွင် လက်မှတ်ခမှာ တသောင်း၊ ၂သောင်း၊ ၃သောင်း ဟု ရေးထားသော်လည်း ရှေ့ဆုံးတန်းမှာ တသိန်းဖြစ်ပြီး မှောင်ခိုတွင် သုံးသောင်းခွဲနှင့် ရောင်းချနေသည်ကိုလည်း တွေ့ခဲ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Yan Naung (Bo Ta Htaung), သတင်းပဒေသာ

One Response to မွန်းအောင်ရဲ့ “ဝတ်မှုန်ကူးတဲ့ည” တကိုယ်တော်ဖျော်ဖြေပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့

  1. ဖိုးထောင် on March 12, 2015 at 6:54 am

    ဝမ်းသာရမှာလား ဝမ်းနည်းမျက်ရည်ကျရမှာလား ဝတ်မှုန်ရယ်။
    ဝတ်မှုန်ဟာ ဘယ်သူလဲ၊ ခင်ဗျားတို.သိသလား။ ??

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)