သာထက်အောင် – “မြဲခဲလှတဲ့ ဗီဇာအိမ်ထောင်ရေး”

March 27, 2015

သာထက်အောင် –  “မြဲခဲလှတဲ့ ဗီဇာအိမ်ထောင်ရေး”
(မိုးမခ) မတ် ၂၇၊ ၂၀၁၅

၁၉၈၈ – အရေးအခင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသား အတော်များများ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားတိုင်းပြည်တွေ လွင့်စင်ရောက်ရှိသွားကြပါတယ်။ နောက်ပိုင်…..နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်း မာရေး အဖတ်ဖတ်က ချွတ်ချုံကျလာတော့ “ ဒီမှာတော့ မျှော်လင့်ချက်မဲ့ပြီ” ဆိုတဲ့ အတွေးမျိုး လူငယ်တွေဦး နှောက်ထဲဝင်လာတော့ နီးစပ်ရာ အဆင်ပြေရာ တိုင်းပြည်တွေမှာ မျက်နှာငယ်ငယ်နဲ့ ကြုံရာကျရာ အလုပ်တွေ ဝင်လုပ်ရင်းနဲ့ ဘဝသစ်တွေ စကြရပြန်ရော။

ဒီလိုနဲ့…..မလေးရှားမှာ၊ စင်္ကာပူမှာ၊ သြစတြေးလျမှာ၊ အမေရိကားမှာ ရွှေမြန်မာတွေ အတွေ့ရများလာ ပါတယ်။ ခုတော့ ရွှေပြည်ကြီးနဲ့ စင်္ကာပူ အိမ်ဦးနဲ့ကြမ်းပြင်လိုတောင် ဖြစ်နေပါပြီ။ မလေးရှားမှာဆိုရင် အောက် ပိုင်းကလယ်သမားတွေရော အညာကထန်းတက်နေတဲ့သူရော လူစုံ၊ ဒေသစုံ၊ အလုပ်မျိုးစုံ။

သက်တောင့်သက်သာနဲ့ ထမင်းလေးတစ်လုပ် အေးအေးလူလူ ကိုယ့်တိုင်းကိုယ့်ပြည်မှာ ရှာစားလို့်ရရင် ဘယ်သူမှ ဓလေ့မတူ၊ စရိုက်မတူ၊ ဘာသာစကားမတူတဲ့ ဒေသမှာ မျက်နှာငယ်ငယ်နဲ့ မနေချင်ကြပါဘူး။ “ရေ ကြည်ရာမြက်နုရာ” ဆိုတဲ့ စကားကို တဖက်ကပြန်စဉ်းစားရင် ကိုယ့်တိုင်းကိုယ့်ပြည်မှာ ရေမကြည်မြက်မနုတော့ ဘူးဆိုတာ ထင်ရှားလာပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးကလည်း ဆိတ်ခေါင်းချိန်ပြီးခွေးသားရောင်းတဲ့ အယောင် ဆောင်ဘောင်းဘီချွတ် စစ်အစိုးရမှန်း လူတိုင်းကသိနေ၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးနေကြတဲ့ တိုင်းပြည်မှာ တရားဥပဒေက မစိုးမိုး၊ ပြည်သူတွေမှာ နေ့ဖို့ညစာအတွက် လျှာထွက်နေတဲပအချိန်မှာ စစ်အုပ်စု နဲ့ သူတို့အနွယ်တော် ခရိုနီတွေက ကျိကျိတက်ချမ်းသာ၊ အောင်လာတဲ့ ဘွဲ့လက်မှတ်ကလည်း ပြည်ပမှာတော့ စက္ကူစုက်တစ်ရွက်မျှသာ၊ ကျန်းမာရေးစောင့်လျှောက်မှုကလည်း နိုင်ငံတကာအဆင့်နဲ့ယှဉ်လိုက်ရင် ရှက်ဖွယ်လိ လိ၊ ဒီလိုအခြေဆိုး အနေဆိုးကပ်မှာ အနာဂါက်ပျောက်နေမှန်းသိတဲ့ လူငယ်တွေ ပြည်ပကိုထွက်ဖို့ကြိုးစားတယ် ဆိုတာ တကယ်တော့ ဘာမှမဆန်းပါဘူး။ ဒီအတွက် တိုင်းပြည်မှာ လုပ်အားတွေ ဆုံးရှုံးတာ၊ လူသားအရင်းအ မြစ်တွေ ဆုံးရှုံးတာ လူမျိုးနဲ့တိုင်းပြည်ရဲ့ ပုံရိပ်သိက္ခာဆုံးရှုံးတာ စစ်အစိုးရသိပုံမရပါဘူး။ တရုတ်ပြည်းကြီးအခု လိုမကြီးပွားမတိုးတက်ခင် ဆင်းရဲမွဲတေဖြစ်နေစဉ်တုန်းကတောင် တရုပ်မလေးတွေ ပြည်ပထွက် အိမ်ဖော်မလုပ် ခဲ့ကြပါဘူး။ ဆီရေချိုး၊ ဆေးရိုးမီးလှုံ၊ သယံဇာတဖင်ခုထိုင်နေခဲ့တဲ့ တိုင်းပြည်က အမျိုးကောင်းသမီးပျိုလေးတွေ ပြည်ပထွက် အိမ်ကျွန်ခံဖို့ အစိုးရကိုယ်တိုင်က စီစဉ်ပေးနေရတဲ့ဘဝ၊ တွေးကြည့်ရင် ရင်နာရုံမက ဘင်္ဂလားပင်   လယ်အော်ထဲ ခုန်ချချင်စိတ်တောင် ပေါက်ပါတယ်။

ဒီလိုနဲ့…..ပြည်ပကို လူငယ်တွေ ထွက်လုပ်ကြတာ အချို့ရွာတွေမှာ လူငယ်အားကောင်းမောင်းသန်တွေ မရှိလို့ လယ်ယာလုပ်သားရှားပါးမှုပြသနာတွေတောင် ရှိနေပြီလို့ ကြားရပါတယ်။ နိုင်ငံခြားထွက်အလုပ်လုပ်ရင်း နဲ့ နှစ်ကလေးကြာလာတော့ နေသားကျလာတယ်။ PR လို့်ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့် ရလာတယ်။ တချို့က Green Card၊ တချို့က Citizen ရကြတယ်။ အခြေလေးလည်းကျ၊ အရွယ်လေးလည်းရလာတော့ ကိုရွှေမြန်မာ တွေ အိမ်ထောင်ပြုဖို့စဉ်းစားလာကြတယ်။ အကြမ်းအားဖြင့် ဝင်ငွေကောင်းတဲ့၊ ရာထူးမြင့်တဲ့အလုပ်တွေက အဖြူတွေပဲများတာမို့ ရွှေကာလသားများရဲ့ဖူးစာဖက်ဟာ အဖြူမ ဖြစ်ဖို့အခွင့်အလမ်း နည်းပါတယ်။ အဖြူထီး ကသာ အေးရှန်မ (Asian) တွေကို ယူတာများပါတယ်။ အိမ်ထောင်၂ ဆက် ၃ ဆက် ကလေးအမေ ဘိုမတွေကို ယူဖို့ကျလည်း ရွှေကာလသားများက စိတ်မကူးပါဘူး။ ဒီတော့….ကိုယ့်အချင်းချင်း ရွှေရွှေချင်း ဂဟေဆက် ဖို့ ကြိုးစားရာကအဆင်မပြေတော့ ရွှေပြည်ကြီးပြန်ပြီး ကြင်ယာတော်ရှာပုံတော် ဖွင့်ရပါတယ်။

အဖက်ဖက်ကချွတ်ခြုံကျပြီး အနာဂတ်ပျောက်နေတဲ့ မြန်မာအမျိုးကောင်းသမီးလေးခမျာမှာ ဟုက် သော်ရှိ မဟုက်သောရှိ နိုင်ငံခြားမှာအခြေချနေထိုင်တဲ့ ရွှေကိုယ်တော်ကြီးကို အထင်ကြီးရှာတာလည်း အပြစ်တော့ မဆိုသာပြန်ဘူး။ ဒီကြားထဲ ဆွေမျိုးတွေကလှော်ပေး၊ အပေါင်းအသင်းသူငယ်ချင်းတွေက ချိတ်ပေး၊

“ နင်-ဒီမှာနေလို့ ဘယ်တော့မှ လူဖြစ်မှာမဟုက်ဘူး” ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ မဲမဲသဲသဲ ပါးစပ်ပြဲပြဲ၊ ဗိုက်ပူပူလူကြီးနဲ့ပါသွား၊ ညိုညစ်ညစ် စုတ်ချွန်းချွန်း ပေါတောတောပုဂ္ဂိုလ်လေးက ဒေါ်လာတွေ တရွှန်းရွှန်းထုက်သုံး တာတွေ့တော့ အဟုက်မှတ်ပြီး ရုံးတက်လပ်ထပ်၊ ဒီလိုနဲ့ ဘုမသိဘမသိ အိမ်ထောင်ကောက်ကာငင်ကာကျရှာ တဲ့ အမျိုးသမီးကောင်းလေးတွေ ရောကစမှာ ယောင်ချာချာ၊ နောက်တော့ အင်္ဂလိက်စာသင်တန်းလေးဘာလေး တက်၊ ကိုယ်ကျွမ်းတဲ့ကွန်ပြူတာသင်တန်းတို့ ကလေးထိန်းသင်တန်းတို့တက်၊ နောက် အလုပ်ရှာ အလုပ်လေး ဘာလေးအဆင်ပြေ၊ သွားတတ်လာတယ်၊ ပြောတတ်ဆိုတတ် ဖြစ်လာတဲ့အခါကျတော့၊ ပြီးတော့ ကိုယ်ပိုင်ဝင်ငွေလေးနဲ့ဖြစ်လာပြီဆိုတော့ စောစော ညားလာတဲ့ မဲမဲသဲသဲ ပါးစပ်ပြဲပြဲကြီးကို အထင်မကြီးတော့ဘူး။ နဂိုကတည်းက အချစ်(သို့) နှလုံးသားမပါတဲ့အိမ်ထောင်ရေး၊ ယောက်ကျားလုပ်သူကလည်း အချစ်စစ်တွေ မေတ္တာတွေ သစ္စာတွေ နားလည်တာမဟုက်ဘူး။ မိန်းမလိုချင်လို့ မိန်းမလာရှာတာ။ ပါလာတဲ့မိန်းကလေးက လည်း ချစ်လို့ သံယောဇဉ်ရှိလို့မှ မဟုက်ဘဲ။ ဆင်းရဲတွင်းက ရုန်းထွက်ချင်လို့ နိုင်ငံခြားမှာ အနေအစား ချောင်မလားလို့။

ဒီကြားထဲ နိုင်ငံခြားမှာ ဖြစ်လေ့ရှိတဲ့ ပြသနာတစ်ခုက မြန်မာမိန်းကလေးတွေ စက်ရုံ၊ အလုပ်ရုံ အတွေ့ အကြုံ မရှိကြတာများတယ်။ ရှင်းရှင်းပြောရရင် တရုတ်မတွေလို ဖျပ်ဖျပ်လပ်လပ် သွက်သွက်လပ်လပ် မလုပ်နိုင် ကြဘူး။ ပြီးတော့ ဘာသာစကားအခက်အခဲကလည်း မြန်မာက သူများထက်ပိုဆိုးတယ်။ ဒီတော့….. မြန်မာ့ထုံးစံ အထက်လူကြီးကို ဖားတယ်။ စူပါဗိုက်ဇာ၊ မန်နေဂျာတွေကို ဝင်လုံးတယ်။ ဟိုကောင်တွေကလည်း လူပဲ၊ သာယာတာပေါ့။ ကြာတော့ ငြိကုန်ကြရော။ အိမ်ကဟာကြီးလည်းသိရော ဝုန်းဒိုင်းကြဲကုန်ရော။ အဖြူကိုအထင်ကြီး တဲ့ ကျွန်စိတ်ကလည်း အချို့ မြန်မာတွေမှာ မကုန်နိုင်သေးတော့ တချို့မြန်မာမတွေမှာ ဘို ခပ်နုနုတ် တယောက်လောက်နဲ့ တွဲရရင်ကို သူ့မှာ ဂုဏ်ယူစရာလို့ ထင်နေတာ။ ဒီတော့…. နဂိုကမှ အချစ်ကို အခြေမခံတဲ့ အိမ်ထောင် ရေးဆိုတော့ ကွဲကြ၊ ပြဲကြ၊ လမ်းခွဲကြပေါ့။

တချို့ကျ လာတုန်းက ယောက်ကျားယူဖို့မဟုက်ဘူး။ ကျောင်းလာတက်တာ။ Student Visa နဲ့၊ ဗီဇာ သက်တမ်းကုန်တော့ ပြန်ကလည်းမပြန်ချင်၊ နေဖို့ထိုင်ဖို့အခွင့်အလမ်းကလည်း နိုင်ငံသား Citizen ရှိတဲ့ လူတစ် ယောက်ယောက်ကို လပ်ထပ်မှ၊ ဒီတော့….နောင်ခါလာနောင်ခါဈေးဆိုပြီး ဗီဇာမျက်နှာနဲ့ ဗီဇာအိမ်ထောင်ရေးကို ထူထောင်ပြီးတော့ ညားခါစမှ သိပ်မသိသာပေမယ့် အမြဲတမ်းနေထိုင်ခွင့်ကျပြီ၊ PRရပြီဆို အပ်သံလေးကြားရစ ပြုပြီ။ အဲ- ကြားလူပယောဂ တခုခုရှိနေပြီဆိုရင်တော့ ညောင်ညိုပင်စခန်းကလမ်းခွဲပြီပေါ့။

ချစ်လှပါချည်ရဲ့၊ ကြိုက်လှပါချည်ရဲ့၊ မိဘသဘောမတူရင်တောင် ခိုးရာလိုက်ပါ့မယ်ဆိုတဲ့ အတွဲတွေတောင် အိမ်ထောင်ကျပြီူး အကြောင်းအမျိုးမျိုးတွေကြောင့် ကွဲကြ၊ ပြဲကြသေးတာ၊ ခုလို ဘာမ္မေတာ၊ ဘာနှလုံးသားမှအခြေမခံဘဲ သူလိုတာ၊ ကိုယ်လိုတာ တွက်ချက်ပြီး ထင်သလိုဖြစ်မလာတဲ့အခါ အခြေအနေအရ အမိုးအကာတခုထဲအောက်မှာ နေကြပေမယ့် ကွဲနေကြတဲ့ အိမ်ထောင်ရေးတွေ နိုင်ငံခြားမှာ အများကြီးပါ။

ဒါ့ကြောင့်…..ရွှေပြည်ကြီးမှာရှိတဲ့ အမျိုးကောင်းသမီးပျိုလေးတွေကို နှစ်ပေါင်း ၂၀ကျော် နိုင်ငံခြားနေခဲ့ တဲ့ အတွေ့အကြုံကို အခြေခံပြီး ပြောချင်တာက – မျှော်လင့်ချက် လိုဘတစ်ခုတည်းအတွက်နဲ့တော့ အိမ်ထောင်မပြုပါနဲ့။ နိုင်ငံခြားမှာ အဲယားကွန်းအခန်းထဲ မချစ်မနှစ်သက်သူကြီးနဲ့ သက်ပြင်းတဟင်းဟင်းချပြီး ကျောပေးအိပ်မလား၊ ကိုယ်ချစ်နှစ်သက်တဲ့ (သူကလည်း ကိုယ့်ကိုချစ်တဲ့) ချစ်သူနဲ့ ကြမ်းခင်းလေးပေါ်မှာ တယောက်မျက်နှာ တစ်ယောက်အပ်ပြီး နွေးနွေးထွေးထွေး အပ်မောကျမလား။

ကိုယ့်ဖာသာ သေသေချာချာတွေးပြီး စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချပါ။

ရွေးချယ်ဆုံးဖြတ်မှုတွေ မှန်ကန်ကြပါစေ။        ။

(Photo – Aung Htet)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်