မင်းခိုင် – သူတောင်းစားကို ဦးထုပ်လှလှလေး ဆောင်းပေးရုံမျှဖြင့်

April 8, 2015

မင်းခိုင် – သူတောင်းစားကို ဦးထုပ်လှလှလေး ဆောင်းပေးရုံမျှဖြင့်
(မိုးမခ) ဧပြီ ၈၊ ၂၀၁၅

ပညာရေးကို အလေးထားတာနဲ့ပတ်သက်ရင် ရွှေပြည်ကြီးရဲ့မိဘတွေဟာ ကမ္ဘာပေါ်ကဘယ်မိဘနဲ့မဆို ယှဉ်နိုင်ပါတယ်။ ပညာကို ရွှေအိုးလို တန်ဖိုးထားပါတယ်။ မိဘများခင်ဗျာ .. စွမ်းသလောက်အားနဲ့ သားသမီးရဲ့ပညာရေးကို အားပေးကြပါတယ်။ ပညာရေးနဲ့ပတ်သက်ရင် ငွေကုန်ရမှာ မနှမျောပါဘူး။ အထူးသဖြင့် ၁၀-တန်းမှာပေါ့ခင်ဗျာ။ တတ်နိုင်တဲ့မိဘများကလည်း တတ်နိုင်သလို ငွေကုန်ကြေးကျခံပါတယ်။ မတတ်နိုင်တဲ့မိဘများကလည်း ဆယ်တန်းကျောင်းသားကြီး ကျောင်းသမီးကြီးအတွက် ကြိုးစားပြီးရုန်းပါတယ်။ အစိုးရမင်းများကလည်း ပညာ .. ပညာနဲ့ တပြင်တည်း ပြင်ပြီး တညာတည်း ညာကြပါတယ်။ ရွှေပြည်ကြီးဆိုတာ ပညာရေးကို အဲလိုအားပေးအထင်ကြီးတဲ့ တိုင်းပြည်ပါ။

ဒါပေမဲ့ပေါ့ဗျာ .. တက္ကသိုလ်တွေရဲ့အဆင့်အတန်းကို စစ်တမ်းကောက်ယူတဲ့  QS ရဲ့ 300 top universities in Asia (၂၀၁၄) စစ်တမ်းအရ အာရှရဲ့ အကောင်းဆုံးကျောင်း ၁၀၀ စာရင်းမှာ ရွှေပြည်ကြီးရဲ့ကျောင်းတွေ တစ်ကျောင်းမှ မပါပါဘူး။ နို့ .. ၂၀၀ အတွင်းတော့ ပါမယ်ထင်ပါရဲ့ဆိုလည်း ‘နိုး” ပါပဲ။ ဒါဆို ၃၀၀ အတွင်းပေါ့။ ဟုတ်ကဲ့၊ နိုးပါပဲ။ တောက်ခေါက်ချင်ရင် တောက်ခေါက်ဖို့က ဘယ်လိုမှထင်မထားတဲ့ ဘင်္ဂလားဒေ့ရှ်တို့ (University of Dhaka)၊ ဘရူးနိုင်းတို့ (Univesiti Brunei Darussalam: UBD) တောင် အမှတ်စဉ် ၁၇၀ ကျော်မှာ ၀င်ပါတယ်။ ဖြေသိမ့်ချင် ဖြေသိမ့်ဖို့က အာဆီယမ်ထဲမှာ ကိုယ်လိုဘ၀တူတွေ ရှိပါသေးတယ်။ လာအို၊ ဗီယက်နမ်နဲ့ ကဗ္မောဒီးယားတို့ပါ။

တက္ကသိုလ်တွေကို စစ်တမ်းကောက်တဲ့ THE (Times Higher Education) ဆုတဲ့ နောက် ထပ် အဖွဲ့တစ်ဖွဲ့ ရှိပါသေးတယ။် သူကတော့ ရှင်းတယ်၊ ဖွံ့ဖြိုးဆဲနိုင်ငံက ကျောင်းတွေမပါဘူး။ အဲ … Ranking Web of Universities ဆိုတဲ့ အဖွဲ့ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံကကျောင်းတွေကိုပါ စာရင်းတင်ပါတယ်။ သူ့စစ်တမ်းအရ မြန်မာပြည်ရဲ့ နာမည်ကျော် ဆေး-၁ က ကမ္ဘာ့အမှတ်စဉ် ၁၇၀၂၁ (တစ်သောင်းခုနစ်ထောင်နှစ်ဆယ့်တစ်)ပါ။ (သိပ်စိတ်ပျက်စရာမလိုပါဘူး၊ ကျွန်တော်တို့ထက်ကောင်းတဲ့ ကျာင်း ပေါင်း တစ်သောင်း ခုနစ် ထောင် ကျော် ပဲရှိပါတယ)် ကျွန်တော်တို့ ရြွှေပည်ြကီး ဘာတွေများ လွဲ ချော် ခဲ့ ပါလိမ့်။

ခေတ်သစ်မြန်မာ့ပညာရေးဟာ တာထွက်ကောင်းခဲ့ပါတယ်။ ၁၈၇၈ မှာ ရန်ကုန်ကောလိပ်ကို ထောင်ခဲ့ပါတယ်။ ၁၉၂၀ မှာ တက္ကသိုလ်အဆင့်ဖြစ်လာတယ်။ အာရှမှာ သူ့ထက်စောတာဆိုလို့ တိုကျိုတက္ကသိုလ်နဲ့ ကလကတ္တားတက္ကသိုလ်ပဲ ရှိတယ်။ စောတာတစ်ခုတည်းတင် မကပါဘူး၊ ပညာရေးရေချိန်ကလည်း မြင့်ပါတယ်။ ဆေးပညာနဲ့ ပတ်သက်ရင်လည်း ဗြိတိသျှကိုလိုနီထဲမှာ အကောင်းဆုံးရောဂါဗေဒဌာနရှိတဲ့တိုင်းပြည်ဆိုပြီ ကျန်နိုင်ငံတွေက အားကျကြပါတယ်။ ရန်ကုန် တက္ကသိုလ်ဆိုတာလည်း အာရှရဲ့အကောင်းဆုံးကျောင်းလို့ အများက မော့ကြည့်ရပါတယ်။ အဲဒီ့အဆင့်အတန်းဟာ ရာစုနှစ် တစ်ဝက်အတွင်းမှာပဲ  မျက်လှည့်ပြလိုက်သလို ဇောက်ထိုးပြောင်းပြန်ဖြစ်သွားပါတော့တယ်။ ကျွန်တော်တို့ရွှေပြည်ကြီး ဘယ်လိုကျိန်စာမျိုး သင့်ခဲ့လို့ပါလိမ့်။ မေးခွန်းတေအတွက် အတိုဆုးံ အဖြေကတော့  မူဝါဒမရှိတာ၊ အာဏာကျိန် စာ သင့်ခဲ့တာပါပ။ဲ မြန်မာ့ပညာရေးက တဦးတဖွဲ့ရဲ့ အလိုဆန္ဒအတိုင်း လိုက် က ရတဲ့ ရုပ်သေးရုပ် ဖြစ်ခဲ့လို့ပါပဲ။ တနည်းအားဖြသ့် ပညာရေးဆိုတဲ့ စက် အစိတ်အပိုင်းအလေးက အာဏာယန္တယားရဲ့ ခွေးသွားစိတ်မျှသာဖြစ်ခဲ့လို့ပါပဲ။ အဲလိုဖြေရတာ အားတော့နာပါတယ်။

အားလုံးအတွက် အစိုးရကိုပဲ ၀ိုင်းပြီး လက်ညှိုးထိုးနေရတာကိုး။ တစ်ချို့သော မဟာပညာရှိများကလည်း အစိုးရကိုပဲ အပြစ်ပုံချလို့ မသင့်ဘူး၊ တိုင်းသားပြည်သူတွေမှာလည်း တာဝန်ရှိတယ်လို့ ဆုံးမကြတယ်။ ဟုတ်ကောင်း ဟုတ်မှာပါ .. ခေတ်အဆက်ဆက်အစိုးရမင်းများခမျာ .. ပညာရေး ..ပညာရေးနဲ့ တစ်ပြင်တည်းပြင်ပြီး တစ်ညာတည်းညာခဲ့ပါတယ်။

သူတို့ရဲ့စေတနာတွေကို သူတို့ပြောတဲ့ မိန့်ခွန်းတွေ စာတွေထဲမှာ အထင်အရှားတွေ့ရပါတယ်။ “ပညာရေး ဝေးသည်မရှိ” တဲ့၊ “ပညာဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့” တဲ့၊ “ပညာခေတ်၏ ကြုံရလတ္တံသော စိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရန်” တဲ့။ အစိုးရအနေနဲ့ ပညာရေးကို ဘယ်လောက်အရေးထားကြောင်း၊ ဘယ်လိုမြှင့်တင်ပေးနေကြောင်းတွေကို အဲဒီ့ခေတ်က သတင်းစာတွေထဲမှာ အားပါးတရဖတ်နိုင်ပါတယ်။ ၂၀၀၀ မှာ “အမျိုးသားပညာရည် မြင့်မားရေး အထူး လေးနှစ်” ဆိုပြီး လုပ်ပါတယ်။ ၂၀၀၁ မှာ နှစ် (၃၀) စီမံကိန်းကို ချပါတယ်။ ညွှန်ကြားသူကတော့ ဗိုလ်သန်းရွှေပါ။ ဦးဆောင်သူကတော့ အဲဒီတုန်းက မြန်မာနိုင်ငံပညာရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်ခင်ညွှန့်ပါ။ ဒီ့မတိုင်ခင်ကလည်း အစိုးရမင်းများခင်ဗျာ ပညာရေးအပြောင်းအလဲတွေ အများကြီး လုပ်ခဲ့ပါတယ်။ မဆလခေတ်ကတည်းကပေါ့ဗျာ။

မဆလခေတ်မှာ ဆိုရှယ်လစ်လူ့ဘောင်နဲ့ ကိုက်ညီမယ့်ပညာရေးစနစ်ကို အကောင်အထည်ဖော်ရမယ်ဆိုပြီး လုပ်ပါတယ်။ အထင်ရှားဆုံးအပြောင်းအလဲက ဗိုလ်နေ၀င်းက အင်္ဂလိပ်စာကို ကျွန်စော်နံတယ်ဆိုပြီး ဘာသာရပ်တွေကို မြန်မာလိုပြောင်းသင်ခိုင်းပါတယ်။ အင်္ဂလိပ်စာကို ၅-တန်းရောက်မှ သင်ပေးပါတယ်။ အင်္ဂလိပ်စာရဲ့ လိုအပ်ပုံကို ထောက်ပြတဲ့ သူတွေကို ပြည်ပအားကိုး ပုဆိန်ရိုး .. အဲလေ .. နယ်ချဲ့နောက်လိုက်၊ ဖောက်ပြန်ရေးသမားလို့ လှောင်ပါတယ်။ ၀ိဇ္ဇာနဲ့ သိပံ္ပရယ်လို့ ခွဲခြားလိုက်ပြီး “ကုန်ထုတ်လုပ်မှု”အတွက် သိပ္ပံကို ဇောင်း ပေးရမယ်လို့ ညွှန်ကြားပါတယ။် တက္ကသိုလ်အဆင့်မှာ အဓိကဘာသာတွဲစနစ်ကို ထွင်ပါတယ်။ ဒါကတော့ မဆလရဲ့ ပညာရေးအပြောင်းအလဲ တစ်ကြောင်းဆွဲကောက်ကြောင်းပါ။

နောက် န၀တ၊ နအဖ ခေတ်မှာ အပြောင်းအလဲက ပိုမြန်လာပါတယ်။ ဘာသာရပ်တိုင်းကို သိသင့်တတ်သင့်တယ်ဆိုပြီး အထက်တန်းအဆင့်မှာ ၉ ဘာသာ စနစ်ကို ထွင်ပြန်တယ်။ (၉ ဘာသာစနစ်ဆိုတာ ၀ိဇ္ဇာနဲ့ သိပံ္ပကို ပြန်ပေါင်းပြီး ဓာတု၊ ရူပ၊ ဇီဝ၊ ပထ၀ီ၊ သမိုင်း၊ ဘောဂ အကုန်လုံးသင်ရတဲ့စနစ်ပါ) နောက်တစ်ခါ တယ်မဟုတ်သေးဘူးဆိုပြီး ၀ိဇ္ဇာနဲ့ သိပံ္ပရယ်လို့ ပြန်ခွဲပြန်တယ်။ ကြိုက်တဲ့ဘာသာတွဲ ၆-ခုကို ယူတဲ့စနစ်ကို လုပ်ပြန်တယ်။ နောက် အခြေခံပညာရေးမှာ အထူးအခြားဆုံး အပြောင်းအလဲအနေနဲ့ ၄-တန်းနဲ့ ၈-တန်းကို ကျောင်းစစ်လုပ်ပြီး စဉ်ဆက်မပြတ်ပညာရေးဆိုတဲ့ အကျမရှိ အတန်းတင်ပေးတဲ့စနစ်ကို ထွင်ပြန်တယ်။ ပညာခေတ်ကို အမီလိုက်မယ်ဆိုပြီး Multi-Class Room တွေ ထောင် ပါတယ။် နောက် (သူများနိုင်ငံတွေမှာ ၁၂-တန်း ထိ ရှိတယ်ဆြိုပီး ) တစ်တန်း တိုးလို့ ဆယ်တန်း ကို ဆယ့်တစ်တန်း (Grade 11) လို့ နာမည်ပြင်ပါတယ်။

အရင်က တစ်နိုင်ငံလုံးအတွက် ဆယ်တန်းမေးခွန်းတစ်စုံတည်း ထုတ်ရာက တိုင်းနဲ့ပြည်နယ် ၁၄ ခုအတွက် မေးခွန်း ၁၁-စုံ ပြောင်းထုတ်ပါတယ်။ နောက် အထက်မှာ ပြောခဲ့တဲ့ “အမျိုးသားပညာရည် မြင့်မားရေး အထူးလေးနှစ်” စီမံကိန်း၊ နှစ် ၃၀ စီမံကိန်းတွေကို လုပ်ပါတယ်။ အဆင့်မြင့်ပညာရေး (တက္ကသိုလ်ပညာရေး)အတွက် အပြောင်းအလဲ ကတော့ စာသင်နှစ်တွေကို လျော့လိုက်ပါတယ်။ အထူးခြားဆုံး တီထွင်မှုကတော့ (ပညာရေး ဝေးသည်မရှိ) ဆိုတဲ့ ဆောင်ပုဒ်နဲ့ အဝေးသင်ပညာရေးကို စခဲ့ပါတယ်။ န၀တရဲ့ နောက်ထပ်အဆင့်မြင့်တီထွင်မှုကတော့ ပြည်တွင်းမှာတင် ၀ိဇ္ဇာသိပံ္ပနဲ့ ပတ်သက်တဲ့ မဟာဘွဲ့တွေ ပါရဂူဘွဲ့ (ဒေါက်တာဘွဲ့)တွေကို စ ပေးခဲ့ပါတယ်။ နောက်ထင်ရှားတဲ့ အပြောင်းအလဲတစ်ခုကတော့ တက္ကသိုလ် ကောလိပ်တွေကို မြို့အနှံ့နယ်အနှံ့ တိုးပြီးဖွင့်ပါတယ်။ မဆလခေတ်မှာ သက်မွေးကျောင်း၊ တက္ကသိုလ်နဲ့ ဒီဂရီကောလိပ် စုစုပေါင်း ၃၂ ကျောင်း ရှိရာကနေ န၀တ၊ နအဖခေတ်မှာ ဘိုးဘိုးအောင် တန်ခိုးနဲ့ ၂-ဆ ကျော် တိုးပြီး ၆၀ ကျော်၊ ၇၀ နီးပါးထိ ရှိလာပါတယ်။

ဒါကတော့ ၈၈ နောက်ပိုင်း ပညာရေးအပြောင်းအလဲရဲ့ တစ်ကြောင်းဆွဲကောက်ကြောင်းပါ။

အဲဒီအပြောင်းအလဲတွေကို ကြည့်ရင် ထင်ရှားလှတဲ့ အချက်ကတော့ အဲဒီအပြောင်းအလဲတွေကို တဦးတယောက်ရဲ့ စိတတ်ဆန္ဒနဲ့ ထင်သလိုပြောင်းခဲ့တာပါ။ ခေါင်းဆောင်ကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ၊ ဥက္ကဋ္ဌကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ၊ အဘရဲ့ လမ်ညွှန်ချက်နဲ့အညီ .. အပြောင်းအလဲကို စပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ အကြံဉာဏ်နဲ့ပြောင်းတာက ပြဿနာမဟုတ်ပါ၊ အဒီ အကြံဉာဏ်မှာ လုံလောက်တဲ့ စေတနာနဲ့ အသိဉာဏ်မ ပါတာကမှ တကယျ့္ပႆနာပါ။ ပုၿိပးီ ဆုးိ တျ့ဲပႆနာက အပြောင်းအလဲအတွက် မူဝါဒဆိုတာ မရှိပါဘူး။ (အဲ မူဝါဒမရှိတာမဟုတ်ပါ၊ မူဝါဒက ထင်တိုင်းကြဲမူဝါဒဖြစ်နေတာပါ)  ဒါကြောင့် တည်ငြိမ်မှုလည်း မရှိ၊ ထိရောက်မှုလည်း မရှိပါ။ အဆိုး တကာ အဆိုး ဆုံးကတော့  အပြောင်းအလဲကို ချမှတ်ပေးမယ့် တဦးတယောက်က အာဏာရဲ့ မျက်နှာကိုပဲ ကြည့်ခဲ့တာပါပဲ။

ကျွန်တော်အဆို ဘယ်လောက်မှန်ပါသလဲ .. နည်းနည်း လေ့လာကြည့်ရအောင်ပါ။

သာသယံဇာတမှ မရှိတဲ့ တံငါရွာသာသာစင်္ကာပူက ငါတို့နိုင်ငံရဲ့ ထုတ်ကုန်က ၀န်ဆောင်မှု၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးပဲ ဆိုတာကို သဘောပေါက်ြပီး ကမ္ဘာကြီး နဲ့ဆက်သွယ်ဖို့ အင်္ဂလိပ်စာ တတ်မှ ဖြစ်မယ်။ ဒါကြောင့် ကျောင်း တွေမှာ အင်္ဂလိပ်စာကို မသင်မနေရ လုပ်တဲ့အချိန်မှာ ဗိုလ်နေ၀င်းက ကျွန်စော်နံတဲ့ အင်္ဂလိပ်စာကို မသင်ကြနဲ့လို့ လုပ်ပါတယ်။

ကုန်ထုတ်လုပ်မှုအတွက် သိပ္ပံကို ဦးစားပေးရမယ်လို့ ဗိုလ်နေ၀င်းက လမ်းညွှန်တယ်။ ဒါပေမဲ့ သူပြောတဲ့သိပ္ပံဆိုတာ အသုံးချသိပံ္ပ (applied science)ပါ။ သူ့အနေနဲ့ ပညာရေးဆိုတာကို ခုံရိုက်တတ်အောင်သင်ပေးနည်း၊ စက်ခလုပ် နှိပ်တတ်အောင် သင်ပေးနည်းလို့ ထင်နေပုံရပါတယ။် အသုးံချ သိပ္ပံ ရဲ့ ရေသောက်မြစ်တွေက (pure science) တကယ့်သိပ္ပံ ဆိုတာကို မသိဘူး။  ဒါကြောင့်လည်း ရေသောက်မြစ်တွေ ဖွံ့ဖြိုးအောင် ဘာမှမလုပ်ခဲ့ပါဘူး။ မလုပ်တဲ့အပြင် ရေသောက်မြစ်တွေကို ဖြတ်တောက်ခဲ့ပါတယ်။ အဲလိုနဲ့ ရူပ၊ ဓာတု၊ ဇီဝတို့လို pure science တွေဟာ ရွှေပြည်ကြီးမှာတော့ အမှတ်သိပ်မကောင်းတဲ့သူတွေ ယူတဲ့ဘာသာရပ်တွေ ဖြစ်လာပါတယ်။ ဘော့တနီမေဂျာ (ရုက္ခဗေဒ)တို့၊ ဇူးမေဂျာ (သတ္တဗေဒ)တို့ဟာ သိပ္ပံလိုင်းမှာ အမှတ်အနိမ့်ဆုံးမေဂျာတွေ ဖြစ်လာပါတယ်။ နောက် ပထ၀ီတို့၊ သမိုင်းတို့၊ မြန်မာစာတို့၊ စိတ်ပညာတို့၊ အတွေးအခေါ်တို့ကို လက်တွေ့သိပ်အသုံးမ၀င်တဲ့ (ကုန်ထုတ်လုပ်မှုအတွက် အသုံးမ၀င်တဲ့) ၀ိဇ္ဇာဘာသာရပ် တွေလို့ တဆင့်နှိမ့် ခွဲခြားပြန်တယ်။

ဒါပေမဲ့ အဲဒီ့ပညာရပ်တွေဟာ လူ့အဖွဲ့အစည်းကို နားလည်အောင် အားထုတ်တဲ့ပညာရပ်တွေဆိုတာ သူမသိပါဘူး။ ပြီးတော့ လူ့အဖွဲ့အစည်းကို မောင်းနှင်တာ အဲဒီ့အသိပညာတွေဆိုတာ သဘောမပေါက်ခဲ့ပါဘူး။ (အင်း .. ပေါက်လွန်းအားကြီး တာလည်း ဖြစ်နိုင်ပါတယ်) အဲလိုနဲ့ မြန်မာစာမေဂျာတို့၊ ပထ၀ီမေဂျာတို့၊ သမိုင်းမေဂျာတို့ဟာ လူညံ့တွေယူတဲ့ ဘာသာတွေ ဖြစ်လာပါတယ်။ အခုခေတ်အထိကို ၀ိဇ္ဇာဟာ စာမလိုက်နိုင်တဲ့သူတွေအတွက်၊ သိပ္ပံတွဲ (Bio တွဲ)ဟာ စာလိုက်နိုင်တဲ့  လူတော်တွေအတွက်လို့ မိဘတွေကအစ ယုံကြည်ကြတယ်။ (မိဘတွေက ကိုယ့်ကလေးကို Bio တွဲပဲ ယူခိုင်းပါတယ်)

ဗိုလ်နေ၀င်းက ဆိုရှယ်လစ်လူ့ဘောင်နဲ့ ကိုက်ညီတဲ့ ပညာရေးဆိုပြီး ပညာရေးကို ဆိုရှယ်လစ်ဇာတ်သွင်းပါတယ်။ တကယ်တော့ ပညာရေးကို နိုင်ငံရေးအောက် ဆွဲသွင်းလိုက်တာပါပဲ။ ပိုပြီးတိတိကျကျပြောရရင် ပညာရေးကို အစိုးရရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို  ဖြည့်ပေးရတဲ့ ယန္တရားကြီးအဖြစ် ဖန်တီးလုက်တာပါပဲ။ အဲဒီက စလို့ လွတ်လွတ်လပ်လပ်ရှိရမယ့် ပညာရေးနယ်ပယ်ကြီးဟာ လောင်းရိပ်မိသွားပါတယ်။  လောင်းရိပ်မိသွားတဲ့အတွက် ရေသောက်မြစ်တွေဟာလည်း ခြောက်သွေ့လာပါတယ်။ အကျိုးဆက်အနေနဲ့ ပညာရေးက ‘အ’ သွားပါတယ်။ ပညာရေး ‘အ’ သွားတော့ ခေတ်ကြီးပါ ‘အ’ သွားပါတယ်။ ဒါကြောင့် သူစိတ်ကြိုက်ဖန်တီးလိုက်တဲ့ ပညာရေးဟာ သူပြောသလို ဆိုရှယ်လူ့ဘောင်ကိုလည်းအကျိုး မပြုနိုင်ခဲ့ပါဘူး။

ပါးစပ်ကသာ ကုန်ထုတ်လုပ်မှုကို အားပေးကြလို့ မိန့်ကြားပေမယ့် မဆလခေတ်ရဲ့ အကြီးစားစက်မှုလုပ်ငန်းက ဇွန်းလောက်ကိုပဲ ထုတ်နိုင်ပါတယ်။ အကြီးစားက ဇွန်းထုတ်လို့ အသေးစားက ‘အပ်’လောက်ကိုတော့ ထုတ်မှာပဲလို့ ထင်ရင်လည်း မှားပါလိမ့်မယ်။ ရွှေပြည်ကြီးက ‘အပ်’လောက်ကိုတော့ဖြင့် ထုတ်လောက်စရာအဖြစ် မအောက်မေ့ပါဘူး။ သူများထုတ်တာကိုပဲ ၀ယ်သုံးပါတယ်။ နို့ ဘာများထုတ်သလဲကွာဆိုရင် ဟုတ်ကဲ့ .. တစ်မျိုးသားလုံးဝတ်တဲ့ ပုဆိုး၊ လုံချည်အတွက်တောင် ‘ချည်ချော’ ကို မထုတ်ပေးနိုင်ပါဘူး။ (အခုထက်ထိ ချည်ချောကို တရုတ်ကနေ သွင်းရပါတယ်) ။ ‘အပ်ကအစ ဒုံးပျံအဆုံး ကိုယ် ၀ယ်သုံး’ လို့ ဂုဏ်ယူချင် ယူလို့ရပါတယ်။

၈၈ နောက်ပိုင်း စစ်ဗိုလ်တွေ တက်အုပ်တဲ့ .. အဲလေ တက်ပြီး အုပ်ချုပ်တဲ့ န၀တ၊ နအဖခေတ်မှာ ပိုဆိုးလာပါတယ်။ (အင်း အမှန်ကတော့ အရင်လည်း စစ်ဗိုလ်တွေပါပဲ) ဒါပေမယ့် န၀တ နအဖခေတ်ပညာရေးက မဆလခေတ်ထက် ပိုပြီး အဆင့်နိမ့်လာပါတယ်။ ဘာလို့ပါလဲ .. ဗိုလ်အချင်းချင်း ဘာလို့တစ်မူးပိုရူတာလဲ။ အကြောင်းက မဆလခေတ်တုန်းက ပညာရေးရဲ့ ရည်မှန်းချက်က ဆိုရှယ်လစ်လူ့ဘောင်ကို အထောက်အပံ့ဖြစ်စေရေး (ဆိုရှယ်လစ်ပါတီအတွက် အထောက်အပံ့ ဖြစ်ရေး)လို့ဆိုရင် ငြိမ်ဝပ်ပိပြားရေးကို ပထမဦးစားပေး အကောင်အထည်ဖော်ခဲ့တဲ့ န၀တခေတ်မှာ ပညာရေးရဲ့ရည်မှန်းချက်က ငြိမ်ဝပ်ပိပြားရေးပဲ ဖြစ်လာလို့ပါ။ ဒါကြောင့် ကျောင်းတွေတက္ကသိုလ်တွေမှာ အရေးကြီးဆုံးက ပညာရေးမဟုတ်တော့ဘဲ လုံခြုံရေးဖြစ်လာပါတယ်။ စာဘယ်လိုသင်မလဲ၊ တတ်အောင်ဘယ်လိုသင်မလဲ၊ ကျောင်းသားတွေရဲ့ သိချင်စိတ်ကို ဘယ်လိုဆွမလဲဆိုတာတွေက အရေးမကြီးပါဘူး။ ကျောင်းသားတွေ နိုင်ငံရေးမလုပ်အောင် ဘယ်လိုထိန်းမလဲ ဆိုတာပဲ အရေးကြီးပါတယ်။ န၀တ၊ နအဖစစ်ဗိုလ်တွေဟာ အဲဒီ့အမြင်နဲ့ပဲ ပညာရေးတစ်ခုလုံးကို မောင်းခဲ့၊ တည်ဆောက်ခဲ့ ပါတယ။် သူတို့အတွက် စာသင်တတ်တဲ့ ဆရာတွေ မလိုပါဘူး၊ ကျောင်သားတွေ နိုင်ငံရေးမလုပ်အောင် ထိန်းနိုင်မယ့် ဆရာတွေပဲ လိုပါတယ်။ အဲလိုဆရာမျိုးကိုပဲ နေရာပေးပါတယ်။ လုံခြုံရေးအမြင်အရပဲ တက္ကသိုလ်တွေကို နေရာအနှံ့ခွဲဖွင့်ပါတယ်။ ရွှေဉာဏ်တော် အလွန်စူးရောက်စွာနဲ့ပဲ အဝေးသင်စနစ်ကို ထွင်ပါတယ်။ အဲဒီ့အဝေးသင်စနစ်ဟာ စဉ်ဆက်မပြတ်အတန်းတင်စနစ်နဲ့ တွဲ လိုက်တော့ မြောင်းစပ်နားရောက်နေတဲ့ မြန်မာ့ပညာရေးဟာ မြောင်းအောက်ခြေထိ ပျော်ပျော်ကြီး ဒိုင်ဗင်ထိုးဆင်း သွားပါတော့တယ်။ (ဗိုလ်ခင်ညွှန့်ရဲ့လက်ရာတွေပေါ့ခင်ဗျာ၊ သင်းတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေ သောက်ကျိုးနည်း အောင်မြင်သွားတယ်ပေါ့ဗျာ)

မဆလခေတ်မှာ အဆင့်တစ်ခုထိ ရှိခဲ့တဲ့ စာမေးပွဲစနစ်ဟာ န၀တ၊ နအဖခေတ်မှာ အဆိုးဆုံး ပျက်စီးလာပါတယ်။ ရွှေပြည်ကြီးရဲ့ စာမေးပွဲဆိုတာ  ဉာဏ်ရည်ပြိုင်တဲ့ ပွဲမဟုတ်ဘဲ ဆရာနဲ့ ကျောင်းသားတို့ရဲ့ သူခိုးဖမ်းဂိမ်း ဖြစ်လာပါတယ်။ ဘယ်နိုင်ငံမှ မရှိတဲ့ အခန်းတွင်းမသမာမှုတွေ၊ အမှတ်ဝယ်စနစ်တွေ၊ မေးခွန်းလိုက်တယ်ဆိုတဲ့ စနစ်တွေ ဖြစ်လာပါတယ်။ ပြည်တွင်းဖြစ် မဟာဘွဲ့ ပါရဂူဘွဲ့သင်တန်းတွေနဲ့အတူ ‘ကျမ်း’တွေကို ငွေပေးရေးခိုင်းတဲ့ စနစ်ကြီးလည်း ဖြစ်ထွန်းလာပါတယ်။ (၂၀၀၀ နောက်ပိုင်းမှာ အဆိုးဆုံးပေါ့ခင်ဗျာ) ဒါတွေကတော့ ရာစုနှစ်တစ်ဝက်ကျော် အတွင်း ဖြစ်ခဲ့တဲ့ မြန်မာ့ပညာရေးအပြောင်းအလဲပါပဲ။ မျောက်လက်ထဲ ရောက်သွားတဲ့ အုန်းသီးက ဘာဖြစ်သွားနိုင်ပါသလဲ .. မြန်မာ့ပညာရေးကတော့ အဲလိုဖြစ်သွားပါတယ်။ နှစ် ၅၀ မြန်မာ့ပညာရေးကို တစ်ခွန်းတည်းပြောရရင် ‘အပြောင်းအလဲ များစွာလုပ်ခဲ့၏။ လုပ်ပြီးသော် မြောင်းထဲရောက်သွား၏’ ပါ။

မဟာပညာရှိမင်းများက အတိတ်ကို အတိတ်မှာပဲ ထားခဲ့ဖို့၊ ကိစ္စတစ်ခုကို အပြစ်မြင်တဲ့အမြင်နဲ့ မချည်းကပ်ဖို့၊ အပြုသဘောဆောင်တဲ့ အကြံဉာ ဏ်တွေနဲ့ပဲ အားပေးကူညီကြဖို့ ဆိုဆုံးမကြပါတယ။် စိတ်မဆိုးကြပါနဲ့ မဟာပညာရှိမင်းများ ခင်ဗျား … ။ .. အခုပြောနေတာတွေက အပြစ်ဖို့တဲ့အမြင်နဲ့ ပြောနေတာမဟုတ်ပါဘူး။ အတိတ်မှာ ဒီလိုဒီလိုတွေ ဖြစ်ခဲ့တယ်လို့ ညွှန်းဆိုရုံ ခြေရာကောက်ပြရုံလေးပါ၊ အပြုသဘောဆောင်တဲ့အကြံဉာဏ်လေးတွေအတွက် ဇာတ်ပျိုးနေရုံလေးပါ။

ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်နေတဲ့ လက်ရှိအစိုးရကလည်း မြန်မာ့ပညာရေးဟာ နောက်ကျကျန်နေခဲ့တယ်လို့ ၀န်ခံပြီး ပညာရေးအပြောင်းအလဲတွေကို စလုပ်ပါတယ်။ အကျမရှိ တင်ပေးတဲ့စနစ်ကို အကျရှိစနစ်ပြန်ပြောင်းပါတယ်။  ၄-တန်း၊ ၈-တန်းကို အစိုးရစစ်ပြန်လုပ်ပါတယ်။ ဆယ်တန်းမေးခွန်း ၁၁-စုံ ထုတ်တာကနေ ၁-စုံလို့ ပြန်ပြောင်းပါတယ်။  နောက်စာသင်နှစ်တွေမှာ တစ်တန်းတိုးလို့ ၁၂-တန်းလုပ်မယ်လို့ ကြံနေပါတယ်။ တက္ကသိုလ်စာသင်နှစ်တွေ လျှော့ထားတာ ပြန်တိုးပါတယ်။ ရန်ကုန်တက္ကသိုလ် (မိန်း)၊ ရန်ကုန်နဲ့ မန္တလေးစက်မှုတက္ကသိုလ် (နည်းပညာတက္ကသိုလ်)တွေကို ပြန် ဖွင့်ပါတယ။် လွှတ်တော်မှာ ပညာရေးဥပဒေကြမ်းကို တင်ပါတယ။် ဥပဒေကြမ်းမှာ  တက္ကသိုလ်ဝင်ခွင့်ကို အမှတ်တခုတည်းနဲ့ ကန့်သတ်တာကို ပယ်ဖျက်ဖို့နဲ့ တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ ပါပါတယ်။ ကောင်းပါသည်ပေါ့ ခင်ဗျာ။

ဒါပေမဲ့ ခွ(ဂွ)ကျတာက အခုမြင်နေရတဲ့ ပညာရေးအပြောင်းအလဲတွေကလည်း လွန်ခဲ့တဲ့ အုပ်စိုးသူများရဲ့ အပြောင်းအလဲများလိုပါပဲ .. မူမရှိဘဲ ထင်သလိုပြောင်းနေတဲ့အသွင်ကိုပဲ ဆောင်နေပါတယ်။

ဥပမာ အရင်ဝန်ကြီးတုန်းက စိုက်ပျိုးရေးဘာသာကို အခြေခံသင်ရိုးညွှန်းတန်းမှာထည့်ဆိုပြီး စာအုပ်တွေတောင် ရိုက်ပြီးပါပြီ။ နောက် ၀န်ကြီးက မထည့်နဲ့ဆိုတော့ စာအုပ်တွေလည်း ဒီအတိုင်းဖြစ်သွားပါတယ်။ ဒါကိုကြည့်ရင် မူမရှိဘူး ဆိုတာ ထင်ရှားပါတယ်။ အဖြစ်သင့်ဆုံးပထမအဆင့်က မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် ပညာရေးမူတစ်ခုကို ပညာရှင်တွေက ချမှတ်ရပါမယ။် အဲလိုပညာရေးမူဝါဒဆိုတာကလည်း ရက်ပိုင်း လပိုင်းနဲ့ လွယ်လွယ် ချလို့ ရတာ မဟုတ်ပါဘူး။

ဥပမာ စစ်ကြောင့် မွဲတေနေတဲ့ဂျပန်ဆိုရင် ပညာရေးနဲ့ ပြာပုံထဲက ထလာရတယ်ဆိုတာ လူတိုင်းအသိပါ။ ဒါပေမဲ့ ဂျပန်တွေဟာ အဲဒီ့ပညာရေး မူဝါဒကို လေးငါးဆယ်နှစ်ကြာ အချိန်ယူပြင်ဆင်ခဲ့တာပါ။ အရေးကြီးဆုံးအချက်က ကျန်တဲ့မူဝါဒတွေ (ဥပမာ စီးပွားရေး မူဝါဒတို့ဘာတို့) မှားရင် သုံးလေးငါးနှစ်နဲ့ အဖတ်ဆည်လို့ ရပါလိမ့်မယ်။ ပညာရေးမူဝါဒမှားရင် ဆယ်စုနှစ်နဲ့ ချီပြီး ပြန်ဆယ်ရဖို့တောင် ခက်ပါတယ်။ ဥပမာ ဗိုလ်နေ၀င်းရဲ့ အင်္ဂလိပ်စာ မတတ်အောင်လုပ်လိုက်တဲ့မူဝါဒကို အခုထိခံနေရတုန်းပါ။ နောက် ဗိုလ်ခင်ညွှန့်ရဲ့ စဉ်ဆက်မပြတ်အတန်းတင်စနစ်ရဲ့ဒဏ်ကိုလည်း အခုထိခံနေရတုန်းပါ။ အဲဒီ့ဒဏ်က ပိုပြင်းပါတယ်။ ဒါကြောင့် အရေးအကြီးဆုံးက ခိုင်မာတဲ့၊ လျောညီတဲ့၊ လက်တွေ့ကျတဲ့ ပညာရေးမူဝါဒတစ်ခု ရှိဖို့ပါ။ နောက်ထပ် အရေးကြီးတာက အဲဒီမူဝါဒကို အထောက်အပံ့ပေးနိုင်မယ့် ပညာရေးရပ်ဝန်းတခု ရှိနေဖို့ပါ။ အဲလိုမှ မဟုတ်ရင် အပြောင်းအလဲက ‘ဆိုင်းဘုတ်တင်အပြောင်းအလဲ’ ပဲ ဖြစ်နေပါလိမ့်မယ်။ တစ်နည်းအားဖြင့် အပြောင်းအလဲဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဥပမာ စစ်အစိုးရခေတ်မှာ ပညာခေတ်ကို အမီလိုက်ဖို့ဆိုပြီး multi-class room တွေ ထောင်ပါတယ်။ ဟိုကျောင်းဒီကျောင်းတွေမှာ multi-class room တွေ ဖွင့်လှစ်ပုံတွေ သတင်းစာရဲ့ ရှေ့မျက်နှာဖုံးတွေမှာ တခမ်းတနား ပါလာပါတယ်။ နောက် ဘယ်လိုရည်ရွယ်ချက်နဲ့မသိ ‘သမကောလိပ်ဆိုပြီးတော့လည်း’ လုပ်ခဲ့ပါသေးတယ်။ အလုပ်ဖြစ်ခဲ့ပါသလား။ သမကောလိပ်က ပျက်သွားပါတယ်။ multi-class romm တွေကတော့ တစ်ချို့ကျောင်းတွေမှာ အခုထိ ရှိပါသေးတယ်။  သော့လေးခေတ်ပြီးတော့ပါ။ နောက်ထပ်ထင်ရှားတဲ့ ဥပမာတစ်ခုရှိပါသေးတယ်။

စစ်ဗိုလ်တွေက အခြေခံ အဆင့်မှ အင်္ဂလိပ်လိုပြောပြီး သင်ရမယ်ဆိုပြီး လုပ်ပြန်တယ်။ (အမိန့်ထုတ်ပြန်တယ်) ဗိုလ်နေ၀င်း ခုတ်ခဲ့လို့ အင်္ဂလိပ်စာတတ် မျိုးဆက်ဆရာတွေ မရှိတော့တဲ့ခေတ်မှာ ‘အင်္ဂလိပ်လိုသင်’ တဲ့။ တက္ကသိုလ်အဆင့်မှာလည်း (နှစ် ၃၀ စီမံကိန်းအရ ပညာရေး အဆင့်မြှင့်တင်ဆိုပြီး …) ပထ၀၊ီ သမိုင်း ၊ ဒဿနိက ၊ စိတ်ပညာ၊ ဥပဒေတို့လို ၀ိဇ္ဇာဘာသာတွေကိုပါ အင်္ဂလိပ်လို သင်ခိုင်းပါတယ်။ ဒါပေမ့ဲ အဲဒီလိုလုပ်တဲ့အတွက် လိုအပ်တဲ့ကျောင်းဆရာတွေ ဘယ်လိုမွေးမြူမလဲဆိုတာကို မတွေးပါဘူး ။ စနစ်ကို ထောက်ပံ့ပေးမယ့်  ပညာရေးဝန်းကျင်လည်း မဲ့နေတော့ (အင်္ဂလိပ်စာကျွမ်းကျင်တဲ့ ဆရာတွေမရှိတော့) အဲဒီ့အပြောင်းအလဲလည်း ဂွမ်းတာပါပဲ။

အခုအစိုးရကလည်း သင်ရိုးညွှန်းတန်းပြောင်းမယ်၊ အတန်းတစ်တန်းတိုးပြီး ၁၂ တန်းလုပ်မယ်၊ တက္ကသိုလ်ဝင်ခွင့် သင်တန်းတွေလုပ်မယ်လို့ ကြံနေပါတယ်။ လုပ်ရတာ လွယ်ပါတယ်။ ညွှန်ကြားချက်လေး ထုတ်လိုက်ရုံပါပဲ။ (ခေတ် အဆက်ဆက်ကလည်း အဲလိုပဲ လုပ်လာတာကိုး) ဒါပေမဲ့ အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှုကို သေချာစဉ်းစားဖို့ လိုပါတယ်။ ပိုပြီးအရေးကြီးတာက အဲဒီ့အပြောင်းအလဲကို ထောက်ပံ့ပေးနိုင်မယ့် ၀န်းကျင်တစ်ခု ရှိနေဖို့၊ မရှိသေးရင် ဖန်တီးဖို့ပါ။ မဟုတ်ရင် အဲဒီအပြောင်းအလဲတွေက ဘာမှ မထိရောက်တဲ့ အပေါ်ယံ အပြောင်းအလဲတွေပဲ ဖြစ်နေပါလိမ့်မယ်။

ဥပမာ သင်ရိုးညွှန်းတန်းက ပြဿနာမဟုတ်၊ ၉-တန်း ၁၀-တန်း သင်ရိုးညွှန်းတန်းများသည် အဆင့်မီပါသည်။ မြန်မာ့ပညာရေး နောက်ကျနေခြင်းမှာ သင်ရိုးညွှန်းတန်းကြောင့် မဟုတ်ပါ။ ဒီထက်ပိုပြောရရင် သင်ရိုးညွှန်းတန်း ပြောင်းလောက်လို့လဲ မြန်မာပညာရေးကြီး ပြန်မကောင်းလာနိုင်ပါ။ အဓိကပြသနာမှာ သင်ရိုးညွှန်းတန်းနှင့် အညီ ရှိနေရမည့် ပညာရေးဝန်းကျင် ကင်းမဲ့နေခြင် ဖြစ်သည်။

ဥပမာ ရူပ၊ ဓာတု၊ ဇီဝဘာသာများတွင် သင်ရိုးညွှန်းတန်းကို အထောက်အပံ့ပေးမည့် ဓာတ်ခွဲခန်း၊ သင်ထောက်ကူ ပစ္စည်းဟူ၍ လုံးဝမရှိ၊ သူများနိုင်ငံက အလယ်တန်းကလေးတွေ လိပ်ပြာအကြောင်း စူးစမ်းလေ့လာပါဆိုတဲ့ ပရိုဂျက်ကို သဘာဝသမိုင်းပြတိုက်တွေကို သွား၊ အင်တာနက်မှာ ရှာဖွေ၊ ကျောင်းစာကြည့်တိုက်တွေမှာ ၀င်ဖွ၊ သူများထက် ပိုချင်တဲ့သူက ရက်ကွက်စာကြည့်တိုက်မှာ ၀င်မွှေ … အဲသလို … အချက်အလက်တွေကို ပျော်ပျော်ပါးပါးကြီး ရှာဖွေစူးစမ်းနေချိန်မှာ  ကျွန်တော်တို့ရွှေပြည်က ကလေးတွေကတော့ ပိုးဟပ်တွင် အပိုင်းဘယ်နှစ်ပိုင်းရှိပါသည်၊ အဆစ်ဘယ်နှစ်ဆစ်ရှိပါသည် .. ဆိုတာမျိုးကို ပင်ပင်ပန်းပန်းနဲ့ မျက်စိစုံမှိတ်ကျက်နေရပါတယ်။ သူများနိုင်ငံက အလယ်တန်းအဆင့် ကလေးတွေက ဓာတုစမ်းသပ်မှုတွေကို လုပ်နေချိန်မှာ ကျွန်တော်တို့ကလေးတွေက အိတ်ခ်ျတူး ပလပ်စ် အိုတူး အီကွဲတူ အိတ်ခ်ျတူးအိုလို့ ကုန်းကျက်နေရပါတယ်။ စက္ကူပေါ်မှာလုပ်တဲ့ စက္ကူဓာတ်ခွဲခန်းပေါ့ဗျာ .. ဟဲဟဲ။

ဟုတ်ကဲ့ .. အခု ဒီဆောင်းပါးရဲ့လိုရင်းအချုပ်ကို ပြောပြပါမယ်။ မေးခွန်းပုံစံပြောင်းရုံ၊ ဖတ်စာအုပ်ကို ဟိုအခန်းတိုး ဒီအခန်းဖြုတ်လုပ်ရုံ၊ တစ်တန်းတိုးပြီး ၁၂ တန်းလို့ လုပ်လိုက်ရုံနဲ့ .. ဘာမှမထူးပါ။ ဒါတွေက အခြေခံအကြောင်းမဟုတ်ပါ။ သိပ္ပံကို စိတ်ဝင်စားစေချင်ရင်  သဘာဝကို စိတ်ဝင်စားစေချင်ရင်၊ တီထွင်ဖန်တီးတတ်စေချင်ရင် တွေးတတ် ခေါ်တတ်စေချင်ရင် ဒါတွေက အခြေခံမူလတန်းနဲ့ အလယ်တန်းအဆင့်မှာကတည်းက လေ့ကျင့်ပျိုးထောင်ပေးရမယ့်အရာတွေပါ။ ဒါကြောင့် အခြေခအံ ဆင့် (မူလတန်း ၊ အလယ်တန်းတွေဟာ) အရမ်း ရမ်းကို အရေးကြီး ပါတယ။် ( နိုင်ငံတကာမှာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် အရမ်းအလေးထားပါတယ်) အဲဒီ့အဆင့်တွေမှာ အပြောင်းအလဲမလုပ်နိုင်ရင် အထက်ပိုင်းအဆင့် အပြောင်းအလဲတွေဟာ ဘာမှအကျိုး သက်ရောက်မှု မရှိပါ။ ဒါကြောင့် မူလတန်း ၊ အလယ်တန်းတွေမှာ ထိရောက်တဲ့ အပြောင်းအလဲတွေ လုပ်ရပါ့မယ်။ အဲလိုမဟုတ်ပဲ အထက်တန်းအဆင့်လောက်ကိုပဲ (အထက်မှာပြောခဲ့တဲ့ အပြောင်းအလဲတွေလုပ်ပြီး)  အပြင်ပန်းဆေးသုတ်နေကြရင်ဖြင့် .. ဟုတ်ကဲ့ သူတောင်းစားကို ဦးထုတ်လှလှလေးဆောင်းပေးသလိုသာ ရှိပါလိမ့်မယ်။

အမှန်က ဦးထုတ်လှလှလေးနဲ့ လိုက်ဖက်မယ့် အ၀တ်အစားတွေကို အရင်ဆင်ရပါမယ်။ ဦးထုတ်လှလှလေးနဲ့ လိုက်ဖက်မယ့် ၀င့်ထည်မှု (ကိုယ်ရည်ကိုယ်သွေး) ရှိလာအောင် အရင်လုပ်ရပါ့မယ်။ ဒါကြောင့် မူလတန်းအလယ်တန်းအပါဝင် မြန်မာ့ ပညာရေးတစ်ခုလုံးကို လွှမ်းခြုံထိရောက်မယ့် ပညာရေးမူဝါဒတစ်ခု (စနစ်သစ်တစ်ခု) အရင်ဆုံးလိုအပ်ကြောင်းပါ။

နို့မဟုတ်ရင် ဦးထုတ်လှလှလေးဆောင်းထားပြီး ဖိနပ်မြီးတို၊ ပုဆိုးစုတ်၊ အကျီပြဲ ၀တ်ထားတဲ့ မြန်မာ့သားကောင်းများကိုသာ တွေ့ရလိမ့်မည်ဖြစ်ကြောင်းပါ။

အော် ပြောဖို့ တစ်ခုကျန်သွားပါတယ်။ အထောက်အပံ့ပေးတဲ့ ပညာရေးဝန်းကျင်ဆိုတာ သင်ထောက်ကူပစ္စည်းတွေ၊ ဓာတ်ခွဲခန်းတွေကိုချည်း ပြောတာမဟုတ်ပါဘူး ။ ထိရောက်တဲ့  ပညာရေးဝန်းကျင်ြဖစ်လာရေးဆိုတာ အဲဒါတွေကိုပဲ ဖြည့်ခိုင်းတာ မဟုတ်ပါဘူး။ အဲလိုရုပ်ပစ္စည်းတွေကို ဖြည့်ဖို့ကလည်း ကျွန်တော်ဆီမှာ ငွေကြေးအင်အား မပြည့်စုံပါဘူး။ ဒါပေမဲ့ သူများလို ဒေါ်လာသန်းထောင်ချီ မသုံးနိုင်တာ အကြောင်းမဟုတ်ပါ။ ပညာရေးမှာ အဲဒါထက် ပိုပြီးအရေးကြီးတဲ့ ကီးပလေယာ ရှိပါတယ်။ အထောက်အပံ့ပစ္စည်းတွေ ချို့ငဲ့ပေမယ့် အဲဒီ့ကီးပလေယာနဲ့ ကလေးတွေအတွက် (အထူးသဖြင့် မူလတန်း၊ အလယ်တန်းကလေးတွေအတွက်) အရမ်းကောင်းတဲ့ ပညာရေးဝန်းကျင်ကို ဖော်ဆောင်နိုင်ပါတယ်။ အဲဒါ့ကတော့ ‘ဆရာ’ပါ။ ဒါကြောင့် နောင်လာမယ့် ပညာရေးမူဝါဒမှာ ဆရာတွေကို နှိုးဆွပေးမယ့်၊ တက်ကြွစေမယ့် (တစ်နည်းအားဖြင့် ကလေးတွေကို တက်တက်ကြွကြွ ထောက်ပံ့ လှုံ့ဆော်ပေးနိုင်တဲ့ ဆရာတွေဖြစ်လာဖို့) အစီအမံတွေ သေချာပေါက် ပါရ ပါလိမ့်မယ်။

Photo credit – http://globalvoicesonline.org/2014/10/14/protesting-students-and-teachers-in-myanmar-reject-law-they-claim-will-strengthen-junta-era-schooling-system/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး

One Response to မင်းခိုင် – သူတောင်းစားကို ဦးထုပ်လှလှလေး ဆောင်းပေးရုံမျှဖြင့်

  1. Fedanddem Zomi on April 8, 2015 at 9:08 pm

    The successive Brutal Bamar Racist Buddhist Fascist Mercenary Terrorist Rapist (BBRBFMTR) Governments (CG: 1958-1960; RC: 1962-1974; BSPP: 1974-1988; SLORC: 1988-1997; SPDC: 1997-2011; USDP: 2011-2015) have been blindfolding our students for 55 years now. These terrorist governments also muted our students.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)