စိုးနေလင်း – ဘီလူးစည်း လူ့စည်း

May 12, 2015

စိုးနေလင်း – ဘီလူးစည်း လူ့စည်း
(မိုးမခ) မေ ၁၂၊ ၂၀၁၅

ရာသီဥတုက ပူအိုက်စွတ်စိုနေဆဲ။ အိမ်ရှေ့ကွင်းပြင်ကျယ်ကြီးကိုဖြတ်ပြီး ဟိုးဝေးဝေးတောင်တန်းကြီးတွေဆီက တိုက်ခတ် လာနေတဲ့လေက အတော်လေးအေးမြလေတော့ တော်သေးရဲ့လို့ တွေးလိုက်မိတယ်။ ကြည့်နေမိတဲ့ အင်တာနက်စာမျက်နှာ တွေပေါ်က ပြည်တွင်းသတင်းတွေကလည်း ခန္ဓာကိုယ်ရဲ့အပူချိန်ကို မြင့်တက်လာစေနိုင်၊ သွေးလည်ပတ်မှုကိုလည်း မြန် ဆန်လာစေနိုင်တယ်ထင်ပါရဲ့။ တခါတလေ လူတချို့ရဲ့ စဉ်းစားတွေးမြင် ခံစားပုံတွေကို နားမလည်နိုင်ဖြစ်ရတယ်။ ရမယ့် အခွင့်အရေးလေးကမဖြစ်စလောက် သုံးစွဲခွင့်ရဖို့အရေး အောက်ကျို့ ရိုကျိုးနှိမ့်ချရမယ့် စစ်သွေးစစ်မာန်တက်နေတဲ့ မျက်နှာ တွေက အစီအရီထိုင်ခုံကြီးတွေပေါ်မှာ စစ်ယူနီဖောင်းအပြည့်အစုံဝတ်ပြီး အစွမ်းကုန်တင်းမာနေတဲ့ မျက်နှာထားကိုယ်စီနဲ့ မြန်မာနိုင်ငံတနိုင်ငံလုံးကို ကယ်တင်ထားရတဲ့ပုံစံမျိုး။ တနိုင်ငံလုံးက ပြည်သူလူထုကြီးကို တင်ကျွေးထားရတဲ့ ပုံစံမျိုး။ အရပ် ၀တ်တွေကတော့ ကျားသနားသော နွားချမ်းသာများပေပ။ မျက်နှာကို အောက်ချထား ပါးစပ်မဟရဲ။ အဲဒီမြင်ကွင်းကို စိတ် ကူးပုံဖော်ကြည့်လိုက်မိတာနဲ့ သူ့ရင်တွေ ခုန်လှုပ်မှု ကြမ်းလာတာ သွေးလှည့်ပတ်မှုတွေ မြန်ဆန်လာတာကို သတိပြုမိနေ တယ်။

အဲဒီအင်တာနက်စာမျက်နှာတွေကို မဖတ်ဘဲလည်း မနေနိုင်။ သံယောဇဉ်၊ တာဝန်ရှိမှု အဲဒီစကားလုံးတွေကို သုံးလို့ရမလား။ သမိုင်းခေတ်ကြီးကပေးအပ်လာတဲ့ တာဝန်ရှိမှုတခုကို ကိုယ်နဲ့မဆိုင်သလို မျက်နှာလွှဲခဲပစ်လုပ်ပစ်ဖို့ဆိုတာ သူ့တွေးမြင်ယုံ ကြည်မှုထဲမှာ ရေးရေးပျပျပင် မပေါ်ပေါက်ခဲ့ဘူးပါ။ ဆရာဗန်းမော်တင်အောင်ကို ဖျတ်ကနဲ သတိရလိုက်မိတယ်။ ဝေးလွင့် ကောင်းကင်ပြာကြီးထဲမှာ မြင့်မြင့်မားမား ပျံဝဲနေခဲ့တဲ့လင်းယုန်ငှက်ဟာ စိတ်ကူးရုပ်ပုံထဲကို ရုတ်တရက်ပျံဝဲ ၀င်ရောက်လာပြန် တယ်။ ကျယ်ပြန့်ပြာလွင်တဲ့ ကောင်းကင်ပြင်နဲ့ အမြင့်ပျံလင်းယုန်ငှက်တွေဟာ ပနံရလှတယ်။ ဟုတ်တယ်။ သူငယ်ငယ် ကသင်ယူခဲ့ရဖူးတဲ့ ရူပဗေဒပညာရပ်မှာ အလင်းရောင်ရဲ့အလျှဉ်ဟာ အလျှင်မြန်ဆုံးဖြစ်တယ်။ ဒါပေမယ့် အဲဒီအလင်းရဲ့အ မြန်ဆုံးအလျှင်နှုန်းကို လူ့ရဲ့စိတ်က အပြတ်အသတ် စံချိန်ချိုးပစ်လိုက်နိုင်ပြန်တယ်။ ကြည့်စမ်း…သံလွင်ခက်ကို ကိုက်ချီ ထားတဲ့ ချိုးဖြူငှက်ကလေးတကောင်ဟာ အရုပ်ဆိုးလှတဲ့ သံလှောင်အိမ်ထဲမှာ ညှိုးချုန်းနေရှာတယ်။ အတော်အကြဉ်း တန်တဲ့မြင်ကွင်းပေပဲ။ ခမျာ သူကိုက်ချီထားတဲ့သံလွင်ခက်ကလေးကို ဘယ်သူ့ဆီကိုမှ သယ်ဆောင်ပေးခွင့်မရနိုင်ဖြစ်နေရ ရှာတယ်။ ၀မ်းနည်းစရာကောင်းလိုက်လေ …။

ရုတ်တရက် ကိုယ့်ကိုယ်ကိုပြန်ကြည့်မိလိုက်တော့မှ အော်…သူ့တောင်ပံနှစ်ဖက်စလုံးမှာ မြားတွေ စူးဖောက်ထားပါရောလား။ ဒဏ်ရာကသွေးတွေလည်း တစက်စက်ယိုစီးကျဆင်းနေဆဲ။ ခြေထောက်တွေကိုအားပြုပြီး ခုန်လှုပ်ရွေ့ရှားလို့ရနေပေမယ့် ကောင်းကင်ပြာကြီးရဲ့ တနေရာရာကိုတော့ သူထုတ်ဖောက်ပျံသန်းလို့ မရနိုင်ဖြစ်နေရပြီ။ “ဘုရားသခင်…ဤ အမှောင်တွင်း နက်ထဲမှာ လူးလွန့်ခံစားခံစားနရရှာသူ လူသားရုပ်သွင် မပီပြင်နိုင်ကြတော့သောသတ္တ၀ါများကို ကယ်တင်လွတ်မြောက်စေ တော်မူပါ။” “မိစ္ဆာနတ်ဆိုး ဓမ္မန္တရာယ်များကို နှိမ်နင်းဆုံးမတော်မူပါ။” ကောက်ရိုးတမျှင်အဖြစ် သူဆုတောင်းတတ်ခဲ့ပြီ။ ပီပြင်ထင်ရှားမြင်နေရတဲ့ ဘီလူးမျက်နှာပေါ်မှာ မေတ္တာတရား သစ္စာတရား စာနာထောက်ထားမှု ဘာတခုမှမရှိ မတွေ့ရ။ သွေးရဲစွန်းပေနေတဲ့ အစွယ်ပြူးပြူးကို ကြောက်ရွံ့ဒူးထောက် ကောက်သင်းကောက်မယ့်သူတွေထဲမှာ တစ တစ ပါဝင်လိုသူ တွေများလာခဲ့ပြီ။ တကယ်တော့ သဘာဝဓမ္မကို ပကတိအတိုင်း ရှုမြင်နားလည်နိုင်ရင်၊ လူ့ဘ၀ရဲ့ဖြစ်တည်မှု ဘ၀အဓိပ္ပါယ် ရဲ့အနှစ်သာရကို အလေးအနက် နားလည်သဘောပေါက်ခံယူနိုင်ကြရင်…အဲဒီလိုချင်တပ်မက်မှုရဲ့အဆုံးနိဂုံးဟာ…လူတ ကိုယ်မှာ မြေဘယ်လောက်များများလိုမလဲ … အဲဒီ လောဘ ဒေါသ မောဟ မာန်မာနတွေရဲ့ အဆုံးနိဂုံးဟာ ပလာအစုတခု ထဲက သမုဒ္ဒရာရေမျက်နှာထက် ခဏတက်သည့်…။

တတိတိ တိုက်စားခံနေရတဲ့ ကမ်းပါးတခုလိုပြိုကျ မြစ်နက်တခုထဲ လျှပ်တိုက်မျောပါသွားမယ်ဆိုလည်း မျောပါပစ်လိုက် ချင်ရဲ့။ ဒါပေမယ့် အဲဒီမြစ်နက်ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းရှင်သန်နေတဲ့ မြစ်တမြစ်ဖြစ်စေချင်တယ်။ ရေအီနေတဲ့ ဗေဒါနဲ့ ဒိုက်သရောတွေနဲ့ပြည့်ကျပ်ဆို့ပိတ်နေတဲ့ မြစ်တမြစ်၊ ရေခဲမြစ်တမြစ်တော့ မဖြစ်စေချင်ဘူး။ သူက ဗေဒါပင်တွေပေါ်မှာ အမြင်မှာတော့ ဆရာကြီးဇော်ဂျီနဲ့ မတူကွဲပြားဖြစ်နေပြန်တယ်။ မတတ်နိုင်ပေဘူး။ ခုပဲကြည့်တော့ ဧရာဝတီဟာ ယန်စီ ဗော် လဂါ အဲဒီလိုမြစ်ကြီးတွေနဲ့ ဘယ်မှာတူတော့လို့လဲ။ ဗေဒါပင်တို့ ကြပ်ခဲပိတ်ဆို့လွန်းလှလို့ ရေအီလေးတွဲ မြစ်ဟာ မြစ်မပီသ ပြိုကျကမ်းပါးတွေနဲ့အတူ သစ်တောတွေလည်းပြုန်းတီးခဲ့လို့ လေရူးနဲ့အတူ ယိမ်းနွဲ့ပျော့တွဲ ပဲ့ပြားပင်တို့သာ သဲသဲလှုပ်လှုပ် အုပ်ဖွဲ့လို့ နေခဲ့ပြီ။ အဲဒီပဲ့ပြားပင်တွေကတော့ အသက်ရှင်နေထိုင်ခွင့်လေးရမယ်ဆိုရင် မြေကြီးအထိပဲ ယိမ်းလှဲရ ယိမ်းလှဲရ ညွှတ်ပျောင်းရ ညွှတ်ပျောင်းရ ကကြိုးတခုလိုတောင် သဘောထားနေကြပုံရရဲ့။ ဒါဟာ ကိစ္စကောင်းဖြစ်ပါသလား။ ပျော့ ပျောင်းမှုနဲ့ အညံ့ခံ အလျှော့ပေးလိုက်လျှောမှုဟာ အများကြီးခြားနားကွဲပြားပါတယ်။ မြေပြင်အထိ လျှော့ပေးညွှတ်ပြောင်း လိုက်တဲ့အခါ ဖိအားတခုခုသက်ရောက်ခံရမယ်ဆိုရင် ပြန်လည်ထူမတ်နိုင်ဖို့ အများကြီးခက်ခဲသွားပါလိမ့်မယ်။

မြစ်တမြစ်ရဲ့ရေစီးမှာ ဗေဒါနဲ့ဒိုက်သရောတွေ တင်းကျမ်းပြည့်ပိတ်ဆို့နေတဲ့အခါ အဲဒီမြစ်ကြောင်းဟာ ခရီးလမ်းကောင်းတခုမဖြစ်နိုင်ပေဘူး။ သူကတော့ အဲဒီလိုမြစ်တမြစ်ထဲမှာ နှစ်ပေါင်းများစွာ တိုးချဲ့ဆန်တက်ရင်း ခရီးမတွင်ဖြစ်ခဲ့ရ။ တလျှောက်လုံး ရေဆန်ခရီးချည်းသာ။ ခရီးမတွင် အားအင်ကုန်ခန်း မောနွမ်းခဲ့ရ။ မြစ်ရဲ့ကြမ်းခင်းအထိ စုတ်ယူဆွဲချ ၀ါးမျိုသွားနိုင်တဲ့ ရေ၀ဲကတော့တွေကလည်း ပေါများလှပါဘိ။ ဘယ်လိုပဲ သတိ ၀ိရိယ အသိဉာဏ်ပညာရှိရှိ၊ ခရီးနှင်ခဲ့ပေမယ့်လည်း ရေ၀ဲက တော့ကြီးနှစ်ခုရဲ့ စုတ်ယူဆွဲချဝါးမျိုတာကို ခံခဲ့ရသူအဖို့ ကျားကုတ်ကျားခဲ ရုန်းကန်ပြန်တက်နိုင်ခဲ့ပေမယ့် ရှေ့ဆက်ရမယ့် ရေဆန်ခရီးမှာ မှောင်အတိ ပိတ်ဆီးလို့နေပြန်ရဲ့။

အစိုးမရနိုင်ဖြစ်စဉ်တခုထဲမှာ ရသမျှကို လိပ်တကောင်လို ယက်သွင်းစုဆောင်းရင်း တွင်းဝင်ဖြောင့်ဖို့ ကြိုးစားနေကြတဲ့ မြွေဆိုးအမျိုးမျိုးကလည်း ပိုလို့သာ များပြားလာနေရဲ့။ မြွေပူရာ ကင်းမှောင့်၊ အူမ မတောင့်လို့ သီလမစောင့်နိုင် ဆိုတဲ့စကား ကို ဒိုင်းလွှားတခုလိုအသုံးချပြီး သီလပျက် သီလကြောင် ကြောင်သူတော်တို့ ခြေချင်းလိမ်ယှက်နေသောကာလမျိုးမှာ မြေ သားရဲ့ကျေးဇူးတရားကို စောင့်သိရိုသေသူများအဖို့ ဘာကိုစိုက်ပျိုးလို့ ဘာကိုရိတ်သိမ်းရမှန်းမသိ ဖြစ်ခဲ့ရပြီ။ မြန်မာပြည်ဆိုတဲ့ ဒီတိုင်းပြည်ရဲ့သမိုင်းမှာ တုနှိင်းစရာမဲ့ ရိုင်းမိုက်ကြသူတွေက ထင်သလို မင်းမူချယ်လှယ်ခွင့်ရ။ အလှတရားဆိုတာတွေလည်း စံလွဲဖောက်ပြန် အငြိမ့်ဇာတ်ပွဲတွေမှာ လူရွှင်တော်တွေ ပျက်လုံးထုတ်ခဲ့ကြသလို “မှန်တဲ့သူတွေ ကျကုန်ကြပြီ” အဖြစ်မျိုးက လည်း ကာလရှည်ကြာလှပေါ့။

ဒီတခါ ဆရာဗန်းမော်တင်အောင်ကို သတိရမိတာကတော့ ဆရာရဲ့အရည်အသွေးတွေကို မဟုတ်ပါဘူး။ ဆရာရဲ့ အရေး အသားပိုင်းမှာ ပြောစမတ်အဖြစ်တင်ကျန်ခဲ့တဲ့ “ကျနော်ကကော ဘာများတတ်နိုင်အုံးမှာလဲ” ဆိုတဲ့ အရေးအသားလေးပါ။ တကယ့်လက်တွေ့ဘ၀မှာ တခြားသူတွေအတွက်မဆိုလိုပေမယ့် သူ့အဖို့တော့ “ကျနော်ကကော ဘာများတတ်နိုင်အုံး မှာလဲ” လို့ ပြောခဲ့ရ ညည်းညူခဲ့ရတဲ့ အကြိမ်ပေါင်းလည်း မနည်းလှတော့လို့ ပြောရပေလိမ့်မယ်။ အထူးသဖြင့် မတရား တဲ့အမိန့်အာဏာတရပ်ကို အာခံဆန့်ကျင်တဲ့အခါမျိုးမှာပါ။ သူ့အနေနဲ့ တုန့်ပြန်အာခံ ဆန့်ကျင်ခဲ့သလို တခြားသူတွေကို လည်း မတရားမှုကို အာခံဆန့်ကျင်ကြည့်ကြစေချင်တဲ့စေတနာ ရှိပါတယ်။ ဒါပေမယ့် အဲဒီတခြားသူတွေက အာခံဆန့်ကျင်ဖို့မကြိုးစားကြပါဘူး။ အာခံဆန့်ကျင်မှုလုပ်လိုက်ရင် သူတို့ရဲ့ အကျိုးစီးပွားတစုံတရာကို ထိပါးခံရမှာ စိုးကြပါတယ်။ နာခံ ဆောင်ရွက်လိုက်ပြီး သူတို့ရဲ့ နေမြဲတိုင်းအခြေအနေကို အပျက်မခံလိုကြပါဘူး။ အဲဒီလိုအခြေအနေမျိုးမှာ သူ့အနေနဲ့ “ကျ နော်ကကော ဘာများတတ်နိုင်အုံးမှာလဲ” လို့ပဲ။

အဲဒီလို တွေးလိုက်ရ ပြောလိုက်ရတာဟာ တကယ်တော့ သိပ်မလွယ်လှပါဘူး။ သူရဲ့စိတ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိ စေပါတယ်။ အဲဒီလိုမျိုး စိတ်ဒဏ်ရာရခဲ့ရတဲ့ အကြိမ်ပေါင်းလည်း မနည်းမနောရှိခဲ့ပြီကော။ ခန္ဓာကိုယ်မှာသာ ဒီလိုဒဏ်ရာ မျိုး အကြိမ်ကြိမ်ခံစားခဲ့ရမယ်ဆိုရင် သူ့ရဲ့အသက်ရှင်ရပ်တည်မှုကိုတောင် ထိပါးရပ်ဆိုင်းသွားစေနိုင်လောက်ရဲ့။ ဒါပေမယ့် လျှောက်နေဆဲခြေလှမ်းတွေကို ရပ်ဆိုင်းပစ်လိုက်ရတော့မှာလား။ ဒီလိုတော့လည်း သူ့ရဲ့ယုံကြည်တွေးမြင်မှုက ခွင့်မပြု နိုင်ပြန်။ ဒါမှမဟုတ် အရိပ်ကောင်းတဲ့သစ်ပင်တပင်ရဲ့အောက်မှာ ဖျာလေးတချပ်ခင်းပြီး သက်တောင့်သက်သာ နေလိုက်မ လား။ ဒီလိုလည်း သူကမလုပ်ချင် မလုပ်နိုင်ပြန်။ အလင်းကိုလည်း တွေ့နေရတယ်၊ အမှောင်ကိုလည်း တွေ့နေရတယ်။ ဓမ္မကိုလည်း တွေ့နေရတယ်၊ အဓမ္မကိုလည်း တွေ့နေရတယ်။ အကျိုးစီးပွားစီးဆင်းနေရာအရပ်ကိုလည်းတွေ့နေရတယ်။ အကျိုးစီးပွားစုပုံရာအရပ်ကိုလည်း တွေ့နေရတယ်။ ချမ်းသာခြင်းကိုလည်း တွေ့နေရတယ်။ ဆင်းရဲခြင်းကိုလည်း တွေ့နေရ တယ်။ စည်းရဲ့တဖက်တချက်ကို ပြတ်ပြတ်ထင်ထင်မြင်နေရရဲ့နဲ့ နောက်ဆုံးရထားဆိုတာကို စီးပစ်လိုက်ကြတော့မှာလား။ စောစောရောက်သွား ပြီးရောပေါ့ဆိုပြီး အလောတကြီး တက်စီးလိုက်ကြတော့မှာလား။ နည်းနည်းလေး လေးလေးနက်နက် စဉ်းစားကြည့်ကြစေချင်ပါတယ်။ အဲဒီရထားကို ဘယ်သူကမောင်းနှင်မှာပါလဲ။ ဘယ်ကိုဦးတည်မောင်းနှင်မယ်ဆိုတဲ့ ဦး တည်လမ်းကြောင်းကိုရော ကြည့်ပြီး သိပြီးကြပါပြီလား …။

ငယ်ငယ် အလယ်တန်းကျောင်းသားဘ၀လောက်က မြန်မာဖတ်စာမှာသင်ခဲ့ရတဲ့ မဟော်သဓာ သားတရားစီရင်ခန်းကို မကြာမကြာ သတိရနေမိတတ်တယ်။ လူသားကလေးကို အာသာငမ်းငမ်း စားချင်နေတဲ့ ဘီလူးမနဲ့ ကလေးမိခင်ရင်းကို သူ့ဘက် ကိုယ့်ဘက်ဆွဲခိုင်းပြီး ဘယ်သူဟာပိုင်ဆိုင်သူ မိခင်ရင်းဖြစ်တယ်ဆိုတဲ့ အဖြေကိုထုတ်၊ တရားစီရင်ပေးခဲ့တဲ့အဖြစ်ကလေးပေါ့လေ။ သားကလေးနာကျင်မှာစိုးရှာတဲ့ မေတ္တာရှင်မိခင်ရင်းကတော့ သားစားဘီလူးမနဲ့ ယှဉ်ပြိုင်အနိုင်လု မဆွဲရက်ရှာပေးဘူး။ ဒါပေမယ့် ပညာရှိ မဟော်သဓာက အဲဒီအချိန်မှာ တရားစီရင်ရသူ တရားသူကြီးဖြစ်နေလေတော့ … ဇာတ်တော်ကို ပေါင်းလတ်သော်ဆိုတာမျိုးရှိခဲ့ .. အမှန်တရားက အောင်ပွဲရခဲ့ပါတယ်။

စိတ်ဆိုတာကလည်း အခက်သားပဲလေ။ မနေနိုင်လို့ ဖတ်လိုက်ပြန်တဲ့ အင်တာနက်သတင်းစာမျက်နှာတွေပေါ်မှာ မြန်မာ နိုင်ငံက စစ်အာဏာရှင်တွေက နိုင်ငံသား အကျဉ်းသား ၇၀၀၀ ကျော် လွှတ်လိုက်ပြီဆိုတဲ့သတင်း ထိပ်ဆုံးမှာတက်နေတယ်။  ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှမသုံးသေးတဲ့ အသုံးနှုန်း အသစ်ပါပဲ။ ကလိမ်ကညစ်ကျတဲ့နေရာမှာတော့ တုနှိုင်းမဲ့လို့ ဆိုရပါလိမ့် မယ်။ တကယ်တမ်း လွှတ်ပေးသင့်တဲ့ ဘာရာဇာဝတ်မှုမှ မကျူးလွန်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ရောက်ပါပါသလဲ။ ၂၅၀ လောက်ပါတယ်လို့ ခန့်မှန်းရတယ်လို့ သတင်တွေက ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားက ဘယ်၍ ဘယ်မျှ၊ ရာဇ၀တ် အကျဉ်းသားက ဘယ်လောက်၊ အဲဒီလို ရိုးရိုးသားသား အသိပေးကြေညာလို့ရပါရဲ့နဲ့ ဘာလို့ မကြေညာတာပါလဲ။ မရိုးသားလို့ပါပဲ။ အကျိုးလိုလို့ ညောင်ရေလောင်း၊ သူတို့အာဏာတည်မြဲရေးအတွက် နိုင်ငံတကာကို ပြလိုက်တဲ့ ကစားနေကြ ကစားကွက်ကလေးတခုပါ။ လွတ်လာနိုး လွတ်လာနိုးနဲ့ မျှော်ကိုးနေကြပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေ ဇနီး ခင်ပွန်းတွေ ဘယ်လောက်များ စိတ်ဆင်းရဲလိုက်ကြာရှာလေမလဲ …။ အကုသိုလ်များလိုက်လေ ….။

ဇာတ်တော်ကတော့ ပေါင်းဖို့သင့်နေတာ ကာလကြာပြီကော။ ဘီလူးကေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်