မောင်သာလင်း – ဒဂုံစီးတီးကို တိုင်းအစိုးရနှင့် ရွှေတိဂုံဂေါပက ကန့်ကွက်မည်မဟုတ်

June 14, 2015

ရွှေတိဂုံဘုရားအနီးရှိ ဒဂုံစီးတီး စီမံကိန်းပြပုံငယ် /Photo: Marga Group
မောင်သာလင်း – ဒဂုံစီးတီးကို တိုင်းအစိုးရနှင့် ရွှေတိဂုံဂေါပက ကန့်ကွက်မည်မဟုတ်
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၅

ရွှေတိဂုံစေတီအနီး ဒဂုံစီးတီး အိမ်ရာ ဆောက်လုပ်ရေးကို ကန့်ကွက်မှုများရှိလာချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ရွှေတိဂုံဂေါပကတို့က ၎င်းတို့၏ သဘောထားများကို အလျင်အမြန် ထုတ်ပြန်လိုက်ကြသည်။

ဘုရားအနီး စစ်တပ်နယ်မြေအတွင်း အထပ်မြင့် အဆောက်အအုံများတည်ဆောက်နေခြင်းမှာ “စိုးရိမ်ပူပန်စရာ မရှိပါဘူး” ဟု ရွှေတိဂုံဂေါပကအဖွဲ့ဝင် ဦးစိန်ဝင်းအောင်က  ဇွန်လ ၁၂ ရက်နေ့တွင် သတင်းထောက်များကို ပြောလိုက်သည်။

“ရွှေတိဂုံမြေပေါ်မှာ ဆောက်လုပ်တာမဟုတ်တဲ့အတွက် ကျွန်တော်တို့ ဝင်ရောက်စွတ်ဖက်ခြင်းမပြုဘူး” ဟု ဦးစိန်ဝင်းအောင် က ဆိုသည်။

“ရွှေတိဂုံဧရိယာပြင်ပဖြစ်လို့ ကျွန်တော်တို့နဲ့ ဘာမှမပတ်သက်ဘူး”

ကန့်ကွက်သူများရှိသောကြောင့် ဆိုင်းငံ့ထားသည့် ဆောက်လုပ်ရေးစီမံကိန်းကို အပြီးသတ်ရပ်ဆိုင်းရန် ရန်ကုန်တိုင်းလွှတ် တော်တွင် ဇွန်လ ၉ ရက်နေ့က ဆွေးနွေးရန် ပြင်ဆင်နေစဉ် တိုင်းအစိုးရက ကြားဖြတ်ဝင်ရောက်ပြီး ကန့်ကွက်ခဲ့သည်။

တပ်နယ်မြေအတွင်းရှိ စီမံကိန်းသည် ပြည်ထောင်စုအစိုးရနှင့်သာ သက်ဆိုင်သည်ဟု တိုင်းအစိုးရက ဆိုသည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ ကြီးစိုးသော  တိုင်းလွှတ်တော်တွင်
ထိုစီမံကိန်းအကြောင်း  ဆွေးနွေးရေးအတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၃ ဦးသာ ရှိခဲ့သည်။

ရန်ကုန်အခြေစိုက် ရွှေတိဂုံစေတီ ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုများ အဖွဲ့က “ရွှေတိဂုံစေတီတော်ကြီး ကြုံတွေ့နေရ သော ဘေးအန္တရာယ်များအကြောင်း” ဇွန်လ ၁၇ ရက်နေ့ ရှင်းလင်းပွဲမတိုင်မီ တိုင်းအစိုးရ၊ ရွှေတိဂုံဂေါပကတို့၏ သဘောထား ပေါ်ထွက်လာခြင်း ဖြစ်သည်။

အပြင်းပွားဖွယ် စီမံကိန်းနှင့်ပတ်သက်ပြီး ရန်ကုန်အခြေစိုက် အမျိုးဘာသာသာသနာအဖွဲ့၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း မရှိသေးပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

One Response to မောင်သာလင်း – ဒဂုံစီးတီးကို တိုင်းအစိုးရနှင့် ရွှေတိဂုံဂေါပက ကန့်ကွက်မည်မဟုတ်

  1. thanswe on June 14, 2015 at 11:00 am

    မျက်ကန်းများ တစေမကျောက်ပါ။ဉီးစိန်ဝင်းအောင်အိမ်ရှေ့မှာ ချီးပါကြည့်ရအောင်…

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်