ခင်မောင်စော (ဘာလင်) – ပင်လုံစာချုပ်နှင့်ပြည်နယ်များ အကြောင်းတစေ့တစောင်း

June 27, 2015

 ခင်မောင်စော (ဘာလင်) – ပင်လုံစာချုပ်နှင့်ပြည်နယ်များ အကြောင်းတစေ့တစောင်း

(မိုးမခ) ဇွန် ၂၇၊ ၂၀၁၅

၁။ နိဒါန်း
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ချုပ်ဆိုခဲ့သောပင်လုံစာချုပ်ကို အချို့သောသူများက ပြည်ထောင်စုကြီး၏ အုတ် မြစ်ဟုဆိုကြသကဲ့သို့ အချို့သောသူများကလည်း အနာဂတ်ပြည်ထောင်စုကြီးတွင်ပါဝင်ရမည့် တိုင်းရင်းသားအချို့ကို မဖိတ်ခေါ်ခဲ့၍ ပြည်ထောင်စုအစစ်၏ အခြေခံစာချုပ်မဟုတ်ဟု ဝေဖန် ကြပြန်သည်။ ဤစာတမ်းတွင် စာရေးသူသည် ပင်လုံစာချုပ်ဖြစ်ပေါ်လာရပုံကိုအခြေခံပြီး လေ့လာဝေဖန် သုံးသပ်ပြပါမည်။

၂း ၁ ကိုလိုနီခေတ် မြန်မာပြည်နှင့် ဒိုင်အာခီအုပ်ချုပ်ရေး
၂း ၁း ၁ ကိုလိုနီခေတ်ဦး

၁၈၈၅ ခုနှစ် နိုဝင်ဘာလအတွင်း အင်္ဂလိပ်စစ်တပ်များ ရတနာပုံနေပြည်တော် (ခေါ်) မန္တလေးမြို့ကို သိမ်းယူပြီးချိန်တွင် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးဘုရင် သီပေါမင်းနှင့် မိဖုရားနှစ်ပါးဖြစ်သော စုဖုရားလတ်နှင့် စုဖုရားလေးတို့ကို အိန္ဒိယ နိုင်ငံသို့ ဖမ်းခေါ်သွားပြီး ဘုံဘိုင်နယ် ရတနာဂီရိတွင် အကျယ်ချုပ်ချထားသည်။ ၁၈၈၆ခု ဇန္န၀ါရီလ ၁ ရက်နေ့တွင် အိန္ဒိယ ဘုရင်ခံချုပ်က မြန်မာပြည်ကို ဗြိတိသျှ အိန္ဒိယအင်ပါယာအတွင်း သွတ်သွင်းလိုက်ကြောင်း ကြေညာလိုက်ပြီး အိန္ဒိယပြည်၏ ပြည်နယ်အဖြစ် အုပ်ချုပ်ခဲ့သည်။ မြန်မာတို့ကျွန်ဘ၀မှ သပေါက်ဘ၀သို့ ကျဆင်းသွားခဲ့ရသည်။

သီပေါမင်းခမျာမှာ ဘိုးလောင်းတော် ဘေးလောင်းတော်တို့ အိမ်နီးချင်း မွန်နိုင်ငံ၊ ယိုးဒယားနိုင်ငံ၊ ရခိုင်နိုင်ငံတို့အပေါ် မတ ရားတိုက်ခိုက်သိမ်းယူဗိုလ်ကျခဲ့သည်များအတွက် ကာလ၀ိပါက် နောက်ပိုးတက်သလို ၀ဋ်ခံခဲ့ရရှာသည်။ အကြီးဆုံးသမီး တော်မှာ အိမ်တော်မှ အစေခံကုလား၏ ခြေတော်တင်ခြင်းခံလိုက်ရပြီး လင်မရခင် ဗိုက်ကြီးလေတော့သည်။ ၎င်းကုလားမှာ လည်း သားကြီးမယားကြီး ရှိဟန်တူသည်။ ယခုတိုင် သီပေါမင်း၏ မြေး၊ မြစ်၊ တီ၊ ကျွတ်၊ ကုလားများ အိန္ဒိယပြည်တွင်ဆင်းရဲစွာရှိနေသည်။  မြန်မာစကားလည်း မတတ်ကြတော့ပေ။ လွန်ခဲ့သည့်သုံးနှစ်လောက်က သမတဦးသိန်းစိန် ၎င်းတို့ကို အိန္ဒိ ယ၌တွေ့ခဲ့၍ သနားပြီး ဒေါ်လာတထောင်ပေးခဲ့သည်ဟုဆိုသည်။ သီပေါဘုရင်မှာ ရင်ကွဲနာကျပြီး ငယ်ငယ်နှင့် နတ် ရွာစံရရှာ သည်။ သီပေါဘုရင်ထက်စောပြီး မိဖုရားငယ်ဖြစ်သော စုဖုရားလေး ကံတော်ကုန်သည်။ ၎င်းတို့၏ဂူများ ရတနာဂီရိတွင် ယနေ့တိုင်တွေ့နိုင်ပေသည်။ နောက်ပိုင်းတွင် မိဖုရားခေါင်ကြီး စုဖုရားလတ်ကို မြန်မာပြည်သို့ပြန်ခွင့်ပြုသော်လည်း ရန်ကုန် တွင်သာ နေရသည်။ မန္တလေးသို့ သွားခွင့်မပြုခဲ့ကြပေ။

အင်္ဂလိပ်များမြန်မာပြည်ကိုသိမ်းပြီးကာစက မြန်မာ့ဇာတိမာန်ကို ချိုးရန်အကြံထုတ်ရာ နောက်ဆုံး၌ လူဦးရေနည်းသော မြန်မာပြည်ကို လူဦးရေများသောအိန္ဒိယပြည်တွင်းသွင်းပြီး အိန္ဒိယပြည်၏ ပြည်နယ်တခုအဖြစ်ထားကာ သန်းချီသော ကုလားများကို မြန်မာပြည်တွင်းသွင်း၍ လူကိုလူချင်းမျိုသည့်နည်းဖြင့် မြန်မာလူမျိုး ပျောက်သွားစေရန် အကြံကို ရခဲ့ကြ သည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာ ထင်အောင်က အောက်ပါအတိုင်းရေးခဲ့ပါ သည်။

“Lord Dufferin, finally decided to annex the territory altogether and, with a view to further humiliate the Burmese people, declared the whole country to be a mere province of the Indian empire.  He probably hoped that the Burmese would lose their separate racial identity under the flood of Indian immigrants”. (See details: Maung Htin Aung, A History of Burma,Columbia University Press, 1967, p. 266)

၂း၁း ၂ မြန်မာပြည်အုပ်ချုပ်ရေးများ၊  
၁၈၈၆ ခုနှစ်မှစပြီး မြန်မာပြည်ကို “ချိ ကော်မရှင်နာ” (Chief Commissioner) ခေါ် မဟာဝန်ရှင်တော် မင်းကြီးက အုပ်ချုပ် ခဲ့သော်လည်း ၁၈၉၇ ခုနှစ်မှ ၁၉၂၂ ခုအထိ လက်ဖ်တင်နင် ဂါဗာနာ (Lt. Governor) (ခေါ်) ဒုတိယဘုရင်ခံ အုပ်ချုပ်သည့်နယ် အဖြစ် အဆင့်မြှင့်ပေးခဲ့သည်။ ၁၉၁၈မှ ၁၉၂၂အထိ အုပ်ချုပ်ခဲ့ သော ဒုတိယဘုရင်ခံ Sir Reginal H. Craddock မှာ သား ဆရာတော် ဦးဥတ္တမက “Craddock, Get out!” ဟု မောင်းထုတ်ခြင်းခံရသူ ဖြစ်သည်။  ကရက်ဒေါက်မှာ  မြန်မာပြည်၏ နောက်ဆုံး ဒုတိယဘုရင်ခံ ဖြစ်သည်။ ဆရာတော်၏ မောင်းထုတ်မှုနှင့်လည်း သက်ဆိုင်နေသလောဟု တွေးတောစရာဖြစ် နေပါသည်။ ၁၉၂၃ ခုနှစ်မှ လွတ်လပ်ရေးရချိန်အထိ (ဂျပန်ခေတ်မှလွဲ၍) (Governor) ဂါဗာနာခေါ် ဘုရင်ခံ မင်းကြီး အုပ် ချုပ်သည့်နိုင်ငံအဖြစ် ထပ်မံအဆင့်မြှင့်ပေးခဲ့ပြီး ၁၉၃၇ ခုနှစ်မှစပြီး အိန္ဒိယပြည်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိတော့သော “Crown Colony” ခေါ် သီးခြားကိုလိုနီ ဖြစ်လာခဲ့သည်။ မလေးယားပြည် (Malaya)၊ သီဟိုဠ်ကျွန်း (Ceylon)၊  ဟောင်ကောင် စသည်တို့မှာလည်း အာရှတိုက်ရှိ ဗြိတိသျှ ကရောင်း ကိုလိုနီနယ်များ ဖြစ်ခဲ့သည်။

၂း ၁း ၃  ဒိုင်အာခီအုပ်ချုပ်ရေး။ (Dyarchy or Dual Government)

၁၉၂၃ခုနှစ်တွင် ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ဖြင့် Burma Proper ခေါ် မြန်မာပြည်မကြီးနှင့် Frontier Areas ခေါ် တောင်တန်းဒေ သများအဖြစ် အုပ်ချုပ်ရေး ၂ ခု ခွဲလိုက်သည်။

ချင်းတောင်တန်းများ တောင်တန်းများ (ပူတာအိုခရိုင်) ရှမ်းတောင်တန်းများနှင့် ကရင်နီနယ်များကို တောင်တန်းဒေ သများအဖြစ် မြန်မာပြည်ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။

ရခိုင်တိုင်း။ ဧရာဝတီတိုင်း။ ပဲခူးတိုင်း။ မန္တလေးတိုင်း။ စစ်တိုင်းတိုင်း (နာဂတောင်တန်းများ အပါအ၀င်) ။ မကွေးတိုင်း။ တနင်္သာရီတိုင်း (ယခုခေတ် ကရင်ပြည်နယ် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း) တို့ကို ပြည်မ (Burma Proper) အဖြစ် လွှတ် တော်ထားခွင့်ပြုပြီး ဘုရင်ခံနှင့် လွှတ်တော်လက်တွဲ၍ အုပ်ချုပ်ခဲ့သည်။ ယေဘုယျအားဖြင့် မြန်မာအမတ် ၅၈ဦး လူနည်းစု အမတ် ၂၄ ဦး ဘုရင်ခံက တိုက်ရိုက်ခန့်သောအမတ် ၂၄ ဦးရှိသော ပြည်မ၏ နိုင်ငံရေးအဆင့်အတန်းမှာ တောင် တန်းဒေသ များထက် မြင့်မားသည်ဟုဆိုနိုင်သော်လည်း လွှတ်တော်မှဆုံးဖြတ်ချက်အားလုံးကို ပယ်ချနိုင်သော ဗီတိုအာဏာကို ဘုရင်ခံ ကကိုင်ထားသဖြင့် လက်တွေ့တွင်မူ ခြားနားမှုမရှိလှပါ။ သွေးခွဲအုပ်ချုပ်သောစနစ် (Divided and Rule) သာ ဖြစ်ပါသည်။  ထိုအချိန်မှစ၍ ပြည်မနှင့် တောင်တန်းဒေသဟူဟော အသုံးများပေါ်လာပါသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဟောင်းဒေါက်တာ ထင်အောင်က အောက်ပါ အတိုင်းရေးခဲ့ပါသည်။

“The British has forced King Mindon to recognize the independence of the Karenni states, which had always been part of Burma, but after the fall of the Burmese kingdom they promptly turned the Karenni states into the British territory but kept them entirely separate from Burma.  Now they were separating the hill regions of the Chins and the Kachins, and the plateau of the Shans entirely from the rest of Burma, on the excuse that the people in those regions were politically not advanced and must be kept under the direct control of the British governor of Burma, and they declared that the affairs of those regions were not discussable by the legislature that was to be established under the diarchy reforms.  In addition, they divided the people in the plain into racial groups, namely Burmese, Indians, Anglo-Indians, and the Karens, on the excuse that racial minorities were entitled to special protection by the British government.  Anglo-Indians included Anglo-Burmese, whose number was small because intermarriage between the British and the Burmese was not common.  The total population of Anglo-Indians themselves was small and the majority of them had come from India; except that they wore trousers and coats and had English names, they were really Indians and could have been classified as such.  As to the Karens, in spite of exaggerated claims by the Chistrian missionaries, at least 85 per cent were non-Christians, and thus the sake of a small Christian minority the idea of racial division was introduced”. (See details: Maung Htin Aung, A History of Burma,Columbia University Press, 1967, p. 285-86)

၂း ၁း ၄ အင်္ဂလိပ်ခေတ် လက်နက်ကိုင်တပ်များ
အစဦး၌ အင်္ဂလိပ်များသည် ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် မြန်မာ မွန် ရခိုင် ရှမ်းစသည့် လူမျိုးစုများကို လက်နက်ကိုင်တပ် များအတွင်းသို့ ၀င်ခွင့်မပြုခဲ့ပေ။ ခရစ်ယာန်ဘာသာဝင် အများစုဖြစ်သည့် ချင်း ကချင် စသည့်တောင်တန်းသားများကိုသာ ၎င်းတို့ဖွဲ့သည့်တပ်များအတွင်း ၀င်ရောက်ခွင့်ပြုခဲ့သည်။ ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာနှင့် နတ်ကိုးကွယ်သူဟူ၍ သုံးမျိုးဖြစ် နေသော ကရင်များတွင်လည်း ခရစ်ယာန်ဘာသာဝင်များကိုသာ ဦးစားပေးလက်ခံခဲ့သည်။ သို့ရာတွင် King’s Commission ခေါ် ဘုရင်က တိုက်ရိုက်ခန့် သည့် ရာထူးများကိုမရဘဲ (Governor General’s Commission ) ခေါ် ဘုရင်ခံချုပ်ကခန့်သော ရာထူးများကိုသာ ရခဲ့ကြသည်။ ၎င်းရာထူးများမှာ အခေါ်အဝေါ်ကွဲသလို ရသည့်လစာများလည်း ခြားနားကြပါသည်။ ဘုရင် ခံချုပ်ကခန့်သည့် စစ်ဗိုလ် စစ်သားများကို ဂျမဒါ။ ဆူဗေဒါ ။ ရိုင်ဖဲမင်း စသည်ဖြင့်ခေါ်ပြီး King’s Commission က ခန့်သည့် စစ်ဗိုလ်များမှာ နိုင်ငံတကာ အခေါ်အဝေါ်အတိုင်း လက်ဖ်တင်နင်။ ကက်ပတိန်။ မေဂျာ စသည့်ရာထူးများဖြင့် ပိုကောင်းသော လစာနှင့် အခွင့်အရေးများ ရကြပါသည်။ ပထမကမ္ဘာစစ်ကြီးဖြစ်ပြီး စစ်သားများအလွန်လိုအပ်လာသောအခါ ဗုဒ္ဓဘာသာဝင် များကို စစ်ထဲဝင်ခွင့်ပြု လိုက်ပြီး မက်ဆိုပိုတေးမီးယား (Mesopotemia) ယခုခေတ်အခေါ် အရှေ့အလယ်ပိုင်း စစ်မျက်နှာသို့  ၀န်ထမ်းတပ်များ (Labour Corps) ဆပ်ပါမိုင်းနား (Sappers & Miners) ခေါ် မိုင်းရှင်း မိုင်းထောင်တပ်များ။ (Medical Corps) ဆေးတပ်သားများအနေနှင့် စေလွှတ်သည်။ နောက်ပိုင်းတွင်သီချင်းရေးဆရာ နာမည်ကြီးဖြစ်လာမည့် နန်းတော်ရှေ့ ဆရာတင်မှာ ဆေးတပ်သားဖြစ်ခဲ့သည်။ ရတောင့်ရခဲ King’s Commission ရာထူးကိုလည်း ဗုဒ္ဓဘာသာဝင်ထဲမှ ၄ ဦးကို ချီးမြှင့်ခဲ့သည်။ နောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အကြံပေးဖြစ်လာမည့် ဦးတင်ထွဋ်မှာ ၎င်းလေးဦးထဲမှ ၀ါအရင့်ဆုံး စစ်ဗိုလ်ဖြစ်သည်။


၂း၂ ပင်လုံအကြိုခေတ်
၂း၂း၁ ဒုတိယကမ္ဘာစစ်နှင့် မြန်မာစစ်တပ်

ဒုတိယကမ္ဘာစစ်မှာ ဥရောပတိုက်တွင် ၁၉၃၉ခု ဂျာမန်တို့ ပိုလန်ကို ၀င်ရောက်တိုက်ခိုက်စဉ်ကပင် စခဲ့သော်လည်း အာရှ တိုက်တွင်မူ တရုတ်-ဂျပန် စစ်ပွဲအဖြစ်သာရှိနေသေးသည်။ ၁၉၄၁ခု ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဟာဝိုင်ယီကျွန်း ပုလဲဆိပ် ကမ်းကို ဂျပန်တို့ စစ်မကြေညာဘဲ ၀င်ရောက်တိုက်ခိုက်သောအချိန်မှစပြီး အာရှတိုက်တွင်လည်း ဒုတိယကမ္ဘာစစ်ကြီး ဖြစ်တော့သည်။ အများသိပြီးဖြစ်သည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ် ဂျပန်အကူအညီဖြင့် ၁၉၄၁ခု ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ယိုးဒယားပြည် ဘန်ကောက်မြို့၌ မြန်မာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်တည် ထောင်သည်။ ဂျပန်များ မြန်မာပြည်ကိုသိမ်းပြီး ဘီအိုင်အေကိုဖျက်သိမ်းပြီး ဘီဒီအေအဖြစ် အသစ်ပြန်ဖွဲ့စည်းသည်။ အင်္ဂလိပ်များ မြန်မာပြည်ကို ပြန်သိမ်းပြီးချိန်၌ ဗိုလ်ချုပ်အောင်ဆန်းကမူ တပ်ကထွက်ပြီး နိုင်ငံရေးလုပ်သည်။ ဖဆပလ အဖွဲ့ ကြီး၏ ဥက္ကဌ ဖြစ်လာသည်။ ဂျပန်ခေတ် လက်ကျန် စစ်ဗိုလ် စစ်သား ၄၀၀၀ကို အင်္ဂလိပ်လက်အောက် ပြန်လည်ဖွဲ့စည်းသည့် မြန်မာ စစ်တပ်ကလက်ခံသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က သူ့ရာထူးကိုဆက်ခံရမည့်သူအဖြစ်ရွေချယ်ပေးခဲ့သူ ဗိုလ် လက်ျာက ရာထူးအမြင့်ဆုံးအဖြစ် Colonel ရာထူးဖြင့်၎င်း။ ဗိုလ်နေ၀င်း၊ ဗိုလ်ဇေယျနှင့် ဗိုလ်ကျော်ဇောတို့က Major ရာထူးဖြင့်၎င်း King’s Commission ရကြသည်။

၂း၂း၂ လွတ်လပ်ရေးတောင်းဆိုပွဲ
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ၏ လွတ်လပ်ရေးအတွက် အရေးဆိုပွဲများကို မြန်မာ လူထုကြီးက ထောက်ခံခဲ့ကြသည်။ ပုလိပ်သပိတ်အပါအ၀င် သပိတ်ပေါင်းစုံ ဖြစ်ပေါ်လာသောအခါ အင်္ဂ လိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ကျန်းမာရေးအကြောင်းပြပြီး အင်္ဂလန်သို့ပြန်လေသည်။ အင်္ဂလိပ် အစိုးရက Major General Sir Hubert Rance ကို မြန်မာပြည်ဘုရင်ခံသစ်အဖြစ် ခန့်အပ်လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖဆပလကို ဘုရင်ခံကောင်စီ တွင် ၀င်ရောက်လုပ်ကိုင်ရန် ဘုရင်ခံသစ်ကကမ်းလှမ်းရာ ဖဆပလကလက်ခံလိုက်ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ ကောင်စီ၏ ဒုတိယသဘာပတိရာထူးဖြင့် ၀န်ကြီးအဖွဲ့ကိုဦးဆောင်သည်။ တနည်းအားဖြင့် ဝန်ကြီးချုပ်ရာထူးဖြစ်သည်။ တနှစ်အတွင်း လွတ်လပ်ရေးတောင်းဆိုသည်။

အင်္ဂလိပ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်း၏ ၀န်ကြီးအဖွဲ့ကို၎င်း။ မြန်မာပြည်ကို၎င်း Dominion နိုင်ငံတခုနှင့် ၎င်း၏ အစိုးရ အဖွဲ့အဖြစ် de facto အသိအမှတ်ပြုခဲ့သော်လည်း လွတ်လပ်ရေးပေးရာတွင် နိုင်ငံရေးအဆင့်မြင့်သည်ဟု ဗြိတိသျှအစိုးရက လုပ်ထားသော Burma Proper ခေါ် ပြည်မကြီးကိုသာပေးပြီး Frontier Areas  ခေါ် တောင်တန်းဒေသများကို မပေးနိုင်သေးဟု ဈေးကိုင်သည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသ ခေါင်းဆောင်များနှင့် အရေးပေါ်ဆွေး နွေးပွဲများပြုလုပ်ပြီး Burma Proper နှင့် ပူးပေါင်းကာ တချိန်တည်း လွတ်လပ်ရေးယူကြရန် အကြံပြုသည်။ ၎င်းကိစ္စကို ရှမ်းတောင်တန်းဒေသရှိ ပင်လုံမြို့ငယ်တွင် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ၁၉၄၇ခုဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် Burma Proper နှင့် Frontier Area များ အတူပူးပေါင်းပြီး လွတ်လပ်ရေးရယူကြရန် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုအချိန်မှစ၍  ပြည်ထောင်စု မြန်မာနိုင်ငံ၊ ပြည်မ၊ ပြည်နယ်၊ စသော အသုံးအနှုံးများ ပေါ်ပေါက်လာပေတော့သည်။

၃။ ပင်လုံစာချုပ်
၃း၁ ပြည်နယ်များ
၃း ၁း ၁ ချင်းတောင်တန်း

ချင်းတောင်တန်းသားများက ပြည်နယ်အဆင့်ကိုမလိုချင်၊ မြန်မာပြည်မကြီးထဲတွင် တိုင်းတခုအဖြစ်သာနေလိုပြီး အခြား တိုင်းများအတိုင်း လုပ်ဆောင်ပေးရန် ဗဟိုအစိုးရကတာဝန်ယူရန် ပြောကြသည်။  ထို့ကြောင့်ချင်းပြည်နယ် Chin State အစား ချင်းဝိသေသတိုင်း Chin Special Divisionဟု ခေါ်သော်လည်း ပြည်နယ်အဆင့်မျိုးကို ရရှိသည်။ ချင်းပြည်နယ်ဝန်ကြီးဟု မခေါ်ဘဲ ချင်းရေးရာဝန်ကြီးဟု ခေါ်သည်။ ၎င်းဝန်ကြီးသည် ဗဟိုအစိုးရ ကက်ဘိနက်အဖွဲ့ဝင်ဖြစ်သည်။

၃း၁း ၂ ကချင်ပြည်နယ်
ကချင်တောင်တန်းဒေသသည် ပူတာအိုခရိုင်တခုသာရှိသည့်အတွက် ကျဉ်းသည်။ ဗိုလ်ချုပ်အောင်ဆန်းက ကချင်ခေါင်း ဆောင်များကို ၎င်းအချက်ကို ထောက်ပြပြီး Burma Proper တွင်းရှိ မြစ်ကြီးနားခရိုင်နှင့် ဗန်းမော်ခရိုင်တို့ကို ချစ်ကြည်ရေး လက်ဆောင်အဖြစ် ကချင်ပြည်နယ်ထဲသို့ ထည့်သွင်းပေးမည်။  ထို့အတွက် ကချင်ပြည်နယ်သည် ပြည်ထောင်စုအတွင်းမှ လုံးဝ ခွဲထွက်ခွင့် မရှိကြောင်း ကချင်ခေါင်းဆောင် များနှင့် ဆွေးနွေးရာတွင် ကချင်ခေါင်းဆောင်များက ယထာဘူတကျသည် အပေးအယူမျှသည်ဟု  လက်ခံလိုက်ကြသဖြင့် ပြည်ထောင်စုတွင်းမှ လုံးဝခွဲထွက်ခွင့်မရှိသည့် ကချင်ပြည်နယ်ပေါ်ပေါက် လာသည်။ ကချင်ပြည်နယ်ဝန်ကြီးသည် ဗဟိုအစိုးရ ကက်ဘိနက်အဖွဲ့ဝင် ဖြစ်သည်။

၃း၁း ၃ ရှမ်းပြည်နယ်
ရှမ်းတောင်တန်းဒေသရှိ စော်ဘွား ၃၃ ဦးပိုင် နယ်များကို ရှမ်းပြည်နယ်အဖြစ် ဖွဲ့စည်းသည်။ ရှမ်းပြည် နယ်သည် ပြည်မနှင့် ၁၀နှစ်ခန့် ယာယီပူးပေါင်းနေပြီး ၁၀နှစ်ကျော်ကာလအတွင်း ပြည်ထောင်စုအတွင်း ဆက်လက်နေလိုက နေနိုင်သည်။ မနေ လိုက ခွဲထွက်နိုင်သည်ဆိုသော အခွင့်အရေးကိုရသည်။ ရှမ်းပြည်နယ်ဝန်ကြီးသည် ဗဟိုအစိုးရ၏ ကက်ဘိနက်အဖွဲ့ဝင် ဖြစ် သည်။

၃း ၁း ၄ ကယားပြည်နယ်ခေါ် ကရင်နီပြည်နယ်
ကယားပြည်နယ်မှ စောဖျာများမှာလည်း ရှမ်းစော်ဘွားများနည်းတူ အခွင့်အရေးရသည်။ ပြည်မနှင့် ၁၀ နှစ်ခန့် ယာယီပူး ပေါင်းရန်။ ၎င်းနောက်တွင် ခွဲထွက်လိုကခွဲထွက်ခွင့်ရသည့် ပြည်နယ်ဖြစ်သည်။ ကယားပြည်နယ်ဝန်ကြီးသည် ဗဟိုအစိုးရ ကက်ဘိနက်အဖွဲ့ဝင် ဖြစ်သည်။

၃း ၁း ၅ အဖိတ်ကြား မခံရသူများ
ရခိုင်ကိုယ်စားလှယ်၊ မွန်ကိုယ်စားလှယ်၊ ကရင်ကိုယ်စားလှယ်တို့မှာ ပင်လုံစာချုပ်ချုပ်ဆိုရာတွင် ပြည်နယ်အဖြစ်တည်ထောင် ပေးရန်ဆွေးနွေးရမည့် ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခြင်းမခံရ၍ မကျေနပ်ကြ။ ရခိုင်တို့က မိမိတို့လူမျိုးသည် ၁၇၈၄ခုအထိ ကိုယ့်မင်းကိုယ့်ချင်းဖြင့် မြန်မာဘုရင်များနှင့် ထီးပြိုင်နန်းပြိုင် နေလာခဲ့ကြသူများဖြစ်သည်။ မိမိတို့ကို မဖိတ်ကြားခြင်းမှာ လူမျိုးရေးအရ နှိမ်သည်၊ စော်ကားသည်ဟု ယူဆခဲ့ကြသည်။ မွန်တို့ကလည်း ရခိုင်နည်းတူ ထောက်ပြကြသည်။ ကရင်တို့က လည်း ပြည်နယ်မရ၍ မကြေနပ်ကြပေ။

၃း ၁း ၆  အဖိတ်ကြားမခံရခြင်း အကြောင်းရင်း

ပင်လုံစာချုပ်မှာ ပြည်ထောင်စုကြီး၏ အခြေခံအုတ်မြစ်ဟုသာ ဆိုရပါသော်လည်း အမှန်မှာ Burma Proper နှင့် Frontier Areasတို့ ပူးပေါင်းရေးစာချုပ်သာဖြစ်ပါသည်။ ထို့ကြောင့် Burma Proper ထဲသို့ ဗြိတိသျှတို့ကထည့်သွင်းထားခဲ့သည့် ရခိုင်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့ရှိ တိုင်းရင်း သားများဖြစ်ကြသော ရခိုင်၊ မွန်နှင့် ကရင်တို့ကို ဖိတ်ရန်မလို။ ၎င်းတို့မှာ Burma Proper လွတ်လပ်ရေး ရသည်တွင် အလိုလိုပါလာပြီး ဖြစ်သည်။ ပြည်နယ်ကိစ္စ အစရှိသည်များကို နောင်ခါလာနောင်ခါဈေး လွတ်လပ်ရေးရပြီးမှ စဉ်းစားမည်ဟု ဖဆပလ ခေါင်းဆောင်တို့က ဆင်ဝှေ့ရန်ရှောင် လုပ်ခဲ့ကြဟန် တူ ပေသည်။ ၎င်းကိစ္စမှာ လွတ်လပ်ရေးရပြီးနောက် ပေါက်ကွဲလေတော့သည်။

၃း ၁း ၇ လက်တွေ့ပင်လုံစာချုပ်

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်နယ်သား ခေါင်းဆောင်ကြီးများ မျှော်လင့်ခဲ့ကြသော ပြည်ထောင်စုစစ်စစ်မှာ ဗိုလ်ချုပ်တို့ ကျဆုံးသွားသည်နှင့် တပါတည်း ပျောက်ကွယ်သွားတော့သည်။ ဗိုလ်ချုပ်တို့ကျဆုံးပြီး နှစ် ပတ်အတွင်း အသိအမှတ်ပြုလိုက် သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်နယ်  ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သော လမ်းကြောင်းပေါ်မှ လုံးဝသွေဖီသွားလေသည်။ ၎င်းကိစ္စကို ယာယီလွှတ်တော် (၀ါ) တိုင်းပြုပြည်ပြုလွှတ်တော်တွင် ဆွေးနွေးမည်ကြံတိုင်း ဦးနု နှင့် ဖဆပလခေါင်းဆောင်များက “ဗိုလ်ချုပ်တို့သွေးတွေ ပြည်သူတွေမျက်ရည်တွေတောင် မခန်းမခြောက်သေးမီ ပြည် ထောင်စုအတွက် အန္တရာယ်ရောက်နိုင်မည့် လွတ်လပ်ရေးကို ခြိမ်းခြောက်နိုင်သည့်ကိစ္စတွေကို မဆွေးနွေးကြပါနှင့်။ လွတ် လပ်ရေးရပြီးမှ သွေးရင်းသားရင်းတွေ ဆွေးနွေးတိုင်ပင်ကြပါစို့” ဟူ၍၎င်း။ ယာယီသမတဖြစ်မည့် စ၀်ရွှေသိုက်ကလည်း တောင်တန်းသားများကို ပျားရည်နှင့်ဝမ်းချထားသဖြင့်၎င်း၊ လွတ်လပ်ရေး ရချိန်အထိ ဆွေးနွေးခွင့် မရခဲ့ကြပေ။

၎။ လွတ်လပ်ရေး ရပြီးချိန်။
၎း ၁ ကရင်။ ရခိုင်နှင့် မွန်ပြည်နယ် ကိစ္စများ
၎း ၁း ၁ ကရင်ပြည်နယ် ကိစ္စများ

ကရင်များက ၎င်းတို့သည် မြန်မာပြည်တွင် မြန်မာများမှလွဲလျှင် လူဦးရေအများဆုံးဖြစ်သည်။ ၎င်းတို့အတွက် ပြည်နယ်ရ သင့်သည်ဟု အရေးဆိုလာသည်။ ဖဆပလအစိုးရက ကရင်အများစုနေသည့်နယ် ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် သဘောတူလိုက်သည့်အခါ ကရင်များက ဧရာဝတီ တိုင်းကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုလိုက်တော့၏။ ထိုစဉ်က ဧရာဝတီတိုင်းတွင် ကရင်တသန်း နီးပါးရှိသည်မှာ မှန်ပါသည်။ သို့သော် မြန်မာ (၀ါ) ဗမာ ၂ သန်းလောက်ရှိနေသည်ကို ထောက်ပြပြီး ကရင်သည် ဧရာဝတီတိုင်းတွင် လူများစုမဟုတ်၍ ဧရာဝတီတိုင်းကို ကရင်ပြည်နယ်အဖြစ် မပေးနိုင် ကြောင်း အကြောင်းပြန်လိုက်ရာမှ မီးထဲဆီလောင်းလိုက်သလိုဖြစ်သွားပြီး ကရင်တို့တော်လှန်လေတော့သည်။ ကရင်တို့မှာ ဂျပန် ခေတ်က မြစ်ဝကျွန်းပေါ်တွင် ဘီအိုင်အေတပ်များက ကရင်များကို သတ်ထားသည်ကို မမေ့နိုင်သေး။ ၎င်းအပြင် မြန်မာနိုင်ငံ စစ်သေနာပတိ ကရင်လူမျိုး ဒုဗိုလ်ချုပ်ကြီး စမစ်ဒွန်းကို အငြိမ်းစားပေးပစ်ခြင်း။ လေတပ်ဦးစီးချုပ် ကရင်လူမျိုး ဗိုလ်မှူးကြီး ရှီးရှိုးကို စစ်သံမှူးအဖြစ် နိုင်ငံခြားသို့ ပို့ပစ်ခြင်း။ အခြားကရင် စစ်အရာရှိကြီးများကိုလည်း စစ်သေနာပတိ၊ ကာကွယ်ရေး ဝန်ကြီးနှင့်ပြည်ထဲရေး  ဝန်ကြီးသစ်ဖြစ်လာသူ ဗိုလ်နေဝင်းက ခြိမ်းခြောက်နုတ်ထွက်ခိုင်းခြင်း။ စသော မကျေနပ်စရာကိစ္စများ အများ အပြားလည်းရှိနေသည်။  (အမှန်မှာဗိုလ်နေဝင်းသည် ကရင်စစ်အရာရှိကြီးများသာမက အင်္ဂလိပ် ထောင်ခဲ့သည့်လက်နက်ကိုင်တပ်များမှပါလာသူ အားလုံးလောက်ကို လူမျိုးဘာသာမရွေးဘဲ ထုတ်ပစ်သူ ထုတ်ပစ်၊ ရာထူးချသူချ ခဲ့သည်။ အဖြုတ်ခံရသူ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ်အောင်သင်းမှာ ဗမာ၊ ဗုဒ္ဓဘာသာဖြစ်ပြီး ရခိုင်၊ ဗုဒ္ဓဘာသာဝင်ဖြစ်သော မေဂျာဂျင်နရယ် စစ်ရာထူးရထားသည့် ရဲချုပ် ဦး ထွန်းလှအောင် မှာလည်း ရဲချုပ် အဖြစ်မှအဖြုတ်ခံရကာ အင်္ဂလန်သို့ စစ်သံမှူးအဖြစ် “ပထုတ်” ခြင်းခံရ သည်။ စစ်သံမှူးရာထူးသည် ဗိုလ်မှူးကြီးအဆင့်ရှိသူများအတွက်သာဖြစ်ရာ ဗိုလ်ချုပ်အဆင့် ရှိသူ ဦးထွန်း၏လှအောင်မှာ ရာထူးချခံရခြင်းဖြစ်သည်။ ဤကားစကားချပ်။)

အစပိုင်း၌ သုံးပါတီမဟာမိတ် (ကရင်။ အလံဖြူ ကွန်မြူနစ်နှင့် အလံနီကွန်မြူနစ်) တို့သည် မြန်မာပြည်တွင် ဒုတိယအကြီး ဆုံးဖြစ်ပြီး အထက်မြန်မာပြည်၏ မြို့တော်ဖြစ်သော မန္တလေးနှင့် ရန်ကုန်မြို့၏ တံခါးဝဖြစ်သော အင်းစိန်မြို့တို့ကိုပင်  ၀င်သိမ်းထားနိုင်ခဲ့၍ ဖဆပလအစိုးရမှာ ရန်ကုန်အစိုးရဟူသော နာ မည်ပြောင်ဖြင့် ခေါ်ဝေါ်ခြင်းခံခဲ့ရ၏။ နောင်တွင် အစိုးရ တပ်များက စစ်ရေးသာပြီး တမြို့ပြီးတမြို့ ပြန်သိမ်း ပိုက်နိုင်ခဲ့ကြသည်။ ရဲဘော်ဖြူ များသည် အစိုးရတပ်နှင့် ကွန်မြူနစ် များကြားတွင် ကြားနေခဲ့သော်လည်း အစိုးရတပ်နှင့် ကရင်များ တိုက်ရာတွင်မူ အစိုးရတပ်ဘက်မှ ၀င်ကူတိုက်ပေးခဲ့သည်။ ၎င်းကိစ္စမှာလည်း လူမျိုးရေးအရတွေးရသော် ကရင် များဘက်မှ စိတ်နာစရာပင် ဖြစ်သည်။ နောက်ဆုံးတွင် ကရင်နှင့် ဖဆ ပလ အစိုးရတို့ ဆွေးနွေးကြပြီး တနင်္သာရီတိုင်း မြောက်ပိုင်းဒေသများကို ဖားအံကို မြို့တော်ပြုပြီး ကရင်ပြည်နယ်အဖြစ် သတ်မှတ်လိုက်သည်။ ကရင်လည်း ခွဲထွက်ခွင့်ရှိသည့် ပြည်နယ်မဟုတ်ပေ။

၎း ၁း ၂ မွန်ပြည်နယ်အရေး

တချိန်က ပြည်မြို့အောက်ပိုင်းမှစပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ရန်ကုန်၊ ပဲခူး၊ သထုံ၊ မုတ္တမ၊ မော်လ မြိုင်မှ ရေး အထိသည် ရာမညတိုင်း တလိုင်းသုံးရပ် ခေါ် မွန်ဒေသများ ဖြစ်ခဲ့ပါသော်လည်း အလောင်း ဘုရား မွန်နိုင်ငံတော်ကို တိုက်ခိုက်သိမ်းယူချိန်မှစပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ရန်ကုန်၊ ပဲခူး၊ စသည်တို့ တွင် မြန်မာစကားပြောသူ များလာပြီး မွန်သွေးပါသူအများအပြားကလည်း မိမိကိုယ်မိမိ မြန်မာစာရင်း သွင်းလိုက်ကြသဖြင့် မွန်ပြည်နယ် သတ်မှတ်နိုင်ရေးမှာ ကြန့်ကြာနေခဲ့ရသည်။ ကရင်တို့KNDO တပ် ဖွဲ့ပြီး အစိုးရကိုတိုက်သကဲ့သို့  မွန်တို့ကလည်း MNDO တပ်ဖွဲ့ခဲ့သည်။ နောက်ဆုံးတွင် ဦးနုက ၁၉၆၀ ရွေးကောက်ပွဲနိုင်လျှင် မွန်ပြည်နယ်တည်ထောင်ပေးမည်။ တနင်္သာရီတိုင်း အလယ်ပိုင်းဖြစ်ခဲ့သည့် သထုံ ခရိုင်နှင့် မော်လမြိုင်ခရိုင် (ယခင် အင်္ဂလိပ်ခေတ်တွင် ကျိုက္ခမီခရိုင်) တို့ကို မွန်ပြည်နယ်အဖြစ် သတ်မှတ် ပေးမည်ဟု ကတိပေးသည်။ ရွေးကောက်ပွဲနိုင်ပြီး မွန်ရေးရာဝန်ကြီး ခန့်အပ်ပေးခဲ့သော်လည်း မွန်  ပြည် နယ်အဖြစ်မကြေညာနိုင်ခင် ၁၉၆၂ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေ၀င်း အာဏာသိမ်းလိုက်သဖြင့် မွန်ပြည်နယ်စစ်စစ်မှာ ယနေ့တိုင်မရသေးပါ။

၎း၁း၃ ရခိုင်ပြည်နယ်ရရေး

ရခိုင်တို့ မှာ ပြည်မနှင့် ရိုးမတောင်တန်းကြီးခြားထားသဖြင့် နယ်နိမိတ်ပြဿနာ သိပ်မရှိလှပါ။ အင်္ဂလိပ် ခေတ်က ဂွမြို့နယ်၏အောက်ပိုင်း ရခိုင်ကမ်းရိုးတန်း ဟိုင်းကြီးကျွန်း စသည်တို့ ကို ဧရာဝတီတိုင်းတွင်း ပြောင်းထည့်လိုက်သည့်ကိစ၊္စ ၁၉၅၄ခုတွင် ဖဆပလအစိုးရက ပလက်ဝမြို့နယ်ကို ချင်းဝိသေသတိုင်း အတွင်း ထည့်လိုက်သည့် ပြဿနာများသာရှိပါသည်။ ရခိုင်တိုင်းအနှံ့တွင်လည်း တော်လှန်ရေးသမား အများအပြား ရှိနေပါသည်။ ပြဿနာအကြီးဆုံးမှာ  စစ်တကာင်းသား(ဝါ)ခေါ်တောကုလားပြဿ နာပါပေ။

ရခိုင်ပြည်သည် ၁၈၂၆ ခုနှစ်မှစပြီး အင်္ဂလိပ်ပိုင်နယ်ဖြစ်သွားရာ လူဦးရေနည်းသောရခိုင်ပြည်တွင် စပါး စိုက်ရန်နှင့်အခြားအလုပ်ကြမ်းများလုပ်ရန်  အင်္ဂလိပ်အစိုးရက စစ်တကာင်းသားဘင်္ဂလီ(ဝါ)ခေါ်တော ကုလားအများအပြားကို ခေါ်ယူခဲ့သည်။ Burma Gazetteer, Akyab District, စာမျက်နှာ ၈၆ တွင် စစ်တွေခရိုင်၌ ၁၈၇၁ မှ ၁၉၁၁ အနှစ်လေးဆယ်အတွင်း စစ်တကာင်းသားဘင်္ဂလီ(ဝါ)ခေါ်တောကုလား ဦးရေ အဆမတန်တိုးပွားလာပုံကို  အောက်ပါဇယားဖြင့်ပြထားပါသည်။

Races    1871    1901    1911
Mahomedan    58255    154887    178647
Burmese    4632    35751    92185
Arakanese    171612    230649    209432
Shan    334    80    59
Hill Tribes    38577    35489    34020
Others    606    1355    1146
Total    276691    481666    529943

၎င်းကိစ္စနှင့်ပတ်သက်၍ စစ်တွေခရိုင် လက်ထောက်ခရိုင်ဝန် R.B. Smart က အောက်ပါ အတိုင်းရေးခဲ့ ပါသည်။

“Since 1879, immigration has taken place on a much larger scale. Maungdaw Township has been overrun by Chittagonian immigrants. Butheedaung is not far behind and new arrivals will be found in almost every part of the district.”

သို့သော် ဗြိတိသျှအစိုးရက Akyab District Gazetteer 1906 တွင် တိုင်းရင်းသားများနှင့်နိုင်ငံခြားသား များကို  အောက်ပါအတိုင်း တိကျသဲကွဲစွာမှတ်တမ်းတင်ခဲ့သည်။

Indigenous Races:

Arakanese (239649), Burmese (35751), Kamis (11595), Mros (10074), Chins (9415) Daingnets (3412), Chaungthas (247) and Thets (232).

Non-indigenous Races:

British (209), Eurasians (158), Chinese (439), Shaikhs (152074), Saiyards (1254), Pathans (126), Zairbadis (108) 0ther Musulman (1325), Sudras (6016), Kayasths (2888), Uriyas (625), Brahmans (398), Chatris (377), Dhobis (263), Waddars (233), Nats (226), Barua Maghs (165), Chetties (164), Doms (143), Malas (142), Marabans (125), Banias (114) and other Hindu Castes (2104).

ထိုသို့စစ်တကာင်းသားဘင်္ဂလီ(ဝါ)ခေါ်တော ကုလားအများအပြားကို အင်္ဂလိပ်တို့ ရခိုင်ပြည်တွင်း တံခါးမရှိ ဓားမရှိသွင်းလာသည့် ကိစ္စကြောင့် မြန်မာပြည်၊ အထူးသဖြင့်ရခိုင်ဒေသသည် တနေ့၌  ဌာနေတိုင်းရင်းသား များနှင့် အသစ်ဝင်ရောက်လာသူလူစိမ်းများအကြား လူမျိုးရေး ပြဿနာများကြုံရပြီး “ကမ္ဘာ့ အရှေ့ပိုင်း၏ ပါလက်စတိုင်း” ဖြစ်လာရလိမ့်မည်ဟု မြန်မာပြည်တွင် ကျောက်စာဝန်အဖြစ်တာဝန်ထမ်းဆောင်နေသော ဂျာမန်လူမျိုး ပါမောက္ခ ဒေါက်တာ အေမီးလ် ဖော့ရှ်ဟမ်းမား Prof. Dr. Emil Forchhammer က ၁၈၉၂ ခုနှစ်ကပင် ကြိုတင်သတိပေးထားခဲ့ပါသည်။

ပါမောက္ခ ဒေါက်တာအေမီးလ် ဖော့ရှ် ဟမ်းမား Prof. Dr. Emil Forchhammer ကြိုတင် သတိပေးထား ခဲ့သည့်အတိုင်း ၁၉၃၆ တွင် ပြဿနာ စလေတော့သည်။ ၁၉၃၇ ခုနှစ်တွင်မြန်မာပြည်ကို ဗြိတိသျှ အိန္ဒိယ အင်ပါယာမှ ခွဲထုတ်လိုက်ပြီး သီးခြား ဗြိတိသျှကိုလိုနီအဖြစ်မတည်ထောင်မီ  ၁၉၃၆ ခုတွင် ရခိုင်ပြည် မြောက်ပိုင်းမှ စစ်တကာင်းသားဘင်္ဂလီ(ဝါ)ခေါ်တောကုလားများထဲမှအယူသည်း အစ္စလာမ်မစ် ခွဲထွက် ရေးသမားများသည် အိန္ဒိယပြည်သို့သွား၍  မူဆလင်လိဂ် ခေါင်းဆောင်များနှင့်တွေ့ ဆုံပြီး မောင်တော  နှင့်ဘူးသီးတောင်မြို့ နယ်များကို မြန်မာပြည်နှင့်မတွဲဘဲ ဗြိတိသျှအိန္ဒိယနှင့်တွဲထားရန် အိန္ဒိယ မူဆလင် လိဂ် က ဗြိတိသျှအစိုးရထံ တရားဝင်တောင်းဆိုရန် အကြံပေးခဲ့သည်။ ၎င်းတို့၏တောင်းဆိုချက်မှာ မ အောင်မြင်ခဲ့ပါ။ အိန္ဒိယမူဆလင်လိဂ်က ၎င်းတို့ကိုမည်သို့မျှမကူညီနိုင်ပါ။ ဤကား စစ်တကာင်းသား ဘင်္ဂ လီ (ဝါ) ခေါ်တောကုလားများ၏ ရခိုင်ပြည်ကို မူဆလင်နိုင်ငံလုပ်ရန် ပထမအကြိမ်ကြံစည်မှုဖြစ်သည်။ သို့သော် ၎င်းတို့သည် ထိုအချိန်က “” ဆိုသောအမည်ကိုမသုံးကြသေးပါ။

တဖန် ၁၉၄၆ခုနှစ်တွင် ဗြိတိသျှအိန္ဒိယသည် အိန္ဒိယနှင့် ပါကစ္စတန်ဟူသော ဒိုမီနီယံနိုင်ငံ၂ ခု အဖြစ် ဗြိတိသျှဓနသဟာယအသင်းတွင် ဆက်နေရန်တာစူနေသည်။ ယင်းအချိန်တွင် ရခိုင်ပြည်မြောက်ပိုင်းမှ စစ်တကာင်းသားဘင်္ဂလီ(ဝါ)ခေါ်တော ကုလားများထဲမှ (Juniyatu Olamai ) ဂျူနီယာတူအိုလာမိုင်း ဘာသာရေးအသင်းမှ ခေါင်းဆောင်တချို့ သည် ကရာချီမြို့သို့သွားပြီး ဘူးသီးတောင်၊ မောင်တော နှင့် ရသေ့ တောင်မြို့ နယ်များကို အရှေ့ ပါကစ္စတန်အတွင်း ပေါင်း ထည့်ရန်ဆွေးနွေး ခဲ့သည်။ ၎င်းအချက်မှာ ဘင်္ဂလီကုလားများ ရခိုင်ပြည်ကို မူဆလင်ပြည်ဖြစ်အောင် ဒုတိယအကြိမ် ကြိုးစားခြင်းပင်ဖြစ်သည်။ ၎င်း အဖွဲ့ သည်လည်း ၎င်းတို့ ကိုယ်ကို ၎င်းတို့ ”ရိုဟင်ဂျာ”များဟု သမုတ်ခြင်းမရှိခဲ့ပါ။

၎င်းကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ပါကစ္စတန်ခေါင်းဆောင် မိုဟာမက် အလီဂျင်းနားကို ခပ်ပြတ်ပြတ် ပြောလိုက်သည်ကတကြောင်း အာသံကို ပါကစ္စတန်ထဲတည့်ရန် ကြိုးစားစဉ်က အရေးနိမ့် ခဲ့သည်ကတကြောင်းတို့ကြောင့် ဂျင်းနားသည်  ရခိုင်ပြည်မြောက်ပိုင်း ကိစ္စတွင် လုံးဝ ၀င်မစွက်ခဲ့ပေ။ သို့ သော် ရခိုင်ပြည်မြောက်ပိုင်းရှိ စစ်တကောင်းသားဘင်္ဂလီကုလားများသည် မြန်မာပြည်လွတ်လပ်ရေးမရမီ အင်္ဂလိပ်ဘုရင်ခံ Sir Hubert Rance ၏လက်ထက်တွင်ပင် တောခိုသွားကြပြီး သူတို့ ကိုယ်ကို သူတို့ ’မူ ဂျာဟစ်’ (ဘာသာရေးစစ်ပွဲဆင်နွဲသူ) များဟုခေါ်ကြပါသည်။ ၎င်းမူဂျာဟစ်များကို ကုလားဆိုးများဟု၎င်း၊ ခေါတောသူပုန်များဟု၎င်း၊ မူဂျာဟစ်သူပုန်များဟု၎င်း ခေါ်ခဲ့ကြပြီး ဗြိတိသျှစစ်ဗိုလ် Roger Campagnac ရောဂျာ ကန်ပက်ညက် ဦးဆောင်သော မြန်မာတပ်များက တိုက်ခဲ့ရပါသည်။ NLD နာယကကြီး ဦးတင်ဦး မှာ ထိုစဉ်က ဗိုလ်သင်တန်းဆင်းစ အရာရှိပေါက်စ ဖြစ်ပါသည်။ ဤကား ဘင်္ဂလီကုလားများ ရခိုင်ပြည်ကို မူဆလင်နိုင်ငံလုပ်ရန် တတိယအကြိမ်ကြံစည်မှုဖြစ်သည်။ ၎င်းမူဂျာဟစ်သူပုန်များသည်လည်း ၎င်းတို့ ကိုယ်ကို ၎င်းတို့ ”ရိုဟင်ဂျာ” ဆိုသောအမည်ကို မသုံးခဲ့ပါ။

ထိုအချိန်ကစပြီး မူဂျာဟစ် ကုလားသူပုန် များ ၁၉၆၀ခုနှစ်တွင် ဇာတ်သိမ်းသွားသည့်အချိန်အထိ မြေပေါ် ရှိ စစ်တကောင်းသား ဘင်္ဂလီကုလားများ နှင့်မြေအောက် မူဂျာဟစ်သူပုန်များဟူ၍ အများအမြင်၌ အုပ် စုနှစ်စုရှိနေသော်လည်း ၎င်းတို့အားလုံး၏ ရည် မှန်းချက်မှာမူကား ရခိုင်ပြည်ကို မူဆလင်ပြည်ဖြစ်အောင် ကြိုးစားရန်ပင်ဖြစ်သည်။

ထို့ကြောင့် ရခိုင်ပြည်နယ်ရရှိရေးအတွက် ရခိုင်တို့အရေးဆိုနေစဉ် ၁၉၅၁ခုတွင်  မြေပေါ်ရှိ စစ်တကာင်း သားဘင်္ဂလီကုလား များသည်  မောင်တောမြို့နယ်တွင်းက အလယ်သံကျော်ရွာတွင် စည်းဝေးကြပြီး ရခိုင်  ပြည်နယ်ပေးပါက ရခိုင်တိုင်းမြောက်ပိုင်းကို မူဆလင် နယ်အဖြစ် သတ်မှတ်ပေးရမည်။  မူဆလင် “ရှာရီ ယာ” ဥပဒေဖြင့်အုပ် ချပ်ရမည်။ မိမိတို့လူမျိုးသည် ရခိုင်များနည်းတူ ရခိုင်ပြည်တွင် အခွင့်အရေးများ ရ သင့်သည်။ အူရဒူ ဘာသာ ကိုရုံးသုံးစာနှင့်စကားအဖြစ်သတ်မှတ်ပေးရမည်။ မူဆလင်များအားမြန်မာစာနှင့် စကား သင်ကြား ခိုင်းခြင်းမလုပ်ရ။ မူဆလင်များသည်မြန်မာနိုင်ငံတော်အလံကိုအလေးမပြုနိုင်၊ နိုင်ငံတော် သီချင်းသီဆိုမည် မဟုတ်။ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးကို ရခိုင်တ၀က် မူဆလင် တ၀က် ခွဲဝေယူရမည်။ မြို့တော် စစ်တွေကို လည်း ရခိုင်တ၀က် မူဆလင်တ၀က် အုပ်ချုပ်ရမည်။ ဟူသော အချက် ၁၄ ချက်ပါ မတန်မရာ အခွင့်အရေး များ တောင်းလာပါသည်။ ရခိုင်များကို၎င်း အစိုးရကို၎င်း နိုင်ငံရေးအရရောစစ်ရေး အရပါ  အကျပ်ကိုင် ခဲ့သည်။ ၄င်းတို့၏ တောင်းဆို ချက်များမရသောအခါ မြေပေါ်ရှိ ဘင်္ဂါလီပညာတတ် များက ၎င်းတို့လိုချင်သော အခွင့်အရေးများရရှိရေးအတွက် အတွင်းမှပူးသတ်ရန် ကြံကြပြီး  ဦးနုနှင့် ဖဆ ပလကို ထောက်ခံကြသည်။  ဗဟိုအစိုးရ အဖွဲ့ အတွင်းမှမူဆလင်ဝန်ကြီးနှစ်ဦးဖြစ်သော ဦးရာရှစ် နှင့်ဦး အဗ္ဗဒူလတစ် ခေါ် ဦးခင်မောင်လတ်တို့ကလည်း ခေါ်တောကုလားများကို တိုက်ရိုက်တမျိုး သွယ်ဝှိုက်၍ တဖုံ အားပေးကြသည်။ ဘင်္ဂလီကုလားများ ရခိုင်ပြည်ကို မူဆလင်နိုင်ငံလုပ်ရန် စတုတ္ထအကြိမ် ကြံစည် ကြပြန်သည်။

ရခိုင်တို့က ဦးနုနှင့် ဖဆပလကို မထောက်ခံဘဲ အတိုက်အခံ ပမညတပါတီကိုအားပေးကြသည်။  ဦးနုနှင့် ဖဆပလတို့က ရခိုင်များကို မကြေနပ်ကြပေ၊ ရခိုင်များကို ဆုံးမရန် ဦးနုကလည်း သူတို့မဲရပြီး အစိုးရ ဖွဲ့နိုင်လျှင်ပြီးရော ရခိုင်ပြည်ဘာဖြစ်ဖြစ် မျက်နှာလွှဲခဲပစ်လုပ်လိုက်သည်။ ဖဆပလခေတ် တရားရေးဝန် ကြီး ဌာနကိုဦးစီးသူဝန်ကြီးသည် ဦးခင်မောင်လတ် ခေါ် အဗ္ဗဒူလတစ်ဖြစ်၏။ လူဝင်မှုကြီးကြပ်ရေးဌာန သည် တရားရေးဝန်ကြီးဌာန၏အောက်၌ရှိသဖြင့် ရခိုင်ပြည်မြောက်ပိုင်း၌ ခိုးဝင်နေသော ခေါ်တောကုလား   သုံးသိန်းခန့်သည် ဝန်ကြီး ဦးခင်မောင်လတ်ခေါ် အဗ္ဗဒူလတစ်၏ကောင်းမှုကြောင့် မြန်မာစကားရော စာ ပါတလုံးမှမတတ်ပဲ အမျိုးသားမှတ်ပုံတင်ကတ်ပြားများရသွားကြပြီး မြန်မာနိုင်ငံသားဖြစ်သွားကြသည်။ ၎င်းကုလားများ၏မဲဖြင့် စူလတန် မာမွတ်။ အဘူဘော်ရှော။ အဘူခိုင်။ အဗ္ဗဒူ ဂဖါး ဆိုသော အမတ် ၄ ဦး ပေါ်ပေါက်လာသည်။  မြေပေါ်ရှိ စစ်တကောင်းသား ဘင်္ဂလီကုလားများ၏ ဖဆပလ အစိုးရ ကိုအတွင်းမှပူးသတ်ရန်အကြံ ရာနှုန်းပြည့်မဟုတ်သော်လည်း  ၅၀% ခန့် အောင်မြင်သွားသည်။

မစ္စတာ အဗ္ဗဒူဂဖား က “ရိုဟင်ဂျာ”ဟူသောအမည်ကို စတင်သုံးစွဲခဲ့သည်။ သို့ ရာတွင် မစ္စတာ အဗ္ဗဒူဂဖား သည် မြန်မာလွှတ်တော် နှစ်ရပ်စလုံးတွင် “ရိုဟင်ဂျာ” ဆိုသောအမည်ကို မသုံးနိုင်ခဲ့ပါပေ။ အကြောင်း မှာ ၎င်းတို့အဖွဲ့ အတွင်း၌ ဝါအရင့်ဆုံးသူဖြစ်သော မစ္စတာ စူလတန် မာမွတ်က “ရိုဟင်ဂျာ” ဟူသော အမည် ကို လက်မခံခဲ့ သောကြောင့်ဖြစ်သည်။ မစ္စတာ စူလတန် မာမွတ် က ( Arakani Muslims) “ရခိုင်နေ မူ ဆလင်များ” ဟူသောအခေါ်ကို ပို၍သဘောကျခဲ့ဟန်ရှိသည်။ ထို့ ကြောင့်လည်း ၁၉၃၆ ခုနှစ်နှင့် ၁၉၄၆ ခုနှစ်တို့ တွင်အိန္ဒိယသို့ သွားခဲ့ သောမူဆလင်အဖွဲ့ ၂ ဖွဲ့ စ လုံးသည်၎င်း၊  မူဂျာဟစ်သူပုန်များသည်၎င်း “ရိုဟင်ဂျာ”ဆိုသောအမည်ကို မသုံးနိုင်ခဲ့ခြင်းဖြစ်နိုင်ပါသည်။


၎း၁း၃:၁ “ရိုဟင်ဂျာ” ၏အဓိပ္ပါယ်

ဘင်္ဂလီဘာသာစကားတွင် ရခိုင်ပြည်ကို “ရိုဟန်” သို့ မဟုတ် “ရိုဆန်” ဟု ဘင်္ဂလီ ဒေသိယစကား အ လိုက်ခေါ်ကြသည်။ ရခိုင်ပြည်၏ဌာနေတိုင်းရင်းသားအစစ်များဖြစ်သောရခိုင်များကို  ရိုဟန်ဂျာ၊ ရိုဟန်ဂါ၊ ရိုဆောင်ဂျာ၊ ရိုဆောင်ဂါ၊ အစရှိသဖြင့် ဘင်္ဂလီဒေသိယ စကားများအလိုက်ခေါ် ကြသည်။ ထို့ ကြောင့် “ရိုဟင်ဂျာ” ဆိုသော ဘင်္ဂလီစကားသည် ရခိုင်လူမျိုး (ဝါ) ဗုဒ္ဒဘာသာကို ကိုးကွယ်သော ဌာနေတိုင်းရင်း သားစစ်စစ်များကိုသာ ဆိုလိုသည်။ တနည်းအား ဖြင့်ဆိုရသော်  ဘင်္ဂလီစကားတွင် “ရိုဟင်ဂျာ” ဟူသော စကား လုံး” မောက်” ဟူသော အခေါ်နှင့်  “မာဂ်” ဟူသော ဝေါဟာရတို့သည် ကြောင်းတူသံကွဲ စကား လုံးများ ဖြစ်ကြပြီး ရခိုင်ဌာနေတိုင်းရင်းသား စစ်စစ်များ၊ ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးအစစ်များကိုသာ ဆိုလို ပါသည်။ တနည်းအားဖြင့် “ရိုဟင်ဂျာ” ဆိုသော ဘင်္ဂလီစကားသည် “ရခိုင်သား” သို့မဟုတ် “ရခိုင်အစစ် များ” ဟု ဆိုလိုပါသည်။

သို့ရာတွင် ရခိုင်အများစု (ဘင်္ဂလီစကားတတ်သူများနှင့်သမိုင်းသုတေသီများမှတပါး) သည် ဘင်္ဂလီများက ၎င်းတို့ အား ရိုဟန်ဂါ၊ ရိုဆန်ဂါ၊ ရိုဟောင်းဂါ၊ ရိုဆောင်းဂါ  သို့ မဟုတ် မောဂ်၊ မာဂ်၊ မို့ ဂ်၊ ဟုခေါ်ကြသည် ကို ယခင်ကမသိခဲ့ကြပါ။ ထိုနည်းတူစွာ ဗမာများသည်လည်း တရုတ်နှုင့် ဗီယက်နမ်များက ၎င်းတို့ ကို “မျန် တျင်း” ဟုခေါ်ကြောင်း ကုလားများက “ဗရမာ” ဟုခေါ်ကာ၊ ယိုးဒယား များက “ဖမာ” ဟုခေါ်၍ ကမ္ဘောဒီး ယား (ခမာ) များက “ဖူမီယာ” ဟုခေါ်သည်ကို ယခင်ကလည်းမသိခဲ့၊ ယခုတိုင်လည်း သိသူ အလွန်နည်းပါး ပါသည်။ ထို့ကြောင့်လည်း ဦးနုခေတ်တွင် “ရိုဟင်ဂျာ” ဆိုသောအမည်ကို ရခိုင်များက  ခါးခါးသီးသီး မကန့် ကွက်ခဲ့ကြခြင်းဖြစ်သည်။ ယခုခေတ်မှာတော့ ဘင်္ဂလီစကားတတ်သူရခိုင်များနှင့် သမိုင်း သုတေသီများ၏ ရှင်းပြချက်များကြောင့်  စစ်တကောင်းသားဘင်္ဂလီ ကုလားများက သူတို့ကိုယ်ကို သူတို့ ရခိုင်အစစ်များဟု ညာကြခြင်း၊ တနည်းအားဖြင့် မိမိတို့လူမျိးအမည်ကို အချောင် ဝင်နှိုက်ခြင်းကို ရခိုင်များ သိရှိသွားကြသဖြင့် စစ်တကောင်းသား ဘင်္ဂလီ (ဝါ) ခေါ်တော ကုလားများ “ရိုဟင်ဂျာ” အမည်ခံနေခြင်းကို လုံးဝလက်မခံနိုင် ဘဲ တူးတူးခါးခါး ကန့်ကွက်နေကြခြင်းဖြစ်သည်။

မစ္စတာ အဗ္ဗဒူဂဖား က ရခိုင်တိုင်းရင်းသားအစစ်များကို ဘင်္ဂလီဘာသာဖြင့်ခေါ်သည့်အခေါ်အား ပြန်ပေး ဆွဲသလို မတရားယူငင်သုံးစွဲလိုက်ခြင်းဖြစ်သည်။ ရခိုင်လူမျိုးအစစ်များကိုဘင်္ဂလီ စကားအရခေါ်သော ၎င်း”ရိုဟင်ဂျာ” ဟူသောစကားလုံးကို ထိုအချိန်ကစပြီး မြေပေါ်မြေအောက်ဘင်္ဂလီခွဲထွက်ရေးသမားများ က အခွင့်ရေးရတိုင်း သုံးစွဲလာကြတော့သည်။ အခွင့်ရေးရတိုင်း ရခိုင်ပြည်ကိုမူဆလင်နိုင်ငံလုပ်ရန်ကြံစည် ကြသည်။  ဂျာမန်လူမျိုး ပါမောက္ခ ဒေါက်တာ အေမီးလ် ဖော့ရှ် ဟမ်းမား Prof. Dr. Emil Forchhammer ၁၈၉၂ ခုနှစ်ကပင် ကြိုတင်သတိပေးထားချက် သွေးထွက်အောင်မှန်နေပေတော့သည်။

“ရိုဟင်ဂျာ” ဟူသောဝေါဟာရသည် မြန်မာသမိုင်းပါ ဝေါဟာရတခုမဟုတ်သကဲ့သို့  လူမျိုးစု တစု၏ အ မည်လည်းမဟုတ်ပါ။ ၎င်းအသုံးအနှုံးကို တည်ထွင်သူများက နိုင်ငံရေး လှုပ်ရှားမှု တခု ပြုလုပ်ရန် ရည် ရွယ်ချက်ရှိရှိဖြင့် တည်ထွင်ခဲ့သော နိုင်ငံရေးဝေါဟာရတခုသာဖြစ်ပါသည်။ ထို့ ကြောင့် ရိုဟင်ဂျာ” ဆို သည်ကို ရခိုင်၊ မြန်မာ နှင့် အခြားတိုင်းရင်းသားများသာမက မြန်မာပြည်ကို ဗြိတိသျှအိန္ဒိယအင်ပါယာ အတွင်း၌ထည့်ခဲ့သော ဗြိတိသျှကိုလိုနီအရာရှိများ ကိုယ်တိုင်လည်း တခါမှမကြားဘူးခဲ့၊ မှတ်တမ်းမတင် ခဲ့သော ဝေါဟာရဖြစ်သည်။ ထိုကြောင့်လည်းမြန်မာအစိုးရနှင့်တကွပြည်သူလူထုကြီးကပါ ယင်း “ရိုဟင် ဂျာ” အမည်ကိုလုံးဝလက်မခံနိုင်ကြခြင်းဖြစ်သည်။

အငြိမ်းစား ဗြိတိသျှသံအမတ်ကြီး “ ဒဲရက်ခ် တုံကင်” Derek Tonkin က “But supporters of Rakhine Muslims overseas should at the same time acknowledge that the particular designation ‘Rohingya’ had no serious historical validity prior to independence in 1948. If ‘Rohingya’ were felt to be a step too far, why not seek to modernise the ‘Arakan Muhammadan’ of 1901? ဟု “The ‘Rohingya’ Identity: The British Experience in Arakan” တွင်ထောက်ပြခဲ့ပါသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ရခိုင်သမိုင်းပညာရှင် “ယတ်ခ်လိုင်ဒါ” Dr. Jacques P. Leider ကလည်း ၂၀၁၂ ခု ဇူလိုင်လ ၉ ရက်က ဧရာဝတီမဂ္ဂဇင်းနှင့် “ဗျူး”ခဲ့ရာ၌

Q: Are the Rohingya an ethnic group of Burma?
A: My answer is that Rohingya is not an ethnic concept. Okay, they can stand up and say we are an ethnic group inside Myanmar. But I think that is not the best way. When you argue we are Muslims and we have been living in Rakhine for several generations, nobody can deny it. For me, Rohingya is the term, which is an old word that has been claimed as above all as a political label after the independence of Myanmar. For the moment, I do not see that all the people there readily submit to one and a single label. When I was in Bangladesh, people pointed out Muslims to me who originally lived in Rakhine. They have now moved to Bangladesh and when you ask them, “are you Rohingya coming from Rakhine?” they say, “no, we are Muslims who live in Rakhine, we do not take for us the label Rohingya.” ဟုတိကျစွာဖြေသွားပါသည်။

၎း၁း၃:၂ နိုင်ငံရေးသမားများ၏အမှားများ

(က)  ဖဆပလ မှ ဦးနုရောဦးဗဆွေပါ မဲဆွယ်ရာ၌ “ရိုဟင်ဂျာ” အမည်ဖြင့် မဆင်မခြင် ခေါ်ဝေါ်မိခဲ့ကြ သည်။

(ခ) မူဂျာဟစ်များသည် လက်နက်ချသူချ အရှေ့ပါကစ္စတန် ပြေးသူပြေးနှင့် ၁၉၆၀ ခုနှစ်တွင် ဇာတ်သိမ်း သွားသော်လည်းဗိုလ်မှူးချုပ်အောင်ကြီးက လက်နက်ချပွဲတွင် သမိုင်း တလျှောက်လုံး မကြားဘူးသည့် “ရိုဟင်ဂျာ” အမည်ဖြင့်  မဆင်မခြင် ခေါ်ဝေါ်မိခဲ့သည်။

(ဂ) ၁၉၆၀ခုနှစ် ရွေးကောက်ပွဲနိုင်ပြီးချိန်တွင်ဦးနုသည် စစ်တကောင်းဘင်္ဂါလီစကား (၀ါ) ခေါ်တောစကား ကို သမိုင်းတလျှောက်လုံးမကြားဘူးသည့် “ရိုဟင်ဂျာ” အမည်ဖြင့်  မြန်မာ့အသံတွဲဘက်အစီအစဉ်မှ       တပါတ်နှစ်ခါ အသံလွှင့်ခွင့်ပြုခဲ့သည်။

(ဃ) တဘက်ကလည်း ဦးနုသည် ရခိုင်များကို ချွေးသိပ်ပြီး ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ်သတ်မှတ်  ပေးရန် ကတိပေး သည်။ ၁၉၆၀ခုနှစ် ရွေးကောက်ပွဲနိုင်ပြီးချိန်တွင် ရခိုင်ရေးရာဝန်ကြီး ခန့်ပေးသည်။ သို့ရာတွင် ဘူးသီးတောင် နှင့် မောင်တော တို့ကို ရခိုင်တိုင်း အောက်တွင်မထားဘဲ မေယုနယ်ခြားခရိုင် ဟူသောအမည်ဖြင့် ဝန်ကြီးချပ်ရုံးမှတိုက်ရိုက်အုပ်ချုပ်သည်။

(င) ဗိုလ်နေ၀င်းအစိုးရ တက်လာပြီးချိန်တွင် ၁၉၇၄ အခြေခံဥပဒေအရ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ပေါ်လာရာ  မေယုနယ်ခြားခရိုင် ကိုဖျက်သိမ်းလိုက်ပြီး ဘူးသီးတောင် နှင့် မောင်တော တို့ကို ရခိုင်ပြည်နယ်အတွင်းပြန်ထည့်ပေးသည်။

သို့ပါသော်လည်း မဆလခေတ်ပြည်နယ်များနှင့်ပြည်နယ်ဥက္ကဌများ၏ရပိုင်ခွင့်နှင့်လုပ်ပိုင်ခွင့်များမှာ ဦးနု ခေတ်ကမြို့ပိုင်လောက်မျှပင်မရှိသဖြင့် ရခိုင် နှင့်မွန်တို့သာမက ပြည်နယ်အားလုံးမှာ ပင်လုံစာချုပ်အတိုင်း ပြည်နယ်စစ်စစ်ကို ယနေ့တိုင်မရနိုင်သေးပါ။

၅။ နိဂုံး
ပင်လုံစာချုပ်ကို ပြည်ထောင်စုကြီး၏ အုတ်မြစ်ဟုဆိုသော် မမှားသကဲ့သို့ အရေးကြီးသော အခြား တိုင်း ရင်းသားများကို မဖိတ်ခေါ်ခဲ့ခြင်းအတွက် နှစ်ဘက်စလုံး၌ ပေးစရာ ဆင်ခြေ ဆက်လက် အပြည့်ရှိကြ ပါသည်။

ပင်လုံစာချုပ်မှာ အကယ်စင်စစ်၌ Frontier Areas နှင့် Burma Proper ပေါင်းရန်ချုပ်ဆိုသော စာချုပ်သာ  ဖြစ်ရကား Burma Proper အတွင်းရှိသည့် အခြားတိုင်းရင်းသားများ၏ ကိုယ်စားလှယ်များကို ဖိတ်ရန် မ လိုဟုဆိုလျှင်လည်း ထိုစဉ်က တည်ဆဲဥပဒေအရ မမှားပါ။ သို့ပါသော်လည်း တချိန်က ကိုယ့်ထီးကိုယ့် နန်းရှိခဲ့ပြီး မြန်မာတို့နှင့် ထီးပြိုင်နန်းပြိုင် ဖြစ်ခဲ့သော ရခိုင်နှင့် မွန်လူမျိုးကြီး ၂မျိုးနှင့် မြန်မာပြည်တွင် ဒုတိ ယ လူဦးရေ အများဆုံးဖြစ်သော ကရင်တို့ကို ချန်ထားခဲ့ခြင်းမှာ သင့်လျှော်ခြင်း အလျဉ်းမရှိပါ။ လူမှုရေး လူမျိုးရေး ရှုထောင့်များမှ ကြည့်လျှင်လည်း တရားမျှတမှုမရှိပါ။ ထိုစဉ်ကတည်ခဲ့သော ဥပဒေကိုထောက်  ပြပြီး မဖိတ်ခဲ့ခြင်းမှာ ဥပဒေအရ မှန်ပါသည်ဟုပြောလိုသူများရှိပါကလည်း ဥပဒေကိုလက်တလုံးခြားလှည့် စားခြင်းသာဖြစ်ပါသည်ဟုထင်မြင်မိပေသည်။

ကိုးကားရာကျမ်းများ
(၁)  THE CONSTITUTION OF THE UNION OF BURMA (1947)
(၂)  The Panglong Agreement, 1947
(၃)  Autobiography of Brigadier General Kyaw Zaw (in Burmese)
(၄)  U Ba Than,  ‘Burmese History’ (in Burmese)
(၅)  ကြေးမုံဦးသောင်း၊ ဗိုလ်နေဝင်းဇာတ်လမ်းရှုပ်သမျှ ….၊ Morris Publishing, Florida,USA, 2001
(၆)  Maung Htin Aung, A History of Burma, Columbia University Press, 1967
(၇)  Burma Gazetteer, Akyab District
(၈)  Forchhammer, Emil. 1892. Papers on Subjects Relating to the Archaeology of Burma: A Report on the History of Arakan. Rangoon: Government Press.

မှတ်ချက်။ ကဝိလက္ခဏာသတ်ပုံကျမ်းလာ သတ်ပုံသတ်ညွှန်းများကိုသာသုံးထားပါကြောင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း

2 Responses to ခင်မောင်စော (ဘာလင်) – ပင်လုံစာချုပ်နှင့်ပြည်နယ်များ အကြောင်းတစေ့တစောင်း

  1. San Hla Gyi on June 27, 2015 at 10:04 pm

    ကျနော်လည်း ဟိုတုန်းက ပင်လုံစာချုပ်မှာ လက်မှတ်ထိုးတဲ့ ကိုယ်စားလှယ်စာရင်းကို ကြည့်ပြီး မွန်ရယ် ရခိုင်ရယ် ကရင်ရယ် မပါတာ ဘာကြောင့်လဲ ဆိုပြီး တွေးခဲ့ဖူးတယ်။ အခုမှပဲ အဲဒီတုန်းက မွန် ရခိုင်နဲ့ ကရင်နယ်တွေက Burma Proper လို့ခေါ်တဲ့ ပြည်မကြီးထဲမှာ ပါနေတဲ့အတွက် လွတ်လပ်ရေးရရင် အတူတူ ပါလာမှာပဲ ဆိုပြီး မဖိတ်ဖြစ်ခဲ့မှန်း ရှင်းတော့တယ်။ အဲဒီတုန်းကတော့ လွတ်လပ်ရေးရဖို့ သိပ်အရေးကြီးနေတာရယ် အချိန်မရှိတာရယ်ကြောင့် အဲဒါတွေက ဟာကွက် ဖြစ်သွားပုံရတယ်။ ဒါကတော့ ကျနော့် အမြင်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်အောင်ဆန်း စဉ်းစားခဲ့တဲ့ ပင်လုံစာချုပ်ရဲ့ အနှစ်သာရကတော့ ဒီအားနည်းချက်တွေကြောင့် ပျောက်မသွားနိုင်ပါဘူး။ နောက်ပြီး စွယ်စုံကျမ်းထဲမှာ ကချင်ပြည်နယ်သည် ပြည်ထောင်စုကြီးမှ ခွဲထွက်ခွင့်ကို လုံးဝ ယူမထားခဲ့သည့် ပြည်နယ် ဖြစ်သည်လို့ ရေးထားတာ ဖတ်ဖူးတယ်။ အသေးစိတ်ကိုတော့ ရေးမထားဘူး။ နောက်တော့မှ ဦးဖေခင်ရေးတဲ့ စာအုပ်ကို ဖတ်မိတော့မှပဲ ဗိုလ်ချုပ်အောင်ဆန်းက ကချင်ပြည်နယ်အတွက် မြစ်ကြီးနားခရိုင်နဲ့ ဗန်းမော်ခရိုင် နှစ်ခုကို လက်ဆောင်အဖြစ် ထည့်ပေးခဲ့တယ်။ အဲဒီအတွက် ကချင်ခေါင်းဆောင်တွေက ဗိုလ်ချုပ်ကို ခွဲမထွက်ပါဘူး ဆိုတဲ့ ကတိ ပေးခဲ့တာမှန်း သိတော့တယ်။ အဲဒီတုန်းက ဗိုလ်ချုပ်က မြစ်ကြီးနားခရိုင်နဲ့ ဗန်းမော်ခရိုင်က ဗမာတွေနဲ့ ရှမ်းတွေက ကန့်ကွက်တဲ့ကြားက ထည့်ပေးခဲ့တာလို့ ဆိုတယ်။ ရေရှည်အကျိုးအတွက် အပြန်အလှန် အပေးအယူ လုပ်ရတဲ့ သဘောလို့ မြင်ပါတယ်။ စေ့စေ့စပ်စပ် ရေးထားတဲ့ ဆောင်းပါးရှည် အတွက် ကျေးဇူးပါ ခင်ဗျာ။

    • Khin Maung Saw on June 28, 2015 at 5:44 pm

      ဗိုလ်ချုပ်က မြစ်ကြီးနားခရိုင်နဲ့ ဗန်းမော်ခရိုင်က ဗမာတွေနဲ့ ရှမ်းတွေက ကန့်ကွက်တဲ့ကြားက ထည့်ပေးခဲ့တာလို့ ဆိုတာမှန်ပါတယ်။ ဖဆပလအဖွဲ့ထဲမှာလည်း ဒီကိစ္စကို ကန့်ကွက်တဲ့သူတွေရှိခဲ့ပါတယ်။ အမှန်က ကသာခရိုင်မြောက်ပိုင်းပါထည့်ပေးဖို့ စဉ်းစားပေမဲ့ ဒေသခံတွေရော ဖဆပလအဖွဲ့ထဲမှာပါ ၉၅%လောက်က ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြလို့ မလုပ်နိုင်ခဲ့တာလို့ကြားဘူးပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်