တစ်ကိုယ်တော် သရုပ်ဆောင်ထားသည့် “ ရဲရင့် ” ၏ နေတတ်တယ် တစ်ယောက်တည်းငါ ဗီဒီယိုဇာတ်ကား စာနယ်ဇင်းမိတ်ဆက်

June 29, 2015
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles


ဒါရိုက်တာ ဒီအေးလွင်

 

သရုပ်ဆောင်  “ ရဲရင့် ”

 

တစ်ကိုယ်တော် သရုပ်ဆောင်ထားသည့်  “ ရဲရင့် ” ၏ နေတတ်တယ် တစ်ယောက်တည်းငါ ဗီဒီယိုဇာတ်ကား စာနယ်ဇင်းမိတ်ဆက်ရန်နောင်(ဗိုလ်တထောင်)    မိုးမခ။ ဇွန်  ၂၉  ၂၀၁၅

 
 
                   သရုပ်ဆောင်  “ ရဲရင့် ” တစ်ကိုယ်တည်း ပါဝင်သရုပ်ဆောင်ထားသော နေတတ်တယ် တစ်ယောက်တည်းငါ ဗီဒီယိုဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲ ကို ရန်ကုန်မြို့ စီးတီးစတားဟိုတယ်တွင် ၂၉-၆-၂၀၁၅ နေ့က ကျင်းပပြုလုပ်ခဲ့သည်။
 
                   အဆိုပါ  သရုပ်ဆောင် ရဲရင့် စာနယ်ဇင်းမိတ်ဆက်ပွဲတွင် အခမ်းအနားမှူးအဖြစ် ဆရာ ဦးအောင်သျှံဝိုင်းမှ ဆောင်ရွက်ခဲ့ပြီး ဓါတ်ပုံ အကယ်ဒမီ ဦးထွန်းလှိုင်၊ ဒါရိုက်တာရဲဝန်ထမ်းဟောင်းတဦး ၊ ဒါရိုက်တာ ဦးမောင်မောင်မြင့်တို့ က အမှတ်တရစကားများ ပြောကြားခဲ့ပြီး စာနယ်ဇင်းမီဒီယာများကိုယ်စားဒါရိုက်တာမောင်ယဉ်ကျော်
က မုဒိတာစကားပြောကြားပေးခဲ့သည်။ ထို့နောက် နေတတ်တယ် တစ်ယောက်တည်းငါ ဗီဒီယို ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာဒီအေးလွင် မှ ဇာတ်ကားရိုက်ကူးဖြစ်ပုံအား ရှင်းလင်းပြောကြားခဲ့ပြီး  သရုပ်ဆောင် ရဲရင့် က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
 
                   ဆက်လက်၍ သရုပ်ဆောင်ရဲရင့် မှ ဆရာသမားများဖြစ်ကြသော ဒါရိုက်တာ ဓါတ်ပုံဦးထွန်းလှိုင်၊ ဒါရိုက်တာ ရဲဝန်ထမ်းဟောင်းတဦး၊ ဒါရိုက်တာ မောင်မောင်မြင့်
၊ ဒါရိုက်တာ ဒီအေးလွင် ၊ထုတ်လုပ်သူ ဒေါ်စန်းစန်းမော် တို့အား ဂါရဝတရားရှေ့ထားကာ လက်အုပ်ချီ၍ ကန်တော့ခဲ့ပြီး ကန်တော့ပစ္စည်းများပေးအပ်ခဲ့သည်။
 

အဆိုပါ ဗီဒီယို ဇာတ်ကားသည် သရုပ်ဆောင်တယောက်တည်း သရုပ်ဆောင်ထားခြင်းဖြစ်ပြီး အခြား မည်သူတစ်ဦးတစ်ယောက်မျှ ပါဝင်ခြင်းမရှိသောထူးခြားသည့် ဇာတ်ကားဖြစ်သဖြင့် မြန်မာဗီဒီယိုလောက တခေတ်ဆန်းစေသော ဇာတ်ကားတစ်ကားဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Yan Naung (Bo Ta Htaung), သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်