လှကျော်ဇော – သမိုင်းမှေးမှိန်ခြင်းခံနေရဆဲ ဗိုလ်ဇေယျ

June 30, 2015

ရှေ့ဆုံးတန်း ဘယ်အစွန်မျက်မှန်နဲ့ဗိုလ်ဇေယျ၊ အလယ်တန်း ညာအစွန် ဗိုလ်မှူးချုပ် ကျော်ဇော
လှကျော်ဇော – သမိုင်းမှေးမှိန်ခြင်းခံနေရဆဲ ဗိုလ်ဇေယျ
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၅

ကျွန်မဆောင်းပါးအမှတ် (၂၇) ဗိုလ်လကျာ်အကြောင်းရေးပြီးတော့ ရဲဘော်တချို့က ဗိုလ်လကျာ်နဲ့တတွဲတည်းအဖြစ် ဗိုလ် ဇေယျအကြောင်းလည်း ရေးပါဦးလို့ တိုက်တွန်းလာကြပါတယ်။ ကျွန်မက ဗိုလ်ဇေယျအကြောင်း ဖေဖေပြောပြဖူးတဲ့ နည်း နည်းပါးပါးပဲသိတယ်။ ဗိုလ်လကျာ်ကြီးလို သိပ်ရင်းရင်းနှီးနှီးမဟုတ်ခဲ့လို့ ရေးရတာ မဝံ့မရဲဖြစ်မိပါတယ်။ ဒါပေမဲ့ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတယောက်အကြောင်း မိမိတို့နဲ့ပတ်သက်ခဲ့တဲ့ အဖြစ်အပျက်လေးတွေကို တဒေါင့်တနေရာက ရေးကြည့်ချင်လာ ပါတယ်။

ကျွန်မ ဗိုလ်ဇေယျအကြောင်းရေးဖို့ပြင်တော့ ဒီဆောင်းပါးနဲ့အတူ ထည့်ဖော်ပြချင်တဲ့ ဓာတ်ပုံနှစ်ပုံကို အသည်းအသန် ရှာမိပါ တယ်။ တပုံကတော့ ၁၉၆၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က ဗမာပြည်ကွန်မြူနစ်ပါတီက ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေးဖို့ ပဏာမကိုယ်စားလှယ် အဖွဲ့အဖြစ်လာကြတဲ့ ရဲဘော်ဌေးနဲ့ ဗိုလ်ဇေယျတို့အဖွဲ့ စမ်းချောင်း ချမ်းသာလမ်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းအိမ်ကို ဂါရဝပြုဖို့လာတုံးက ဖေဖေနဲ့ဗိုလ်ဇေယျ တယောက်နဲ့တယောက်ဖက်ပြီး မျက်ရည်တွေစီးကျ နေတဲ့ပုံဖြစ်ပါတယ်။ အဲဒီဓာတ်ပုံဟာ ဆွေးနွေးပွဲတွေပျက်ပြီးနောက် အဲဒီကာလက ဓာတ်ပုံများအတွက် ပြိုင်ပွဲပြုလုပ်ရာမှာ ‘တတိယဆု’ရရှိခဲ့ပါတယ်။ (ပထမရတဲ့ပုံကတော့ အဲဒီကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီးနောက် ပေါက် ခေါင်းချောင်း (နဝင်းချောင်း) ကိုဖြတ်နေတဲ့ပုံ။ ရှုဒေါင့်ဂျာနယ်က ‘ပြည်သူကိုသူတို့ ကျောခိုင်းကြလေပြီ’ ဆိုတဲ့ခေါင်းစဉ်နဲ့ မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့တဲ့ပုံဖြစ်ပါတယ်။)

နောက်တပုံကတော့ ၁၉၆၃ စက်တင်ဘာလ ၁၂ ရက်နေ့က အဲဒီကိုယ်စားလှယ်အဖွဲ့ ကျွန်မတို့ ဆီဆုံလမ်းအိမ်ကို လာလည် စဉ်ကရိုက်ထားတဲ့ပုံဖြစ်ပါတယ်။ အဲဒီကာလ သတင်းစာတွေထဲမှာတော့ အထင်ကရ ဖော်ပြခံရတဲ့ဓာတ်ပုံတွေ ဖြစ်ခဲ့ပါ တယ်။ အဲဒီပုံတွေရမရ မသေချာပါဘူး။ (သတင်းစာဖြတ်ပိုင်းဟောင်းတခုရလို့ ထည့်ထားပါတယ်။) ကျွန်မဆီမှာတော့ ၁၉၄၁ ဂျပန်ရောက် ရဲဘော်သုံးကျိပ်ဝင်တချို့ကို ရိုက်ကူးထားတဲ့ပုံတပုံတော့ ရှိပါတယ်။ အဲဒီထဲမှာတော့ ဖေဖေရော ဗိုလ်ဇေ ယျရော ပါပါတယ်။ (ရှေ့ကဆောင်းပါးတစောင်မှာ ဖော်ပြထားပြီးဖြစ်ပါတယ်။)

တကယ်တော့ ဗိုလ်ဇေယျဟာ အစဉ်အလာကြီးပါတယ်။ ရဲဘော်သုံးကျိပ် မသွားခင်ကတည်းက ကျောင်းသားခေါင်းဆောင် တဦး ၁၃၀ဝ ပြည့်အရေးတော်ပုံအတွင်း မန္တလေးအရေးတော်ပုံကို သွားပြီးခေါင်းဆောင်ခဲ့ပါတယ်။ ရန်ကုန်မှာ ဆန္ဒပြကျောင်း သူကျောင်းသား ၂၀ဝ ကျော် ဒဏ်ရာရခြင်းနှင့် ဗိုလ်အောင်ကျော်ကျဆုံးရခြင်းတို့နှင့်ပတ်သက်၍ အရေးယူပေးရန် စီတန်း လှည့်လည်ဆန္ဒပြရာမှာ အင်္ဂလိပ်အစိုးရကပစ်ခတ်လို့ အာဇာနည် ၁၇ ဦးကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူများအထဲမှာ ဗိုလ်ဇေယျပါပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ သမဂ္ဂခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ အဲဒီ ကမှ ရဲဘော်သုံးကျိပ်အဖြစ်ပါသွားတာပါ။ အဲဒီမှာလည်း သူဟာ ခေါင်းဆောင်တဦးပါပဲ။ အထူးသဖြင့် ဖေဖေတို့ ဆရာကြီး မှိုင်းအဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်လကျာ်ပြီးရင် ဗိုလ်ဇေယျက တတိယခေါင်းဆောင်ပါ။ (ဗိုလ်နေဝင်းကတော့ ကံ ကောင်းထောက်မစွာနဲ့ သခင်ထွန်းအုပ် သခင်ဗစိန်ဂိုဏ်းရဲ့ခေါင်းဆောင်နေရာကို ရခဲ့တာပါ။ ဒီအကြောင်း ကျွန်မရေးပြီးပါ ပြီ။)

ဂိုဏ်းနှစ်ဂိုဏ်း ညီညွတ်စေလိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့စေတနာကြောင့်သာ ဗိုလ်နေဝင်း ဒီနေရာတွေရလာတာပါ။ ဗိုလ် ဇေယျနဲ့ တန်းတူနေရာမျိုးပါ။ တခါတရံ ဗိုလ်ဇေယျကို အထက်မှာထားပြီး တခါတရံ ဗိုလ်နေဝင်းကို အထက်မှာထားပါတယ်။

ဂျပန်တော်လှန်ရေးအပြီးဖွဲ့တဲ့ မျိုးချစ်ဗမာ့တပ်မတော်မှာ ဗိုလ်ဇေယျကို စစ်ဦးစီးချုပ်ပေးပြီး ဗိုလ်နေဝင်းကိုတော့ ရှေ့တန်း စစ် ဌာနချုပ်မှူးပဲ ပေးထားပါတယ်။

၁၉၄၅ စက်တင်ဘာမှာ ချုပ်ဆိုတဲ့ ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းက အရပ်ဘက်ကူးပြောင်းတော့မယ်လို့ ဆုံးဖြတ်ပြီး ကျန်လူများကို ကိုယ်ပိုင်အမှတ်စဉ်တွေ ထုတ်ပေးရာမှာ ..

ဗိုလ်လကျာ်   – BC ၃၅၀၁
ဗိုလ်နေဝင်း   – BC ၃၅၀၂
ဗိုလ်ဇေယျ       – BC ၃၅၀၃
ဗိုလ်ကျော်ဇော – BC ၃၅၀၄
ဗိုလ်အောင်ရွှေ (NLD)   –  BC ၃၅၀၅
ဗိုလ်ရဲထွဋ်       – BC ၃၅၀၆

စသဖြင့် ဗိုလ်နေဝင်းအုပ်စုကိုလည်း တစုံတရာ နေရာပေးထားတာ တွေ့ရပါတယ်။

(ဒီနေရာမှာ ကျွန်မကြုံကြိုက်လို့ ကိစ္စတခုပြောပါဦးမယ်။ ဖေဖေတို့က သူတို့ကိုယ်ပိုင်နံပါတ်ကို အတော်စွဲလမ်းပုံရပါတယ်။ ဖေဖေနေထိုင်မကောင်းဖြစ်နေတဲ့အခါ ကျွန်မက စိတ်ပြေလက်ပျောက် စကားစမြည်ပြောရင်း အော် ဒါထက် ဖေဖေ့ ဘီစီ နံပါတ်က ဘယ်လောက်ပါလိမ့်လို့ ဖြတ်မေးလိုက်ရင် ဖေဖေက ‘သရီး-ဖိုက်-အို-ဖိုး’ တဲ့။ မဆိုင်းမတွကို ဖြေနိုင်ပါတယ်။)

အဲဒီ ကန္ဒီစာချုပ်အရ ဗြိတိသျှက ဖွဲ့စည်းပေးခဲ့တဲ့ အမြဲတမ်းဗမာ့တပ်မတော်မှာ သေနတ်ကိုင် ခြေလျင်တပ်ရင်း ၃ ရင်း (သန က-၃-၄-၅) မှာ ဖေဖေရယ် ဗိုလ်နေဝင်းရယ် ဗိုလ်ဇေယျရယ် ဒုတပ်ရင်းမှူးများ အသီးသီးဖြစ်လာပါတယ်။ အင်္ဂလိပ်လူမျိုး တွေကတော့ တပ်ရင်းမှူးတွေပေါ့။ အဲဒီကမှ တပ်ရင်း ၃ ရင်းက အရာရှိ ၁၀ ဦးစီရွေးပြီး ၁၉၄၆ ခုနှစ် မေမြို့မှာ အထူးဗိုလ် သင်တန်းဖွင့်ပြီး အင်္ဂလိပ်တွေက ဖေဖေတို့ကို စစ်သင်တန်းတွေ ပေးခဲ့ပါတယ်။

အဲဒီဗိုလ်သင်တန်းနဲ့ပတ်သက်လို့ ဖေဖေက သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ အသေးစိတ်ဖော်ပြထားခြင်းမရှိပေမယ့် ဗိုလ်မှူးကြီး ဟောင်း တင်မောင် (စာရေးဆရာ မြတ်ထန်) ရဲ့ ‘တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်မှာ’ တော်တော် ပြည့်ပြည့်စုံစုံ ရေး ထားပါတယ်။ တနေရာမှာ ရေးထားတာကတော့ ….

ထိုသင်တန်းသည် တမျိုးတော့ ပျော်စရာကောင်းလှပါသည်။ မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းပြီးနောက် အင်္ဂလိပ်စစ်တပ် သို့ ဝင်ရောက်ခဲ့ကြရပြီးမှ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်တို့သည် တစုတဝေး ပြန်လည်တွေ့ဆုံကြရခြင်းဖြစ်သည်။ ထို့ ကြောင့် ရောက်စကမူ ရင်ဆိုင်ကြရမည့် သင်တန်း၏ ပင်ပန်းမှု ပြင်းထန်မှုတို့ကို သတိမရနိုင်ကြဘဲ တဲတတဲမှတတဲ ကူးကြ သန်းကြ အတွေ့အကြုံခြင်း ဖလှယ်ကြ ရှေးဖြစ် နှောင်းဟောင်းတွေပြောကြ တဝါးဝါး တဟားဟား … လို့ ရေးထားတာ တွေ့ရပါတယ်။

ဟုတ်ပါတယ်။ အဲဒီကာလက ပျော်စရာတွေအကြောင်း ဖေဖေလည်း ပြောပြခဲ့ဖူးတာတွေ ရှိပါတယ်။

ဖေဖေက အဲဒီသင်တန်းတက်တုန်းက ဗိုလ်ဇေယျနဲ့အတူတက်ခဲ့ပြီး နောက်ပိုင်း မတွေ့ဖြစ်တော့တာဟာ ၁၉၆၃ ခုနှစ် ပြည် တွင်းငြိမ်းချမ်းရေးကာလကျမှ ပြန်တွေ့ကြတာဖြစ်တယ်လို့လည်း ပြောပြခဲ့ဖူးပါတယ်။

ဖေဖေက ‘ဗိုလ်ဇေယျကြီးဟာ သိပ်သဘောကောင်းတာ လက်အောက်ငယ်သားတွေ ဖေဖေတို့လို သူ့ထက်ငယ်သူတွေ အပေါ်မှာလည်း ညှာတာတယ်။ လူကလည်း လူချောကြီး အသားကဖွေးနုနေတော့ အမျိုးသမီးတွေက အတော်လိုက်ကြ တယ်’ လို့လည်း ပြောပြဖူးပါတယ်။

ဗိုလ်ဇေယျက ဘီအိုင်အေခေတ် အစောပိုင်းမှာပဲ မန္တလေးက အချောအလှစာရင်းဝင် ကျောင်းသူလေး မခင်တင့်နဲ့ အိမ် ထောင်ကျပါတယ်။ မခင်တင့်က သိပ်လှတာ အိမ်ထောင်ကျတော့ ငယ်ငယ်လေးရှိသေးတယ်လို့ မေမေက ပြောပြဖူးပါတယ်။

(မကြာမီက ဒေါ်ခင်တင့်ကွယ်လွန်တော့ သတင်းစာထဲ နာရေးကြော်ငြာထည့်ရာမှာ ‘ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ဇနီး’ လို့ထည့်ထားတာကို သတင်းစာတိုက်တာဝန်ခံများကတဆင့် ဖိအားပေးဖြုတ်ခိုင်းလို့ ဖြုတ်ပေးလိုက်ရတယ်တဲ့။ အဲသ လောက် အာဃာတကြီးကြပါတယ်။)

ဒေါ်ခင်တင့်ဘယ်လောက်လှလဲဆိုတာတော့ ကျွန်မ မတွေ့ဖူးလို့ မသိပါဘူး။ ဒါပေမဲ့ မမခင်မာလာ (ဗိုလ်ဇေယျ ဒေါ်ခင်တင့် တို့၏သမီးကြီး) လှတာကိုတော့ ကောင်းကောင်းသတိပြုမိပါတယ်။ အသားအရည်ကဝင်းနေပြီး မျက်နှာဝိုင်းဝိုင်းလေး မျက် လုံးတောက်တောက်လေးနဲ့ အတော်ကျက်သရေရှိပါတယ်။ ယခုနာမည်ကျော်သရုပ်ဆောင် (ဗိုလ်ဇေယျမြေးတဦးလည်း ဖြစ်တဲ့) အိန္ဒြာကျော်ဇင်တို့ မျက်နှာပေါက်ပဲ။

မမခင်မာလာက ၁၉၆၂ ဇူလိုင် ၇ ရက်နေ့မှာ ကောလိပ်ဂျင်နေဝင်းနဲ့ မင်္ဂလာဆောင်ပါတယ်။ အဲဒီတုန်းက အသက် ၂၀ တောင်မပြည့်သေးပါဘူး။ ကောလိပ်ဂျင်နေဝင်းက ခရစ်ယာန်ဖြစ်လေတော့ ခရစ်ယာန်ဘုရားကျောင်းမှာလည်း လက်ထပ် ဖို့လိုပါတယ်။ အဲဒီဘုရားကျောင်းမှာ လက်ထပ်တော့ သတို့သမီးကို တွဲထုတ်ဖို့ သတို့သမီးဖခင်နေရာမှာ နေပေးဖို့ ဖေဖေကို ဦးစိုးဝင်း (ဗိုလ်ဇေယျညီ) က လာဖိတ်ခေါ်လို့ ဖေဖေသွားလက်ထပ်ပေးရပါတယ်။ တရားရုံးမှာ လက်ထပ်တုန်းကတော့ ဗိုလ်လကျာ်တို့ဇနီးမောင်နှံက ဦးစီးလက်ထပ်ပေးခဲ့တာပါ။

ဗိုလ်ဇေယျညီ ဦးစိုးဝင်းဆိုတာ ၁၉၈၈ ခုနှစ် အရေးတော်ပုံအပြီး ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ဆက်သွယ်မှုနဲ့ ထောင်ကျပြီး ထောင်ထဲမှာပဲ ကျဆုံးကွယ်လွန်သွားရတဲ့ နိုင်ငံရေးအကျဉ်းသမားတဦးပါ။ မမခင်မာလာတို့ညီအမတတွေကို တောက် လျှောက် အုပ်ထိန်းသူအဖြစ် စောင့်ရှောက်လာခဲ့သူပါ။

ကောလိပ်ဂျင်နေဝင်းကြီးကလည်း ဘယ်လောက်သရုပ်ဆောင်ကောင်းကောင်း ဘယ်လောက်လူကြိုက်များများ မမခင် မာ လာနဲ့ယူမိလို့ တော်တော်နဲ့ အကယ်ဒမီမရနိုင်ခဲ့ပါဘူး။ ကောလိပ်ဂျင်နေဝင်းကြီးဟာ ရုပ်ရှင်ထဲမှာသာ နောက်တီး နောက် တောက်နေပေမယ့် အပြင်မှာကျတော့ အလွန်အိနြေ္ဒကြီး တည်ကြည်ပါတယ်။ ကျွန်မမောင်တွေ ၁၉၆၃ ဧပြီလထဲမှာ ရှင်ပြု တော့ သူတို့ဇနီမောင်နှံလာလို့ ကျွန်မ နီးနီးကပ်ကပ် တွေ့ဖူးလိုက်တာပါ။ နိုင်ငံရေးစိတ်ဓာတ် အခြေခံကောင်းပုံရပါတယ်။ စာရေးဆရာကြီး ဒဂုန်တာရာကို အိမ်ပေါ်တင်ထားပြီး ပြုစုစောင့်ရှောက်ရုံသာမက ဆရာကြီး ဒဂုန်တာရာနဲ့ပတ်သက်ရာ ပတ်သက်ကြောင်း စာပေမိတ်ဆွေတွေ ကဗျာဆရာတွေ ဝင်ထွက်သွားလာနေမှုကိုလည်း ကြည်ကြည်ဖြူဖြူ လက်ခံ ဆက် ဆံတယ်လို့လည်း ကြားဖူးပါတယ်။ သူတို့အများစုက လက်ဝဲနွယ်တွေဖြစ်ပြီး အစိုးရရဲ့ အငြိုငြင်ခံရသူတွေပါ။

ဗိုလ်ဇေယျမှာ သမီးချည်း ၅ ယောက်ရှိပါတယ်။ အငယ်ဆုံးသမီးလေး ရိုးရိုး ၇ လသမီးမှာ သူတို့သားအမိတတွေ အစိုးရထိုး စစ်တခုမှာ အဖမ်းခံလိုက်ရပါတယ်။ အဲဒီတုန်းက ပါတီကလည်း ၅၅ လမ်းစဉ်အရ အိမ်ထောင်သည်များ မြို့ပြန်ပို့ရေး အစီ အစဉ်တွေရှိနေလို့ သူတို့သားအမိတတွေ တောထဲပြန်မရောက်တော့ပါဘူး။ ဒါကြောင့်ဘဲ ရိုးရိုးက သူ့အဖေကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလ တပတ် နှစ်ပတ်လောက်ပဲ တွေ့ဖူးလိုက်လို့ ဖေဖေ့အကြောင်း ဘာမှမသိလိုက်ရပါဘူးလို့ ပြောတယ်လို့ ကြားရဖူးပါတယ်။ အခုလည်း ရိုးရိုးဟာ ‘ရဲဘော်သုံးကျိပ်ဝင် မိသားစု’ အဖွဲ့မှာ တက်တက်ကြွကြွ ခေါင်းဆောင် ပါဝင် နေကြောင်း ကြားရပါတယ်။ ဖခင်ကြီးရဲ့ မပြီးဆုံးသေးတဲ့တာဝန်ကို တတောင့်တနေရာက ပါဝင်ထမ်းဆောင်ရွက်နေပုံပါပဲ။

ဗိုလ်ဇေယျကြီးဟာ ပဲခူးရိုးမအတွင်း အစိုးရရဲ့ ဖြတ် ၄ ဖြတ် စစ်ဆင်ရေးများအတွင်း ၁၉၆၈ ခုနှစ် ဧပြီလ ၁၆ ရက်မှာ ကျဆုံး သွားခဲ့ပါတယ်။ တလောက လွတ်လပ်တဲ့အာရှအသံက လွှင့်သွားတဲ့ (ဗိုလ်ချုပ်ကြီးဟောင်း) ဦးတင်ဦးရဲ့ (ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတဦး) ပြန်ပြောင်းပြောဆိုချက်ထဲမှာ တော်တော်အသေးစိတ်ပြောထားပါတယ်။

စစ်ကြောင်းနှစ်ကြောင်းက ဗကပခေါင်းဆောင်တွေ ခိုအောင်းနေတယ်လို့ သတင်းရတဲ့ တောင်ကြောနှစ်ကြောကို ပိတ်ပြီး ရှင်းလင်းရေးလုပ်ရာမှာ ခြုံပုတ်တခုထဲအဝင် အပေါ့အပါးသွားမယ့် လူတယောက်တွေ့ရာမှာ အဲဒီလူ ထွက်ပြေးလို့ ပစ်လိုက် ရာမှာ အသေဖမ်းမိသူ မျက်မှန်နဲ့ပုဂ္ဂိုလ်တဦးကိုလာပြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကြည့်ရှုစစ်ဆေးပေးဖို့ တိုင်းမှူး (ဗိုလ် ချုပ်) ဦးတင်ဦးကိုခေါ်လို့ သွားကြည့်ရာမှာ ဦးတင်ဦးက ‘အလွန်ဝမ်းနည်းစရာကောင်းစွာနဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ ဖြစ်နေတာ တွေ့ရတယ်’ လို့ ပြောပြထားပါတယ်။

ဒီလိုနဲ့ အလွန်ရင်နာဖွယ် ဗမာပြည် ပြည်တွင်းစစ်အတွင်း အဖိုးတန် ဗမာ့သားကောင်းတဦး (ဗမာပြည် အမျိုးသား လွတ် မြောက်ရေးလှုပ်ရှားမှုအတွင်းက သူရဲကောင်းတဦး) အချိန်မတိုင်မီ ကျဆုံးသွားခဲ့ရပါတယ်။ ဗမာပြည်ရဲ့ ပြည်တွင်း နိုင်ငံရေး အခြေအနေအရ ဗိုလ်ဇေယျရဲ့ သမိုင်းဝင်စာမျက်နှာများဟာ မေ့ပျောက်ခြင်းသော်လည်းကောင်း မှေးမှိန်ထားခြင်း သော် လည်းကောင်း ခံနေရပါသေးတယ်။

ဒီလိုပုဂ္ဂိုလ်ကြီးတွေ သမိုင်းမှန် နေရာမှန် ပြန်ရရေးအတွက် ဆက်လက်ကြိုးစားကြပါစို့။

တဆက်တည်း အလျဉ်းသင့်တုန်း ကျွန်မတို့တော်လှန်ရေးအတွင်း ရဲဘော်များအတွင်း ခေတ်စားခဲ့တဲ့ ရဲဘော်ဗိုလ်ဇေယျရဲ့ ‘မိခင်ပါတီ’ သီချင်းကိုဖော်ပြရင်း ဗိုလ်ဇေယျအပါအဝင် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးအတွင်း ကျဆုံးသွားရတဲ့ အာဇာနည် အထောင်အသောင်းကို ဦးညွတ်အလေးပြုလိုက်ပါတယ်။

မိခင်ပါတီသီချင်း
ရေးစပ်သူ- ဗိုလ်ဇေယျ

(ဂုဏ်ရောင်ပြောင်တယ် ပစ္စည်းမဲ့ တို့ပါတီရယ် x x x စာဖွဲ့ရမယ် x x x သီကုံးလို့ရယ် x x x သွေးလှူပေးအပ်ထားတဲ့ x x x ချစ်မိခင်ပါတီမြတ်ရယ်)၂ အူသည်းလှိုက်ဆူ x x x (ဂုဏ်ယူမိတယ်)၂ x x x ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်။

မာက်စ် လီနင် မော်အတွေးအခေါ် ဦးထပ်ပန်လို့ရယ် x x x ရင့်ကျက်သံမဏိနှယ် x x x ကျောက်ဆိုင်ပမာသို့ကွယ် x x x ခိုင်မာတယ် x x x အောင်လံနီစိုက်ကာလွှင့်မယ် x x x ရန်သူကို တိုက်ကာခွင်းမယ် x x x ပြည်သူကိုခေါင်းဆောင်လို့ရယ် x x x အောင်ပွဲသို့သာချီကာရယ် x x x (အာဏာနီထူမယ်)၂ x x x လက်နက်ကိုင်လို့ တိုက်ကြပါစို့ကွယ် x x x (အာဏာနီထူမယ်) ၂ လက်နက်စွဲလို့ ရဲရဲတောက်နီ ဆန္ဒပြုမယ် x x x အမှန်ပင် အောင်မြင်စေရမယ် x x x အဓွန့်ရှည်ပါစေလို့ x x x မိခင် x x x ပါတီ x x x အလီလီကြွေးကြော်တယ် x x xx x xx x x

သဘောတရားကရှေ့ဆောင်တယ် x x x လက်တွေ့နဲ့ရယ်ပေါင်းစပ်မယ် x x x လက်နက်ကိုင် x x x ကြီးပြင်းခဲ့လို့ လူလားမြောက်တဲ့ ဒီချိန်ခါဝယ် x x x အသက်နဲ့ထပ်တူချစ်ခင်ရမယ် x x x သွေးနဲ့ရင်းကာ သစ္စာပြုမယ် x x x တူတံဇင်ရွှေရောင်အဆင်းနဲ့ x x x လမ်းပြတံခွန်ကြယ် x x xx x x ရဲဘော်အပေါင်းရယ် x x xx x x လွှင့်ထူစို့ကွယ် x x x အဓိဋ္ဌာန်ပြုမယ် x x xx x x အောင်စေဖွယ် x x xx x x ဗမာပြည်အနီရောင်လွှမ်းလို့ x x xx x x ချမ်းမြေ့စေမယ် x x xx x x (အလေးနီ)၃ x x xx x xx x x အဓိဋ္ဌာန်ပြုပါတယ်။အို x x xx x x ရဲဘော် x x xx x x ချစ်ရဲဘော်ရယ်x x x ငုပ်မိသဲထိုင် တက်နိုင်ဖျားရောက် အောင်ရမယ်x x x တနေ့တလံ ပုဂံ ဘယ်ပြေးမယ်x x x ဟုတ်တယ်x x xဟုတ်တယ်x x x ဟုတ်တယ်x x x ဟုတ်တယ်x x x မာ့က်စ်လီနင်ဝါဒ x x xအောင်ပွဲရတဲ့ခုချိန်မယ် x x x အနာဂတ်ကို x x x တို့ပိုင်တယ် x x x တို့ပိုင်တယ်x x x တို့သာပိုင်ရမယ် x x xx x xx x x

(တို့တတွေ x x x ပေးအပ်ထားတဲ့တာဝန်ရယ် x x x မဆုတ်မနစ်ကြိုးစားလို့ဖြင့် x x xx x x အောင်စေရမယ် x x xx x x အောင်စေရမယ်)၂ x x xx x xx x x

သံမဏိစည်းကမ်း x x x လိုက်နာလို့ရယ် x x x ပါတီတောင်းဆိုချက်ကို x x x ပြည့်စုံစေမယ် x x x ကိုယ်ကျိုးမဖက်တယ် x x x အသက်ကိုပင် x x x ပေးလှူဖြူစင်ကြယ်၁၄-၁၁-၂၀၁၂

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ- ဆောင်းပါးအမှတ် (၂၈)။

• ထပ်မံဖြည့်စွက်ချက်
သံမဏိမောင်မောင်ရဲ့“နောင် ဥဒါန်းဘယ်မကျေစေရာ” စာအုပ်မှာ ဗိုလ်ဇေယျကျောင်းသားခေါင်းဆောင်ဘဝက ဆောင်ရွက် ချက်အချို့ ပါလာပါတယ်။ လူသိနည်းတဲ့အချက်တွေဖြစ်လို့ ကူးယူဖော်ပြလိုက်ပါတယ်။

—၁၃၀ဝ ပြည့် အရေးတော်ပုံအစရဲ့ အစအနေနဲ့  ချောက်၊ ရေနံချောင်းရှိ ရေနံမြေအလုပ်သမား သပိတ်ပေါ်လာပါတယ်။ သပိတ်မှောက် ဆန္ဒပြအလုပ်သမားများက ရန်ကုန်သို့ ခြေလျင်လျှောက်ဆန္ဒပြမယ့်အကြောင်း သတင်းစာများမှာ အသေး စိတ် ပါလာပါတယ်။ အဲဒီလိုဆန္ဒပြ ချီတက်လာတဲ့ သပိတ်မှောက်အလုပ်သမားတပ်ကြီးကို အုပ်စိုးသူ ကိုလိုနီအစိုးရက လမ်းမှာ တားဆီးနှောင့်ယှက်ခြင်း၊  သပိတ်မှောက်အလုပ်သမားတပ်ကြီးရဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးခြင်းစသဖြင့် မျိုးစုံ ဟန့်တားပိတ်ဆို့နေပါတယ်။ ဒါကြောင့် အလုပ်သမားသပိတ်တပ်ဖွဲ့ကြီးကို ရန်ကုန်သို့ ခေါင်းဆောင်ချီတက်ရန် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ဥက္ကဋ္ဌကိုဗဟိန်းနဲ့ အတွင်းရေးမှူး ကိုဗဆွေတို့ ရေနံချောင်းကို သွားရောက်ခေါင်း ဆောင်ခဲ့တယ်။ အလုပ်သမားသပိတ်ကို ဗကသ သွားရောက်ခေါင်းဆောင်လိုက်တာနဲ့ တချိန်တည်းမှာ နယ်မြို့များသို့ ဗကသခေါင်းဆောင်များကိုယ်တိုင်ဆင်းပြီး တိုက်ရိုက်ခေါင်းဆောင်ခဲ့ပါတယ်။

ရန်ကုန်မှမြန်မာကျောင်းဆရာ ဆရာညို (နောင်အခါ ဗိုလ်ညိုခေါ် ဗိုလ်သူရ)နဲ့ ဆရာကိုလှမောင် (နောင်အခါ ဗိုလ်မှူးလှမောင်) တို့က “ကျောင်းသားသွေးမြေခပြီ” ဆိုတဲ့စာတမ်းများနဲ့အတူ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းမြို့များသို့ ရောက်လာပြီး သပိတ်မှောက် ကျောင်းသားများအား လိုအပ်တာတွေ လမ်းညွှန်ပေးကြပါတယ်။

မြင်းခြံကို ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင် ကိုလှမောင် (ရဲဘော်သုံးကျိပ်ဝင် -ဗိုလ်ဇေယျ) က လာပြီးဦး ဆောင်ပါတယ်။ မြင်းခြံသပိတ်မှာ ဘာပြဿနာမှမပေါ်ဘဲ အစစ အဆင်ပြေအောင်မြင်ခဲ့ပါတယ်။  ထိုအချိန်မှာပဲ မန္တလေးမှာ ပုဒ်မ ၁၄၄ ကို အာဏာဖီဆန်ဆန္ဒပြချီတက်ရာ အစိုးရက သေနတ်နဲ့ပစ်ခတ်တားဆီးလို့ ကျောင်းသားများနဲ့ ဘုန်ကြီးများအပါ လူ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။  ရန်ကုန်တက္ကသိုလ်မှလာရောက်ခေါင်းဆောင်တဲ့ ကျောင်းသားခေါင်းဆောင် ကိုလှမောင် ဟာ ပေါင်မှာ ဒဏ်ရာရသွားခဲပါတယ်။ သူဟာမြင်းခြံမှတဆင့် တာဝန်အရ မန္တလေးရဲ့ အာဏာဖီဆန်ပွဲကို သွားရောက် ခေါင်းဆောင်နေစဉ် ယခုလိုဒဏ်ရာရသွားခြင်းဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, လှကျော်ဇော

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်