နေဝန်းနီ (မန္တ​လေး) သား​ ကျောင်းပြန်​တက်​ချင်​တယ်​…​ မေ​မေ

July 3, 2015

နေဝန်းနီ (မန္တ​လေး) – သား​ ကျောင်းပြန်​တက်​ချင်​တယ်​…​ မေ​မေ
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅

ဒီချိန်​ဆို သားသူငယ်​ချင်း​တွေ
ကျောင်းတက်​​နေကြပြီလား….​မေ​မေ

သားလွယ်​အိတ်​လေးဘာလို့
ဆေး​သေတ္တာဖြစ်​သွားတာလည်း…​မေ​မေ

ဖေ​ဖေရဲ့ ​ခြေ​ထောက်​​အောက်​မှာ
သား​ကျောင်းအင်္ကျီအဖြူ​လေး
ဘာလို့ပတ်​​ပေးထားတာလည်း…ေ​မ​မေ

သားတို့အိမ်​နဲ့ရွာ​လေးကိုထားခဲ့ပြီး
ဘာလို့ထွက်​​ပြေးလာရတာလည်း
ပြေးရတာလည်း​မောလှပါပြီ…​မေ​မေ

သေနတ်​သံ​တွေကိုသား​ကြောက်​တယ်
ဗုံးသံ​တွေကိုထိတ်​လန့်​​နေမိတယ်
ရွာ​ကျောင်းက​ခေါင်း​လောင်းသံ​လေးကို
သားမက်​​မောတယ်​…​မေ​မေ

ယမ်း​ငွေ့​တွေ ​သေနတ်​သံ​တွေကြား
ကျူထရံတဲ​လေးကို ကျားကန်​ထားတဲ့
ရွာက စာသင်​​ကျောင်း​လေးမှာ
“ဇွန်​ပန်းရုံအနီး လှည်းဘီးနွံထဲကျွံ​နေသည်​“စာကို
ဆရာမ​လေး “သဇင်​မွန်​ဟန်​” က သင်​​ပေး​နေ​တယ်​လို့
ညက သား အိမ်​မက်​မက်​တယ်​…​မေ​မေ

သား ရွာကိုပြန်​ချင်​တယ်
“​နော်​​ဆေးဝါး” “နန်း​ဖော့အွာ” တို့နဲ့အတူ
သား​ကျောင်းပြန်​တက်​ချင်​တယ်​…​မေ​မေ

{​ပြည်​နယ်​ စစ်​​ဘေးသင့်​က​လေးငယ်​များသို့}

Photo source : UNHCR

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ​နေဝန်းနီ (မန္တ​လေး)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)