နေစရာမရှိသူများက ကျေးရွာသစ်ဖော်ဆောင်

July 5, 2015

နေစရာမရှိသူများက ကျေးရွာသစ်ဖော်ဆောင်

ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင် ၅၊ ၂၀၁၅

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင်း ကံ့ကော်ကျွန်းကျေးရွာသစ်ကို အိမ်ယာမရှိသူများ စုပေါင်းပြီး ၂၀၁၅ခုနှစ်၊
မတ်လ ပိုင်းတွင် ဖော်ဆောင်ကာ( ၅၈) ဧက ပြီးစီးခဲ့သည်။ ထိုကဲ့သို့ဖော်ဆောင်ရာ တွင် မြေယာဦးဆောင်သူများက
အိမ်ယာမဲ့များကို စည်းမျည်းစည်းကမ်းများဖြင့် သေချာစစ်ဆေးပြီး မိသားစုတစ်စုကို ပေ ၄၀၊ ၆၀ အခမဲ့ဆောက်လုပ်ခွင့်ပြုခဲ့သည်။ ယခုအခါတွင် နေထိုင်သူ မိသားစုဝင်( ၃၆၅)ဦး ရှိနေပြီဖြစ်သည်။

ဆောက်လုပ်နေထိုင်သောမြေနေယာသည် စက်မှုသီးနှံမှ စပါးလင်ဆီမွှေးစီမံ ကိန်းမြေနေရာဖြစ်သော်လည်း
စီမံကိန်းပျက်သွားသဖြင့် ၄င်းမြေနေယာကို သက်ဆိုင်ရာဌာန (၁၄)ခုသို့ နေခွင့်ပြုရန် အိမ်ယာမဲ့များက
တောင်းဆိုထားသည်။ ကျေးရွာ
သစ်ဖော်ဆောင်ရာတွင် ဦးဆောင်သူ (၆)ဦးကို စက်မှုသီးနှံမှ ပုဒ်မ
၄၄၇ဖြင့် လှည်းကူမြို့နယ်တရားရုံးတွင် တရာစွဲထားသည်။ တရားစွဲဆိုနေချိန်တွင် နေထိုင်သူအားလုံးကို စက်မှုသီးနှံနေရာမှ
ဖယ်ရှားပေးရန်၊ မဖယ်ရှားပေးလျှင် ဂေါ်များဖြင့်ထိုးခြင်း၊ ဥပဒေအရအရေးယူခြင်းများပြုလုပ်သွားမည်ဟု
ခြိမ်းခြောက်မှုများရှိခဲ့သည်။
          “ဒီမြေနေရာဟာ အရင်ကတည်းက ရွာစားကျက်ပါ၊ အဲဒါကို စက်မှုသီးနှံကစီမံကိန်းနဲ့ သိမ်းသွားတယ် ဘာမှလည်းလာမလုပ်ဖူး၊ နောက်တော့စီမံကိန်းပျက်သွားတယ်၊ အဲဒါကြောင့် ကျနော်တို့က အနယ်နယ်အရပ်ရပ်က လာရောက်လုပ်ကိုင်ပြီး နေစရာဆင်းရဲသူများကို ဦးဆောင်ပြီးကူညီပေးတာပါ၊ ကျနော်တို့ကလည်း အနီးအနားရွာတွေက အနေဆင်းရဲ ဘောက်လုပ်စားတဲ့သူတွေပါ” ဟု ဦးဆောင်သူကိုမောင်နိုင်က ပြောပြသည်။
          ဆက်လက်ပြီး ၄င်းက “ကျနော်တို့အခုနေထိုင်သူအားလုံးဟာ လာမယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို ဘယ်ကမှလည်း လာမကောက်ကျဘူး၊ စာရင်းမရှိတော့ဘယ်လိုထည့်ရမှန်းလဲမသိဘူး” ဟု ပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Han Thit Naing, သတင်းပဒေသာ

One Response to နေစရာမရှိသူများက ကျေးရွာသစ်ဖော်ဆောင်

  1. Ko Zaw on July 5, 2015 at 12:34 pm

    ဘယ်လိုဖြေရှင်းမလဲ အကြမ်းဖက်နည်းပဲလား
    မြန်မာပြည် လူဦးရေသန်း၆၀မှာ ၈သန်းလောက် နိုင်ငံခြားရောက်ပြီး ပျောက်ဆုံး၊ မဲပေးပိုင်ခွင့်ရှိသူတွေ ဖြစ်ပါတယ်။ အခုလို အိမ်ထောင်စုစာရင်းမဲ့ လူကြီးမင်းတို့အုပ်စုတွေလည်း အများကြီးရှိပါဦးမယ်။
    လယ်ယာမြေပြုပြင်ရေး ထိုင်း၊ ဗီယက်နမ်၊ တောင်ကိုးရီးယား၊ ဖိလစ်ပိုင်တို့ကို ကြည့်ပါ။ မြန်မာအစိုးရက ဖိလစ်ပိုင်နည်းလမ်း သုံးစွဲနေရင် တိုင်းပြည်လဲ ဖိလစ်ပိုင်လယ်သမားတွေလို နင်းပြားဖြစ်နေဦးမှာပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)