တက္ကသိုလ်ဝင်းအတွင်း တကသများက ၅၃နှစ်ပြည့် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်ပြုလုပ်

July 8, 2015

 တက္ကသိုလ်ဝင်းအတွင်း တကသများက ၅၃နှစ်ပြည့် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်ပြုလုပ်

 ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင် ၇ရက် ။ ၂၀၁၅ခုနှစ်

တက္ကသိုလ်ကျောင်းသားလူငယ်များသည် ဇူလိုင်လ ၇ရက် နေ့ခင်း ၂နာရီတွင်  ကမာရွတ်မြို့နယ် စံရိပ်ငြိမ်မှတ်တိုင်မှ   တက္ကသိုလ်ကျောင်းဝင်း အတွင်းရှိ ကျောင်းသားသမဂ အဆောက်အဦးဟောင်းရှေ့သို့ ချီတက်လမ်းလျှောက်လာပြီး ၅၃နှစ်ပြည့် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနားကိုပြုလုပ်ခဲ့ကြသည်။ ၄င်းအခမ်းအနားတွင် ကျောင်းသားများက သွေးမြေကျခဲ့သော ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူများကို  ခွပ်ဒေါင်းအလံအရှေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်
အလေးပြုခဲ့ကြသည်။ တက္ကသိုလ် ကျောင်းသားများက ကမ္ဘာမကျေဘူး သီချင်းကို မိုးရေထဲတွင် သံပြိုင်သီဆိုပြီး အဆုံးသတ်ခဲ့သည်။
တက္ကသိုလ်ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်မှ ယခင်ကျောင်းသားများကလည်း စစ်အာဏာရှင်စနစ် ကိုတော်လှန်ခဲ့ခြင်းများအကြောင်း၊ ၁၉၆၂ ခုနှစ်တွင်
ကျောင်းသားသမဂ္ဂအဆောက်အဦကို စစ်အာဏာရှင်များက ဗုံးခွဲခဲ့ခြင်းအတွက် ကျောင်းသားများသွေးမြေကျခဲ့ခြင်း များအကြောင်းနှင့်၊ ယခု လွှတ်တော်ထဲတွင်လည်း စစ်တပ်၂၅ရာခိုင်နှုန်းကို ချက်ချင်းထွက်ပေးရေး အကြောင်းများ ပြောသွားသည်။
         

 

 

 

 ဆက်လက်ပြီး ၄င်းက “၁၉၆၂ ခုနှစ် မတ်လ ၂ရက်နေ့ဟာ စစ်တပ်ကပြည်သူကို ကြိုးတုပ်တယ်ဆိုလို့ရှိရင်၊ ဇူလိုင်လ ၇ရက်နေ့ဟာ စစ်ဖိနပ်ဖြင့် ပြည်သူကို ဆောင့်ကန်တဲ့နေ့ပဲ၊ အဲဒါ ဆဲဗင်းဇူလိုင်ပဲ အဲဒီအတွက်ကြောင့် ကျနော်တို့က ဆဲဗင်းဇူလိုင်ကို ဘယ်တော့မှမမေ့ဘူး၊ ဆဲဗင်းဇူလိုင်ဆိုတာ ကျနော်တို့ကျောင်းသားတွေအတွက်၊ ကျနော်တို့ပြည်သူအတွက်၊ ကျနော်တို့တိုင်းပြည်အတွက် စစ်တပ်က ဗီလိန်ဖြစ်တယ်ဆိုတာကို သက်သေပြတဲ့နေ့ပဲ၊ အဲတော့ ကျနော်တို့ စစ်တပ်ကို ဘယ်တော့မှမကျဘူး”  ဟုပြောသည်။
           ၅၃နှစ်ပြည့်၊ ဇူလိုင် ၇ရက်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို တက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်အပြီးတွင် ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်အား
ဇွန်လ ၃၀ရက်နေ့ကပြုလုပ်ခဲ့သော တပ်မတော်သား ၂၅ရာခိုင်နှုန်းအပြင်ထွက်ဟူသော ဆန္ဒပြပွဲတွင် ပါဝင်ခဲ့မှုဖြင့် ဖမ်းဝရမ်းထုတ်ထားသောကြောင့် ရဲများက ဖမ်းဆီးသွားကြောင်း သိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Han Thit Naing, သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)