ဆောင်းလူ – ၀တ္လ်စ္စလစ် အိပ်မက်

July 20, 2015

 ဆောင်းလူ – ၀တ္လ်စ္စလစ် အိပ်မက်
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၅

ကျုပ်တို့ဘ၀ကလည်းဗျာ သိပ်တော့ မနိပ်လှပါဘူး။ ဒီအသိခေါက်ခက် အ၀င်နက်နေကျတဲ့သူတွေကြောင့် ဘ၀ဟာ တခါ တခါ ၀တ္လ်စ္စလစ်နဲ့ ဟန်လုံးထုတ်ထုတ်ပြရတာ သိပ်တော့ မနိပ်လှဘူးဗျ။

စဉ်းစားကြည့်လေဗျာ …။
တခါ တခါဆို ခေါင်းမပါဘူး …
တခါ တခါဆို ခြေထောက်မပါဘူး …
တခါ တခါဆို လက်မပါဘူး …
အင်္ဂါမစုံတဲ့ ခန္ဓာကိုယ်ကို ထုတ်ထုတ်ပြရတာလည်း ရှက်လှပါပြီဗျာ …။

နိစ္စဓူဝနဲ့ သူတို့ဘ၀တွေ ပိန်တာ ဖောင်းတာ ကျုပ်လည်း သဘောပေါက်ပါတယ်ဗျာ …။ ဒါပမေယ့် ကျုပ်တို့ ပိန်တာ ဖောင်းတာကျ သိပ်မဟန်လှဘူးဗျ။ အဓိပ္ပါယ်ပါ ပျောက်ကုန်တာလေဗျာ။

တခါတလေ အစီအစဉ်မကျမှုတွေကဗျာ … လူလိုသာဆို မျက်လုံးနဲ့ အသက်ရှူနေရတဲ့ဘ၀မျိုး …။ ငှက်သာဆို ပါးဟက်နဲ့ နေရတဲ့ဘ၀မျိုး ..။

တကယ်ဆိုဗျာ .. ကျုပ်တို့ ဘိုးဘွားဘီဘင်လက်ထက်တွေကတည်းက အမြီးချိုး ခေါင်းဖြတ်နဲ့ ကျုပ်တို့ဘ၀ ဆင့်ကဲဖြစ်စဉ်တွေကို လိုရာပုံသွင်း ဖန်တီးခဲ့တာလည်း ဒီလူတွေဗျ။ အဲ ခု ကျုပ်တို့ဘ၀ကို ဖျက်ဆီးနေပြန်တာလည်း ဒီလူတွေပဲဗျ …။

ခုဆိုဗျာ .. သိက္ခာတွေက ကျပြီးရင်းကို ကျနေတာ …။ ဟိုဟာတွေနဲ့ယှဉ်ရင် ကျုပ်တို့သိက္ခာက နည်းလွန်းလှတယ်ဗျာ ..။ ဒါ လည်း ကျုပ်တို့အပြစ်မဟုတ်ပါဘူး။ ဒါကလည်း ကျုပ်တို့ကို ဖန်တီးခဲ့တဲ့မျိုးဆက်တွေက တနေ့တခြား ဥနှောက်နည်းနည်း လာလေဆိုတဲ့ ပြယုဒ်တခုပဲဗျ …။

ကျုပ်က ဒီလိုပြောလို့ ဒီလူတွေ ကျုပ်ဆေးဖော် ကျောဖက် မလုပ်ချင်လည်းနေပါစေဗျာလို့ပဲ ပြောပစ်လိုက်ချင်တယ်ဗျာ။

ခုဆိုဗျာ ..
ခေါင်းပါလိုက်
ခေါင်းမပါလိုက် …

ခြေထောက်ပါလိုက်
ခြေထောက်မပါလိုက် …

မျက်လုံးနဲ့ အသက်ရှူရှူနေရတဲ့ ကျုပ်တို့ရဲ့ ၀တ္လ်စ္စလစ် ခြောက်အိပ်မက်တွေက တနေ့တခြား ဆိုးရွားလာပြီဗျာ …။

ခုကြည့်လေ .. ဒီစာရေးတဲ့ကောင်တောင် ကျုပ်ကို သောက်တလွဲလုပ်နေတယ်။

ဇူလိုင် ၂၀၊ ၂၀၁၅
( ၁း ၀၇ နာရီ )
illustration : Franz Kline’s Abstract Expressionism


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ဆောင်းလူ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)