အာဇာနည်များ၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းမည့် NLD မှ(၆၈)ကြိမ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုခြင်းပြုလုပ်

July 20, 2015

 

အာဇာနည်များ၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းမည့် NLD မှ(၆၈)ကြိမ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုခြင်းပြုလုပ်
ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင်၂၀၊ ၂၀၁၅ခုနှစ်
 
 ၂၀၁၅ခုနှစ်၊ ဇူလိုင် ၁၉ ရက် နေ့လည် ၁နာရီခွဲတွင် (၆၈)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး အနောက်ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တွင် ကျင်းပပြလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက
ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးကိုကိုကြီး၊ နိုင်ငံခြားသံတမန်များ နှင့် ပြည်သူလူထုမှတခဲနက်တက်ရောက် ခဲ့ကြသည်။ ပြည်ထောင် စုမြန်မာနိုင်ငံတော်အား အလေးပြု ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်(၉)ဦးအားအလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲတွင်ကျဆုးံးခဲ့သော ရဟန်းရှင်လူ၊ ကျောင်း သားပြည်သူများအား အောက်မေ့သတိရသော အားဖြင့် ငြိမ်သက် အလေးပြု ခြင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။


         
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှပြောကြားရာတွင် ကျဆုံးသွားခဲ့ကြသောအာဇာနည်( ၉) ဦးသည် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံဖြစ်ကြပြီး လွတ်လပ်ပြီး ဒီမိုကရေစီကျသော ပြည်ထောင်စုမြန်မာနိုင်ငံထူထောင်ဖို့အတွက် အားလုံးဟာ တစိတ်တဝမ်း တည်းဖြစ်ကြောင်း၊ လွတ်လပ်ရေးမရခင်ကျဆုံးသွားခဲ့သော အာဇာနည်များ၏ရည်ရွယ်ချက် များကို ဖြည့်ဆည်းရန်အတွက် NLD ပါတီကိုထူထောင်ထားခဲ့ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ဖို့ဆုံးဖြတ်ခဲ့ရာတွင် NLD ပါတီက တာဝန်ရှိပြီး လုပ်သင့်လှုပ်ထိုက်လို့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ပြည်သူတွေကို မှန်ကန်သည့်အုပ်ချုပ်ရေးစနစ်ဖြင့် အကျိုးပြုချင်ကြောင်း၊ မပြောင်းလဲပဲအရင်တိုင်းဆက်သွားနေမည်ဆိုလျှင် ပြည်သူများဆက်ပြီးဆင်းရဲနေမှာဖြစ်သည့်အတွက် ပြောင်းလဲသင့်တာကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ဖြင့်ြေ ပာင်းလဲသင့်ကြောင်း၊ စစ်မှန်သောစိတ်ဓါတ်ဖြင့်နိုင်ငံအတွက် လုပ်ဆောင်ခဲ့သော အာဇာနည်ကြီးတွေ အပေါ်မှာထားတဲ့ စိတ်ဓါတ်တွေကတော့ ဘယ်တော့မှမပြောင်းလဲ သင့်ကြောင်းများ ပြောသည်။


     
  ဆက်လက်၍ “ကျမတို့အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ နေရာအတွက်၊ ရာထူးအတွက်၊ ဥစ္စာအတွက်၊ ချမ်းသာမှုအတွက် လုပ်သွားတဲ့ပုဂ္ဂိုလ်ကြီးတွေမဟုတ်ပါဘူး၊ အာဇာနည်ခေါင်းဆောင်တွေမှာ တစ်ယောက်မှချမ်သာတယ်ဆိုတာမရှိခဲ့ပါဘူး၊ သူတို့ရဲ့ချမ်းသာမှုဟာ ပြည်သူရဲ့ချမ်းသာ မှုပဲ၊ ပြည်သူတွေ လွတ်လပ်တဲ့ တိုးတက်တဲ့ပြည်ထောင်စုကိုထူထောင်နိုင်တယ်ဆိုရင် အာဇာနည်ကြီးတွေဟာ မိမိတို့ရဲ့ ချမ်းသာမှုပဲဟု စိတ်ထားခဲ့ကြတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကလည်း ဒီလိုစိတ်ထားဖို့ ကြိုးစားရပါလိမ့်မယ်” ဟုပြောခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Han Thit Naing, သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်