ခင်မောင်စော (ဘာလင်) – ရေကြောင်းပိုင်နက် ပြဿနာ၏ ဇာစ်မြစ်

July 28, 2015

 ခင်မောင်စော (ဘာလင်) – ရေကြောင်းပိုင်နက် ပြဿနာ၏ ဇာစ်မြစ်  
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၅  

• နိဒါန်း
ရေကြောင်းပိုင်နက်ပြဿနာတွင် ဘင်္ဂလားဒက်ရှ်အစိုးရနှင့်သတင်းစာများက ၎င်းတို့ဘက်မှတောင်းထားသည်ထက် ပိုရ ကြောင်းရေးကြသော်လည်း မြန်မာအစိုးရဘက်မှမူ ထုံးစံအတိုင်း ဘာမျှအတိအကျ သတင်းထုတ်ပြန်မှုမရှိဘဲ၊ ရှေ့နေချုပ်က လွှတ်တော်၌ ရှင်းလင်းချက်ကိုသာဖေါ်ပြပြီး “သူမသာ၊ ကိုယ်အသုဘ” ဖြစ်ခဲ့သလို ဝေ့လည်ကြောင်ပတ် ရှင်းပြခဲ့သည်။

• နောက်ခံသမိုင်းကြောင်း
သမိုင်းကြောင်းအရသော်ကား ရခိုင်ဘုရင်တို့သည် အနောက်ဘင်္ဂါ (၁၂) မြို့ကိုပိုင်ခဲ့ပြီး၊ ရခိုင်ရေတပ်သည် ယခုအငြင်းပွားခဲ့ သည့်ကမ်းခြေ တလျှောက်တွင် ကြီးစိုးကာ ကုန်းတွင်းပိုင်းအထိဝင်ရောက်ပြီး ဘဂါင်္လီများကိုဝင်ဖမ်း၍ ကျွန်အဖြစ်ရောင်းစား ခဲ့သည့် သက်သေသာဓကများရှိခဲ့သဖြင့် အဆိုပါကျွန်းများနှင့်ရေပြင်ကို ရခိုင်တို့ပိုင်ခဲ့ကြောင်းထင်ရှားပါသည်။

ဗမာဘုရင်ဘိုးတော် ဦးဝိုင်း ရခိုင်ပြည်ကိုသိမ်းပိုက်လိုက်ချိန်တွင် အိန္ဒိယရှိ အင်္ဂလိပ်ဘုရင်ခံချုပ်က ယခင် ရခိုင်ဘုရင်ပိုင်နက် အားလုံးကို ဗမာဘုရင်ပိုင်သွားပြီဖြစ်ကြောင်း၊ ဗမာဘုရင်ကို ပဏ္ဏာဆက်နေရသောနိုင်ငံငယ်များကိုလည်း ဗမာဘုရင်၏ လက်အောက်ခံအဖြစ် အသိအမှတ်ပြုပါကြောင်း၊ ဗြိတိသျှအိန္ဒိယအင်ပါယာနှင့် ဗမာနိုင်ငံတော်တို့ နယ်နိမိတ်ထိစပ်မှုများ ရှိလာပြီဖြစ်၍ နိုင်ငံတော်နှစ်ခုအကြားနယ်နိမိတ်အတိအကျသတ်မှတ်ကြပြီး စာချုပ်များချုပ်ဆိုလိုပါကြောင်း အကြောင်းကြား ခဲ့ပါသည်။ ထိုအချိန်က ယိုးဒယားဘုရင်သည် အမြင်ကျယ်စွာဖြင့် ပြင်သစ်ပိုင်အင်ဒိုချိုင်းနားမှ ပြင်သစ်ဘုရင်ခံချုပ်နှင့်လည်းကောင်း၊ မာလာယု ကျွန်းဆွယ်မှဗြိတိသျှဘုရင်ခံနှင့်လည်းကောင်း အလားတူစာချုပ်များ ချုပ်ဆိုခဲ့ပြီးဖြစ်နေသော်လည်း၊ မိမိကိုယ်ကိုမိမိ ကမ္ဘာပေါ်တွင်တန်ခိုးအကြီးဆုံးဘုရင်ဟု ဘ၀င်မြင့်ရူး ရူးနေသည့် ဘိုးတော် ဦးဝိုင်းသည်လည်းကောင်း၊ မိမိတို့၏ စစ်အင်အားကို မဟာအတုမရှိ ဟုအထင်ကြီးခဲ့ကြသည့်မြန်မာစစ်ဗိုလ်များကလည်းကောင်း၊ “မင်းဧကရာဇ်တပါး သည် ဘင်္ဂလားမြို့စားနှင့် စာချုပ်ရန်အကြောင်းမရှိ၊ လန်ဒန်မြို့တော်မှ “ဗြိတိသျှ ဦးကိုင်”နှင့်သာစာချုပ်ရန် အဖက်တန်သည် ဟုယူဆခဲ့ကြသဖြင့်၊ နောက်ဆုံး စစ်ကိုင်းမင်း (ခေါ်) ဖလ်နန်းရှင် (ခေါ်) ဘကြီးတော် လက်ထက်တွင် ရှင်မဖြူ (ခေါ်) ရှပ်ပူရီ ကျွန်းကိစ္စမှစပြီး စစ်ဖြစ်ကြရသည်။ ရေတပ်နှင့် ခေတ်မီလက်နက်များမရှိသောမြန်မာတပ်တို့အရေးနိမ့်ပြီး၊ ရန္တပိုစာ ချုပ်ဖြင့် ရခိုင်နှင့်တနင်္သာရီနယ်တို့ကို အင်္ဂလိပ်တို့လက်သို့ ထိုးအပ်လိုက်ရသည်။ အာသံနှင့်မဏိပူရတို့ကိုလည်းလက်အောက်ခံ ပဏ္ဏာဆက်သရသည့်နိုင်ငံများအဖြစ်မှ လက်လွှတ်လိုက်ရသည်။ မြန်မာဘုရင်များ၏ အပြည်ပြည်ဆိုင်ရာနိုင်ငံရေးအမြင်မကျယ်မှုနှင့်ဆက်ဆံရေး ညံ့ဖြင်းမှုကြောင့် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ၎င်းကျွန်းများနှင့် ရခိုင်ရေမြေပိုင်နက် အားလုံးမှာ ၁၈၂၆ ခုမှစပြီး ဗြိတိသျှ ပိုင်ဖြစ်သွားသည်။

နောင်တွင်မြန်မာတို့၏ စစ်အင်အားနည်းပါးခြင်း၊ ခေတ်မီလက်နက်များမရှိခြင်းတို့ကိုသိရှိနေသော ဗြိတိသျှနယ်ချဲ့သမားက
မတရားဗိုလ်ကျကာ ဒုတိယစစ်နှင့် တတိယစစ်တို့ကိုအပြစ်ရှာ တိုက်ခိုက်ပြီး မြန်မာတပြည်လုံး သိမ်းယူခါ (၁၉၃၆) ခုနှစ် အထိ အိန္ဒိယပြည်၏ပြည်နယ်တခုအဖြစ် အုပ်ချုပ်ခဲ့ပြီး၊ (၁၉၃၇) ခုနှစ်တွင်မှသာ သီးခြားကိုလိုနီနယ် (Crown Colony) အဖြစ် အုပ် ချုပ်ခဲ့သည်။  ၁၉၃၇ ခုနှစ်တွင် မြန်မာနှင့်အိန္ဒိယတို့သီးခြားကိုလိုနီများဖြစ်လာကြသောအချိန်တွင် ကပ္ပလီကျွန်း၊ နီကိုဘာ ကျွန်း၊ အာသံ၊ မဏိပူရနှင့် ရခိုင်တို့က “အနောက်ပြည်” ဟုခေါ်ခဲ့သော ရခိုင်ပိုင်ဘင်္ဂလားတွင်းရှိ နယ်များကို အင်္ဂလိပ်တို့က “ဗြိတိသျှ အိန္ဒိယ” တွင်းသို့ထည့်သွင်းလိုက်သည်။ “ဗြိတိသျှပိုင်မြန်မာပြည်” အတွင်းသို့ထည့်သွင်းမပေးခဲ့။ ဒေါက်တာဗမော် အစိုးရနှင့် ဦးစောအစိုးရတို့ကလည်း ၎င်းနယ်များကို တရားဝင်ပြန်မတောင်းခဲ့ပါ။ တောင်းခဲ့လျှင်လည်း ရမည်မထင်ပါ။ မည်သို့ ပင်ဖြစ်စေ မိမိနိုင်ငံ၏ရပိုင်ခွင့်ကို တရားဝင်တောင်းဆိုခဲ့သည့် သမိုင်းဝင်မှတ်တမ်းကျန်နေစေရန် တောင်းဆိုသင့်ခဲ့သည်ဟု ထင်မြင်မိပေသည်။

ထို့ကြောင့် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ၎င်းကျွန်းများမှာ ၁၉၃၇ ခုမှစပြီး “ဗြိတိသျှ အိန္ဒိယ” ပိုင်ဖြစ်သွားသည်။

ဒေါက်တာဗမော် အစိုးရနှင့် ဦးစောအစိုးရတို့ကလည်း ၎င်းနယ်များကို တောင်းခဲ့လျှင်လည်း ရမည်မထင်ပါ။ အကြောင်းမှာ အင်္ဂလိပ်များသည်ကိုလိုနီနယ်အားလုံးတွင် ကုလားများကို သားအရင်းသဖွယ်သဘောထားပြီးအခွင့်အရေး ပိုပေးလေ့ရှိကာ၊ ကျန်ကိုလိုနီနိုင်ငံသားများကို မယားပါသားကဲ့သို့၎င်း၊ မွေးစားသားသဖွယ်၎င်း၊ သဘောထားကာ ကျောသား ရင်သားခွဲခြား ဆက်ဆံလေ့ရှိ သောကြောင့်ဖြစ်ပါသည်။ အင်္ဂလိပ်များသည်ကိုလိုနီနယ်အားလုံးတွင် ၎င်းတို့၏သွေးခွဲအုပ်ချုပ်ရေးစနစ်အရ အင်္ဂလိပ်များက “အထက်ပွဲ”ကိုစားသော အရှင်သခင်ကြီးများလုပ်ခဲ့ကာ ကုလားများကို “အောက်ပွဲ”ကိုစားရသော အရှင် သခင် ကလေးများလုပ်စေခဲ့သည်။  ကုလားများကလည်း အဖြစ်မှန်ကို သဘောမပေါက်ခဲ့ ကြဘဲ “အောက်ပွဲစား” သခင်က လေးများ ဘဝတွင်သာယာနေမိခဲ့ကြရကား  တိုင်းရင်းသားများသည် ကုလားများကိုကြည့်မရတော့ဘဲမျက်သိုထားကြ၏။ အင်္ဂလိပ်ကိုလို နီနယ်များလွတ်လပ်ရေးရလာသောအခါတွင် အာရှ၊ အာဖရိက၊ ကိုလိုနီနယ်တိုင်းလောက်၌ တိုင်းရင်းသား များနှင့် ကုလားများ လူမျိုးရေးပြသနာများပေါ်လေတော့သည်။

၁၉၄၇ ခုနှစ်တွင် ဗြိတိသျှအိန္ဒိယနိုင်ငံသည် အိန္ဒိယနှင့် ပါကစ္စတန်ဆိုသော ဒိုမီနီယံနိုင်ငံ(၂)ခုအဖြစ်သို့ကွဲသွားပြီး၊ မြန်မာ
ပြည်တွင်လည်း ဗိုလ်ချုပ်တို့ကျဆုံးပြီး လုံးဝလွတ်လပ်ရေးသို့တာစူနေဆဲကာလဖြစ်ပါသည်။ ကပ္ပလီကျွန်း၊ နီကိုဘာကျွန်း၊ အာသံ၊ မဏိပူရ နှင့် တြိပူရတို့မှာ အိန္ဒိယထဲတွင်ပါသွားပြီး၊ အရှေ့ ဘင်္ဂလားပြည်နယ်မှာ အရှေ့ပါကစ္စတန်ဖြစ်လာခဲ့သည်။

ထို့ကြောင့် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ၎င်းကျွန်းများမှာ ၁၉၄၇ ခုမှစပြီး  အရှေ့ပါကစ္စတန်ပိုင်ဖြစ်သွားသည်။

ထိုစဉ်က ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာပါမောက္ခ ဒေါက်တာထင်အောင်က “ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသော် အာသံ၊ မဏိပူရ၊ ကပ္ပလီကျွန်း စသည်တို့ဗမာပိုင်ဖြစ်ရေးအတွက် အိန္ဒိယနှင့်အရေးဆိုရမည်၊ ရခိုင်စကားပြောသူများ ပါကစ္စတန်တွင်း
ရောက်နေသောကိစ္စ၊ ၎င်းနယ်များကိစ္စလည်းဆွေနွေးရမည် “  စသည်ဖြင့် အင်္ဂလိပ်ဘာသာဖြင့်ဆောင်းပါးရေးခဲ့ဘူးပါသည်။

• ဦးနုခေတ်
မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်ကြောင့်လည်းကောင်း၊ အခြားအကြောင်းများကြောင့် လည်းကောင်း၊ အိန္ဒ္ဒိ ယ – မြန်မာနယ်နိမိတ်သည်လည်းကောင်း၊ ပါကစ္စတန် မြန်မာနယ်နိမိတ်သည်လည်းကောင်း၊ မသတ်မှတ်နိုင်ခဲ့၊ စာချုပ်မချုပ် ဆိုနိုင်ခဲ့ပါ။ ၁၉၅၀ ခုနှစ်နောက်ပိုင်းများတွင် တရုတ်-မြန်မာနယ်နိမိတ် သတ်မှတ်ရေးတွင် ဖိမော်၊ ဂေါ်လန်၊ ကန်ဖန်တည်းဟူသော ကချင်နယ် ၃ နယ် တရုတ်ကိုပေးလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ အတိုက်အခံများက ၎င်းနယ်များ သည် သမိုင်းအ ဆက်ဆက်မြန်မာပိုင်နယ်များဖြစ်ကြောင်း အထောက်အထားများဖြင့်တင်ပြကြရာ အစိုးရပါတီမှအမတ် တဦးက “ ဒီလိုဆိုရင် အာသံ၊ မဏိပူရလည်းပြန်တောင်းပါလား “ ဟုကလိလိုက်ရာတွင်၊ အတိုက်အခံအမတ်က “ ဒီကိစ္စ လာမယ်လေ၊ အိန္ဒိယ – မြန်မာနယ်နိမိတ်ကိစ္စကျရင်၊ အခုဟာက တရုတ်-မြန်မာနယ်နိမိတ်ကိစ္စ မို့မပြောတာ၊ ဆိုင်တဲ့ ကိစ္စရောက်ရင် ကပ္ပလီကျွန်းကိစ္စရော၊ ရခိုင်ဘုရင်ပိုင်ခဲ့တဲ့နယ်တွေကိစ္စရော ဆွေးနွေးရမှာဘဲ “ ဟုပြန်ပြောခဲ့သည်ကို လွှတ် တော်အစည်းအဝေး  မြန်မာ့ အသံမှ တိုက်ရိုက်အသံလွှင့်ခဲ့သည့်အတိုင်းကြားခဲ့ရဘူးပါသည်၊ မှတ်ခဲ့ရဘူးပါသည်။

ထိုကြောင့် ဦးနုမှာ နေရူးနှင့် ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးသူဖြစ်ပါသော်လည်း  ၎င်းဝန်ကြီးချုပ်ဖြစ်နေစဉ်က အိန္ဒိယ – မြန်မာ
နယ်နိမိတ်၊ ပါကစ္စတန် မြန်မာနယ်နိမိတ်ကိစ္စများကို အတိအကျမသတ်မှတ်နိုင်ခဲ့၊ လက်မှတ်မထိုးနိုင်ခဲ့ပါ။

• တော်လှန်ရေးကောင်စီခေတ်
အိန္ဒိယ – မြန်မာနယ်နိမိတ်၊ ပါကစ္စတန် မြန်မာနယ်နိမိတ်များမှာ ၁၉၆၇ ခု တော်လှန်ရေးကောင်စီခေတ်တွင်သာ အင်္ဂလိပ် လုပ်ခဲ့သည့်နယ်နိမိတ်များအတိုင်း အသိအမှတ်ပြုလိုက်ပြီး လက်မှတ်ရေးထိုး လိုက်ခြင်းဖြစ်ပါသည်။ စစ်အစိုးရခေတ်ဖြစ်ပြီး လွှတ်တော်လည်းမရှိ၍ တင်ပြဆွေးနွေးရန်မလိုပါ။  စာချုပ်ကိုလည်း ဗိုလ်ချုပ် နေ၀င်းကိုယ်တိုင်လက်မှတ်မထိုးဘဲ “နိုင်ငံခြား ရေးဝန်ကြီးဌာနတာဝန်ခံ” ဦးသီဟန်က လက်မှတ်ထိုးခဲ့ဟန်ရှိပါသည်။ ပြည်သူ လူထု အများစုလည်း ၎င်းစာချုပ်အကြောင်း သိရှိခဲ့ကြဟန်မတူပါ။  မြန်မာ-အိန္ဒိယနယ်နိမိတ် တိုင်းတာရေးစာချုပ်ကို ၁၉၆၇ မတ်လ ၁၈ ရက်တွင် ချုပ်ဆိုခဲ့ပြီး အဆိုပါ စာချုပ်ကိုအခြေခံ၍ နယ်နိမိတ် တိုင်းတာခြင်းများကို ၁၉၆၈ မှ ၁၉၇၂ ခုနှစ်အထိပြု လုပ်ခဲ့သည်။

၁၉၆၇  ဇွန်လဆန်း၌ ရန်ကုန်မြို့ မောင်ခိုင်လမ်း အစိုးရမူလတန်းကျောင်း အမှတ် (၃) မှ တရုတ် ကျောင်းသူကျောင်းသားလေး များ မော်စီတုန်း ရင်ထိုးတံဆိပ် တပ်ဆင်ခြင်းကို တားမြစ်သဖြင့် ဆန္ဒပြကြပါသည်။ ဇွန်လ ၇ ရက်တွင် ရန်ကုန်၌ တရုတ်ဆန့် ကျင်ရေး ဆန္ဒပြပွဲများပြင်းထန်လာပြီး လမ်းမတော်အောက်လမ်း တရုတ်ကျောင်းဆရာအသင်းတိုက်ကိုစီနင်းတိုက်ခိုက်ကြရာ တရုတ်ဆရာ၊ ဆရာမအချို့အသတ်ခံရသည်။ ထူးဆန်းသည်မှာ ဖျက်ဆီးသူအများစုသည် မြန်မာများမဟုတ်ဘဲ ပြည်ထောင်စု အလံကိုင်ထားသည့် ကုလားတိမ်နှင့်ခေါ်တောများဖြစ်နေသည်။ တရုတ်သံရုံးကိုဝိုင်းဝန်းကြသည်။ အုတ်တံ တိုင်းအတွင်းကျော် နင်းဝင်ရောက်သူမြန်မာတဦးသေပြီး တရုတ်သံရုံးအမှုထမ်းတဦးလည်းသေသည်။ ၎င်းနောက် ရန် ကုန်မြို့တွင် “မာရှယ်လော” စစ်အုပ်ချုပ်ရေးကြေညာသည်။ နောက်ပိုင်းတွင် ၎င်းကိစ္စမှာ ဗိုလ်နေဝင်းအစိုးရ ဆန်ရှားပါး မှုကြောင့် ပေါက်ကွဲလုဖြစ်နေသော လူထုကြီးအား တရုတ်ဘက်သို့ပြောင်းပေးလိုက်သည်ဟူသောသတင်းများထွက်လာသည်။ ပီကင်းရေဒီယိုမှနေ့စဉ် “ရဲဘော်များ မိတ်ဆွေများခင်ဗျား/ရှင် ဖေါက်ပြန်သောနေဝင်းသည်  —”။ “ရဲဘော်များ မိတ်ဆွေများခင်ဗျား/ရှင် နေဝင်းနှင့်နောက်လိုက်ခွေး များသည် —–” စ သည်ဖြင့် ရိုင်းစိုင်းစွာအသံလွှင်ခဲ့သည်။

ဗိုလ်ချုပ်နေ၀င်းမှာ ထိုအချိန်ကတရုတ်နှင့်ဆက်ဆံရေး မပြေမလည်ဖြစ်နေချိန်ဖြစ်၍ ကုလားများနှင့်ပြဿနာမတက်ရန် အလျှော့ပေးခဲ့ဟန်ရှိပါသည်။ ၁၉၆၄ ခုနှစ် ပြည်သူပိုင်သိမ်းအပြီး ကုလားများထောင်သောင်းနှင့်ချီပြီး “မိုဟာမဒီ”၊  “မိုဇာဖရီ”၊ “ဆော်ဒီ” စသည့်သင်္ဘောများဖြင့် ပြည်တော်ပြန်ကြရသည်ကို ယခုအသက်(၆၀)နှင့်အထက်ရှိသူအားလုံးမှတ်မိကြပါလိမ့်မည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ကုလားများကမျက်သိုထားသည့်ကိစ္စလည်းပါနိုင်ပါသည်။ ဗိုလ်ချုပ်နေ၀င်းမှာ ဗေဒင် ယတြာ ယုံသူလည်းဖြစ်ပါသည်။ “တရုတ်ကဖိ၊  ရှမ်းကအိ၊  ရှိသည့် မြန်မာ၊  အနောက်မှာ” ဆိုသည့် တဘောင်စကား လည်းရှိပါသည်။ ထိုကြောင့်တရုတ်နှင့်ပြဿနာပေါ်ပြီး မိမိ “တရုတ်ပြေးမင်းဖြစ်ခါ အနောက်သို့ပြေးရသော် စူရတီ၊ ဘင်္ဂလီ၊ ပန်ချာပီ၊ ပသီ၊ ဖာရ စီ၊ ခေါ်တော၊ မရ၀ရီ၊ စသောကုလားမျိုးစုံတို့က ၀ိုင်း “မူလကျီ” လုပ်ကြပြီး၊ “ဂန်းမာဒေးကား” ကြမည်လော၊ ဟိန္ဒူများက ဘုန်းကံတက်စေရန် ဂင်္ဂါမြစ်တွင်းခေါင်းဆေးမင်္ဂလာလုပ်ပေးမည်ဟုညာခေါ်သွားပြီး ရေနှစ်သတ် မည်လော၊  မူဆလင်များက လည်း မိမိဝါသနာကိုဓာတ်သိနေသူများဖြစ်၍ တချိန်တည်း၌ မယားလေးယောက်ယူနိုင်စေရန်နှင့် မိမိမလိုတော့သည့် အချိန်တွင်  “တလပ်သုံးခါပေးပြီး” ကွာကာ အသစ်များထပ်ယူနိုင်စေရေးအတွက် အစ္စလမ်ဘာသာဝင်ရန် အကြံပေးပြီး ဘာ သာ သွင်းပေးမည်ဆိုကာ “ခတ္တနာ”လုပ်ချိန်၌ အဖျားကမဖြတ်ဘဲ အရင်းကဖြတ်လိုက်မည်လော၊ “ဟာလာ” လုပ်မည်လော၊ သို့လော၊ သို့လော၊ လောမျိုးစုံ အတွေးခေါင်ပြီးသော်၊ ၎င်းသည် မြန်မာရာဇ၀င်တွင်မရှိဘူးသော “တရုတ် ပြေး ကုလားကျမင်း” ဖြစ်သွားမည်ကို စိုးရိမ်၍လည်း ဖြစ်နိုင်ပါသည်။

၎င်းနောက်တွင် မြန်မာဘက်မှစစ်ရေယာဉ် “ ပြည်တော်အေး “ကို ၁၉၆၇ ခုနှစ်တွင် ကပ္ပလီကျွန်းသို့၃-၄ ခေါက်စေလွှတ်ပြီး
မြန်မာပြည်သို့ပြန်လာလိုသူမြန်မာများကိုသွားခေါ်ရပါသည်။ အရှေ့ပါကစ္စတန်တွင်းသို့ရောက်နေသော ရခိုင် မိသားစုနှစ်ရာ ကျော်ခန့် လည်း ရခိုင်တိုင်းသို့ပြန်လာကြပါသည်။ အချို့ ကပ္ပလီကျွန်းပြန်များမှာ ကပ္ပလီကျွန်းတွင် ဆင်ပိုင်၊ ကားပိုင်၊ သစ်စက် ပိုင်များပင်ဖြစ်နေကြပြီး အမိမြေကိုလွမ်း၍သာပြန်လာကြခြင်းဖြစ်ပါသည်။ သို့သော်အမိမြေမှာယခင်ကလို “သာ ယာရွှေပြည်” မဟုတ်တော့ဘဲ မဆလခေါ် “မြန်မာဆင်းရဲမွဲတေရေး လမ်းစဉ်” အောက်တွင် ဒုက္ခရောက်နေကြသည်ကို မသိခဲ့ကြရှာပါ။ မြန်မာပြည်ပြန်ရောက်ပြီးမှငရဲပန်းကိုနတ်ပန်းထင်ခဲ့မိသည့်  မိတ္တ၀ိန္ဒက လက်သစ်များဖြစ်နေကြမှန်း သိရပြီး “တကျွန်း”သို့ပြန် ချင်စိတ်ပေါ်လာသူများရှိခဲ့ပါသည်။ ၎င်းတို့၏အသိမှာ လူသတ်လျှင် တကျွန်းသို့ပို့ သည်ဟုသာ ဖြစ်သဖြင့် လူသတ်မှုကျူးလွန် သူများပင် ရှိခဲ့ပါသည်။ သို့သော် ၎င်းတို့အပို့ ခံရသည့် တကျွန်းမှာ ကပ္ပလီကျွန်း မဟုတ်တော့ဘဲ၊ ကိုကိုးကျွန်း ဖြစ်နေသဖြင့် “ မိအေးနှစ်ခါနာ” ခဲ့ရသူများလည်းရှိခဲ့ဘူးပါသည်။

၁၉၇၀ ခု တွင် အရှေ့ပါကစ္စတန်သည် ဘင်္ဂလားဒက်ရှ်ဖြစ်လာခဲ့သဖြင့် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ၎င်းကျွန်း များ မှာ ၁၉၇၀ ခုမှစပြီး  ဘင်္ဂလားဒက်ရှ်ပိုင်ဖြစ်သွားသည်။

• ပထဝီိနိုင်ငံရေး
ဘင်္ဂလာဒေ့ရှ် လွတ်မြောက်ရေး စစ်ပွဲဟု ခေါ်သော အရှေ့ပါကစ္စတန်နှင့်အနောက်ပါကစ္စတန် နှစ်ခြမ်းကွဲပြီး ပြည်တွင်းစစ်ဖြစ် ချိန်၌ ဘီဘီစီ သတင်းဌာန၏ ကြေညာချက်အရ အိန္ဒိယပြည်ထဲ၌ အရှေ့ပါကစ္စတန် စစ်ပြေးဒုက္ခသည် ဆယ်သန်း ရောက်နေ ပြီး မြန်မာပြည်ထဲတွင်လည်း တသန်းခွဲမှ နှစ်သန်းအထိ ရောက်နေနိုင်သည်ဟုခန့်မှန်း၏။ အိန္ဒိယအစိုးရသည် ပွင့်ပွင့်လင်း လင်းရှိပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအားအကူအညီတောင်းသော်လည်း ဗိုလ်နေ၀င်း၏ တော်လှန်ရေး ကောင်စီအစိုးရသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဝင်လာမည်ကိုကြောက်ပြီး မည်သူ့ကိုမှ မဖိတ်ခေါ်ဘဲ ရှိတ် မူဂျီဘို ရာမန်၏ အ၀ါမီလိဂ် အစိုးရကို ချက်ချင်း အသိအမှတ်ပြုလိုက်ပြီး နှစ်နိုင်ငံ သဘောတူညီချက်ဖြင့်စစ်ပြေးဒုက္ခသည်များ ကို ပြန်ပို့ရန်လုပ်သည်။ ရှိတ် မူဂျီဘို ရာမန် ကလက်ခံပါသော်လည်း  မြန်မာပြည်၏ အရသာကိုသိသွားသော ခေါ်တောအများ စုသည် တဖြည်းဖြည်း တရားမ၀င် ပြန်လည်ဝင်ရောက်လာကြသည်။ ၁၉၇၅ ခုနှစ်က ရန်ကုန်မြို့တွင် ဘင်္ဂလားဒေ့ရှ် သံအမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မစ္စတာ ကိုင်ဇာကသူ့အစိုးရ နှင့် ဗြိတိသျှဓနသဟာယနိုင်ငံများအဖွဲ့ထံပို့သည့်အစီရင်ခံစာ  ၌ မြန်မာနိုင်ငံတွင်းတွင် တရားမ၀င်ရောက်ရှိနေသော ဘင်္ဂလာ ဒေ့ရှ် နိုင်ငံသား ငါးသိန်းကျော် ရှိနေသေးကြောင်း ရေးထားပါ သည်။ အသေးစိတ်ကို “Burma’s Western Border as Reported by the Diplomatic Correspondence  (1947 – 75)”, Aye Chan, Professor, Kanda University of International Studies, Japan တွင်ကြည့်ပါ။

ထိုအချိန်ကဘင်္ဂလားဒက်ရှ်နိုင်ငံကို အိန္ဒိယနှင့်အရှေ့အုပ်စုကသာအသိအမှတ်ပြုပြီး အမေရိကန်၊ အနောက်အုပ်စုနှင့်တရုပ် စသည့်နိုင်ငံများက အသိအမှတ်မပြုကြပေ။ မြန်မာပြည်မှတော်လှန်ရေးကောင်စီအစိုးရသည် ဘင်္ဂလားဒက်ရှ်နိုင်ငံကို အသိ အမှတ်ပြုစဉ်က ပိုင်နက်ကိစ္စများနှင့်မြန်မာပြည်တွင်း ရောက်နေသည့် ဘင်္ဂလီစစ်ပြေးဒုက္ခသည်တသန်းကျော်ကိစ္စများကို  မိမိက အပေါ်စီးဆွေးနွေးရန် အခွင့်အရေးရပါလျက်၊ လိုအပ်လာလျှင်အမေရိကန်၊ အနောက်အုပ်စုနှင့်တရုပ် စသည့်နိုင်ငံ များ၏အကူ အညီကိုရနိုင်ပါလျက် အခွင့်အရေးကို အသုံးမချတတ်ခဲ့ချေ။

၁၉၇၅ခုနှစ်က ဘင်္ဂလာဒေ့ရှ်၌ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပြီး  ရှိတ်မူဂျီဘို ရာမန် အသတ်ခံရသည်။ပါကစ္စတန်ဘက်ယိမ်းသည့် ဂိုဏ်းမှ ဗိုလ်ချုပ်ကြီး ဇီယာအူရာမန် အာဏာရလာသည်။   ပါကစ္စတန်၊ အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ အနောက်အုပ် စုနှင့် နီးစပ်သည့်အာရပ်နိုင်ငံများက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အသိအမှတ်ပြုလာကြကာ ဘင်္ဂလာဒေ့ရှ်အခြေခိုင်လာသည်။ ထို အချိန်တွင် တရုတ်နယ်စပ်က ဗကပများကြောင့် မဆလ အစိုးရမှာ တရုတ်နှင့်အဆင်မပြေပါ။ ဗကပ များအားဗုံးကြဲရန် သွားသော မြန်မာ့လေတပ်မှ ကိုးရီးယားစစ်လက်ကျန် ခေတ်မမီတော့သည့်ဂျက်တိုက်လေယဉ် ငါးစင်းကို တရုတ်က ပစ်ချ လိုက်သည်။  မြန်မာအစိုးရက တောင်ကိုတိုက်မိ၍ပျက်ကျသွားသည်ဟု ကြေညာ၏။

လသာတုန်းဗိုင်းမငင်တတ်ခဲ့သည့် မဆလအစိုးရသည် လေမုန်တိုင်းရှိရာဦးတည်ရွက်လွှင့်သွားသည့်သင်္ဘောမာလိန်မှူးအလား အမေရိကန်၊ တရုတ် စသည့် နိုင်ငံကြီးများ ဘင်္ဂလာဒေ့ရှ်နှင့် အတိုင်းထက်အလွန် အလွမ်းသင့်နေသည်ကိုသတိမမူဘဲ၊ ရခိုင် ပြည်တွင်ဘင်္ဂါလီဦးရေ ဖောင်းပွနေသည်ကိုသာသတိထားမိပြီး နဂါးမင်းစစ်ဆင်ရေးလုပ်တော့သည်။ ခေါ်တော ကုလားများ သိန်းနှင့်ချီပြီး ဘင်္ဂလားဒက်ရှ်ကိုထွက်ပြေးကြရာ ဘင်္ဂလာဒေ့ရှ်အစိုးရ၏မရိုးသားမှုကြောင့် တကြောင်း၊  မြန်မာ လူဝင်မှုကြီး ကြပ်ရေးများလာဘ်စားပြီး ထုတ်ပေးထားသည့် တရားမ၀င် အမျိုးသားမှတ်ပုံတင်ကဒ်ပြားများကြောင့် တ ကြောင်း၊ တရုတ်၊ အမေရိကန် စသည့် နိုင်ငံကြီးများ၏ဖိအားပေးမှုကြောင့် တကြောင်း၊ ထွက်ပြေးသည့်လူထက်ပိုများသော ခေါ်တောကုလားများ ကို လက်ခံလိုက်ရလေတော့သည်။

နောက်တကြိမ် ၁၉၉၁ ခုနှစ် ပြည်သာယာစစ်ဆင်ရေးလုပ်တော့လည်း ထိုနည်းပင်။ တရုတ်ကတော့ ဖိအားမပေးတော့ပါ။  န၀တနှင့်အရမ်းအလွမ်းသင့်နေ၍ဖြစ်၏။ သို့သော်လည်း “မျက်နှာနှစ်ဘက် လျှာနှစ်ခွ”နှင့်ပေါက်ဖော်ကြီးသည် ၎င်း၏ ဖောက် သည် ဘင်္ဂလားဒက်ရှ်၊ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့်ပါကစ္စန်တို့တွင် မျက်နှာမပျက်စေရန်နှင့် လက်နက်နှင့် အခြားကုန် ပစ္စည်းဈေးကွက်မပျက်စေရန်အတွက် မြန်မာ”နဝတ”အစိုးရအား ခေါ်တောများကိုပြန်လက်ခံရန် “တိုက်တွန်း” ခဲ့သည်။ အနောက် အုပ်စုနှင့်အစ္စလမ်နိုင်ငံများ၏ဖိအားက မဆလခေတ်မှာထက်ပိုပြီး ပြင်းထန် လာသည်။ အကြောင်းမှာ န၀တသည် မဆလထက် ပို၍ နာမည်ပျက်ခဲ့သောကြောင့်ပင်။   မြန်မာစစ်အစိုးရအဆက်ဆက် နာမည်ပျက်ခဲ့သည်ကို ဘင်္ဂလာဒေ့ရှ် အစိုးရကလည်းကောင်း၊ လူကုန်ကူးသူများကလည်းကောင်း၊ ဗုဒ္ဓဘာသာမြန်မာနိုင်ငံကို အစ္စလမ်နိုင်ငံအဖြစ် ပြောင်းလိုသော အုပ်စုသည်လည်းကောင်း၊ ပိုင်နိုင်စွာအသုံးချကာ လူဦးရေပေါက်ကွဲမှုဖြစ်နေသည့် ဘင်္ဂလားဒက်ရှ်က ခေါ် တောများကို မြန်မာပြည်အတွင်းသို့ နည်းမျိုးစုံဖြင့် ခိုးဝင်နေစေသည့်အပြင်၊  နိုင်ငံခြားတွင် အလုပ် ရှာလိုသူ ဘင်္ဂလာ ဒေ့ရှ်နိုင်ငံသားများအား လှေဖြင့်ထွက်သွားစေပြီး ရောက်ရာနိုင်ငံ၌ မြန်မာပြည်က ‘ရိုဟင်ဂျာ’ ဆိုပြီးညာစေ၏၊ မြန်မာ စကားပြန်ခေါ်လာပေးလျှင်လည်း မြန်မာစကား မတတ်ပါ၊ ဘင်္ဂလီစကားပြန် ပေးပါဟုဆိုလာပြန်သည်၊ ထိုသူများကို မြန်မာ ပြည်ကလူတွေဆိုပြီး ဘီဘီစီနှင့် မီဒီယာတချို့က ‘ကျားကျား မီးယပ်’ လုပ်ကာ ဝင်လိမ်ပေးကြသည်။ အင်္ဂလန်ကလာပါ သည်ဆိုပြီး ရုရှားစကားပြန်တောင်း သည့်သူများကို ကျွန်တော်တို့က အင်္ဂလန်ကပါဆိုပြီး မတရား သက်သေဝင်လိုက်လျှင် သူတို့လက်ခံပါမည်လား ဟုသာ မေးချင်ပါသည်။

ကုလသမဂ္ဂထူထောင်ခါစ ၁၉၄၅က “ကြီးငါးကြီး” (အမေရိကန်၊ ရုရှား၊ အင်္ဂလန်၊ ပြင်သစ်နှင့်တရုတ်) ၏စကားများကို ကုလသ မဂ္ဂသုံးဘာသာများအဖြစ်သတ်မှတ်ရန် ဆုံးဖြတ်ရာ၌ အမေရိကန်နှင့်အင်္ဂလန် နှစ်နိုင်ငံလုံးတို့တွင် အင်္ဂလိပ်စကား ကိုသာသုံး ကြသဖြင့် အမေရိကန်အတွက်ရွေးချယ်ရမည့်စကားနေရာတွင် မြောက်အမေရိကတိုက်မက္ကဆီိကိုမှစပြီး တောင် အမေရိက တတိုက်လုံးလောက်သုံးသောစပိန်စကားကို အမေရိကန် ကရွေးချယ်လိုက်ရာမှ  ရုရှား၊ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ် နှင့်တရုတ် စကားတို့ကို ကုလသမဂ္ဂသုံးဘာသာများအဖြစ် သတ်မှတ်ထားခဲ့သည်။ ၁၉၈၀ ခှုနှစ်များတွင် ရေနံဖြင့်ချမ်းသာ လာသော အာရပ်နိုင်ငံများက အာရပ်စကားကို ကုလသမဂ္ဂသုံးဘာသာအဖြစ် သတ်မှတ်ပေးရန်၊ ၎င်းကိစ္စအတွက် ကုန်ကျမည့် စရိတ် အဝဝကို မိမိတို့ကကျခံမည်ဖြစ်ကြောင်း လျှောက်ထားရာတွင် လက်ခံလိုက်သဖြင့်ကုလသမဂ္ဂသုံးဘာသာ ၆ ခုဖြစ်လာသည်။ အာရပ်နိုင်ငံများသည်ဗီိတိုအာဏာမရသည်မှလွဲ၍ ကုလသမဂ္ဂ တွင်ဩဇာတက်လာသည်။

၁၉၉၀ ခု မှစပြီး ဆိုဗီယက်ရုရှားဦးဆောင်သောအရှေ့အုပ်စုပြိုကွဲသွားပြီး ကုလသမဂ္ဂတွင်အမေရိကန်ခေါင်းဆောင်သောအုပ်စု ထင်ရာစိုင်းလိုခွင့်ပိုရလာသည်။  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူးကို ကြားနေနိုင်ငံများ၏နိုင်ငံသားများကိုသာပေးလေ့ရှိ သည့်ဓလေ့ကိုသွေဖည်ကာ အမေရိကန်ခေါင်းဆောင်သောအုပ်စုဝင် တောင်ကိုရီးယားနိုင်ငံသားဘန်ကီမွန်း ကိုရွေး ခဲ့ကြသည်။ မြန်မာနိုင်ငံသား ဦးသန့်ကို ၁၉၆၁ ခုနှစ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ်ရွေးခဲ့ကြစဉ်က “ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးမဆောင်ရွက်မီ ကိုယ့်တိုင်းပြည်ငြိမ်းချမ်းရေးဆောင်ရွက်ပါဦး” ဟု သရော်တော်တော် ကလိခဲ့ကြသော အနောက်တိုင်းသတင်းစာဆရာများနှင့်ကာတွန်းဆရာများသည် အမေရိကန်အုပ်စုဝင် တချမ်းပဲ့ကိုရီးယားနိုင်ငံသား ဘန်ကီမွန်းကိုရွေးခဲ့ကြသည့်အခါ မည်သို့မျှမဝေဖန်ကြပေ။

ကုလသမဂ္ဂရံပုံငွေအများစုကို ရေနံဖြင့်ချမ်းသာ လာသော အာရပ်နိုင်ငံများက ပေးကြရာမှစပြီး အိုအိုင်စီ OIC ခေါ် အစ္စလမ် နိုင်ငံများအဖွဲ့ ကုလသမဂ္ဂ တွင်ဩဇာတက်ကာ “ငွေများတရားနိုင်” ဆိုသကဲ့ သို့ဖြစ်လာပြီး “ကုလသမဂ္ဂ” မဟုတ်တော့ဘဲ “ကုလားသမဂ္ဂ” ဖြစ်သွားသည်။ မြန်မာစစ်အစိုးရကို ဆန့်ကျင်သူအချို့ကလည်း “ငါနဲ့မတူ ငါ့ရန်သူ၊ ငါ့ရန်သူ၏ ရန်သူသည် ငါ့မိတ်ဆွေ” ဆိုသည့်ထုံးကို နှလုံးမူပြီး “ရိုဟင်ဂျာ” ဘက်က ၀ါဒ၀င်ဖြန့်ပေးကြ၏။ တချိန်တည်း၌ အချို့သူများသည်  အာရပ်နိုင်ငံများကပေးသည့်ပိုက်ဆံ ယူပြီး “ရိုဟင်ဂျာ” ဆိုသူများအတွက် သမိုင်းလိမ်ဝါဒဖြန့် စာစောင်များကို  မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့်ရေးသားပေးကြသဖြင့်  မြန်မာ့သမိုင်း၌ တခါမှမရှိဘူးသော “ရိုဟင်ဂျာ” ဆိုသည့် နာမည်သည် ကမ္ဘာ ကျော် ဖြစ်လာပါတော့သည်။

ဘင်္ဂလီများ ‘ရိုဟင်ဂျာ’ ဟုအမည်ခံလိုခြင်းမှာ ဘင်္ဂလီစကား၌ “ရိုဟန်” ဆိုသည်မှာရခိုင်ပြည်ကိုခေါ်၍ “ရိုဟန်ဂျာ” ဆိုသည်မှာ ရခိုင်သား ဟုဆိုသည့်အဓိပ္ပါယ်ရသဖြင့်ရခိုင်လူမျိုးများ၏ တိုင်းပြည်နှင့်လူမျိုးအမည်ကိုအချောင်ဝင်နှိုက်ခြင်းဖြစ်ရကား ရခိုင် လူမျိုးများကလက်မခံနိုင်သည်မှာအံ့ဩစရာမဟုတ်ပါ။

အငြိမ်းစား ဗြိတိသျှသံအမတ်ကြီး Derek Tonkin က  “But supporters of Rakhine Muslims overseas should at the same time acknowledge that the particular designation ‘Rohingya’ had no serious historical validity prior to independence in 1948. If ‘Rohingya’ were felt to be a step too far, why not seek to modernise the ‘Arakan Muhammadan’ of 1901? ဟု “The ‘Rohingya’ Identity: The British Experience in Arakan” တွင်ထောက် ပြခဲ့ပါသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ရခိုင်သမိုင်းပညာရှင် Dr. Jacques P. Leider ကလည်း ၂၀၁၂ ခု ဇူလိုင်လ ၈ ရက်က ဧရာဝတီ မဂ္ဂဇင်းနှင့် “ဗျူး”ခဲ့ရာ၌
Q: Are the Rohingya an ethnic group of Burma?
A: My answer is that Rohingya is not an ethnic concept. Okay, they can stand up and say we are an ethnic group inside Myanmar. But I think that is not the best way. When you argue we are Muslims and we have been living in Rakhine for several generations, nobody can deny it. For me, Rohingya is the term, which is an old word that has been claimed as above all as a political label after the independence of Myanmar. For the moment, I do not see that all the people there readily submit to one and a single label. When I was in Bangladesh, people pointed out Muslims to me who originally lived in Rakhine. They have now moved to Bangladesh and when you ask them, “are you Rohingya coming from Rakhine?” they say, “no, we are Muslims who live in Rakhine, we do not take for us the label Rohingya.” ဟုတိကျစွာဖြေသွားပါသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏လူဦးရေတိုးပွားမှုသည် အဆမတန်ကြီးထွားနေပြီး လူဦးရေပေါက်ကွဲမှု ဖြစ်လာကာ အိမ်နီးချင်းမြန်မာနှင့် အိန္ဒိယပြည်တွင်းထဲခိုးဝင်ကြသဖြင့် အိန္ဒိယနယ်ခြားစောင့်တပ်ကပစ်သတ်ခဲ့သည့်ဘင်္ဂလာဒေ့ရှ်နိုင်ငံသားများ ထောင်ဂဏန်း ရောက်နေပါပြီ၊ အာသံဒေသခံတိုင်းရင်းသားများနှင့်တရားမဝင်နေထိုင်သူဘင်္ဂလာဒေ့ရှ်နိုင်ငံသားများ လူမျိုးရေး ပဋိပက္ခ ဖြစ်ပြီး အဓိကရုဏ်းများကြောင့် သေကြေပျက်စီးမှုတွေရှိခဲ့ပါသည်။ သို့သော် အိန္ဒိယသည် အနုမြူလက်နက်ပိုင်နိုင်ငံကြီးဖြစ်နေသည် က တကြောင်း၊ အိန္ဒိယအစိုးရသည် ဒီမိုကရေစီနည်းလမ်းအရတင်မြှောက်ခံထားရသည့်အစိုးရဖြစ်နေသည်က တကြောင်း၊ တို့ကြောင့် ကုလသမဂ္ဂအတွင်းရေးမူးချပ်ရာထူးရထားသူ ဘန်ကီမွန်း သည်လည်းကောင်း၊ ၊ အမေရိကန်သမတ အိုဘားမား  သည်လည်းကောင်း၊ တခွန်းမျှမဟခဲ့ပါ။ မည်သည့်နိုင်ငံကမျှဝင်မစွက်ရဲချေ။

မြန်မာပြည်ကိစ္စတွင်တော့ မြန်မာစစ်အစိုးရအဆက်ဆက်နာမည်ပျက်ခဲ့ကာ “အပယ်ခံနိုင်ငံ” ဖြစ်ခဲ့ ရသောကြောင့် ယခင် စစ်အစိုးရသည်လည်းကောင်း၊ လက်ရှိသမတဦးသိန်းစိန်အစိုးရသည်လည်း ကောင်း၊ ခိုးဝင်နေသူ ခေါ်တောများကိစ္စတွင် အမှန်ပြောပါသော်လည်း အရာမရောက်တော့ပါ။ မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကိုလည်း  မလေးစားကြတော့ပါ။ အမေရိကန်သမ္မတကြီးအိုဘားမားသည်  “ မြန်မာပြည်သားတော့ဖြစ်ချင်ပါ၏၊ သို့သော်မြန်မာနိုင်ငံတော်အလံကို အလေး မပြုနိုင်ပါ၊  မြန်မာနိုင်ငံတော်သီချင်းကိုမဆိုနိုင်ပါ။ မြန်မာစကားနဲ့စာသင်ရန်မလိုပါ။ ကျုပ်တို့ခေါ်တောစကားကို “ရိုဟင်ဂျာ” စကား၊ မြန်မာပြည်က တိုင်းရင်းသားစကားအဖြစ်အသိအမှတ်ပြုရမည်၊” ဟုလုပ်နေသူ များအတွက်  နိုင်ငံသားပေးဖို့ ရှေ့နေ လိုက်သွားပြီး အာမခြောက်သေးမီပင် သူ့ပြည်မှာ နိုင်ငံသားဖြစ်ပြီးသား သူနှင့်အသားအရောင်တူသူတွေ အနှိမ်ခံနေရသည်၊ အဖြူပုလိပ်များက ပစ်သတ်နေကြသည်ကိုတော့ရှေ့နေမလိုက်လို၊  ဥပဒေထုတ်ကာမတားနိုင်သေးပါ။  မြန်မာပြည်ထဲ ခိုးဝင် ပြီးမြန်မာပြည်ကစကားတွေမတတ်သူများအတွက် မရောင်ရာဆီလူးဆိုသလို  ရှေ့နေ လိုက်သွားခြင်းမှာ “ငါပြောသလို လုပ်၊ ငါလုပ်သလိုလိုက်မလုပ်နဲ့၊ ငါကအင်အားကြီးနိုင်ငံ၊ ဗိုလ်ကျပြမည်ဆိုသောသဘောပင်လော။”  ဟုမေးရတော့ မလိုဖြစ်နေပါပြီ။ ဘန်ကီမွန်းသည်လည်း  မြန်မာအစိုးရသာမက၊ မြန်မာတိုင်းရင်းသားအဖွဲ့ အစည်းပေါင်းစုံကပါ ၀ိုင်းဝန်းကန့် ကွက်နေသည့်ကြား မှပင်မြန်မာ့မြေပေါ်တွင် “ရိုဟင်ဂျာ” ဆိုသည့်နာမည်ကိုသုံးပြီး”ဗိုလ်ကျ”စေါ်ကား သွားခဲ့သည်ကိုကြည့်ပါ။ အသည်းနာစရာ ကောင်းလှပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးရထားသူ ဖြစ်ပါသော်လည်း “ငါ့မြင်း ငါစိုင်း၊ စစ် ကိုင်းရောက်ရောက်” လုပ်ခွင့်တော့မရှိပါ။

ယခုအချိန်တွင် လူ့အခွင့်အရေးကိုအကြောင်းပြပြီး “ရိုဟင်ဂျာဆိုသူ”များအတွက်  “လူမျိုးတုန်းအောင်အသတ်ခံနေရပါပြီ” ဆိုသော သမိုင်းလိမ်မတရားဝါဒဖြန့်မှုကြောင့် မြန်မာပြည်သားများ၊ အထူးသဖြင့်ဗုဒ္ဓဘာသာဝင်များမှာ ကမ္ဘာတ၀ှမ်း၌ နာမည်အဖျက်ခံနေရပါသည်။  “ယာရှင်ကိုမျောက်မောင်း”၊ “သူခိုးကလူလူဟစ်” ဆိုသည့် စကားပုံများအတိုင်း ခံနေရပါသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ရခိုင်သမိုင်းပညာရှင် Dr. Jacques P. Leider က ၂၀၁၂ ခု ဇူလိုင်လ ၉ ရက်က ဧရာဝတီမဂ္ဂဇင်းနှင့် “ဗျူး”ခဲ့ရာ၌
Q: Is the international media mistaken when they use phrases like “genocide of the Rohingya?”
A: Yes, a lot. Journalists have to focus more on diversifying their sources of documentation. I agree it may not be easy. I think there is enormous responsibility on media in Myanmar now that is opening up. Myanmar writers, Myanmar ethnicities take a responsible stand on this. It will not help if they take sides. But you need to be critical and self-critical.   ဟုထောက်ပြခဲ့သည်။

ထို”ရိုဟင်ဂျာ”ဆိုသူများသည် မြန်မာပြည်သားသာမက တိုင်းရင်းသားအဆင့်အထိရလိုပါ၏။ သို့သော် မြန်မာစကားနှင့်စာ မသင်လိုပါ၊ ၎င်းတို့၏ခေါ်တောစကားကို ရိုဟင်ဂျာစကား၊ မြန်မာပြည်က တိုင်းရင်းသားစကားအဖြစ်အသိအမှတ်ပြုရမည်၊  မြန်မာနိုင်ငံတော်သီချင်းကိုမဆိုချင်ပါ၊ မြန်မာနိုင်ငံတော်အလံကို အလေးမပြုနိုင်ပါဟုလုပ်နေသူများဖြစ်ပါသည်။ သို့ပါသော် လည်း ထိုသူများအတွက် “လူ့အခွင့်အရေး” ဆိုပြီးတိုက်ပေးသည့်သည့်သူများရှိနေကြပြီး တိုင်းပြည်၊ လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ အစစ အရာရာ အလုခံနေရသော ရခိုင်လူမျိုးများ၏ လူ့အခွင့် အရေးကိုတော့ ထည့် မစဉ်းစားကြသည်မှာ ငွေများတရားနိုင် ဆိုသကဲ့ သို့ အိုအိုင်စီ OIC ခေါ် အစ္စလမ်နိုင်ငံများအဖွဲ့ ကုလသမဂ္ဂတွင်ဩဇာတက် ကာ “ကုလသမဂ္ဂ”မဟုတ်တော့ဘဲ “ကုလားသမဂ္ဂ” ဖြစ်သွား သောကြောင့်ပင်တည်း။

• နိဂုံး
အထက်ဖေါ်ပြပါအကြောင်းများအရ၊ ရေကြောင်းပိုင်နက်ကိစ္စများတွင်လည်း မြန်မာဘက်မှ အရေးနိမ့်ခဲ့ရခြင်းမှာ မဆန်းပါ။

(၁)  မြန်မာဘုရင်တို့အင်္ဂလိပ်ဘုရင်ခံချုပ်နှင့် နယ်ခြားမသတ်မှတ်မှုကြောင့်စစ်ဖြစ်ရခြင်း၊ တနည်းအားဖြင့် “ အိုင်ထဲကဖား “ ကဲ့သို့ပြုမူခဲ့ခြင်းတို့ကြောင့် စစ်ဖြစ်ပြီး ပိုင်နက်များဆုံးရှုံး ရခြင်း။

(၂)  နယ်ချဲ့ အင်္ဂလိပ်က “ သားအရင်း “ ကုလားများကို မျက်နှာသာပေးကာ (၁၉၃၇) ခုနှစ်က ကုလားပိုင် အဖြစ်ပေးခဲ့သည့် နယ်များကို (၁၉၆၆) ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်းအစိုးရက  တရားဝင်လက်မှတ်ထိုးပြီး လွှဲအပ်ပေးလိုက်ခြင်း။

(၃)  မြန်မာပြည်မှတော်လှန်ရေးကောင်စီအစိုးရသည် ဘင်္ဂလားဒက်ရှ်နိုင်ငံကိုအမှတ်ပြုစဉ်က ပိုင်နက်ကိစ္စများနှင့် မြန်မာ ပြည် တွင်း ရောက်နေသည့် ဘင်္ဂလီစစ်ပြေးဒုက္ခသည်တသန်းကျော်ကိစ္စများကို  မိမိကအပေါ်စီးဆွေးနွေးရန် အခွင့်အရေးရပါ လျက်နှင့် မယူတတ်ခဲ့ချေ။ လသာတုန်းဗိုင်းမငင်တတ်ခဲ့။

(၄)  မြန်မာစစ်အစိုးရအဆက်ဆက်နာမည်ပျက်ခဲ့သောကြောင့် အမှန်ပြောလည်း အရာမရောက်တော့ခြင်း။

(၅)  ၁၉၉၀ ခု မှစပြီး အရှေ့အုပ်စုပြိုကွဲသွားပြီးကုလသမဂ္ဂရံပုံငွေအများစုကို ရေနံဖြင့်ချမ်းသာလာသော အာရပ်နိုင်ငံများက ပေးကြရာမှစပြီး အိုအိုင်စီ OIC ခေါ်အစ္စလမ်နိုင်ငံများအဖွဲ့ ကုလသမဂ္ဂတွင်ဩဇာတက်ကာ “ငွေများတရားနိုင်” ဆိုသကဲ့သို့ ဖြစ်လာကာ “ကုလသမဂ္ဂ”မဟုတ်တော့ဘဲ “ကုလားသမဂ္ဂ” ဖြစ်သွားခြင်း။

(၆) နိုင်ငံတကာတရားရုံးတွင် ၎င်းကိစ္စအခြေအတင်ပြောခဲ့စဉ်ကလည်း ဘင်္ဂလားဒက်ရှ်ဘက်မှ သမိုင်းသုတေသီများ၊  ဥပ ဒေပညာရှင်များ၊ ပထ၀ီပညာရှင်များကိုစေလွှတ်သည့်အပြင် သတင်းစာများကလည်း ပြည်သူလူထုကို မပြတ်တင်ပြခြင်း၊ အကြံဉာဏ်တောင်းခံခြင်းများပြုလုပ်ခဲ့ပါသည်။ မြန်မာဘက်မှ ၎င်းတို့နည်းတူ ကြိုးစားခဲ့ကြပါ၏လော။

(၇)  အင်္ဂလိပ်နယ်ချဲ့ ကိုတရားခံတဦးအဖြစ်လက်ညှိုး ထိုးပြနိုင်ပါသည်။ သို့သော် “မည်သူမပြု၊ မိမိမှု”လည်း တော်တော် များများ ပါပါသည်။

နောက်ဆုံးတွင်တော့ “ မိအေးနှစ်ခါမက ဆယ်ခါနာ”လိုက်ရသူများမှာ ရခိုင်ပြည်နှင့် ရခိုင်များသာဖြစ်ပါကြောင်း။

မှတ်ချက်။ ကဝိလက္ခဏာသတ်ပုံကျမ်းလာ သတ်ပုံသတ်ညွှန်းများကိုသာသုံးထားပါကြောင်း။ 

(လွန်ခဲ့သည့်သုံးနှစ်ခန့်က ဘင်္ဂလားဒက်ရှ်အစိုးရနှင့် မြန်မာအစိုးရတို့  ရေကြောင်းပိုင်နက် အငြင်းပွားပြီး အပြည်ပြည်ဆိုင်ရာ ခုံရုံးက ဘင်္ဂလားဒက်ရှ်ကို အနိုင်ပေးလိုက်ခဲ့စဉ်က ရခိုင်အမျိုးသား သတင်းစာတွင် ဖော်ပြခဲ့ပြီးဖြစ်သည့်ဆောင်းပါးကိုပြုပြင် ရေးသားထားပါသည်။)

Tags: , , , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags