ကိုသန်းလွင် – စင်္ကာပူလိုဖြစ်အောင်

August 4, 2015

ကိုသန်းလွင် – စင်္ကာပူလိုဖြစ်အောင်
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၅

(၁)

စင်္ကာပူသည် ဖွံ့ဖြိုးတိုးတက်သည့် ပထမကမ္ဘာနိုင်ငံများစာရင်းဝင် ဖြစ်နေပါပြီ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တတိယကမ္ဘာ အဆင့်မှာဘဲ ရှိသေးသည်၊ ကျွှန်တော်တို့နိုင်ငံကို စင်္ကာပူလို နိုင်ငံဖြစ်အောင် ပြောင်းလဲ ပြစ်ရမည်ဟု တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေလိုသောဆန္ဒရှိသူတိုင်းက လိုလားတောင့်တကြပါသည်။

(၂)

စင်္ကာပူနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အစိုးရအဖွဲ့တခုသည် မိမိ၏သက်တမ်း(၅)နှစ်တာ ကာလအတွင်းဝင်ငွေ နှင့် ထွက်ငွေညီမျှအောင်သုံးစွဲရမည်ပာု အတိအလင်း ရေးသားထားပါသည်၊ (Balance Budget) ရှိရမည်ဟု ဆိုလိုပါသည်၊ နိုင်ငံခြားမှချေး ငွေယူရသည်ပာုမရှိ၊ မီးရထား၊ လေဆိပ်အဆောက်အဦး၊ ပန်းခြံကြီးများ၊ လမ်းဖေါက်ခြင်းစသည့် ပရောဂျက်များ ကို မိမိ၏၀င် ငွေအတွင်းမှပင်သုံးစွဲကြရပါသည်။

စင်္ကာပူ နိုင်ငံသည် ၁၉၆၀ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရပြီဆိုသည်နှင့် သူတို့ပဌမဆုံး ကုလသမဂ္ဂဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ် ( UNDP ) ရုံး သို့ မိမိတို့နိုင်ငံ၏စီးပွားရေး ထူထောင်မှုအတွက် အကူအညီပေးမည့် အကြံပေးပုဂ္ဂိုလ်  များ လွှတ်ပေးပါရန် မေတ္တာရပ်ခံခဲ့ပါသည်။

ကုလသမဂ္ဂမှ ဒတ်(ချ) လူမျိုးစီးပွားရေးပညာရှင် Dr.Winsemius  ကိုလွှတ်ပေးလိုက်သည်၊ သူသည် စင်္ကာပူတွင် တနှစ်မျှ နေထိုင်လေ့လာပြီး စင်္ကာပူ  တိုးတက်ရေး ဘလူးပရင့်ဟုခေါ်ဆိုနိုင်သည့် စာတမ်း တစ်စောင် ကိုဝန်ကြီးချုပ် ထံတင်သွင်းခဲ့ပါသည်၊  ထိုစာတမ်းတွင်  ချို့ယွင်းပျက်စီးနေတာတွေသာ ပါပြီး အကောင်းဟူ၍ မရှိ၊  သို့သော် မျှော်လင့်ချက်ကင်းမဲ့နေခြင်းတော့ မဟုတ် ပြုပြင်လျင်ရနိုင်ပါသည် ဟူအဆုံး သတ်ထားလေသည်။

၁၉၆၅လွတ်လပ်ရေးကျေငြာအပြီးတွင် ဗြိတိသျှစစ်တပ်များ ရုတ်သိမ်းသွားရာ စင်္ကာပူ သည် အခွံသာသာ ဘဲကျန်  ရစ်ခဲ့တော့သည်၊  စစ်တပ်ကြီးမရှိတော့ သောကြောင့် အလုပ်အကိုင်မဲ့ဖြစ်သွားသူ နှစ်သောင်းကျော် ရှိသည်၊  ထိုသူတို့ကို  အလုပ်ပေးရန် ကြီးပြင်းလာကြမည့် ကလေးသူငယ်ကျောင်းသားများ ဘွဲ့ရချိန်တွင် အလုပ်ပေးနိုင်ရန်တို့မှာ ကြီးမားသောပြဿနာများဖြစ်လာသည်။

ပဌမဆုံးချမှတ်ခဲ့သည့် စီးပွားရေး မဟာဗျူဟာမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဝင်လာရေးနှင့် နိုင်ငံခြား ခရီးသည် (Tourism)  များမှ ၀င်ငွေရရှိရေးဟူ၍ဖြစ်သည်။

စင်္ကာပူအစိုးရက စီးပွားရေးထူထောင်ရေးအဖွဲ့ခေါ်  EDB  Economic Development Board အဖွဲ့ကို ၁၉၆၁ ခုနှစ်၊ သြဂုတ်လတွင် ဖွဲ့စည်းခဲ့သည်။ အကြံပေးအရာရှိက နိုင်ငံခြားမှ ရင်းနှီးမြှုတ်နှံ ရန်လာသူကို လိုအပ်သမျှ အလုပ်တွေကို ဖြည့်ဆည်းပေးရေးအတွက် တနေရာထဲမှာအလုပ်ပြီးစီးအောင်လုပ်ပေးနိုင်သည့် One Stop Agency တခု လိုပါသည်ဟု အဆိုပြုခဲံသည်၊

နိုင်ငံခြား တက္ကသိုလ်များမှ ထူးချွန်စွာအောင်မြင် လာကြသောလူငယ်များကို အီးဒီဘီ အရာရှိများ အဖြစ် ခန့်ထားခဲ့ကြသည်၊ ထို အရာရှိများသည် နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံရန်လာရောက်သူများအတွက် လိုအပ်သော  မြေနေရာ အဆောက်အဦး၊ လျှပ်စစ်ပါဝါ၊ အလုပ်သမားရရှိရေး ကုန်ကြမ်း၊ ကုန်ချော လိုအပ်ချက်  တို့ကို ဖြည့်ဆည်း စီစဉ်ပေးရသည်၊  သူတို့၏ အဓိကတာဝန်မှာ  နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုများရောက်ရှိလာ ရေးပင်ဖြစ် သည်။

သူတို့သည် ကမ္ဘာတ၀ှမ်းမှ ကုမ္မဏီကြီးများသို့ ဖုန်းဆက်၍ ဖြစ်စေ၊ လူကိုယ်တိုင်သွား၍ဖြစ်စေ စင်္ကာပူ နိုင်ငံတွင် ရင်းနှီးမြုပ်နှံကြရန်ဖိတ်ခေါ်ကြသည်၊  ၁၉၆၁ ခုနှစ်တွင် ဂျူရောင်းစက်မှုဇုံအတွက် ပါမစ် ၁၂ စောင်ထုတ်ပေးခဲ့  သည်၊ ဧက ၉၀၀၀ ကျော်ရှိသော ထိုစက်မှုဇုံ ဧရိယာ တွင် အစိုးရက လမ်းဖောက်၊ အဆောက်အဦးတည်၊ လျှပ်စစ်နှင့် ရေကို လုံလောက်အောင်ပေး၍ စက်မှုလုပ်ငန်းများ အခြေချနိုင်ရန်ပြင်ဆင်ခဲ့ကြပါသည်။

၁၉၆၈ခုနှစ်တွင် Texas Instrument  ကုမ္ပဏီ ရောက်လာခဲ့သည်၊  HP  အကြီးအကဲဖြစ်သူ Mr. Pakard  မှာ လူ ကိုယ်တိုင် မလာမှီ အထောက်တော်  ၅ကြိမ်ခန့်  ပဌမစေလွှတ်ပြီး အခြေအနေကို စုံစမ်းလေသည်၊  သူစိတ် ကျေနပ်မှု ရှိမှ လာရန် သေချာသွားသည်၊  ၅ ထပ်မျှရှိသော သူ့စက်ရုံတွင် သူမလာမှီ ရက်အထိ ဓါတ်လှေခါးမှာ လျှပ်စစ်မီး မသွယ်တန်းရသဖြင့် အသုံးမပြုနိုင်သေးချေ၊  အီးဒီဘီ အရာရှိက ယာယီ မီးဝါယာကြိုး ကိုသွယ်တန်းပေးရသည်၊  HP  ကုမ္ပဏီဥက္ကဌကြီးမှာ သူမြင်ရသမျှကို သဘောကျကျေနပ်ပြီး  စင်္ကာပူ တွင် စက်ရုံထူထောင်ရန် ဆုံးဖြတ်ခဲ့သည်။

အီဒီဘီ ရုံးခွဲများကို  ကမ္ဘာနှင့် အ၀ှမ်းဖွင့်လှစ်ရန် အကြံပေးခဲ့သူမှာလည်း  Dr. Winsemius  ပင်ဖြစ်သည်၊  သူသည် နယူးရော့အီးဒီဘီရုံးခွဲကို  ၁၉၆၈ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်၊  အမေရိကန်မှ ထိပ်တန်း ကုမ္ပဏီကြီးများသည်  စင်္ကာပူ သို့လာလိုပါက  နယူးရော့ရုံး မှာပင်လိုအပ်သော စာရွက်စာတမ်းနှင့် ပေါ်လစီရေးရာကိစ္စများကို ဆောင်ရွက်သွားနိုင်ကြပြီဖြစ်သည်။

ဝန်ကြီးချုပ် လီကွမ်းယူ ကိုယ်တိုင် ၁၉၆၈ခုနှစ်တွင် အလုပ်မှခွင့်ယူပြီး ဟားဗတ်တက္ကသိုလ်တွင် ကျောင်းအိပ်  ကျောင်းစား နေထိုင်ခဲ့သည်၊  အမေရိကန် ထိပ်တန်း ကုမ္ပဏီကြီးများ မှ အုပ်ချုပ်သူကြီးများနှင့် အမြဲတွေ့ဆုံ   ဆွေးနွေးနိုင်ခဲ့ကြသည်၊  ယုံကြည်မှု အပြည့်ရှိသော ၀န်ကြီးချုပ်ကို ကိုယ်တိုင်တွေ့ဆုံကြရသူများက စင်္ကာပူ သို့ လာပြီး ရင်းနှီးမြုပ်နှံကြရန် ကတိ ပေးကြသည်။

ယခုအခါ  အီးဒီဘီ  ရုံးခွဲများသည် ကမ္ဘာ့နိုင်ငံ ၁၃ နိုင်ငံတွင် ရုံးပေါင်း ၂၀ ကျော်ဖွင့်လှစ်ပြီး ကြပါပြီ၊  ဂျပန်၊ အိန္ဒိယ၊ ဘရာဇီး၊ အင်္ဂလန် စသည်ဖြင့် စက်မှုဖွံ့ဖြိုးတိုးတက်ရာ နိုင်ငံများသည်စင်္ကာပူ သို့လာပြီါ်စီးပွားရေး လုပ်ငန်းများ ထူထောင်ရန်  လွယ်ကူသွားကြပါ သည်။

အီးဒီဘီ သည်ဝန်ထမ်းပမာဏကြီးထွားများပြားလာသောအခါ ဌာန ၂ခုခွဲလိုက်ရသည်၊ Jurong Town Council နှင့် Development  Bank of  Singapore  ဟူ၍ကုမ္ပဏီ ၂ ခု ဖြစ်လာခဲ့သည်။

စင်္ကာပူ၏ စီးပွားရေးဦးတည်ချက်မှာ မူနှစ်ရပ်ရှိသည်၊  စီးပွားရေးကြိုးပမ်းထူထောင်ခါစတွင် မလေးရှားနိုင်ငံ၏ အကူအညီ ကိုမရခဲ့ပေ၊  အင်ဒိုနီးရှားနိုင်ငံ နှင့်ဆက်ဆံရေးမှာလည်း အခက်အခဲတွေရှိနေကြသည်၊  အစ္စရေး   နိုင်ငံ သည် ရန်သူ အာရပ်နိုင်ငံများ ၀ိုင်းရံနေခဲ့ရာ ရပ်ဝေး မှ နိုင်ငံများနှင့် စီးပွားရေး ကုန်သွယ်မှုပြုလုပ်ကြရ   သည်၊  ၄င်းကို  Leapfrog  ပေါ်လစီ ဟုခေါ်သည်၊  စင်္ကာပူမှာလည်း ထိုနည်းတူ စီးပွားရေး ရင်းနှီးမြုပ်နှံမှု   အတွက် အမေရိကား၊ ဥရောပ၊ ဘရာဇီးတို့ ကဲ့သို့သော ရပ်ဝေး မှ နိုင်ငံများနှင့် ဆက်သွယ်ရသည်။ တရုပ်၊ ဟောင်ကောင်နှင့် တိုင်ဝမ်တို့မှ ရင်းနှီးမြှုတ်နှံသူများလာကြသော်လည်း သူတို့မှာ အရင်းအနှီးနည်းသော ပလပ်စတစ်၊ ကလေးကစားစရာစသည့် တန်ဘိုးမကြီးမားသော စက်ရုံအသေးစားများကိုသာ လာရောက် ဖွင့်လှစ်ကြသည်၊

နောက်ထပ်ချမှတ်ခဲ့သော မူ တစ်ခုမှာ အနောက်နိုင်ငံကုမ္ပဏီများမှ လိုအပ်ချက်ဖြစ်သော၊  ဆက်သွယ်ရေး ကောင်းမွန်ခြင်း၊  ခိုင်မာသော ဘဏ်လုပ်ငန်း၊ အင်္ဂလိပ်စကားပြော စာရေးစာချီ၊ ပညာတတ်အင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သား များရနိုင်ခြင်း၊ စီးပွားရေး လုပ်ငန်းအတွက်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သည့် Oasis  တခုဖြစ်အောင်ဖန်တီး  ပေးခြင်းပင်ဖြစ်သည်၊  စင်္ကာပူနိုင်ငံသည် အမေရိကား၊  ဥရောပ၊  သြစတြေးလျ၊  နယူးဇီလန်တို့ မှ ရင်းနှီးမြုပ်နှံလိုသူများ၊ စီးပွားရေး လုပ်ကိုင်လိုသူများ အဖို့ လိုအပ်ချက်အားလုံး ရရှိနိုင်သော အိုအေစစ် တခုဖြစ်လာခဲ့ပါသည်။

ဒေါက်တာဝင်စီမီးယပ်၏  အကြံပြုချက်များတွင် ပထ၀ီအနေအထားအရ စင်္ကာပူသည်  အရှေ့တောင်အာရှ ၏ အလယ်ဗဟိုရ်နေရာတွင်တည်ရှိနေခြင်းဖြစ်ရာဒေသတွင်းက အားထားရမည့် လေဆိပ်နှင့် ပင်လယ်ဆိပ်ကမ်း  တို့ကို ဆောက်လုပ်ရမည်ဟုအကြံပြုခဲ့သည်၊  ယနေ့တွင် စင်္ကာပူ လေဆိပ်မှာ ကမ္ဘာ့ အကြီးဆုံး အကောင်းဆုံး လေဆိပ်များတွင်ပါဝင်ပါသည်၊  စင်္ကာပူ သင်္ဘောဆိပ်ကမ်းမှာ ရှန်ဟိုင်းပြီးလျင် အလုပ်အများဆုံး ဆိပ်ကမ်းတခု ဖြစ်လာခဲ့သည်။ ယနေ့အထိ ဆိပ်ကမ်းကို ဖြတ်သွားသော ကွန်တိမ်နာ ပမာဏမှာ သန်း ၅၀၀ သို့နီးကပ်နေပေပြီ၊

ဤနေရာတွင် ထူးခြားသည်မှာ စင်္ကာပူ၏ ၀န်ဆောင်မှုလုပ်ငန်း (Service Sector) အပေါ်အရေးထား မှုပင်ဖြစ်သည်၊  လေဆိပ်ကြီးတခု၏ ပထမ လိုအပ်ချက်မှာ  Safety  ခေါ် လေယာဉ်များနှင့် ခရီးသည်များ၏  ဘေးရန်ကင်းကွာလုံခြုံစွာ ခရီးသွား   လာနိုင်ရေးပင်ဖြစ်သည်၊  နောက်တခုမှာ ၀န်ထမ်းများ၏ ၀န်ဆောင်မှု ပင်ဖြစ်သည်၊ ဆိုက်ကပ်လာသော လေယာဉ်မှ ခရီးဆောင်အိပ်များသည် အချိန် အနည်းငယ်အတွင်း ပစ္စည်းရွေးရာ ခါးပါတ်ပေါ်သို့ရောက်လာသည်၊ အမှိုက်တပင်မှ မရှိအောင် သန့်ရှင်းသော သစ်ပင် ပန်းပင် ခြုံနွယ် ပိတ်ပေါင်းတို့ဖြင့်  စိမ်းနေအောင် လုပ်ထားသည်၊  လိပ်ပြာဥယျာဉ် ကိုပင် ဖန်တီးပေးထားသေးသည်၊  အိမ်သာ၊ လက်ဆေးကန်  များ သန့်ရှင်းပြီး သာယာငြိမ့်ငြောင်းသော မြူးဇစ် က အမြဲကြားနေရသေးသည်၊  ဈေးဆိုင်စားသောက်ဆိုင်များ နှင့် ဝေဆာနေသော လေဆိပ်မှာ ၀င်လာသူ၏ စိတ်နှလုံးကိုအေးချမ်းစေသည်။

စင်္ကာပူကျွန်း၏ ပမာဏမှာ သေးငယ်သောကြောင့် ၄င်းစက်မှုလက်မှုထုတ်ကုန် ပမာဏ မကြီးမားနိုင်ခြင်းတို့  ကြောင့် ၄င်းသင်္ဘောဆိပ်ကမ်းကို အဘယ်မှာ ကြီးကျယ်ခန်းနားရန် လိုအပ်ပါသနည်း၊  သို့ပါသော်လည်း  ကမ္ဘာ  အရပ်ရပ် မှ  ပစ္စည်း ကွန်တိန်နာ များမှာ ဦးတည်သောသော ဆိပ်ကမ်းသို့ မရောက်မှီ  စင်္ကာပူ မှာ တထောက်နားရ သည်။

ရှန်ဟိုင်းမှ ကျွန်တော်တို့မှာသော ပစ္စည်းများကို တင်ဆောင်လာသည့် ကွန်တိန်နာသင်္ဘောသည်  ပမာဏ  ကြီး သောကြောင၊့် ရေစူးနက်သောကြောင့်၊ ရန်ကုန်ဆိပ်ကမ်းသို့  မကပ်နိုင်ပါ၊  စင်္ကာပူဆိပ်ကမ်းသို့  အရင်လာပြီး ချရသည်၊   ပြီးမှ  သင့်တော်ရာ သင်္ဘောဖြင့် ရန်ကုန်သို့ လာရသည်၊  ဤမျှရှုတ်ထွေးသော  Traffic  ကိုအဘယ်သို့  အဆင်ပြေအောင် အမှားနည်းအောင် ဆောင်ရွက်ပါသနည်း၊ဤဆိပ်ကမ်း၏ ကုန်စည်စီးဆင်းမှု့ ချောမွေ့ခြင်းကိုဝန်ထမ်းများ၏ ၀န်ဆောင်မှု့ စိတ်ဓာတ်ကောင်းမွန်မှု ဖြင့်သာ ရှင်းပြရပါလိမ့်မည်။

နိုင်ငံခြားမှ မှာသောပစ္စည်းတခုစင်္ကာပူ ဆိပ်ကမ်းသို့ရောက်ပြီဆိုလျင် ကျွန်တော်တို့လက်သို့ရောက်အောင် (၃)ရက်သာ စောင့်ရ သည်၊ ကျွန်တော် ကျေငြာသော ဈေးနှုန်းမှာနည်းနေလျှင်၊ များနေလျှင်၊ ကိစ္စမရှိ၊ ကျွန်တော်နှင့်ပစ္စည်း ထုတ်ရာနေရာ တွင် ငြင်းခုံမနေပါ၊   ပစ္စည်းကိုအခါမလင့်စေဘဲထုတ်၍ပေးလိုက်ပါသည်၊   အကယ်၍များ ပစ္စည်းဈေးကို မတန်တဆ လျှော့ပြီးကြောငြာထားပါလျှင် သက်ဆိုင်ရာဌာနက စစ်ဆေးပြီးကျွန်တော့်ထံမေးခွန်းတွေရောက်လာပါလိမ့်မည်၊ ရှင်းဘို့သာပြင်ပေရော့၊   ထိုသို့မေးခွန်းအမေးခံရမှာ စိုးရိမ်သည်နှင့်ပစ္စည်းတန်းဖိုးကိုလျော့ကြေညာဘို့ စိတ်မကူး ကြပါ။

ဆိပ်ကမ်းတွင်ပေးလိုက်ရသော ရ% အကောက်ခွန်သည် ထိုပစ္စည်းကို စင်္ကာပူနိုင်ငံတွင်းမှာ သုံးတာမပာုတ် ပါကအစိုးရကထိုအခွန်ငွေကိုပြန်ပေးသည်၊ ထိုစည်းကမ်းဥပဒေများကြောင့် စင်္ကာပူသည် တကမ္ဘာလုံးက ပစ္စည်းများကိုရောင်းဝယ်ဖောက်ကားကြရာနေရာဖြစ်လာရခြင်းပင်၊ တနှစ်တနှစ်တွင် ကွန်တိန်နာပေါင်း သန်း ၄၀၀ကျော် ဤဆိပ်ကမ်းကိုဖြတ်သန်းနေကြသည်။

ဝန်ကြီးချုပ်ပောာင်း လီကွမ်းယူ၏ အားကျစရာကောင်းသောအရည်အချင်းတခုမှာ လာဒ်ပေးလာဒ်ယူလုပ် ခြင်းကိုလက်မခံခြင်းပင်၊   နိုင်ငံထူထောင်စ လေယာဉ်ပျံဝယ်ရာတွင် လာဒ်ငွေအတွက် အရိပ်အရောင် စကား ပြောမိသောဝန်ကြီးကိုအလုပ်မှထုတ်ပြစ်သည်၊    သိန်း(၈၀၀)ကျော်လာဒ်ယူပါသည်ပာုအတိုင်ခံရသော ၀န်ကြီး ကိုအတွေ့မခံ၊ ထိုဝန်ကြီးကမိမိဖာသာသတ်သေသောအခါ ဖုံးဖုံးဖိဖိကိစ္စပြီးရန်တောင်းပန်သူဇနီးဖြစ်သူ၏ မေတ္တာရပ်ခံချက်ကိုပယ်ချခဲ့သည်၊ ကုမ္ပဏီငွေကိုခိုးယူသူ၊ အလွဲသုံးစားလုပ်သူ၊ လူဝင်မှုကြီးကြပ်ရေးမှာ လာဒ်ယူမိသူ၊   မိမိနေရာကိုအစွဲပြု၍ ကုန်သည်ထံမှ ငွေချေးငှားသူ၊   မတော်တရားလုပ်သူမှန်သမျှကို ဘယ်သူ့ ကိုမှ ခွင့်လွှတ်ခဲ့သည်ပာုမရှိ၊ အားလုံးကိုအပြစ်ပေးခဲ့သည်သာဖြစ်သည်။

စင်္ကာပူအစိုးရသည် အရေးကြီးသော ပရောဂျက်များရှိတိုင်း ပြည်သူသို့ အမြဲချပြလေ့ရှိသည်၊ ၁၉၆ရခုနှစ်က ပါလီမန်တွင် လက်ရှိဘတ်(စ)ကား များပြေးဆွဲနေခြင်းသည် နောင် ၂၅ နှစ်အကြာတိုးလာမည့်လူဦးရေအတွက် လုံလောက်မှုရှိမရှိကို စဉ်းစားကြသည်၊ မြေဧရိယာကျဉ်းသောကြောင့် လုံလောက်ပါသည်ဟု ပြောသူရှိသလို မလုံလောက်ပါဟုလည်းဆွေးနွေးကြသူလည်းရှိသည်၊ အဖြေမထွက်၊ နောက်ဆုံးတွင် ၀န်ကြီးချုပ်က မလုံလောက်နိုင်ဘူးဟု အဆုံးဖြတ်ပေးခါ မြေအောက်ရထားစီမံကိန်းကို စတင်ရန်ဆုံးဖြတ်ခဲ့ကြသည်၊ နောင် ၁၀နှစ်တွင်ရှိမည့် တိုင်းပြည်၏အခြေအနေ စက္ကူဖြူစာတမ်းများ မှာ ကဏ္ဍ အသီးသီးအတွက် မကြာမကြာ ထွက်လာလေ့ရှိသည်၊

စင်္ကာပူနိုင်ငံဖွံ့ဖြိုးတိုးတက်လာပုံမှာ အလွန်ရိုးရှင်းလွယ်ကူပါသည်၊  အဆင့်ဆင့်တိုင်းမှာ မှတ်တမ်းမှတ်ရာတွေရှိ   ပါသည်၊ ဖွံ့ဖြိုးတိုးတက်လာသော မိမိနိုင်ငံအကြောင်း ပြောပြလိုသော စင်္ကာပူနိုင်ငံမှ လက်တွေ့လုပ်ကိုင်လာ  ကြသူတွေ အမြောက်အများရှိကြပါသည်၊ စင်္ကာပူနိုင်ငံ၏ တိုးတက်လာမှု့ သူတို့လျှောက်ခဲ့ရာလမ်းကြောင်းမှာ (Open Book) ဖွင့်ထားသော စာအုပ်တအုပ်လို ဖြစ်ပါသည်၊  သိလိုသူ မြင်လိုသူမှန်သမျှစာအုပ်ဖွင့်ပြီး ဖတ်ကြရုံသာဖြစ်ပါသည်၊ ကျောင်းများတွင်သင်ရိုးညွှန်းတန်း အဖြစ်သင်ကြားလျင် အများပြည်  သူအကျိုးရှိနိုင်ပါ သည်။

(၃)

ကျွန်တော်တို့နိုင်ငံသည် စင်္ကာပူထက်စော၍လွတ်လပ်ရေးရခဲ့သည်၊   ၁၉၆၂ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးချိန်  မှ စ၍ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုကို ရှာဖွေဘို့ဝေးစွ၊   တံခါးပိတ်ဝါဒကိုကျင့်သုံးခါ နိုင်ငံခြားသားများကိုနှင်ထုတ်ခဲ့ သည်၊ တစတစနှင့် စစ်တပ်မှ စစ်မှု့ထမ်းပောာင်းများကို တာဝန်နှင့်အာဏာရှိသောနေရာ များတွင်တာဝန်ယူ စေခဲ့သည်၊

စင်္ကာပူနိုင်ငံလျှောက်ခဲ့သောလမ်းနှင့်ယှဉ်ကြည့်သော်အမှားတွေကိုသာဆက်တိုက်လုပ်လာခဲ့ကြပါသည်။

ကျန်းမာရေး၊ ပညာရေး၊ လူမှု့ရေး၊ ကိစ္စအ၀၀တွင်ပညာတတ်၊ အသိပညာ အတတ်ပညာရှိ သူတို့မှာဘေးကို ရောက်၊ မိမိနိုင်ငံတွင်မနေနိုင်ဘဲ ရေကြည်ရာ၊ မြက်နုရာ နိုင်ငံခြားသို့ရောက်ကုန်ကြသည်။

စင်္ကာပူနိုင်ငံသည် မိမိဝန်ကြီးများကို လာဒ်မစားအောင်ဟုဆိုခါ လခကို အလုံအလောက်ပေးသည်၊  သူတို့သည် အခွင့်ထူးခံရသည်ပာုမရှိ၊   မိမိ၏ဒရိုင်ဘာ၊ အိမ်ဖော်၊ ထမင်းချက်၊ ဥယာဉ်မှုး၊ တို့ကိုမိမိဖာသာငှား၍ ရထား၊ လေယာဉ်စီးလျှင် အများပြည်သူ နည်းတူ အခကြေးငွေ ပေးကြရသည်၊ လျပ်စစ်ပါဝါ ရေးသုံးစွဲမှုကို မိမိဖါသာ ရှင်းကြရသည်၊

ပြည်သူတို့ကို ပိုက်ဆံမကိုင်စေဘဲ ပလပ်စတစ်ကဒ်များနှင့် ငွေပေး ငွေယူလုပ်ရန်အားပေးသည်၊  ရထားစီးလိုလျှင် မိမိငွေပေးကဒ်ကို ဂိတ်ကကောင်တာမှာ တင်လိုက်သည်နှင့် ပေးလိုက်သောငွေသည် သက်ဆိုင်ရာ ဘဏ်အကောင့်ထဲသို့ ၀င်သွားပါသည်၊  နိုင်ငံဧရိယာကျဉ်းသောကြောင့် ကိုယ်ပိုင်ကားစီးရေကို ကန့်သတ် ထားရာ ကားဝယ်လိုသူတိုင်းက Certificate ၀ယ်ရသောစံနစ်ကိုကျင့်သုံးသည်၊   တခါတရံ COE (Certificate Of Entitlement) က ကားတန်ဖိုးနီးပါး(သို့) ကားတန်ဖိုးထက်များနေတတ်သည်၊ ၄င်းသည် အစိုးရရံပုံငွေပင် ဖြစ်သည်၊ အိမ်အရောင်းအ၀ယ် စာရွက် စာတမ်း မှတ်ပုံတင်ကိစ္စ၊ မှအခွန်ငွေများမှာ ကွန်ပျူတာစံနစ် ကျေးဇူးကြောင့် မဖိတ်စဉ်ဘဲ အမြဲ အပြည့်ရရှိသည်၊ ၂၀၁၁ တွင်ပြင်လိုက်သော ဥပဒေအရ အိမ်ရောင်းအိမ်ဝယ် လုပ်သူများကပေးရသော တံဆိပ်ခေါင်းခွန်အခမှာ ဒေါ်လာ သန်း ရ၀မျှ ရှိသည်ဟုဆိုသည်၊

နေရာတကာ လုပ်ငန်းတိုင်းတွင် ကွန်ပျူတာ Network ကိုသုံးသောကြောင့် ရံပုံငွေ အလွဲသုံးစားလုပ်ရန် မလွယ်သူပါ၊ အစိုးရကလည်း အခွန်ငွေကို အပြည့်အ၀ ရရှိသည်၊

မိမိတာဝန်ကိုသာ မိမိထမ်းဆောင်နေရသော ၀န်ထမ်းများက မိမိအလုပ်ကို ပိုမိုတိုးတက်ရေးအတွက်သာ အလုပ်လုပ်ကြရသည်၊ အင်ဂျင်နီယာကလည်း မိမိနှင့်ဆိုင်ရာအလုပ် ကျောင်းဆရာကစာသင်ပြီး ဆရာဝန်များ ကဆေးကုသရေးကိုသာလုပ်နေကြရာ ၀န်ဆောင်မှု့ကိစ္စ အဆင့်အတန်းမြင့်မားနေခြင်းမှာ ထိုအကြောင်းများ ကြောင့်ပင်ဖြစ်၏။

မြန်မာပြည်ထူထောင်ရေးလုပ်ငန်းများ၏ ပဌမဆုံးလုပ်ရမည့်အလုပ်မှာ လူဦးရေကိစ္စ၊ ဘဏ်လုပ်ငန်းကိစ္စ၊ အကောက်ခွန်ကိစ္စ၊ နှင့် လူမှု့ရေးရာကိစ္စများတွင် ငွေကြေးမသုံးစွဲရအောင် (Cash Less) ကွန်ပျူတာ Network များအသုံးပြုရေးပင်ဖြစ်ပါသည်၊   ငွေပေးငွေယူကိစ္စများကို Computer များနှင့်မှတ်တမ်းတင်နိုင်လျင် အစိုးရ ရန်ပုံငွေ မယိုဖိတ်သည့်ပြင် လာဒ်ပေးလာဒ်ယူကိစ္စများ Table money ပေးနေရခြင်းများ၊ လျော့နည်းသွား နိုင်ပါသည်၊  ထိုကွန်ပျူတာ Network ကြီးများ စိတ်ချလက်ချအသုံးချနိုင်ရေးအတွက် လျှပ်စစ်နှင့် အခြားပစ္စည်းကရိယာ (Hardware) လိုအပ် ချက်များကို အစိုးရကဖြည့်ဆည်းပေးရပါမည်၊

ဒေါက်တာဝင်စီမီးရပ်(စ) သာ အသက်ရှိသေး၍ မြန်မာပြည်သို့လွှတ်လိုက်လျင် ခြစားနေသော ၀န်ထမ်းတွေကို ဖမ်းဆီးအပြစ်ပေးနိုင်သော အဖွဲ့ အစည်းတခုကိုထူထောင်ပါဟု အကြံပေးလိမ့်မည်ထင်သည်၊ အစိုးရတွင် လာဒ်စားသူကို ဖေါ်ထုတ်အပြစ်ပေးရမည်ဟူသော မူ (Political will) တော့ရှိရပါမည်၊ သူခိုးကြီးများကို အခြေအနေအရပ်ရပ်အရ ဆက်လက်ခိုးခွင့်ပြုထားလျင် တိုင်းပြည် နလံမထူနိုင်ပါ၊

ဤနည်းဖြင့် အစိုးရတွင် ရံပုံငွေ တောင့်တင်းပြီဆိုလျှင် ပညာရေး၊ ကျန်းမာရေး၊  သိပ္ပံသုတေသန လုပ်ငန်း များထူထောင်ရေးမှာမခက်ခဲတော့ပါ၊  မြန်မာပြည်တွင် လူသားအရင်းအမြစ်၊ ပညာတတ်လူငယ်များမရှားပါးပါ ASEAN နိုင်ငံများနှင့် အဆင်ပြေပြေ ကုန်သွယ်မှု့လုပ်နိုင်လျင် တိုးတက်မှု့ကို လျင်မြန်စွာ တွေ့နိုင်ကြ ပါလိမ့်မည်၊   အစိုးရအုပ်ချုပ်ရေးနှင့်ဝန်ထမ်းနေရာများတွင် တပ်မတော်သား များခန့်အပ်ခြင်းကိုတော့ရပ်ဆိုင်းပြစ် ရပါ လိမ့်မည်၊  စစ်သားလူတန်းစားသည် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်သာဖြစ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများတွင်ပါဝင်ရန်မလိုပါ။

ဒီမိုကရေစီ စံနစ်ကို ကျင့်သုံးပြီဆိုသည်နှင့် နိုင်ငံခြားမှ ရင်းနှီးမြှုတ်နှံမှုများ မြန်မာနိုင်ငံသို့ အလုံးအရင်း ၀င်ရောက် မလာခြင်းများမှာ အဘယ့်ကြောင့်နည်းဟု ဆန်းစစ်ကြရပါမည်၊ မျှတသော ရင်းနှီးမြှုတ်နှံမှုဥပဒေ အခိုင်အမာမရှိခြင်းနှင့် အီးဒီဘီ ကဲ့သို့ ကူညီပန့်ပိုး ပေးမည့် အဖွဲ့အစည်း မရှိသောကြောင့်ဟုအဖြေထွက်ပါသည်၊ ကျွန်တော်သိသော စင်္ကာပူမိတ်ဆွေတစ်ဦးမှာ မြန်မာ ပါတနာနှင့် ပူးပေါင်း ကား သုံးစီးဝယ်၍ ကုမ္ပဏီထောင် ရာ နှစ်နှစ် သုံးနှစ်ကြာသည့်တိုင် ၀င်ငွေ မမြင်ရသောကြောင့် မေးမြန်းစုံစမ်းသောအခါ မြန်မာပါတနာက မဖွယ်မရာ ပစ္စည်း အပိုင်စီးသည်ကိုကြုံရသည်၊ နိုင်ငံခြားသားအဖို့ အရှုံးသက်သက်ဖြစ်နေတော့သည်၊ ထိုဖြစ်ရပ်များကို ဖြေရှင်းပေးမည့် အဖွဲ့အစည်းတခု ရှိရန်လိုပါသည်၊ နိုင်ငံခြားသားများအဖို့ မျှတသော ဥပဒေ ကိုဖန်တီးပေး ရပါမည်၊

(၄)

စင်္ကာပူကို ပထမနိုင်ငံအဆင့်အတန်းရောက်အောင် တွန်းတင်ပေးသွားသည်မှာ အီးဒီဘီ နှင့် ကွယ်လွန်သွား ပြီဖြစ်သော ၀န်ကြီးချုပ်ဟောင်း လီကွမ်းယူ၏ ခြမစားသောစိတ်ဓါတ်ကြောင့်ဟု ဆိုနိုင်ပါသည်၊ မြန်မာပြည်ကို စင်္ကာပူလိုဖြစ်အောင်လုပ်လိုသူများကို သူတို့ပြသွားသော ဥပမာကို အတုယူကြပါဟု တိုက်တွန်းလိုက်ရပါသည်၊

ကိုသန်းလွင်

မှတ်ချက်၊ ဂျူလိုင်လ ၂ရက်နေ့ထုတ် Eleven Media Group ပါ ဦးကျော်ဦး၏ ရန်ကုန်နှင့်စင်္ကာပူမတူရခြင်း အကြောင်းရင်း ဆောင်းပါးကိုဖတ်၍ဤဆောင်းပါးကို ရေးရန်စိတ်ကူးရပါသည်၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်