ကိုကိုကြီး၏ တပ်မတော်အခန်းကဏ္ဍပေါ် အမြင် (စက်တင်ဘာ ၁၇၊ ၂၀၁၃ ဟောပြောချက်)

August 11, 2015

ကိုကိုကြီး၏ တပ်မတော်အခန်းကဏ္ဍပေါ် အမြင် (စက်တင်ဘာ ၁၇၊ ၂၀၁၃ ဟောပြောချက်)
(မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၅

တပ်မတော်သားတစ်ဦး မှ ဦးကိုကိုကြီး (၈၈) ထံရေးတဲ့စာနှင့်ပတ်သက်၍ ကျနော် ၁၇. ၉.၂၀၁၃ ရက်နေ့ ဟင်္သာတမြို့ ပြည်သူတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲ မှာ တပ်မတော် နှင့် ပတ်သက်တဲ့ကျနော့်အမြင်ဆွေးနွေးချက်များထဲမှ ကောက်နုတ်ချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံတော်သမ္မတဟာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအမြင်ရှိသူဖြစ်ရမယ်။ စစ်ရေးအမြင် ဘာနဲ့တိုင်းမှာလဲ၊ ကျွန်တော် ဗီဒီယိုကားတွေ၊ စစ်ကားတွေ အများကြီး ကြည့်ဖူးတယ်။ ဘယ်လိုတိုက်တယ်၊ ဘယ်လိုဆုတ်ခွာတယ်၊ လေထီးနဲ့ လက်နက်တွေဘယ်လိုချပေးတယ်၊ တစ်ခါတည်း ကွန်မန်ဒို လွှတ်ပြီးတိုက်တယ်၊ အဲဒါတွေ ကျွန်တော်အများကြီး ကြည့်ဖူးတယ်၊ ဒါဆို ကျွန်တော် စစ်ရေးအမြင်ရှိတာပဲ။ ဆိုလိုတာက မလိုအပ်ဘဲနဲ့ ဇာချဲ့ထားတာ။ အမေရိကန်ဖွဲ့စည်းပုံမှာ မပါဘူး၊ သို့သော် အားလုံးက သူတို့က စစ်မှုမထမ်းမနေရနဲ့ စစ်မှုထမ်းသက် ရှိတာပဲ။ သို့သော် ကျွန်တော်တို့ ခင်ဗျားတို့ သတိထားမိလား မသိဘူး ကျွန်တော်ဆို အရမ်းသဘောကျတယ်။

ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ စစ်တပ်ကိုလိုက်ပြီးတော့ စစ်တယ်။ ခင်ဗျားတို့ မျက်စိထဲမှာ ပုံပေါ်အောင်မှန်းကြည့်၊ ဗိုက်ကြီးတကားကားနဲ့ ဗိုက်ကြီးသည် ကာကွယ်ရေးဦးစီးချုပ် အဲဒီ တပ်ကိုလိုက်စစ်တာ၊ ဘေးနားမှာ ဗိုလ်ချုပ်ကြီးတွေ အကုန်လုံး သတိဆွဲပြီး သူ့နောက်ကနေ အနှေးလျှောက် လိုက်ရတယ်။ သူက ဂုဏ်ပြုခံပြီးတော့ တပ်ဖွဲ့ကိုစစ်တာ၊ အဲဒါ ပုံပြင်မဟုတ်ဘူး၊ စပိန်နိုင်ငံမှာ။ စပိန်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေပါမောက္ခ၊ ကာကွယ်ရေးဝန်ကြီး၊ တပ်ကိုလိုက်စစ်တာ ဗိုက်ကြီးပါ ပါသေးတယ်။ ဗိုက်ကြီးတဗြဲဗြဲနဲ့ ဆိုတော့ ကျွန်တော်တို့နိုင်ငံတကာစံချိန်နဲ့ ကျွန်တော်တို့ လေ့လာကြည့်ဖို့လိုတယ်။

အဲဒီတော့ ကျွန်တော် အဲဒီ ငွေရတုအစည်းအဝေးမှာ ကျွန်တော်ဘာပြောဖြစ်လဲဆိုတော့ ကျွန်တော် အင်အားအကြီးဆုံး စစ်တပ်ကြီးကိုပိုင်တဲ့၊ လူထုက ရွေးကောက်တင်မြှောက်တဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကျွန်တော်တွေ့ခွင့်ရခဲ့တယ်။ ဟုတ်မှ ဟုတ်ပါ့မလား၊ ကျွန်တော် မစ္စတာ အိုဘားမားနဲ့ တွေ့ခွင့်ရခဲ့တယ်၊ အမေရိကန်သမ္မတဟာ တပ်မတော်သေနာပတိ၊ ကာကွယ်ရေးဦးစီးချုပ် လည်းဖြစ်တယ်။ သမ္မတရဲ့လုပ်ပိုင်ခွင့်ဟာ စစ်ကြေညာနိုင်တယ်၊ ဦးစီးချုပ်ကနေပြီးတော့၊ ဒီ သမ္မတကနေပြီးတော့။ အဲဒီသမ္မတဟာ လူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတ၊ သူဟာ ဦးစီးချုပ်လည်းဖြစ်တယ်၊ စစ်သေနာပတိလည်းဖြစ်တယ်။ အဲတော့ ဆိုလိုတာက အဲသလောက် ကမ္ဘာမှာ စစ်တပ်အင်အားအကြီးဆုံး စစ်တပ်ကြီးမှာ ဦးစီးချုပ်က လူထုကရွေးကောက် တင်မြှောက်တယ်။ ပြောရင် အိပ်မက်လိုလို၊ ဒဏ္ဍာရီလိုလိုဖြစ်သွားမယ်။

အဲတော့ တစ်ခါတစ်လေမှာ နိုင်ငံရေးမှာ ဆန္ဒတွေနဲ့၊ ဖြစ်ချင်တာတွေနဲ့ ပြောကြစတမ်းဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံမှာလည်း လူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ ကာကွယ်ရေးဦးစီးချုပ် ကျွန်တော်လိုချင်တယ်၊ အဲဒါ ကျွန်တော်ဖြစ်ချင်တယ်။ ဘယ်တော့ဖြစ်ချင်လဲဆိုရင် အခုကို ဖြစ်ချင် တယ်။ အဲဒါ ကျွန်တော်ပြောနေတာတွေဟာ ကျွန်တော် ဖြစ်စေချင်တဲ့ဆန္ဒကိုပြောနေတာပါ၊ လက်တွေ့ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား၊ ဖြစ်နိုင်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကျတော့ အဲဒါနိုင်ငံရေး၊ အဲဒါအနုပညာ။ Timing ဘယ်လိုအချိန်မျိုးမှာ ဘာလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားတာ၊ ဆုံးဖြတ်တာဟာ နိုင်ငံရေး။ အဲဒီတော့ ကျွန်တော်တို့က လက်တွေ့ ရှိနေတဲ့ အရှိတရားတွေကို ကျွန်တော်တို့ မျက်ကွယ်ပြုလို့မရဘူး။ အဲဒီအခြေအနေတွေထဲကနေပြီးတော့မှ အကောင်းဆုံး ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားကြရတယ်။

xxxxxx xxxxxx

အဲဒီတော့ ဖွဲ့စည်းပုံကိုပြင်ဖို့အတွက် အဓိကက ဘာပြင်ရမလဲဆိုတော့ စိတ်နေစိတ်ထားတွေကို ပြင်ရမယ်။ ကိုယ်ကျိုးအတ္တတွေကို ရှေ့တန်းတင်တဲ့၊ ကိုယ့်တစ်ယောက်စာ၊ ကိုယ့် တစ်ဖွဲ့စာကိုပဲ ကြည့်တဲ့သဘောထားတွေကို ပြင်ရမယ်။ မတူတာပြဿနာမရှိဘူး၊ ဒါသဘာဝပါ။ သူကလုံခြုံရေး ရှု့ထောင့်က နေပြီးတော့ လိုအပ်ပါတယ်လို့ပြောနေတဲ့ကိစ္စက တစ်ခါတစ်လေမှာ သူ့အကျိုးစီးပွားနဲ့ရောနေတာကို သတိမပြုမိဘဲနဲ့ ငါလုပ် နေတာ၊ ငါက ငါ့နိုင်ငံတော်လုံခြုံရေးအတွက် ငါပြောနေတာဆိုတဲ့ဟာကို အကာအကွယ်သဘောမျိုးနဲ့ တစ်ခါတစ်လေမှာ သိရက်နဲ့ဖြစ်စေ၊ အမှတ်တမဲ့ဖြစ်စေ ကိုယ့်အယူအဆကို မှန်တယ်လို့ အခိုင်အမာထင်ထားတယ်။ အဲတော့ ကျွန်တော်တို့က အခုဒီဖြစ်တဲ့ ဖွဲ့စည်းပုံတွေအားလုံးဟာ နိုင်ငံတော်လုံခြုံရေးဆိုတဲ့ဟာကို အလေးပေးပြီးတော့ အဲဒီရှု့ထောင့်ကနေပြီးတော့ ရေးထားကြတာ။

ဘာအားနည်းနေသလဲဆိုတော့ State Security ကိုပဲ ဦးစားပေးနေတဲ့အချိန်မှာ Human Security လူသား တွေရဲ့ လုံခြုံရေးဆိုတာကို ကျွန်တော်တို့ဆီမှာ တွေးလေ့တွေးထ မရှိဘူး၊ စဉ်းစားလေ့ စဉ်းစားထ မရှိဘူး။ နိုင်ငံတော်ဆိုတဲ့ ဘာမှန်းမသိတဲ့ဟာကြီးကိုပဲ ပုံဖော်ပြီးတော့ ကျွန်တော်တို့ ဥပဒေတွေဆွဲတယ်။ တကယ်က ကျွန်တော်တို့ Human Security လူသားတစ်ဦးချင်း၊ နိုင်ငံသားတစ်ဦးချင်းရဲ့ လုံခြုံမှုကို ဦးစားပေးတဲ့ စိတ်နေစိတ်ထားမျိုး၊ အတွေးအခေါ်မျိုး ပေါ်လာမှ ဒီ ဖွဲ့စည်းပုံက လူတစ်ဦးချင်း၊ နိုင်ငံသားတစ်ဦးချင်းကို ကာကွယ်ပေးတဲ့ ဖွဲ့စည်းပုံ ဖြစ်လာမယ်။ ဘာတွေပါလာမလဲဆိုတော့ စား၊ ဝတ်၊ နေ၊ ရေး လုံခြုံမှု၊ နိုင်ငံတော်ဆိုတဲ့ ဘာမှန်းမသိတဲ့ဟာကြီးရဲ့ လုံခြုံရေးအတွက် ကျွန်တော်တို့က ငတ်နေရမယ် ဆိုတာကြီးက သဘာဝမကျဘူး။

နိုင်ငံတော်လုံခြုံရေးအတွက် တပ်မတော်အင်အားရှိမှဖြစ်မယ်၊ အဲဒီတော့ တို့ရသမျှ ပိုက်ဆံ တွေအားလုံး စစ်တပ်အသုံးစရိတ်ထဲမှာ သုံးရမယ်ဆိုရင် နိုင်ငံတော်လုံခြုံရေးဆိုပြီး ကျွန်တော်တို့က ဗိုက်ဟောင်းလောင်းနဲ့၊ ကိုယ်တုံးလုံးနဲ့ နေနေရမယ်။ ဆေးမကုနိုင်ဘူး၊ စာမသင်နိုင်ဘူး အဲဒါဘာလဲဆိုတော့ နိုင်ငံတော်လုံခြုံရေးဆိုတာကြီးကို ဇောင်းပေးပြီးတော့ ချဉ်းကပ်တဲ့အခါမှာ မှန်သလိုလိုနဲ့ လွဲနေတာ။ ဟုတ်ပြီ၊ တကယ် ကျွန်တော်တို့ဘက်ကလည်း စဉ်းစားရ မှာက ဟုတ်တယ် တို့နိုင်ငံတော်လုံခြုံရေးအတွက် ငါတို့စစ်တပ်ပမာဏ ဘယ်လောက်ရှိရမယ်၊ ငါတို့စစ်တပ်ရဲ့ အရည် အသွေး ဘယ်လောက်ရှိရမလဲဆိုတာ စစ်ခေါင်းဆောင်တွေကချည်းပဲ ဆုံးဖြတ်ရမှာ မဟုတ်ဘူး၊ သူတို့တွေမှာချည်းပဲ တာဝန် ရှိတာမဟုတ်ဘူး၊ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဟုတ်တယ် ငါတို့စစ်တပ်ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် ဘယ်လောက်ဖြစ်ရမယ်၊ ဘယ်လိုဖြစ်ရမယ်ဆိုတာ ကျွန်တော်တို့လည်း ဝိုင်းပြီးတော့ စိုးရိမ်သောကလိုဖြစ်မယ်၊ ကျွန်တော်တို့ လည်း ဝိုင်းပြီးတော့ ပူပန်မယ်။ ကျွန်တော်တို့ကို စိုးရိမ်ခွင့်ပေးပါ၊ နိုင်ငံတော်လုံခြုံရေးမှာ ကျွန်တော်တို့လည်း စိုးရိမ်ခွင့်ရှိတယ်။ ကျွန်တော်တို့ကိုလည်း စိုးရိမ်ခွင့်ပေးပါလို့ ကျွန်တော်ကလည်း စစ်ခေါင်းဆောင်တွေကို တောင်းရလိမ့်မယ်။

တစ်ချိန်တည်းမှာ ပဲ အဲဒီ နိုင်ငံတော်လုံခြုံရေးဆိုတာချည်းပဲ ထပ်ကာတလဲလဲ၊ ကျယ်ကျယ်လောင်လောင်ပြောနေတဲ့ ပုဂ္ဂိုလ်များအတွက်ကို လည်း ခင်ဗျားတို့ လူသားလုံခြုံရေးကိုလည်း အလေးထားပါ။ နိုင်ငံသားတွေရဲ့ စားဝတ်နေရေး လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာ လုံခြုံရေး၊ ပညာရေးဆိုင်ရာ လုံခြုံရေး၊ ပိုက်ဆံမရှိလို့ လေးငါးတန်းနဲ့ ကျောင်းထွက်လိုက်ရတယ်၊ အဲဒါ သူ့ရဲ့လုံခြုံရေး။ ပိုက်ဆံမရှိလို့ မသေသင့်ပဲ သေသွားရတယ်၊ မီးဖွားတုန်းမှာ သေဆုံးသွားရတဲ့ ပမာဏတွေဘယ်လောက်များနေတယ်ဆိုတာ ဟာ အဲဒါ Human Security၊ ဒီနေ့ အလုပ်လုပ်နေတယ်၊ မနက်ဖြန်အလုပ်ပြုတ်မလား အာမခံချက်မရှိတဲ့ Job Security၊ လုပ်ငန်းခွင် လုံခြုံရေး အဲဒါနိုင်ငံသားတွေရဲ့ လုံခြုံရေး။ အဲဒီ Human Security ရှု့ထောင့်ကနေ မကြည့်ဘဲနဲ့၊ ကြည့်ဖို့ မကြိုး စားဘဲနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နေအုံးမယ်ဆိုရင်လည်း မည်ကာမတ္တပဲ။

ဒါ ကျွန်တော် တစ်ဦးချင်းကိုပြောတာ၊ အရေးကြီးဆုံး တိုင်းရင်းသားတွေကိစ္စပြောအုံးမယ်။ တိုင်းရင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ငါတို့ဟာ ကချင်လို့ ပြောလိုက်လို့၊ ငါတို့ဟာ ကရင်လို့ပြောလိုက်လို့ ငါတို့ဟာ စစ်တက္ကသိုလ်တက်ခွင့်မရဘူး၊ ငါတို့ ရာထူးတိုးခွင့်မရဘူးဆိုရင် အဲဒီတိုင်းရင်းသားတွေရဲ့ လုံခြုံရေးဘယ်မှာလဲ။ ငါတို့ဒေသကို ငါတို့ စီမံခွင့်၊ အုပ်ချုပ်ခွင့် မရဘူး၊ ငါတို့ဒေသမှာ ရှိတဲ့ သယံ ဇာတတွေကို ငါတို့ပိုင်ဆိုင်ခွင့်မရဘူးဆိုရင် သူတို့လုံခြုံရေး ဘယ်မှာလဲ။ ဆိုတော့ အဲတော့ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်တော့မယ်ဆိုတဲ့အခါမှာ နိုင်ငံရေးအရ အရေးပါတဲ့သဘောထားတွေ၊ ဆန္ဒတွေ၊ အဲဒါတွေကို လွတ်လွတ် လပ်လပ်နဲ့ တစ်ခုတော့ ရှိတယ်၊ လက်တွေ့ကျကျနဲ့ တစ်ဆင့်ပြီးတစ်ဆင့်။

တစ်ထိုင်တည်းမှာ ပြဿနာအားလုံးကို ပြေလည်လိမ့် မယ်လို့ ကျွန်တော်တို့ မျှော်လင့်ချက်ထားလို့မရဘူး။ အဲဒါ ကျွန်တော်တို့ လက်တွေ့ကျဖို့လိုတယ်။ ပထမအဆင့်မှာ ဘယ်လောက် ရအောင်လုပ်မလဲ၊ နောက် ဒုတိယအဆင့်၊ တတိယအဆင့် အစရှိသဖြင့် အဲဒီလိုပြင်သွားနိုင်ဖို့အတွက် အရင်ဆုံးက ဖွဲ့စည်းပုံမပြင်ခင်မှာ စိတ်နေစိတ်ထားတွေကို ပြင်ဖို့။ ကျွန်တော်တို့ရဲ့ ရှု့ထောင့်၊ မြင်ထောင့်တွေ ပြောင်းဖို့။ နိုင်ငံတော်လုံခြုံရေးလို့ ပြောရင် ကျွန်တော်တို့ကလည်း ဒါ စစ်တပ်ကြီးစိုးဖို့လုပ်နေတာပဲဆိုပြီး ကျွန်တော်တို့ကလည်း ဆန့်ကျင်မယ်၊ ချမယ်ဆိုတာပဲ ကျွန်တော်တို့က အမြဲတမ်းမြင်နေတယ်။

အဲဒီတော့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ဘက် က ဘာပြင်ရမှာလဲဆိုတော့ ဟုတ်တယ်၊ တို့နိုင်ငံတော်လုံခြုံရေးဆိုတာကလည်း ငါတို့နိုင်ငံသားတွေ အလေးအနက်ထားရ မယ့်ကိစ္စလို့ ကျွန်တော်တို့ဘက်ကလည်း ပြင်မယ်။ ကျွန်တော်တို့စစ်သားကို ငတ်တလှည့်၊ ပြတ်တလှည့်နဲ့ ထမင်းခြောက် ရေစိမ်စားပြီး နပ်မမှန်ပဲတိုက်ရတဲ့ စစ်သားမျိုးထက်ကို ချောကလက်စားပြီး စစ်တိုက်တဲ့ စစ်သား ဖြစ်ချင်တာပေါ့။ ဆိုတော့ ဒီ စစ်သားတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့တပ်မတော်နဲ့ပတ်သက်လို့ စိုးရိမ်သောက ကျွန်တော်တို့မှာလည်း ရှိတယ်။ ကျွန်တော်တို့လည်း ဝိုင်းစဉ်းစားမယ်၊ အဲဒီလိုပဲ နိုင်ငံတော်လုံခြုံရေးရှု့ထောင့်သက်သက်က စဉ်းစားတဲ့သူများအနေနဲ့လည်း တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှမှု၊ နိုင်ငံသားတစ်ဦးချင်းရဲ့ လုံခြုံရေးတွေကို ထည့်သွင်းစဉ်းစားတတ်တဲ့ စိတ်နေစိတ်ထားမျိုး အရင်ဆုံးပြောင်းဖို့လိုပါတယ်။

xxxxx xxxxx


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မိန့်ခွန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်