“ ကာတွန်းဓါတ်ရှင် ” ရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်

August 15, 2015

 “ ကာတွန်းဓါတ်ရှင် ” ရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်ပွဲ
ပြုလုပ်
          ရန်နောင်(ဗိုလ်တထောင်)     မိုးမခ
ဩဂုတ် ၁၄- ၂၀၁၅

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 
      စိန်ဌေး
ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး စီစဉ်တင်ဆက်မည့်  “ ကာတွန်းဓါတ်ရှင် ” ရုပ်ရှင်ဇာတ်ကားကြီးစာနယ်ဇင်းမိတ်ဆက်ပွဲကို
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမတွင်
ဩဂုတ်လ (၁၄) ရက် နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
          အဆိုပါ ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲ အခမ်းအနားတွင်
အခမ်းအနားမှူးအဖြစ် ဟာသသရုပ်ဆောင်ဦးညောင်ညောင် မှ ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ
ဦးလူမင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက် ထုတ်လုပ်သူ ဦးဝင်းကြည် မှ ဇာတ်ကားရိုက်ကူးရခြင်းနှင့်စပ်လျဉ်း၍
ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ထိုရုပ်ရှင်ကားကို ရိုက်ကူးမည့် ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)
နှင့် ပါဝင်သရုပ်ဆောင်မည့်သူများကိုယ်စား သရုပ်ဆောင် ဦးအရိုင်း တို့မှ “ ကာတွန်းဓါတ်ရှင်
” ရုပ်ရှင်ကားနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
          ငယ်စဉ်ကလေးဘဝအရွယ်ကတည်းက စွဲလန်းနှစ်ခြိုက်ခဲ့ရသောကာတွန်းဇာတ်ကောင်များဖြစ်သည့်
သမိန်ပေါသွပ်၊ရွှေဂေါင်းပြောင်၊မောင်မောင်ဇာ၊တွတ်ပီ၊မသေးမျှင်၊ဗိုက်ကလေး၊အစရှိသောဇာတ်ကောင်များ
ပါဝင်သရုပ်ဆောင်ထားသည့်   “ ကာတွန်းဓါတ်ရှင်
” ဇာတ်ကားကြီးတွင်  ဇာဂနာ၊အရိုင်း၊ကင်းကောင်။ညောင်ညောင်၊ကိုပေါက်၊ကြယ်သီး၊ချစ်စုနှင့်ရဲအောင်၊ခိုင်နှင်းဝေ၊မိုးပြည့်ပြည့်မောင်၊ယွန်းရွှေရည်၊ဝါဝါအောင်၊တင်ဇာဝင်းပြည့်
တို့ ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်သည်။

 

          ဇာတ်လမ်း ၊ဇာတ်ညွှန်း ကိုကျော် နှင့်ကျော်ဇင်ကိုကို
တို့၏ ဇာတ်လမ်းကို ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်) မှ ရိုက်ကူးမည့် “ ကာတွန်းဓါတ်ရှင်
” ဇာတ်ကားကို စိန်ဌေး ရုပ်ရှင်မှ ပြင်ဦးလွင် မြို့သို့ တက်၍ ရိုက်ကူးနေပြီ ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:News, Yan Naung (Bo Ta Htaung)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)