fbpx

ဧရာဝတီတိုင်းတွင်းရှိ ရေဘေးဒဏ်ခံနေရသောရွာများ ကူညီမှုပေးရန်ကျန်ရှိနေ

August 17, 2015
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

ဧရာဝတီတိုင်းတွင်းရှိ ရေဘေးဒဏ်ခံနေရသောရွာများ ကူညီမှုပေးရန်ကျန်ရှိနေ

ဟန်သစ်နိုင်၊ မိုးမခ၊ သြဂုတ် ၁၆ရက်၊ ၂၀၁၅ခုနှစ်

 
ဧရာဝတီတိုင်းဒေသကြီးရှိ ပန်းတနော်၊ ကျောင်းကုန်း၊ ပုသိမ်၊ ငသိုင်းချောင်း၊ သာပေါင်းမြို့များမှ ရွာများသည်
ရေဘေးဒဏ်ကြောင့် ယခုထိနေထိုင်၊ စားသောက်မှုအခဲအခက်အခဲများစွာရှိနေသည်။ အစိုးရနှင့် လူမှုကူညီရေးအသင်းများမှ ရေဘေးသင့်ပြည်သူများသို့ လှူဒါန်းသောပစ္စည်းများသည် ဧရာဝတီတိုင်းရှိ ရေဘေးဒဏ်ခံစားနေရသော ရွာများသို့ ကူညီပေးရန်လိုအပ်နေသေးကြောင်း ပန်းတနော်မြို့ ရွှေဖလားကျွန်းကျေးရွာရှိ ရွာသူရွာသားများက သြဂုတ်၁၃ရက်နေ့တွင် ပြောပြခဲ့သည်။
 

          ဧရာဝတီတိုင်းတွင်းရှိ ရွာများသည် မြစ်ရေတိုက်စားမှုဒဏ်ကို မကြာခဏခံစားနေရသဖြင့် ရွာ များပျောက်ဆုံးမှုများရှိခဲ့ကြောင်း၊ ဆက်လက်နေထိုင်နေသောအိမ်များမှာလည်း သုံးလတစ် ခါရွှေ့ပြောင်းပြီး နေထိုင်နိုင်ရုံ အဖြစ်မျှသာဆောက်ထားပြီးနေရကြောင်း၊ ထိုသို့နေထိုင်နေသောမြေ များသည် ရေတိုက်စားမှုဒဏ်ကင်းလွတ်နေသေးသော ဘေးကပ်ရပ်ရွာများမှ မြေများကို ဝယ်ယူ ပြီးနေထိုင်နေရကြောင်း၊ ယခုလက်ရှိဖြစ်ပွားနေသော ရေကြီးရေလျှံရေဘေးဒဏ်ကြောင့် စားစရာနှင့် နေစရာအခက်ကြုံနေရသဖြင့် ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် သွားရောက်နေထိုင်မှုများရှိနေကြောင်း၊
ရေဘေးဒဏ်ကြောင့်ဒုက္ခရောက်၍ ကျန်ရှိနေသေးသောရွာများသို့ ကူညီမှုများပေးစေလိုကြောင်းများကို ရွာသူရွာသားများက ပြောပြခဲ့သည်။

          “ကျနော်တို့ အခုလက်ရှိလိုအပ်နေတာ ရေနှင့် စားသောက်စရာလေးပါပဲ၊ အဝတ်အစားတွေ သိပ်မလို ပါဘူး၊ ကျနော်တို့က ဧရာဝတီမြစ်ရေသောက်ပြီးကြီးလာခဲ့တာပါ အခုတော့ရေဆို ရွှံ့ညွှန်တွေရော ပြီး ဝါထိန်နေလို့ သောက်သုံးရေအဖြစ် အခက်ကြုံနေရပါတယ်၊ အခုလာရောက်လှူဒါန်းနေတဲ့အ ဖွဲ့တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်၊ ဘေးရွာများကိုလည်း ဆက်လက်ကူညီပေးဖို့အကြောင်း ကြားပေးပါ” ဟု ရွှေဖလားကျွန်းရွာနေ ကိုမင်းမင်းက ပြောပြသည်။

          “အခုကျောင်းပိတ်ပေးထားတာ တော်တော်ကြာနေပြီ၊ ကလေးတွေစာပြန်သင်ရမှာ ဖြစ်တဲ့အတွက် အခုစာသင်ကျောင်းတွင်နေထိုင်နေသော မိသားစုများကို ဘုန်းကြီးကျောင်းများသို့ပြောင်း ရွှေ့ရန်စီစဉ် နေ ပါတယ်”ဟု ဆရာမဖြစ်သူ မသင်းသင်းဌေးကပြောပြသည်။
           ဧရာဝတီတိုင်းအတွင်းရှိ ရေဘေးသင့်ဒဏ်ရွာများသည် အများအပြားရှိသဖြင့် ကူညီလှူးဒါန်းသူများမရောက်ရှိသေးသော ရွာများလည်း ကျန်ရှိနေသေးကြောင်းသိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Han Thit Naing, ဓာတ်ပုံသတင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)