ဆောင်းယွန်းလ – သက်ငြိမ်

August 25, 2015

ဆောင်းယွန်းလ – သက်ငြိမ်
(မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၅

ကိုယ့်အထင်နဲ့ ကိုယ်မှာ
ကိုယ့်ကုတင်က
ခြေတချောင်းပြတ်….

ရွှေနန်းထက် ရောက်ဖို့ထက်
သေပန်းမပျက်ဖို့ကိုပဲ စိတ်ဝင်စားမိတယ်….

မှန်ကို ကြည့်ရင်း
ရေပြင်ကို ငေးရင်း
ကိုယ့်အတွေး ကိုယ်ကြည့်ငေးရင်း
ဖြေးဖြေးချင်း ဆွဲမိတဲ့ကောက်ချက်မှာ
ကြောက်မက်စရာ ကြက်ခြေခတ်တွေက ပြည့်လို့ ..

နေ့ဖို့ချန်ထားတဲ့ ညစာမှာ
အသားပါမလား ငါးပါမလား
တရားပါမလား ဓါးပါမလား
အမှားပါမလား မြားပါမလား….

မျှားနေတဲ့ စိတ်ကူးထဲမှာ
စံပယ်တွေဖူးလို့ ပွင့်ချိန်တန်လှပေါ့….

ခေါင်းတမော့မော့နဲ့ 
လူတွေ လူတွေလို့ ကြွေးကြော်လိုက်တိုင်း
ကိုယ်ဘာကောင်လဲလို့  တွေးခေါ်မိတတ်ပြီ….

လူဟာ
လူသာမို့ 
လူလို့ 
ပီပီသသ
တလုံးတည်း ရေးချချင်ပါတယ်…..

ဆောင်းယွန်းလ..


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ဆောင်းယွန်းလ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်