လမ်းပြကြယ်မြန်မာစာကြည့်တိုက်(စင်္ကာပူ)မှ နာမကျန်းဖြစ်နေသော စာရေးဆရာ၊ ဆရာမကြီးများအား ငွေလှူဒါန်း

September 4, 2015

     

 လမ်းပြကြယ်မြန်မာစာကြည့်တိုက်(စင်္ကာပူ)မှ နာမကျန်းဖြစ်နေသော စာရေးဆရာ၊ ဆရာမကြီးများအား ငွေလှူဒါန်း

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၃ရက်၊ ၂၀၁၅ခုနှစ်

လမ်းပြကြယ်မြန်မာစာကြည့်တိုက်( စင်္ကာပူ)နှင့် စင်္ကာပူရောက် စာပေချစ်ပရိတ်သတ်တစ်ဦးတို့၏  စာရေးဆရာကြီး\ဆရာမကြီး ၁၀ဦးအား လှူဒါန်ငွေပေးအပ်ပွဲကို ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် သုတခန်းမ(နှမ်းစုံ)တွင် စက်တင်ဘာ ၃ရက် နေ့လည်ပိုင်းတွင်ပြုလုပ်ခဲ့သည်။

လမ်းပြကြယ်မြန်မာစာကြည့်တိုက်(စင်္ကာပူ)သည် မြန်မာစာနယ်ဇင်းသမဂ္ဂနှင့် ဆက်သွယ်ပြီး မြန်မာနိုင်ငံ အတွင်း နာမကျန်းဖြစ်နေသော စာရေးဆရာကြီး\ဆရာမကြီး များကိုလှူဒါန်းရန် ချိတ်ဆက်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအထက်ပိုင်းမှ စာရေးဆရာ ၅ ယောက်နှင့် မြန်မာနိုင်ငံအောက် ပိုင်းမှ ၅ ယောက်ကို တစ်ယောက် ၁သိန်းစီ၊ စုစုပေါင်း ၁၀ သိန်းကို လမ်းပြကြယ်မြန်မာစာကြည့်တိုက် (စင်္ကာပူ)မှ လှူဒါန်းခဲ့သည်။ နောက်ပိုင်းတွင်လည်း အလှူရှင်များရှိရင်ရှိသလို စာရေးဆရာ\ဆရာမကြီးများ အား လှူဒါန်းသွားမည်ဖြစ်သည်။

အခမ်းအနားတွင် စာရေးဆရာ ဦးမိုးသူ၊

စာနယ်ဇင်းသမဂ္ဂမှ ဦးလင်းယုန်(ရှမ်းပြည်) နှင့်

ဒေါ်ခင်ဆွေဦး တို့မှ စာရေးဆရာ\ဆရာမကြီးများကို သတိရလှူဒါန်းခြင်းအတွက် ချီးကျူးစကားနှင့် သြဝါဒစကားများပြော ကြားပေးခဲ့ကြပြီး အလှူငွေများကိုလည်း ထိုစာရေးဆရာ ၃ဦးမှ အလှူငွေပေးအပ်ပေး ခဲ့သည်။ အလှူငွေများကိုလက်ခံရယူရာတွင် နာမကျန်းဖြစ်နေကြသည့်အတွက် ကိုယ်စားလှယ်များမှ လာရောက် လက်ခံယူရသည်။

နာမကျန်းဖြစ်နေသည့် အလှူငွေရရှိသော စာရေးဆရာ\ဆရာမကြီး ၁၀ဦးမှာ ဦးစိုးမြင့်လတ်၊ မောင်ရေပြာ၊ ဦးဟိန်း၊ ခင်ဝင်းသစ်၊ ပိုင်စိုးဝေ၊ မစိမ်းပင်၊ ကိုသျှပ်၊ အနွဲ့၊ မရီဝေ၊ ဆရာမငြိမ်း တြို့ဖစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Han Thit Naing, ဓာတ်ပုံသတင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်