ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ဒါနကြောင့် မွဲနေတာလား

September 16, 2015

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) –  ဒါနကြောင့် မွဲနေတာလား
(သံဃသီတဂူ မေးဖြေဟောပြောပွဲ အဆက်..)
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၅

အခု ပါရမီဆယ်ပါးအကြောင်းပြောတော့- ဒါနပါရမီ က  စပါတယ်။ “ဒါန”လို့ပြောလိုက်ရင်- “ဒါနတော ဘောဂဝါ=ပေးလှူခြင်းကြောင့် စည်းစိမ်ဥစ္စာ ပြည့်စုံရတယ်”ဆိုတာရယ်။ “မရှိလို့ မလှူ၊ မလှူလို့ မရှိ”ဆိုတဲ့ မြန်မာဆိုရိုးရယ်ကလဲ အတွဲလိုက် ပါလာတတ်မြဲပဲ။ အခုလဲ ဒါ့ကြောင့်ပဲ – “ဒါနကြောင့် ချမ်းသာတယ်ဆိုရင်- မြန်မာပြည်မှာ ဒီလောက် ဒါနတွေ ပြုနေကြတာ ဘာဖြစ်လို့ မွဲနေရလဲ – တဲ့။

ဒါနဆိုတာ-လှူဒါန်း,ပေးကမ်း,စွန့်ကျဲတာပါ၊ ဒါနတော ဘောဂဝါ-ဆိုတဲ့ ဘုရားစကားကတော့- ဘာမှ လွဲမှားစရာ အကြောင်း မရှိပါဘူး။ မြန်မာစကားမှလဲ- “စွန့်စွန့် စားစား”ဆိုတာ ရှိတယ်မို့လား၊ စွန့်နိုင်မှ စားရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တခြား သွားမကြည့်ပါနဲ့၊ အခု – ဒီအမေရိကကလူတွေကိုပဲ ကြည့်ပေါ့- အလုပ် လုပ်တယ်၊ စီးပွားရှာတယ်ဆိုတာ- တကယ်တမ်းက ဘာလုပ်ရတာလဲ? ကိုယ့် ကိုယ်စွမ်း, ဉာဏ်စွမ်းတွေကို သွားစွန့်ရတာမို့လား၊ ကိုယ်က အရင်မစွန့်ဘဲ လုပ်ခ ပိုက်ဆံရတယ်လို့ ဘယ်မှာရှိလဲ။ ဈေးရောင်းတာတို့ ဘာတို့လဲ အတူတူပါပဲ၊ ကိုယ့်ဖက်က အရင်စ စွန့်မှ အခကြေးငွေကို စားရတာပါပဲ။ ဒါကြောင့်-ဒါနတော ဘောဂဝါ-တို့၊ စွန့်စွန့် စားစား-တို့ဆိုတာ ဘာမှသံသယဖြစ်စရာ မရှိပါဘူး။

ဒါဖြင့် မြန်မာပြည် ဘာ့ကြောင့်မွဲနေရသလဲ? ဟုတ်တယ်၊ ဒါ မေးစရာပဲ။ အားလုံး ဗုဒ္ဓဘာသာဝင်တိုင်းလိုလိုပဲ ကြားဖူးကြမှာပါ၊ “ကံ မျိုးစေ့”ဆိုတာလေ။ ကံဆိုတာ-ကြီးပွားချမ်းသာရေးရဲ့ မျိုးစေ့ပါ။ မျိုးစေ့ဆိုတာကလဲ သူ့ချည်းထားလို့ တိုးပွားလာတာမျိုး မဟုတ်ပါဘူး၊ ထွန်ယက်စိုက်ပျိုးမှု၊မြေယာကောင်းမွန်မှု၊ မိုးလေဝသ မှန်ကန်မှုစတဲ့ အကြောင်းအပေါင်းရဲ့ ကူညီထောက်ပံ့မှုတွေ (ပဋ္ဌာန်းအရတော့ – ဥပနိဿယပစ္စည်း အထောက်အပံ့တွေ) ပြည့်စံဖို့ လိုပါတယ်။ ကောက်ပဲသီးနှံအတွက်ဆိုရင်- ဥတုဘောဇနံ=ရာသီဥတု, မြေသြဇာ၊ ပုဂ္ဂလော = တိုးတက်တဲ့အတတ်ပညာ, စက်မှုအထောက်အကူ တွေနဲ့ ပြည့်စုံတဲ့ စိုက်ပျိုးရေးပညာရှင်၊ သေနာသနံ = ဆည်မြောင်းစသည်နဲ့ ခြံရံပြည့်စုံတဲ့ စိုက်ကွင်း နေရာ စသည်တို့ပေါ့။  ဒီအမေရိကမှာ- ချမ်းသာနေကြတဲ့ စိုက်ပျိုးရေးလုပ်ငန်းများနဲ့ မြန်မာပြည် တောင်သူလယ်သမားတွေကို ဒီ အထောက်အကူ အကြောင်းအပေါင်းတွေနဲ့ ယှဉ်ကြည့်ပါ။ ဒါနတော-ဘက်က ချွတ်ယွင်းလို့လား? စီမံအုပ်ချုပ်သူတွေဘက်က ချွတ်ယွင်းလို့လား? အလုပ်သမားလူတန်းစားအတွက်ကြည့်မယ်ဆိုရင်လဲ-  ကံက လုပ်ပေးနိုင်တာက – ထိုက်တန်တဲ့ နေရာတခုမှာ မွေးဖွားခွင့်ရအောင် (ပဋိသန္ဓေကျိုး) က အဓိကပါပဲ။

တိပိဋကဓရ(ယော) ဆရာတော်ကြီး မိန့်ကြားသလိုပေါ့- “မြန်မာပြည်မှာ လူုဖြစ်ရတာဟာ ရတနာမြေပေါ်မှာ- ခြေနင်းပြီး ရတနာသုံးပါးကို ခေါင်းမှာဆင်ခွင့်ရတာ ဖြစ်လို့ ကံအကောင်းဆုံး လူတွေပဲ” တဲ့။ အခု ရတနာမြေတွေက ဘာဖြစ်ကုန်ပြီလဲ?  စနစ်ညံ့, လူညံ့တွေရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ- ရတနာမြေတွေက မြေဇာပုံတွေပဲ တွေ့ရတော့သလို ရတနာသုံးပါးကလဲ – လုံးပါး, ပဲ့ပါး, ဖရိုဖရဲပါး, ကွဲပါး – ဆိုတဲ့ အပါးမျိုးစုံနဲ့ ပါးလာတာ ပေါက်,ကွဲ ကုန်မှာတောင် စိုးရိမ်နေရပြီလေ။

ပြီးတော့ အလုပ်သမားလူတန်းစားရဲ့ စွမ်းအားမျိုးစေ့ စိုက်ပျိုးစရာ “စက်ရုံ အလုပ်ရုံ လုပ်ကွက်”ကရော ဘယ်မှာလဲ? ဒါတွေကရော- ဒါနတော ဘောဂဝါရဲ့ ချွတ်ယွင်းချက်လား? စီမံ အုပ်ချုပ်သူဆိုတဲ့ “ပုဂ္ဂလသပ္ပါယ ဥပနိဿယ” ချို့ယွင်းချက်လား? ဘာမှ ဆုံးဖြတ်ချက် မပေးတော့ပါဘူး ဒီလောက်ဆို ကိုယ့်ဟာကိုယ် သုံးသပ်,ဆုံးဖြတ် နိုင်လောက်ပါပြီ။

စပ်မိတုန်း ထပ်သတိပေးချင်တာကတော့- အခုဆို မြန်မာပြည်မှာ- ၂၀၁၅-ခု ရွေးကောက်ပွဲကြီးဆိုတာ နီးနေပြီတဲ့။ စောစောကပြောခဲ့သလို –  “စွန့်စွန့် စားစား”ဆိုတဲ့စကားမှာ- စွန့်ခြင်းက အရင်ပြည့်စုံမှ စားခြင်းက ပြည့်စုံလာမှာ-ဆိုတော့.. ပြည်သူတွေ စဉ်းစားရမယ်၊ အခု ယှဉ်ပြိုင် အရွေးခံကြမယ်ဆိုတဲ့ ပါတီတွေဟာ.. စွန့်လိုတဲ့ ပါတီတွေလား?  စားလိုတဲ့ ပါတီတွေလား? ဦးဆောင်ပုဂ္ဂိုလ်တွေ, နောက်လိုက်ပုဂ္ဂိုလ်တွေကရော- ဘယ်ပါတီက စွန့်လိုသူတွေ, စွန့်နိုင်စွမ်းရှိသူတွေ ပါဝင်ကြသလဲ? ဘယ်ပါတီက စားလိုသူတွေ, စားနိုင်စွမ်းသာရှိသူတွေ ပါဝင်သလဲ? ဆိုတာပေါ့။
အရွေးမှားလို့ အစားသမားတွေပဲ ကြီးစိုး, လွှမ်းမိုး, အုပ်ချုပ်နေကြဦးမယ်ဆိုရင်တော့.. (ဗန်မော်တင်အောင်ရဲ့ လေသံလေးနဲ့) ကံကရော ဘာများကော တတ်နိုင်ပါဦးမည်တဲ့နည်း..။

အပ္ပမာဒေန သမ္ပာဒေထ..!

၀၉.၁၅.၁၅.။
သီတဂူသံဃဝိဟာရ၊ဖလော်ရီဒါပြည်နယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း), အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)