ကိုသန်းလွင် – ပင်စင်မရ၍ ကျသောမျက်ရည်

September 16, 2015

ကိုသန်းလွင် – ပင်စင်မရ၍ ကျသောမျက်ရည်
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၅

(၁)

တနေ့က မမဒေါ်လီ ကျွန်တော့်ဆိုင်သို့ ရောက်လာလေသည်၊  သူနှင့် ကျွန်တော်မတွေ့ရသည်မှာ အနှစ် ၃၀ နီး  ပါးရှိပါပြီ၊  တခါတုံးကမူ မမဒေါ်လီ နှင့် ကျွန်တော်တို့သည် ရုံးအတူတူတက်ခါ အုပ်ချုပ်သူ အရာရှိကြီးတဦးလက် အောက်တွင် အလုပ်လုပ်ခဲ့ကြဘူးပါသည်၊  ငွေပိုရှိသောကြောင့် သူဝယ်ထားသောခြံနေရာမှာ ကျွန်တော်တို့ အိမ်နှင့် အနီးနားလေး  ဖြစ်ရာ ရုံးပိတ်ရက် အားရက်များတွင် သူ့ခြံသို့လာတိုင်း ကျွန်တော်တို့မိသားစုနှင့် တွေ့ဆုံရင်းနှီးခဲ့ကြပါသည်၊  သူ့ခြံကို စောင့်ရှောက်ပေး  သူမှာ လက်သမားဆရာဖြစ်ရာ ထိုသူကကျွန်တော်တို့ အတွက် သစ်သားအိမ်ကလေးတလုံးဆောက်ပေးဘူးသည်။

(၂)

မမဒေါ်လီ မှာ ကျန်းမာရေးမကောင်းရှာပါ၊  ကိုယ်ခန္ဓာက သေးသေးလှီလှီလေးသာကျန်တော့သည်၊  အရိုးကျီး  ပေါင်းတက် ရောဂါဟုဆိုသည်၊  လည်ပင်း၊ ကျော၊ ဂုတ်နေရာအနှံ့မှာ ကျီးပေါင်းတက်ပြီး အနေအထိုင်ခက်လှ  သည်ဟုဆိုသည်။

တချိန်က ရေနံကော်ပိုရေးရှင်း သုတေသန လက်တွေ့စမ်းသပ်ခန်းမှာ ကျောက်နမူနာ၊ မြေနမူနာများကို မိုက်ခရိုစကုတ်ဖြင့် ဆက်တိုက်ကြည့်လာရသောကြောင့် ဤရောဂါဖြစ်ရသည်ဟု သူပြောသည်၊ သူ့လုပ်သက် သုံးဆယ် တလျောက်လုံး သုတေသန ဌာနမှာသာသူအလုပ်လုပ်ခဲ့ ဟန်တူသည်၊ သူ့ကြည့်ရ  သည်မှာ ကျန်းမာရေး အခြေအနေမကောင်းသောကြောင့် စိတ်သက်သာစရာမရှိ။

သူသည်စင်္ကာပူသို့သမီးအလုပ်လုပ်နေရာကို သမီးနှင့်ခေတ္တခဏနေပေးဘို့ လိုက်လာရခြင်းဖြစ်သည်၊  သမီးက လခကောင်းကောင်း၊ နေရာ ကောင်းကောင်း၊ ပီအာ အဆင့်ဖြင့် နေရာကျနေပါပြီ၊  အိမ်ထောင်ဦးစီးဖြစ်သူမှာ မြန်မာပြည်တွင် သားဖြစ်သူ နှင့် ကျန်ရစ်သည်၊  သူသည် စင်္ကာပူမှာ ကြာကြာမနေနိုင်ပါ။

ကျွန်တော်က စင်္ကာပူမှာသန့်သန့်ရှင်းရှင်း ဆေးရုံကောင်းကောင်းတွေရှိရာ ဆေးကုရင်းနေပါလားဆိုတော့ သူ  သည် မြန်မာပြည်မှာသာ နေချင်ကြောင်း သမီးဖြစ်သူ တယောက်ထဲ အလုပ်လုပ်ရတာကို အားပေးချင်၍သာ လာရခြင်းဖြစ်ကြောင်း ရက်ရှည်နေခွင့် လျှောက်ရန်ကလည်း နောက်ထပ်တစ်ပတ်နေမှ လျှောက်လွှာတင်ရမည်  ဖြစ်ကြောင်း ရက်ရှည်နေခွင့်ကျပြီးလျှင်မူ နေသင့်မနေသင့် စဉ်းစားနိုင်မည်ဟုဆိုသည်။

ကျွန်တော်သည် မမဒေါ်လီနှင့်စကားပြောရင်း ရန်ကုန်မြို့ပေါ်က ရေနံရုံးပေါ်မှာ အလုပ်လုပ်ခဲ့ရသောအကြောင်း အရာတွေကို တွေးနေမိသည်။

ကျွန်တော်တို့ အလုပ်လုပ်ရသည်မှာ မြန်မာပြည်ရေနံနှင့် ပတ်သက်၍ အလွန်ကြီးလေးသောတာဝန်ကြီးများကို  ယူထားရသူ အရာရှိကြီး၏ ရုံးမှာဖြစ်ပါသည်၊  လက်ထောက်ပညာရှင်တွေ အများကြီးနှင့် အရေးကြီးသော ဆုံးဖြတ်ချက်များကို အမြဲချပေးရသဖြင့် သူသည် စိတ်အေးလက်အေးနိုင်သော ယဉ်ကျေးပျူငှာသော အရာရှိ ကြီးတော့မဟုတ်ခဲ့ပါ၊   သူဆုံးဖြတ်ချက်မှားလျင်ဖြစ်စေ၊ အချိန်မှီမဆုံးဖြတ်နိုင်ဘဲ နောက်ကျခဲ့လျှင်ဖြစ်စေ တိုင်း ပြည်အတွက် ဘဏ္ဍာငွေမြောက်များစွာ ဆုံးရူံးသွားစေနိုင်ပါသည်။ ကျွန်တော်တို့အပေါ်မှာ မိဘသဘွယ် ဆက်ဆံပြီး ကျွန်တော်တို့ အခက်အခဲများရှိလျင် အကူအညီပေးလေ့ရှိသည်၊ သို့သော် အလွန်စိတ်မြန်ပြီး ဟောဟောဒိုင်းဒိုင်း စကားပြောတတ်သဖြင့် ၀န်ထမ်းတိုင်းက ကြောက်ကြ ရိုသေကြရသည်၊

သူက လက်ထောက်တွေကိုခေါ်လိုလျင် စားပွဲဘေးကလူခေါ်ခေါင်းလောင်း  ( buzzer ) ကိုနှိပ်၍ခေါ်လိုက်မည်၊     လူခေါ်သံ တဗြီးဗြီးပေါ်လာလျင် ရုံးစာရေးကိုအေးသောင် မှာ အပြေးဝင်သွားရသည်၊   မကြာမီ စာရေး  က ဘယ်သူဖြင့် ဘယ်ဖိုင်ကိုယူပြီးလာခဲ့ပါဟု လာခေါ်မည်၊   အခေါ်ခံရသူသည် မိန်းကလေးဆိုလျင် ကိစ္စမရှိ  အမျိုးသားဆိုပါလျင် အပေါ် အင်္ကျီတိုက်ပုံကို ၀တ်ပြီးမှ အရာရှိကြီး၏အခမ်းသို့ဝင်ရသည်။

၁၉၈၀ခုနှစ်များဆီက တိုက်ပုံကို ကိုယ်စီကိုယ်ငှ ထည်လဲဝတ်နိုင်ခဲ့ကြသည်မဟုတ်ပါ၊  ကျွန်တော်တို့  သည်တိုက်ပုံ မ၀တ်ဘဲလာခဲ့မိလျင် ၀တ်လာသည့်လူ၏ တိုက်ပုံကို ငှားကာ အခန်းတွင်းသို့ဝင်ကြရသည်၊   တဦးနှင့်တဦး တိုက်ပုံဆွဲခွါချွတ်ပြီး ၀တ်ရသည်ကို အားနာစရာဟုလည်း မမြင်ခဲ့ကြပါ။

နောက်တခုကျွန်တော်စွဲနေအောင်မှတ်မိနေသည်မှာ မနက်ပိုင်း ရုံးတက်ပြီး မိနစ်အနည်းငယ်အတွင်း လက်ဖက်ရည်ဒကာ ကိုရှာရန် ဘွတ်(ရှ) ကစားရခြင်းဖြစ်သည်၊  အခန်းထဲမှာလူ၁၀ ယောက်ရှိသည်ဆိုပါစို့၊   တယောက်လျင် ပစ္စည်း သေးသေး တစ်ခု၊ နှစ်ခု စသည်ဖြင့်သုံးခုအထိ ကြိုက်သလို ဆုပ်ပေးထားရသည်၊   စက္ကူလုံးသေးသေး၊ ပိုက်ဆံအပြားသုံးပြား  စသည် ဖြင့် ဖြစ်ပါသည်၊   ထို့နောက် မိမိတို့ဆုပ်ထားသော အလုံးရေ စုစုပေါင်းကို ခန့်မှန်းကြရ သည်၊   တဦးလျင် မိမိဆန္ဒအတိုင်း သုံးခုအထိ ကိုင်ထားခွင့်ရှိရာ စုပေါင်း အလုံးရေမှာ  သုညမှ ၃၀ အထိရှိနိုင်ပါသည်၊  မိမိခန့်မှန်းထားသော အလုံးရေကို ကျေငြာပြီးလျင် လက်သီးဆုပ်များကိုဖွင့်ကာ အလုံးရေကိုပေါင်းရသည်၊ မိမိခန့်မှန်းသော အလုံးရေ နှင့် တကယ့် အလုံးရေ တိုက်ပြီဆိုလျင် မိမိက ထွက်နိုင်ပြီး ကင်းလွတ်ခွင့်ရသည်၊  နောက်ဆုံး ၂ယောက်၊  နှစ်ယောက် မှ တယောက်ဘဲ ကျန်တော့လျင် ထိုသူက လဘက်ရည်ဖိုးရှင်းပေးရသည်။

ထိုစဉ်က ရုံးဝန်ထမ်းတိုင်း စွဲမက်နေသော ကစားနည်းဖြစ်ပါသည်၊  အလွန်ပျော်စရာကောင်းသည်၊  ရေနံရုံးကြီး  ပေါ်မှ ဧရာမ အရာရှိကြီးတွေက လွဲလျင် မနက်တိုင်း ကျွန်တော်တို့ ရုံးခန်းမှာ ဆုံပြီး ဘွတ်(ရှ) ကစားကြပါ   သည်၊  ပြီးလျင် တသုတ်စီ လဘက်ရည်ဆိုင်သို့ ဆင်းကြသည်၊  ကစားပွဲ ရှုံးသူက ပိုက်ဆံရှင်း ရသည်။

အထက်အရာရှိကိုကြောက်ရသောကြောင့်၎င်း၊ မိမိကျရာအလုပ်ကို တက်တက်ကြွကြွ လုပ်ကိုင်ရသော ကြောင့်၎င်း၊ ရုံးတက်ရသည်မှာပျော်စရာကောင်းသည်၊ ရုံးပျက်သည်ပာူ၍မရှိ၊ ရုံးမတက်ချင်ဘူးပာူသောရက်မရှိ၊ တယောက်မှာ ပူပင်စရာပြဿနာရှိလျင်တဦးကသိကြသည်၊ အားပေးကြကူညီကြသည်၊ အချင်းချင်းစည်းလုံး၊ ရိုင်းပင်းကူညီမှုမှာလည်းစံတင်လောက်ပေသည်၊ အချင်းချင်းလေးစားစွာ ဆက်ဆံ ကြရ သည်မှာပြန်တွေး ကြည့်လျင် လွမ်းစဖွယ်ပင်၊ တနေ့သော် ရုံးလစ်နေသောကျွန်တော်ကို လူကြီးလုပ်သူက ခေါ်လေရာ မမဒေါ်လီသည် သူ့ကလေး ဆေးခန်းပို့ရန် အကူအညီလို၍ ကျွန်တော်ကိုလွှတ်လိုက်ရပါသည်ပာု လူကြီးကိုဝင်ပြီးညာပေးဘူးသည်၊ ထိုစဉ်က ပာန်းဖုန်းဆိုတာမပေါ်သေး၊ ကျွန်တော်အိမ်မှာကလည်း တယ်လီ ဖုန်းမရှိ၊  နောက်တနေ့ရုံးတက်မှအကြောင်းစုံသိရတော့သည်။

ကျွန်တော်ပြောလိုသည်မှာ ထိုစဉ်က၀န်ထမ်းအချင်းချင်း တယောက်အကြောင်းတစ်ယောက် အူသိမ်ချေးခါး ကအစ အကုန်သိကြပြီး၊ မိမိတတ်နိုင်တာကို လုပ်ပေးဘို့ အဆင်သင့်ရှိခဲ့ကြသည်ဆိုသော  အချက် ဖြစ်ပါသည်။

(၃)

ရေနံအလုပ်ကထွက်လာတာ ကျွန်တော်ကစောပါသည်၊ ၁၉၈၀-၉၀ နှစ်များသည် ၀န်ထမ်းများအလွန် ကြပ် တည်းကြသောနှစ်များဖြစ်ပါသည်၊ ရသည့်လခမှာ ကလေးပညာသင်ဖို့မပြောနှင့် မီးဖိုချောင်စားရိတ်ပင် တလပြည့် အောင် သုံးနိုင်ကြသည်မပာုတ်၊ အားလုံးချို့ငဲ့ကြသည်၊ နိုင်ငံခြားကို သွားခွင့်ရသူ အနည်းအကျဉ်း မှအပ အားလုံး ချို့တဲ့ကြပါသည်၊ ထွက်ခွင့်သာရလျင် အပြင်ထွက်ပြီး အလုပ်လုပ်လိုသူတွေကတဖြည်းဖြည်း များလာပါသည်၊

လုပ်သက် ၁၅နှစ်ပြည့်မှ ထွက်ခွင့်ပေးမည်ဆိုသောစည်းကမ်းချက်တခုလည်း ဖြစ်ပေါ်လာဘူးသည်၊ မမဒေါ်လီ ထွက်စာတင် တော့ လုပ်သက် အနှစ်၃၀ရှိပါပြီ၊ ထွက်ခွင့်ကမကျ ဆေးပင်စင်တင်ဘို့ ကျိုးစားတော့လည်း မအောင်မြင်၊ နောက်ဆုံးတော့ ၂၁ရက်ခွင့်မဲ့ပျက်ကွက်မှုဖြင့် အလုပ်ထုတ်ခံရပါသည်။

ထိုစဉ်ကတော့ ဖြုတ်စာရတာကိုလည်း မတုန်လှုပ်မိ၊ ပတ်ဝန်းကျင်ကြည့်လေရာမှာ ဤနည်းဖြင့် အလုပ်ထွက်သူ တွေက မနည်းလှပါ၊ အခုအသက်ကလေးရလာတော့ မိမိအနှစ်သုံးဆယ်တိုင်အောင် အလုပ်လုပ်ခဲ့ရတာတွေကို သတိရလာသည်၊  ပင်စင်ငွေကလေးရရင်ကောင်းမှာဘဲပာုတွေးမိသည်။

ဖြစ်ချင်တော့တခြားဝန်ကြီးဌာနက မိမိနည်းတူ အလုပ်ဖြုတ်ခံရသူတယောက်က သမ္မတကြီးထံ အသနားခံစာ တင်လိုက်သည်၊ သမ္မတကြီးက ပင်စင် ခံစားခွင့်ပေးလိုက်ပါပာုညွှန်ကြားချက်ကိုချပေးသည်ပာုကြားရသည်၊ ထိုသတင်းကြားချိန်မှစပြီး မမဒေါ်လီ ငြိမ်မနေနိုင်တော့ပေ၊ ခင်ပွန်းဖြစ်သူကမဖြစ်နိုင်ဘူးဆိုပြီး အကြိမ်ကြိမ် တားသည်၊ ပြောမရ၊ မမဒေါ်လီ သည် မရခါမှ မရစေ၊ ကြိုးစားတော့ကြည့်ရမည်ဟုဆုံးဖြတ်ခဲ့သည်၊

တကယ် တွေးကြည့်လိုက်တော့လုပ်ဖော်ကိုင်ဖက်တွေမှာ ဧရာမအရာရှိကြီးတွေဖြစ်နေကြပါပြီ၊ မိမိနောက် နှစ်များ စွာကြာမှ အလုပ်ထဲရောက်လာသူတွေပင် ညွှန်ကြားရေးမှူးအကြီးစားတွေဖြစ်နေကြပါပြီ၊ ထိုသူငယ်ချင်း များ အားကိုးဖြင့် မမဒေါ်လီ နေပြည်တော်သို့ သွားခဲ့လေသည်၊ ထိုသူငယ်ချင်းများမှာ ရင်းနှီးခင်မင်စွာကြိုဆို ကြပါသည်၊ သူငယ်ချင်းကပင် နေပြည်တော် ကားဂိတ်အထိလာကြိုပြီး သူ့အိမ်မှာပင်အိပ်ခဲ့ရသည်၊ နောက်တနေ့ ရုံးသို့သွားခါ သူငယ်ချင်း အရာရှိကြီးများကို သူ့ဆန္ဒ၊  သူ့ပြဿနာကို တင်ပြရပါသည်၊

“ကျွန်တော်တော့ မဖြစ်နိုင်ဘူးထင်တယ်အမကြီး” ပာုဖြေလိုက်ကြသည်၊ “ကျွန်တော်တို့ရုံးပြောင်းတာလဲ သုံးခါရှိပြီ၊ ၀န်ကြီးအဆက်ဆက်ကလဲပြောင်းကုန်ကြပြီ၊ Record ရှာရတာကိုကခက်မှာ” ဆိုပြီး သူပြန်ခဲ့ရလေ သည်။

တခါတုံးကတော့ ကျွန်တော်တို့သည် ရုံးတရုံးထဲ၊ လူကြီးတဦးတည်းအောက်မှာ ခင်မင်ရင်းနှီးစွာ အလုပ်အတူတူ လုပ်ခဲ့ကြပါသည်၊ အခု ထိုသူငယ်ချင်းများမှာ လူတစ်ဦးမက လူပေါင်းမြောက်များစွာတို့၏ ဘ၀များကို ကောင်းရာမွန်ရာရောက်အောင်ဆောင်ကျဉ်းပေးနိင်သည့်နေရာသို့ရောက်နေကြပါပြီ။

မိတ်ဆွေသူငယ်ချင်းအရင်းတွေရှိသောကြောင့် ဒါလေးဖြင့်ဖြစ်နိုင်ကောင်းရဲ့ပာု ပင်စင်လစာလေး ခံစားခွင့်ပြုပါ ရန် မမဒေါ်လီ ထိုသူငယ်ချင်းများထံသွားခဲ့ရပါသည်၊ တချိန်တုံးကတော့ တယောက်အိပ်ထဲက ပိုက်ဆံကို တယောက်ကယူသုံးကြရလောက်အောင် ရင်းနှီးခင်မင်ခဲ့ကြပါသည်၊ တယောက်ထမင်းဘူး ကို တယောက်က ဖွင့်ပြီးစားခဲ့ကြပါသည်၊ “တချိန်တုံးက ဘွတ်(ရှ) ကစားခဲ့ကြသူတွေ အချင်းချင်း ရင်းနှီးသောစိတ်ဓါတ်နဲ့ သွားခဲ့တာပေါ့” ဟု မမဒေါ်လီကပြောသည်၊ သူတို့လုပ်ပေးရင်တော့ ဖြစ်မှာဘဲဟု မျှော်လင့်ခဲ့သည်၊

သို့ပါသော်လည်း  “မဖြစ်နိုင်ဘူး ထင်တယ်” ပာူသော မှတ်ချက်ကိုသာပေးလိုက်ကြသည်။

ထိုအရာရှိကြီးများကို ကျွန်တော်သိစေချင်ပါသည်၊ သူတို့သည် မမဒေါ်လီကို ရုံးလုပ်ထုံးလုပ်နည်းများအရ၊ သမာသမတ်ကျစွာ တုန့်ပြန်လိုက်ကြခြင်း ဖြစ်နိုင်ပါသည်၊ စည်းနှင့်ကမ်းနှင့် စည်းကမ်းဘောင် အတွင်းမှ အဖြေပေးလိုက်ကြခြင်းလည်းဖြစ်ပါလိမ့်မည်၊

သို့သော်အနှစ်၃၀လုံးလုံး တာဝန်ထမ်းဆောင်ခဲ့ရာ ဌာနကြီးက ပင်စင်ကိုခံစားခွင့်ငြင်းပယ်ခံရခြင်းအတွက် မထိမ်းနိုင် မသိမ်းနိုင် ကျလာသော မမဒေါ်လီ၏မျက်ရည်များကို သူတို့မမြင်လိုက်ကြပါ၊ ကျွန်တော်ကတော့ ၀မ်းပမ်းတနဲဖြစ် နေရှာသော လုပ်ဖေါ်ကိုင်ဘက်တဦးကို မိမိ ဘာမှလုပ်မပေးနိုင်ခြင်းအတွေက် စိတ်မကောင်း ဖြစ် လိုက်ရပါသည်၊

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်