ငြိမ်းချမ်းအေး – ညီမလေး မမသို့

September 21, 2015

  ငြိမ်းချမ်းအေး – ညီမလေး မမသို့
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅

ညီမလေး မမ ဝင်းမော်ဦး
ရင်ထဲမှာတော့ အမြဲတမ်း ကျောင်းစိမ်းလေးနဲ့
ညီမလေးပေါ့..။

အောင်ဆန်းပုံပိုက် တပ်ဦးကတိုက်
အသေရဲခဲ့သူ ညီမလေး မမ အတွက်
မိဘတွေ ‘အမျှ’ မဝေသလို
ငါဒို့လည်း ‘သာဓု’ မခေါ်ဘူး။

ဒီမိုကရေစီ ကောင်းမှု အမှန်ပြုနိုင်မှ
ငါဒို့ အားရပါရ သာဓု ကျယ်ကျယ်ခေါ်မယ်
၂၇ နှစ်မကလို့ နှစ် ၂၇၀ ကြာလည်း
‘အမှန်တရား’ ဟာ အောင်ပွဲခံရမယ်
ပြည်သူ့ဒီမိုကရေစီ ပန်းတိုင် လျှောက်လှမ်းရမယ်..။

စက်တင်ဘာ ၁၈
စစ်အာဏာ နှစ်ခါသိမ်း နှစ်လည်တွေ
ဘယ်လောက်ထပ်ထပ် တနေ့မှာ
လူထုအောင်ပန်း အမှန် ဆွတ်ခူးမယ်..။

သမိုင်းတွေကိုဖော်
အနာဂတ်တွေကို တော်အောင်လုပ်ကြမယ်။

အောင်ဆန်းရဲ့ မျိုးဆက်သွေးအစစ်
ကျောင်းသား အာဇာနည်တွေအကြောင်း ဖော်ထုတ်ကြမယ်..။

အဲဒီတုန်းက..

Proposal နိုင်ငံရေး
Project နိုင်ငံရေး
ပေါင်းစား နိုင်ငံရေး
Center ငြိမ်းချမ်းရေး
Hotel ဆွေးနွေးပွဲ
တမတ်သား လွှတ်တော်
ညာချ အမတ်
ဘာတခုမှ မရှိခဲ့ဘူး..။

ဒါပေမဲ့..

ဝင်းမော်ဦးလေးတွေ
အများအပြားရှိခဲ့တယ်..။

စွန့်လွှတ်မှု၊ အနစ်နာခံမှု
တော်လှန်စိတ်ဓာတ်
မှိုင်းစိတ်ဓာတ်၊ ဆန်းအလုပ်
သမိုင်းပြောင်အောင်
ဖော်ထုတ်ခဲ့ကြတယ်..။

အမျှမဝေနိုင်တဲ့
ကောင်းမှုတွေ အများကြီး ရှိခဲ့တယ်..။

မှိုင်းအမွေ၊ ဆန်းသွေး
ခေတ်အဆက်ဆက် ရဲရင့်နှလုံးသားနဲ့
သယ်ပိုးခဲ့ကြတယ်
ကျောင်းသားလူငယ်မျိုးဆက်သစ်အတွက်
ဂုဏ်ပြု ဦးညွတ်လိုက်ပါရဲ့…။      ။

(ကောင်းမှုတွေ အမှန် အမျှဝေနိုင်မယ့်နေ့ကို မျှော်ရည်လျက်..)

ငြိမ်းချမ်းအေ
စက်တင်ဘာ ၁၈၊ ၂၀၁၅

(စက်တင်ဘာ ၁၉၊ ၁၉၈၈  ခုနှစ်တွင် စက်တင်ဘာ ၁၈ အာဏာသိမ်း နဝတ စစ်အစိုးရရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ အသက် ဆယ့်ခြောက်နှစ်အရွယ် လသာ ၂ အထက်တန်း ကျောင်းသူ  မဝင်းမော်ဦးအပါအဝင် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့သော တော်လှန်ရဲဘော် ရဲမေအပေါင်းသို့..)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ငြိမ်းချမ်းအေး

2 Responses to ငြိမ်းချမ်းအေး – ညီမလေး မမသို့

  1. Dawn Gwin on September 22, 2015 at 12:27 am

    အာဏာသိမ်းပြီးနောက်တနေ့ ၁၉ရက်နေ့ မှာကျဆုံးတာဖြစ်ပါတယ်။ အဲဒီ့နေ့ က ကျနော်တို့ သပိတ်စစ်ကြောင်းနဲ့ ပစ်မဲ့စစ်တပ်ကြားမှာ အလံတွေ၊ ဓါတ်ပုံတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တာ အထက်တန်းကျောင်းသားတွေပါ။ အတိအကျပြောရရင် ကုန်သည်လမ်း အမေရိကန်သံရုံးရှေ့ က ပစ်တာပါ။ အကိုကြီး၊ အမကြီးတွေဖြစ်တဲ့ ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေကို ကာကွယ်အသက်ပေးသွားခဲ့တာဖြစ်ပါတယ်။ အဲဒီ့နေ့ က ရှူခဲ့ရတဲ့ ယမ်းငွေ့ တွေကို အခုထိမမေ့သေးပါ။

    • nyeinchanaye81 on September 22, 2015 at 8:06 am

      Yes, I have mentioned her date of death in the title photo and at the end of the poem.
ွှ့Thank you for sharing your hands-on experiences. Please do write your 1988 experiences and send to MoeMaKa.
      Thanks again.
      Regards
      NCA

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်