လင်းအေးထင် – အလွမ်း

September 26, 2015

လင်းအေးထင် – အလွမ်း
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၅

တကယ်တမ်းလွမ်းရပြီဆို
ရုပ်ရှင်ထဲကလို နောက်ခံတေးမပါဘူး၊
အဆုံးစွန်တိတ်ဆိတ်ခြင်းသာ
ပြဒါးရည်လိုအိတွဲပြီး ချိန်သီးသဖွယ်လှုပ်ရမ်းတယ်။
နေရောင်လည်း အလင်းသက်သက်သာ၊
ပြင်းထန်စွာအိပ်စက်ခြင်းအပေါ် အေးစက်စွာဆင်းသက်ရဲ့။

ရေညှိစိမ်းအစွန်းအထင်းတို့ဖြင့် ပုံဖေါ်လေသောအိပ်မက်ငယ်
ငှက်တို့ထိုးဆိတ်ခံရခြင်းအလွန် မလှုပ်တော့၊
သေတယ်ကြေညာလိုက်ပေရော့။

ရေချိုနဲ့ရေငံဆိုတာ စည်းတဖက်တချက်ဆီမှာ
ဟိုဘက်ကရေချိုဟေ့… ဒီဘက်ကျော်တာနဲ့ ရေငံပဲနော်
ဆိုပြီး ရုတ်တရက် ဗြုန်းစားကြီး ပြောင်းသွားတာမျိုး မဟုတ်ဘူး။

မြစ်မကနေ ပင်လယ်ဝဘက်ကို ပထမ ရေချို၊
နောက် ချို-ငံ၊ နောက် ငံ-ချို၊ အဆုံးကြမှ လုံးလုံးငံသွားတော့တာကိုး။

ဒါပေမဲ့ အလွမ်းကတော့
ရုတ်ခြည်းဆိုသလို သက်ရောက်တယ်။

ချစ်၊ ချစ်-လွမ်း၊ လွမ်း-ချစ်၊
လွမ်းတာမျိုး မဟုတ်ဘူး။

လွမ်းရပြီဆို အဲဒီ့ အလွမ်းဖြစ်တည်တဲ့
အခိုက်အတံ့ ခဏငယ်ကစလို့
လွမ်းပေရော့… တသက်လုံး။

တောက်ပနေတဲ့ တိမ်တွေအောက်မှာ
အသွေးအရောင် ရဲပဒေါင်းခတ်နေတဲ့
ကျေးငှက်တို့ ဂနာမငြိမ်
ဟို-ဒီ ပျံဝဲရင်း ဝေးကွာခြင်းတေးကို ဟစ်ကြွေးရဲ့..။

ရုတ်တရက် တိုက်လာတဲ့လေမှာ
အထီးကျန်ခြင်း အနံ့အသက် စွန်းထင်းနေတယ်။

တမြို့လုံးကပန်းတွေ ပြိုင်တူ
မွှေးရနံ့ လွင့်ပြယ်ကုန်တယ်။
လမ်းတွေကွဲအက်ကုန်တယ်။
နံရံတွေပေါ် ရေညှိစိမ်းတို့ အဆုံးမဲ့ တွားတက်လာ ကြတယ်။
အပင်တွေက သစ်ရွက်အားလုံး ခြွေချပေးလိုက်တယ်။
ဘာမှမကျန်ဘူး။

ကွဲအက်နေတဲ့ လမ်းမတွေပေါ်မှာ
သစ်ရွက်အစိမ်းအကြွေတွေ တဖြောဖြော
အရပ်လေးမျက်နှာသို့ ၀ဲလွင့်လို့။
စိန်ပန်းပြာတွေလည်း လိုက်လို့ကြွေပြန်တယ်။
ပြီးတော့ စိန်ပန်းအနီ၊ ငုအ၀ါ၊ တရုတ်စကား အပွင့်ဖြူဖြူတွေ။
အထီးကျန်ညှီနံ့နံနေတဲ့ လေထုကြီးထဲ
အနံ့မဲ့တဲ့ ရောင်စုံပန်းတွေ ပြည့်လျှမ်းနေတယ်။

ကိုယ်ဟာ တလ ကိုးသီတင်း အခန်းထဲက မထွက်ဘဲ
နာရီပေါင်းများစွာ ပြင်းထန်စွာ အိပ်စက်ခဲ့တယ်။

ကိုယ်ဟာ နာရီပေါင်းများစွာ ငါးသေလို ပြူးကျယ်တဲ့
မျက်စိအစုံနဲ့ နိုးထနေခဲ့တယ်။

ကိုယ်ဟာ တွယ်ရာမဲ့ အစိမ်းသရဲလို
ခြေဦးတည့်ရာ လှည့်လည်ခဲ့တယ်။
လွင်ပြင်တွေကို ဖြတ်သန်းတယ်။
တောင်ကုန်းတွေပေါ် တက်ရောက်တယ်။
ပင်လယ်ကမ်းခြေမှာ အသံကုန် အော်ဟစ်ခဲ့တယ်။
ဒါပေမဲ့ မလွမ်းဘဲတော့ ဖြစ်မလာခဲ့ဘူး။

လင်းအေးထင်

ခေါင်းစီးဓာတ်ပုံ – ဆောင်းဖြူ @ သံတွဲကမ်းခြေ

±±±±±±±±±±±±±±

မိုးမခတွင် ဖော်ပြထားသည့် လင်းအေးထင် (လင်းထင်) ၏ ကဗျာ၊ စာဟောင်းများ ပြန်ဖတ်လိုပါက —

၀၁) အပြစ်ကင်းတဲ့ သတိရခြင်းပဲ ညဖြူ
http://moemaka.com/archives/45897
http://blog.moemaka.com/2015/09/blog-post_33.html

၀၂) Nostalgia တဲ့ ဒီရောဂါ
http://moemaka.com/archives/45596
http://blog.moemaka.com/2015/08/nostalgia.html

၀၃) ဂျူံခင်းထက်က ကျီးကန်းတွေ
http://moemaka.com/archives/44808
http://blog.moemaka.com/2015/07/blog-post_882.html

၀၄) အလွမ်းသမားနပိုလီယံ
http://gita.cc/archives/43792
http://moemaka.blogspot.com/2015/05/blog-post_547.html

၀၅) မန္တလေးကို ရောက်ခဲ့တယ်
http://moemaka.com/archives/41135
http://gita.cc/archives/41135
http://moemaka.blogspot.com.au/2014/12/blog-post_52.html

၀၆) ဘုရားပေါ်မှာ
http://moemaka.com/archives/41118
http://www.moemaka.blogspot.com.au/2014/12/blog-post_22.html

၀၇) အော့ဖ်လိုင်း
http://moemaka.com/archives/41769
http://www.moemaka.blogspot.com.au/2015/01/blog-post_36.html

၀၈) မဒမ်တူးဆိုး ဖယောင်းရုပ်
http://moemaka.com/archives/41676
http://www.moemaka.blogspot.com.au/2015/01/blog-post_53.html

၀၉) ဥသြဆွဲ တေးချင်း
http://moemaka.com/archives/41280
http://www.moemaka.blogspot.com.au/2014/12/blog-post_20.html

၁၀) တာ့ဂ်ျမဟာ
http://moemaka.com/?p=43317
http://gita.cc/archives/43317
http://www.moemaka.blogspot.com.au/2015/04/blog-post_66.html

၁၁) တိုးတက်သော အနုပညာ ဆိုတာ ဘာလဲ
http://gita.cc/archives/43166
http://moemaka.blogspot.com.au/2015/04/blog-post_26.html

၁၂) ကျောင်းမှာ မျက်နှာစာနှစ်ဖက် ရှိခဲ့တယ်
http://moemaka.com/archives/44484
http://blog.moemaka.com/2015/07/blog-post_95.html

၁၃) စူးစမ်းမိတဲ့ငနုံ
http://moemaka.com/?p=43401
http://gita.cc/archives/43401
http://www.moemaka.blogspot.com.au/2015/04/blog-post_755.html

၁၄) လွန်ခဲ့တဲ့ (၁၅) နှစ်
http://moemaka.com/archives/41080
http://www.moemaka.blogspot.com.au/2014/12/blog-post_43.html

၁၅) အပ္ပမာဒေန သမ္မာဒေထ
http://gita.cc/archives/41882
http://moemaka.blogspot.com.au/2015/01/blog-post_201.html

၁၆) ရုပ်ချည်းရှိတဲ့ ဗြဟ္မာလို
http://gita.cc/archives/42844
http://www.moemaka.blogspot.com.au/2015/03/blog-post_581.html

၁၇) ဂိုဂင်နီ
http://gita.cc/archives/1002
http://moemaka.blogspot.com.au/2013/08/linn-htin-essay.html

၁၈) အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော
http://moemaka.com/archives/39648
http://moemaka.blogspot.com.au/2014/09/blog-post_42.html

၁၉) ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်
http://moemaka.com/archives/1322
http://www.moemaka.blogspot.com.au/2013/07/linn-htin-religion-and-community-to-be.html

၂၀) ဘာလဲဟဲ့ ရင်ကြားစေ့ရေး
http://moemaka.com/archives/40675
http://www.moemaka.blogspot.com.au/2014/11/blog-post_14.html

၂၁) ကျောင်းသားမုန်းရောဂါရှင် ဘယ်သူက ပရောက်ဇီလဲ
http://gita.cc/?p=42282
http://www.moemaka.blogspot.com.au/2015/02/blog-post_23.html

၂၂) ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ
http://moemaka.com/archives/40853
http://www.moemaka.blogspot.com.au/2014/11/blog-post_212.html

၂၃) မီးဗုံး အပစ် ခံရတဲ့ ဆင်ခြင်တုံ တရား
http://moemaka.com/archives/41023
http://www.moemaka.blogspot.com.au/2014/11/blog-post_761.html

၂၄) စစ်အုပ်စုရဲ့ စရိုက် (၄) မျိုး
http://gita.cc/archives/42919
http://moemaka.blogspot.com.au/2015/03/blog-post_509.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်