ရန်ဝင်း (တောင်တံခါး) – ၀က်ကြီးအင်း ဂူပြောက်ကြီး ဂူဘုရား

September 30, 2015

ရန်ဝင်း (တောင်တံခါး) – ၀က်ကြီးအင်း ဂူပြောက်ကြီး ဂူဘုရား
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၅
ဝက်ကြီးအင်း ဂူပြောက်ကြီး ဂူဘုရား၊ ယခင်

ဗုဒ္ဓဂယာ မှာရှိတဲ့ မဟာဗောဓိစေတီတော်ကြီးရဲ့ ပုံစံကို မှီငြမ်းကိုးကားပြီး ကွန်းတောင်အဖြစ် တည်ဆောက်ထားတဲ့  မဟာ ဗောဓိကွန်းတောင် ပေါက် ဂူဘုရားများ ပုဂံ မှာ ရှိပါတယ်။

ဝက်ကြီးအင်း ဂူပြောက်ကြီး ဂူဘုရား၊ ယခု
မဟာဗေါဓိကွန်းတောင်

မဟာဗောဓိကွန်းတောင် ပေါက် ဂူဘုရားများ ထဲမှာ ၀က်ကြီးအင်း ဂူပြောက်ကြီး ဂူဘုရား၊ ဘုရားအမှတ် (၂၉၈/၁၉၇-က) က အကြီးမားဆုံး တစ်ဆူဖြစ်ပါတယ်။ ၁၃ ရာစုနှစ် စောစောပိုင်းမှာ တည်ဆောက်ခဲ့တယ်လို့ မှန်းဆရပါတယ်။ နာတောင်မျာ (နားတောင်းများ) မင်းကြီး နဲ့ နရသိင်္ဃဥစ္စနာ မင်းကြီး တို့ လက်ထက်၊ ခရစ်နှစ် ၁၂၁၁ – ၁၂၃၅ ခုနှစ်တွေအတွင်းမှာ တည်ဆောက်ခဲ့ကြောင်း မှန်းဆရပေမယ့် အတိအကျတော့ မပြောနိုင်ဘူးလို့ ဆရာကြီးတွေရေးတာကို မှတ်သားဖူးပါတယ်။

ဝက်ကြီးအင်း ဂူပြောက်ကြီး ဂူဘုရား ဖြတ်ပိုင်းပုံ

ဝက်ကြီးအင်း ဂူပြောက်ကြီး ဂူဘုရား အထဲမှာ ပုဂံခေတ် နံရံဆေးရေးပန်းချီတွေရဲ့ လက်ရာနဲ့ ရေးဆွဲမှု အင်အားကို ခန့်မှန်း သိရှိနိုင်လောက်တဲ့ ပန်းချီတွေ ရှိပါတယ်။ ရှေ့ခန်းဆောင် အမိုး မျက်နှာကျက်မှာ ခြေတော်ရာကွက်နဲ့ အလွန်တရာ လှပတဲ့ ပန်းချီကွက်တွေ ရှိပါတယ်။ ၀ဲယာ နံရံတွေအပေါ်မှာ နှစ်ကျိပ်ရှစ်ဆူဘုရားတွေ၊ ဗုဒ္ဓ၀င် အကြောင်းအရာတွေ၊ ငါးရာ့ငါးဆယ် ဇာတ်ကွက်တွေ ကမ္ပည်း မင်စာတွေကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ ပဓာန ဆင်းတုတော် ပလ္လင် ဘေးဘက် နံရံ ၀ဲယာတွေမှာ မာရ်နတ် စစ်သည်ပုံတွေကို အဆန်းတကြယ် ရေးဆွဲထားရှိပါတယ်။

ပဓာန ဆင်းတုတော်ကြီး

၁၈၉၉ ခုနှစ်အတွင်းမှာ မိမိကိုယ်ကို ရှေးဟောင်းသုတေသနအရာရှိ လို့ နာမည်ပေးထားတဲ့ ဂျာမန်လူမျိုး ထောမန်း Th. H. Thomann ဆိုသူနဲ့ အပေါင်းအပါ ၅ ဦးတို့က ၀က်ကြီးအင်း ဂူပြောက်ကြီး ဂူဘုရား အတွင်းနံရံတွေက နံရံဆေးရေး ပန်းချီတွေကို ခွာယူ သွားခဲ့ပါတယ်။ နံရံပန်းချီတွေကို အချပ်လိုက် အများအပြား ခွာယူသွားခဲ့လို့ ကွက်လပ်ကြီးတွေ ဖြစ်ကျန်ရစ်ခဲ့တာတွေ၊ လွှရာ ပေးထားပြီး ကော်နဲ့ ကပ်လျက် တွေ့ရတဲ့ စနေနေ့ ၁၈ မတ် ၁၈၉၉ နေ့စွဲပါ ညနေသတင်း ဂလပ်စဂို Evening Time Glasgow သတင်းစာဟောင်းတွေကိုလည်း တွေ့နိုင်ပါသေးတယ်။

နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် ပန်းကွက်များ

အဲဒီအချိန်တုန်းက ဂူဘုရားကြီးကို ခြုံနွယ်တွေနဲ့ ဖုံးအုပ်နေခဲ့ပြီး၊ ပုဂံရှေးဟောင်းသုတေသန ဌာနကိုလည်း မဖွင့်လှစ်ရသေးတဲ့ အချိန်ပါ။ ရပ်ရွာလူထုက ဆက်မလုပ်ဖို့ တားမြစ်ခဲ့တာကြောင့် ထောမန်း တို့အုပ်စုက နံရံပန်းချီတွေကို ခွာယူတဲ့ လုပ်ငန်း ရပ်စဲသွားခဲ့ပါတယ်။ ဂျာမနီနိုင်ငံ ကို ပို့လိုက်ပြီးဖြစ်တဲ့ ခွာယူသွားပြီးနှင့်ပြီးသား ပန်းချီအချပ်ကြီးတွေကိုတော့ ဒီကနေ့အထိ ပြန်မရတော့ပါ။  ဂျာမနီနိုင်ငံ  တစ်နေရာက ပြတိုက်အထဲမှာဖြစ်စေ၊ ကိုယ်ပိုင်စုဆောင်းသူ တစ်ဦးဦးထံမှာဖြစ်စေ ရှိနေနိုင်ပါ တယ်။

German foreign office, the German embassy in Rangoon (Yangon) မှာ ဖွင့်ထားခဲ့ဖူးတဲ့ “Art theft Bagan — Dr. Thomann affair” အမည်ပါ ဖိုင် ကို ဖတ်ရှုရခြင်းအားဖြင့် ဒီ ပုဂံက ရှေးဟောင်းအနုပညာ ခိုးဝှက်မှုကြီးမှာ အစိုးရပိုင်းပါ တာဝန်ရှိနေကြောင်း သိရှိနိုင်ပါတယ်။ အဲဒီတုန်းက နယ်ချဲ့အစိုးရ လက်အောက်မှာရှိနေသေးတဲ့ အချိန်ဆိုတော့ မြန်မာပြည် အနေနဲ့ နစ်နာမှုတွေ အများကြီး ရှိတဲ့အထဲက တစ်ခုဖြစ်ပါတယ်။

ဗုဒ္ဓ၀င်ဇာတ်ကွက် နံရံဆေးရေးပန်းချီ

ထောမန်း Th. H. Thomann က Pagan and Burma in 1899: A Millennium, of Buddhist Temple Art ဆိုတဲ့ စာအုပ်တစ်အုပ်ကို အရှက်မရှိ ရေးပါသေးတယ်။ စာအုပ်သက်သက် အနေနဲ့ကတော့ ကောင်းတယ်လို့ ဆိုကြပါတယ်။ အစွဲအလမ်း ကြီးတယ်လို့ ဆိုချင်လည်း ဆိုကြပါစေဦး၊ ကျွန်တော့်အနေနဲ့ကတော့ အဲဒီစာအုပ်ကို ဘယ်လောက်ပဲ ကောင်းသည်ဖြစ်စေ ဖြစ်စေ၊ မညွှန်းလိုတာ အမှန်ပါပဲ။

အညွှန်း။
ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ၊ ပထမအကြိမ်၊ ၁၉၈၁
Pictorial Guide to Pagan: Ministry of Union of Burma, Reprint 1971
http://www.britannica.com
http://www.baganmyanmar.com
http://myanmartravel.org


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်