မောင်စွမ်းရည် – လူထုဒေါ်အမာ ရာပြည့် ၊ လူထုဒေါ်အမာရဲ့ ဆရာများ – ၁

October 2, 2015

Artist – Min Kyaw Khine

မောင်စွမ်းရည် – လူထုဒေါ်အမာ  ရာပြည့် ၊ လူထုဒေါ်အမာရဲ့ ဆရာများ – ၁
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၅

ဒီနှစ် ၂၀၁၅ ဟာ “ ဆန်း ရာပြည့်နှစ်” ဖြစ်သလို သူ့ရဲဘော်များဖြစ်ကြတဲ့ သတင်းစာဆရာကြီး ဦးခင် မောင်လတ်၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာ၊ နိုင်ငံရေး သမား ကျားကြီးဘဆွေ၊ အာဇာနည် ဗိုလ်အောင်ကျော်….စတဲ့ “ လူကျော်” ကြီးများရဲ့ ရာပြည့်လဲဖြစ်ပါတယ်။

ကျနော်ချစ်ခင်ကြည်ညိုတဲ့ ရာပြည့်နေ့ကျော်လူမော်ကြီးများ အကြောင်းကို ဂါရဝပြုရေးသားခဲ့တာ တစ် ဦးအတွက် တစ်ပုဒ်မကပါဘူး။ ဒေါ်ဒေါ်လူထုဒေါ်အမာဆိုတာကတော့ အဒေါ်အရင်းသဖွယ်မက မိခင်သဖွယ် ရင်းနှီးကျွမ်းဝင်သူဖြစ်လို့ တွေးမဆုံး ရေးမဆုံးသလိုပါပဲ။ ကျနော်ဟာ စာရေးဆရာတွေထဲမှာ အဟောအပြော အညံ့ဆုံးစာရင်းထဲမှာ ပါဝင်ပါတယ်။ ပြောခဲ့တာတွေကလဲ “ စာပေဝေဖန်ရေး” တို့ “ ကဗျာဝေဖန်ရေး” တို့ဆို တော့ စကားအာဝဇ္ဇာန်းမရှိသူတို့ရဲ့ထုံးစံအတိုင်း သာမန်စာနာကြားသူပရိတ်သက်ကို ငြီးငွေ့စေပါတယ်။ အမေရိ ကားကိုရောက်တော့ ဒေါ်ဒေါ်ရဲ့မွေးနေ့တစ်ခုနဲ့ တိုက်ဆိုင်တဲ့ ဟောပြောပွဲတစ်ခုမှာ ဒေါ်ဒေါ်ရဲ့အထ္ထုပ္ပတ္တိအ ကျဉ်းကို ဟောပြောလိုက်ပါတယ်။ အထ္ထုပ္ပတ္တိပြောဟောရတာ ပုံဝထ္ထုပြောသလိုပြောရတာဆိုတော့ သာမန်ပ ရိတ်သက်နဲ့လဲ အကွာဘဲ။ ခါတိုင်းထက် စိတ်ဝင်စားကြပုံရပါတယ်။ ဒါကြောင့် ဦးလေး လူထုဦးလှ၊ ဒေါ်ဒေါ် လူ ထုဒေါ်အမာ၊ သူငယ်ချင်း တင်ဦးတို့အကြောင်းအရာတွေကိုပါ မကြာခဏ ဟောပြောမိပါတယ်။ ဒီနှစ်က ဒေါ်ဒေါ်ရဲ့ ရာပြည့်ဆိုတော့ ဒေါ်ဒေါ့်အကြောင်း အများဆုံး ရေးမိပြောမိပါတယ်။ ရေးချင်ပြောချင်တာက ဒေါ်ဒေါ်ရဲ့ “ ဆရာတွေ” အကြောင်းပါ။

အခြေခံပညာကျောင်းတွေကနေ တက္ကသိုလ်ထိ သင်ယူကြားနာခဲ့ရတဲ့ ဆရာတွေကတော့ ဒေါ်ဒေါ့်မှာ အများကြီးရှိမှာပေါ့။ ဒေါ်ဒေါ့်ရဲ့သားသမီးတွေတောင် သူတို့မိခင်ရဲ့ ဆရာသမားတွေကို စုံအောင်သိမယ် မဟုက် ပါဘူး။ ခု ကျနော်တင်ပြချင်တဲ့ ဒေါ်ဒေါ့်ရဲ့ဆရာသမားတွေဆိုတာကလဲ ဒေါ်ဒေါ့်ကို စာသင်ပို့ချပေးခဲ့ကြတဲ့ ဆရာသမားတွေသာ မဟုက်ပါဘူး။ ဒေါ်ဒေါ်က “ ဆရာတစ်ဆူ” အဖြစ် တသက်လုံး ဆည်းကပ်မှီခိုခဲ့တဲ့ ပုဂ္ဂိုလ် ကြီးများအကြောင်း အမြွက်သဘော လမ်းစရအောင် ပြောကြည့်မှာပဲဖြစ်ပါတယ်။ “ သင်ဆရာ၊ မြင်ဆရာ၊ ကြား ဆရာ” စတာတွေပေါ့။

“ လူထုဒေါ်အမာရဲ့ ဆရာများ” လို့ ကြားလိုက်တာနဲ့ ဒေါ်ဒေါ့်ကို သိကျွမ်းခင်မင်ခဲ့သူအားလုံးက ချက် ချင်းတန်းမြင်မိလိုက်မယ့် ပုဂ္ဂိုလ်ကြီးကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပဲဖြစ်မယ် ထင်ပါတယ်။ ဟုတ်ကဲ့ ဒေါ်ဒေါ်ကိုယ်တိုင်က ဆရာကြီးကို ဆရာမိဖသဖွယ် ကိုးကွယ်ဆည်းကပ်ရုံမက ဆရာကြီးကိုယ်တိုင်ကလဲ သူ့ရဲ့ “ မောင်လှ- မအမာ” စုံတွဲကို သားသမီးအရင်းသဖွယ် အားထားခင်မင်ပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင် လုပ်ခဲ့ ကြောင်း သိရပါတယ်။ ဒေါ်ဒေါ်က ဆရားကြီးရဲ့ စာတွေ ကဗျာတွေ၊ ဋီကာဂဏ္ဍိတွေကို နှံ့စပ်အောင် ဖတ်ရှုလေ့ လာခဲ့ဖူးပြီး ဆရာကြီးရဲ့ ကဗျာတစ်ချို့ကို နှုတ်ထက်ရွရွ ရွက်ဆိုတတ်သူလဲ ဖြစ်ပါတယ်။ ဆရာကြီးကွယ်လွန်စ က အမှတ်တရယူလာခဲ့တဲ့ ဆရာကြီးရဲ့ ပင်နီတိုက်ပုံလေးတစ်ထည်ကို စာရေးစားပွဲပေါ်ချပြီး မျက်ရည်စမ်းစမ်းနဲ့ အလွမ်းစကားတွေ ဆိုဖူးပါတယ်။ ဆရာကြီးရဲ့ လေးချိုးအတိုအစတွေကို လက်တန်းရွက်ဆိုပြီး ဘယ်ဟာလေး ဖြင့် “ ဂူဗိမာန်မှာ စာတန်းထိုးရရင်ကောင်းမလဲ” လို့ ကျနော့ကို တိုင်ပင်သလိုနဲ့ ရွက်ဆိုပြခဲ့ဖူးပါတယ်။ ဒေါ်ဒေါ် ရဲ့စာအုပ်တစ်အုပ်အမည်ဖြစ်တဲ့ “ ရွှေဒေါင်းတောင်” ဆိုတာ ဆရာကြီးရဲ့ကဗျာဝေါဟာရတစ်ခုပေါ့။ “ အမျိုးသားလွတ်မြောက်ရေး ကလောင်” ကို ကိုင်စွဲမယ်လို့ ဆရာကြီး ကြေငြာဖွဲ့ဆိုခဲ့တဲ့ ကဗျာစာသားပါ။ “ ရွှေ ဒေါင်းတောင် ကလောင်တမျိုးရယ်နဲ့၊ မြေကောင်းအောင် ဆောင်းမကိုးရယ်လို့…” စသဖြင့် ဖွဲ့ဆိုခဲ့ပါတယ်။

ဦးလေးနဲ့ ဒေါ်ဒေါ်တို့ဟာ နိုင်ငံလွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ စာပေယဉ်ကျေးမှု မြှင့်တင်ရေး စတဲ့ ရည် ရွယ်ချက်တွေနဲ့ စာရေးသားပြီး လူထုသတင်းစာ၊ ဂျာနယ်တို့ကို ဦးစီးထုတ်ဝေခဲ့တာပါ။ လွတ်လပ်ရေးမရခင်က တော့ သူတို့ရဲဘောကြီး “ အောင်ဆန်း” ရဲ့ လွတ်လပ်ရေးတိုက်ပွဲကို သတင်းစာလက်နက်ကိုင်စွဲပြီး ထောက်ခံ ပါဝင်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးတော့ ပြည်တွင်းစစ်ဖြစ်တယ်။ ပြည်တွင်းစစ် ဖြစ်လျှင်ဖြစ်ခြင်း “ ငြိမ်းချမ်းရေး” အတွက် ရှေ့ဆောင်စေ့စပ်သူကတော့ ဆရာကြီးမှိုင်းပဲဖြစ်ပါတယ်။ ဒီအခါမှာ ဆရာကြီးမှိုင်းရဲ့ “ သူမနာ၊ ကိုယ် မနာ၊ သင်ပုန်းချေရေး” လမ်းစဉ်ကို လူထုသတင်းစာက ထောက်ခံအားပေးခဲ့ပါတယ်။ ဖဆ ဆိုရှယ်အစိုးရက အနောက်အုပ်စုအားကိုးနဲ့ အပြုတ်တိုက်ရေးလမ်းစဉ်ကို တလျှောက်လုံးကိုင်စွဲပြီး ပြည်တွင်းစစ်ကို ဆက်လက် ဆင်နွဲခဲ့တာ ဒီနေ့ထိ မပြီးပါဘူး။

“ ဖဆ- ဆိုရှယ်” အစိုးရက လူထုဦးလှ၊ ဒေါ်အမာနဲ့တကွ ဆရာကြီး ရွှေဥဒေါင်း ကအစ လူထုဘက်ရှိတာတွေ တစ်ယောက်ပြီးတစ်ယောက်၊ လူထုမိသားစု၊ ဒေါ်အမာရဲ့မောင်၊ ဒေါ်အမာရဲ့ သားတွေကိုပါ တစ်ယောက်ပြီးတစ်ယောက် ထောင်ချခဲ့ပါတယ်။ သားလတ်ကို တစ်ကျွန်းပို့ခဲ့ပါတယ်။ ဒေါ်အမာ ကိုယ်တိုင် အရွယ်မရောက်တစ်ရောက် သားအငယ်ဆုံးနဲ့အတူ အဖမ်းခံခဲ့ရဘူးပါတယ်။ သတင်းစာတိုက်ကိုလဲ ဗုံးနဲ့ ဖောက်ခွဲဖျက်ဆီးခံခဲ့ရဖူးပါတယ်။ ဒီကြားထဲက ဆရာကြီးရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဒေါ်ဒေါ်တို့က မမှိတ်မသုန် ထောက်ခံခဲ့ပါတယ်။

ဆရာကြီးဟာ အသက်ကြီးလာတော့ ငြိမ်းချမ်းရေးကိစ္စတွေကလဲ ကမ္ဘာ့ငြိမ်း ချမ်းရေးရော၊ ဗမာ့ငြိမ်းချမ်းရေးကိစ္စတွေပါ လုံးလည်လိုက်ပြီး စာများများမရေးနိုင်ရှာတော့ပါဘူး။ ဒါကြောင့် ဆရာကြီးရေးသားပြုစုခဲ့တဲ့ ဋီကာဂဏ္ဍိတွေထဲက လေးချိုးကြီးတွေကို ကိုယ်တိုင်တက်အားသမျှ ရွေးထုက်ပြီး    “ မောင်လှနဲ့ မအမာတို့ ထုက်ပါ၊ အများဖတ်နိုင်အောင် ဈေးနှုန်းချိုချိုသာသာနဲ့ ရောင်းပါ” လို့ မှာကြားထုက် ဝေစေခဲ့ပါတယ်။ ဒေါ်ဒေါ်နဲ့ ရွှေကိုင်းသား ဦးသောဘိတ “ စာပေမောင်နှမ” တို့က ခေါင်းချင်းဆိုင်ပြီး ဆရာကြီး ရဲ့ လေးချိုးပေါင်းချုပ်ကဗျာစာအုပ်ကို တည်းဖြတ်ထုက်ဝေပေးခဲ့ပါတယ်။ စစ်ပြီးခေတ်မှာ လူငယ်တွေ မမြင် မ ဖတ်ဖူးဖြစ်နေတဲ့ ဒေါင်းဋိကာ၊ ဘွိုင်းကောက်ဋိကာ စတဲ့ ဆရာကြီးရဲ့စာအုပ်များထဲက လူငယ်များ ဖတ်သင့်ဖတ် ရာတို့ကိုလဲ ပြည်လည်ပုံနှိပ်ထုက်ဝေခဲ့ပါတယ်။ “ ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ကို “ဆရာကြီး သခင်ကိုယ်တော်မှိုင်းသို့” ညွှန်းခဲ့ပါတယ်။

စာပေလူထုဒေါ်အမာဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဈာပနကော်မတီမှာ ( ဦးလေးနဲ့အတူ ) ပါဝင် ဆောင်ရွက်ခဲ့တဲ့အပြင် ဆရာကြီးဂူဗိမာန်ဖြစ်မြောက်ရေးနဲ့ ဂူဗိမာန်ထိမ်းသိန်းစောင့်ရှောက်ရေး အဖွဲ့တို့မှာလဲ တ သက်လုံး ပါဝင်ဆောင်ရွက်သွားခဲ့ပါတယ်။ အထက်ဗမာနိုင်ငံ စာရေးဆရာတစ်ယောက်အနေနဲ့ရော၊ လူငယ်စာ ရေးဆရာတစ်ယောက်အနေနဲ့ပါ ပါဝင်ပေးဖို့ သခင်ဗဟုန်း၊ သခင်ဘမောင်၊ သခင်အုန်းမြင့်၊ မင်းသားကြီး ဦးထွန်း ဝေ စတဲ့ ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဝင်များက တာဝန်ပေးလို့ ( ဒေါ်ဒေါ်တို့ကိုယ်စား အဖြစ်) ကျနော် ပါဝင်ခဲ့ရပါတယ်။ ပြည်ပထွက်လာတဲ့အထိပေါ့။

လူထုဒေါ်အမာ အကြည်ညိုဆုံး နောက်တစ်ဦးကတော့ သခင်နု၊ သခင်အောင်ဆန်းတို့နဲ့အတူ တက္ကသိုလ်ဒုတိယသပိတ်ကြီးမှောက်ခဲ့တဲ့ ကာလမှာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဖြစ်လာသူ ဆရာကြီး ဦးဖေ မောင်တင်ပါပဲ။ ဆရာကြီးဟာ ပထမဆုံး ကျောင်းသာသပိတ်ဖြစ်တဲ့ [ “ အင်္ဂလိပ်အရာရှိတွေကို ရှစ်မခိုးဘူး” လို့ ဆန့်ကျင်ဆန္ဒပြတဲ့] “ ရှိခိုးသပိတ်” ( ၁၉၀၃ ) ကျောင်းသားခေါင်းဆောင်ပါ။ ဗိုလ်နေဝင်းဟာ သူကျောင်းထွက်ခဲ့ ရတာကို စိတ်နာပြီး ဆရာကြီး ဦးဖေမောင်တင်နဲ့တကွ တက္ကသိုလ်အသိုင်းအဝိုင်း တစ်ခုလုံးကို စိတ်နာခဲ့ဖူး တယ်။ ရဲဘော်သုံးကျိပ်မှာ ကိုအောင်ဆန်း၊ ကိုလှဖေ၊ ကိုလှမောင် ( ဗိုလ်ဇေယျ) စတဲ့ တက္ကသိုလ်သခင်အုပ် စုရဲ့အောက်မှာ နေခဲ့ရတာကိုလဲ ကသိကအောက် ဖြစ်ခဲ့ရဘူးပါတယ်။ ဒါ့ကြောင့် ဦးဖေမောင်တင်ကို “ ခရစ် ယာန်ကြီး” လို့ခေါ်ပြီး ဆရာမင်းသုဝဏ်တို့ကိုလဲ ခရစ်ယာန်ကြီးရဲ့တပည့်တွေလို့ ဗုဒ္ဓဘာသာတွေနဲ့ သွေးခွဲရန် တိုက်ဖို့ကြိုးစားရင်း တက္ကသိုလ်ပညာတတ် တဂိုဏ်းလုံးကို ဆန့်ကျင်သွေးထိုးခဲ့တယ်။ ဆရာကြီးဦးဖေမောင်တင် ရဲ့ဂုဏ်ကို ဖော်ထုတ်ခွင့် မပေးခဲ့ဘူး။ ဒါကြောင့် တချို့က ဆရာကြီးရဲ့ ကျေးဇူးကို သိပ်မသိခဲ့ကြဘူး။

လူထုဦးလှ၊ လူထုဒေါ်အမာတို့ ဦးဆောင်တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ် စာဆို တော်ကြီးများကတော့ပွဲမှာ ရန်ကုန်က ဆရာကြီး ဦးဖေမောင်တင်တစ်ယောက်ကို အမြဲတမ်း ထည့်သွင်းက တော့ခဲ့ကြပါတယ်။ ကန်တော့ပစ္စည်းများကိုလဲ နှစ်စဉ်ပို့ပေးပါတယ်။ ရန်ကုန်ကိုရောက်ရင်လဲ ဒေါ်ဒေါ်က ဆရာ ကြီးကို ဝင်ကန်တော့ပါတယ်။ “ ပြည်သူချစ်သော အနုပညာသည်များ” စာအုပ် စာပေဆုရစဉ်က ( ၁၉၆၄-၆၅)၊ ကျနော်က “ အနီနှင့်အပြာ” ကဗျာစာအုပ်နဲ့ ဆုရခဲ့ဖူးပါတယ်။ ဒါကြောင့် ရန်ကုန်ဆင်းကြရပါတယ်။ ရန်ကုန်မှာ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီး ဟံသာဝတီဦးဘရင်တို့ကို ကန်တော့ပွဲလုပ်တာနဲ့ ကြုံတော့ ဒေါ်ဒေါ်နဲ့ကျနော်တို့လဲ သွားကန်တော့ရင်း လူထုဒေါ်ဒေါ်က ဆရာကြီးကို နှုတ်ဆက်စကား ပြောခဲ့ရ ပါတယ်။ ဆရာကြီးရွှေဥဒေါင်းကလဲ ကန်တော့ခံကုလားထိုင်ပေါ်ကဆင်းပြီး ဦးဖေမောင်တင်ကို ဝိသုဒ္ဓိမဂ်- အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့တဲ့ ကမ္ဘာ့ကျေးဇူးရှင်ကြီးတစ်ဦးအဖြစ် ရိုသေစွာ လက်အုပ်ချီမိုး ရှိခိုးကန်တော့လိုက် တာကို ကြုံခဲ့ရပါသေးတယ်။ ပရိတ်သတ်ကတော့ အံ့သြလို့ပေါ့။

ဒေါ်ဒေါ်ပြောပြမှ ကျနော်လဲ ဆရာကြီး ဦးဖေမောင်ရဲ့ ဂုဏ်ကျေးဇူးကို အထူးဆင်ခြင်မိပြီး ဆရာကြီးရဲ့ အကြောင်းကို လေ့လာလေ ကြည်ညိုပွားလေဖြစ်ခဲ့ရပါတယ်။ ဒေါ်ဒေါ်ပြောတာက တခွန်းတည်းပါပဲ။ “ ငါတို့တတွေဟာ ဆရာကြီးဦးဖေမောင်တင်ပေးတဲ့ ဗမာစာနဲ့ ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြရတာ မဟုတ်လား ” တဲ့။ ဒီစကားဟာ တိုတိုကျဉ်းကျဉ်းပေမဲ့ အနက်အဓိပ္ပါယ် အလွန်ကျယ်ဝန်းပါတယ်။ အကျဉ်းဆုံးပြောရမယ်ဆိုရင် ဆရာကြီးဦးဖေမောင်တင်ဟာ သူငယ်တန်းကနေ မဟာဝိဇ္ဇာတန်းအထိ မြန်မာစာသင်ကြားရေး၊ မြန်မာစာပြဋ္ဌာန်းရေးနဲ့ မြန်မာဖတ်စာတွေပြုစုရေး၊ မြန်မာစာပေတွေ ပုံနှိပ်ထုတ်ဝေရေးတို့ကို အစစ ဦးစီးဆောင်ရွက်ခဲ့တာ ဖြစ်ပါကြောင်း ။

ကဲ … အဲဒီကဏ္ဍတခုကို ဖြုတ်ကြည့်လိုက်ပါ။ မြန်မာစာနဲ့ စာပေကဏ္ဍဟာ ဘယ်အခြေအနေ ရောက်နေမလဲ။ ဒေါ်ဒေါ်က တခွန်းတည်း “ ဒါတွေဟာ ဦးဖေမောင်တင် ပေးခဲ့တာ မြန်မာစာတဲ့ ”။ ကျနော်တို့ မန္တလေးတက္ကသိုလ်ဟာ ရန်ကုန်တက္ကသိုလ်လက်အောက်ခံဘဝက လွတ်ပြီး သီးခြားတက္ကသိုလ်ဘဝကို  ၁၉၅၈ ခုက ရောက်ရှိခဲ့ပြီး နောက် မြန်မာစာဌာနက မဟာဝိဇ္ဇာစာတမ်းတွေကို ကူညီတည်းဖြတ်စစ်ဆေးပေးဖို့  ဆရာကြီးလု(စ်) နဲ့ ဆရာကြီးဦးဖေမောင်တင်တို့ကို  ဆရာကြီးတို့ရဲ့ တပည့် မြန်မာစာပါမောက္ခ ဦးချမ်းမြ (ခေတ်စမ်းစာဆို မြကေတု ) က နှစ်စဉ် ဖိတ်ခေါ်ခဲ့တော့ ကျနော်တို့  အထူးအကျိုးရှိရပါတယ်။ အဲဒီအချိန်မှာ ဒေါ်ဒေါ်က ဆရာကြီးကို လူထုတိုက်ကို ဖိတ်ခေါ်ကန်တော့လေ့ရှိပါတယ်။

ဆရာကြီးဟာ ဗုဒ္ဓစာပေ ၊ ပါဠိစာပေ ပညာရှင်အဖြစ် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးပါ။ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်္ဂလန်တို့လို ကမ္ဘာကျော်ပါဠိပညာရှင်ကြီးတွေ ထွက်ပေါ်ရာအရပ်က ပညာရှင်များက ဘာသာမပြန်နိုင်တဲ့ “ ဝိသုဒ္ဒိမဂ် ” ပါဠိကျမ်းဂန်ကို အသက်၂၀ ကျော်အရွယ် ဗမာလူငယ်တစ်ဦးဖြစ်တဲ့ ဖေမောင်တင်က ဘာသာပြန်နိုင်ခဲ့လို့ အင်္ဂလန်ပါဠိကျမ်းစာအသင်းကြီးက ရွှေဒင်္ဂါးတစ်ထောင် ဆုငွေကိုရရှိတဲ့အပြင် အလွန်ကျေနပ်အားရလို့ ထိုင်းဘုရင်ကလဲ ရွှေဒင်္ဂါးတစ်ထောင် ထပ်မံ ဆုချလိုက်ပြန်ပါသေးတယ်။ ဒီငွေတွေအားလုံးကို လန်ဒန်မှာ ကျောင်းတက်ဆဲ ဆရာလေးဖေမောင်တင်က ပါဠိကျမ်းစာအသင်းကြီးကို ပြန်လှူခဲ့သတဲ့။

ဒီလို ပါဠိစာပေတွေကို အထူးလေ့လာနေခဲ့တဲ့ ဆရာကြီးဟာ လေ့လာမှုကို တင်းမတိမ်နိုင်ရှာဘူး။ အနတ္တလက္ခဏာသုတ်ကို လေ့လာဆည်းပူးတာအားမရလို့ အမရပူရ ၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသဆီကို သွားရောက်လေ့လာ ဆည်းပူးခဲ့ရပါတယ်။ အရှင်ဇနကာဘိဝံသဆိုတာ ဒေါ်ဒေါ်တို့ ကိုးကွယ်တဲ့ ဆရာတော်ကြီးတပါးဆိုတော့ ဒေါ်ဒေါ်တို့ကပဲ ဆရာတော်ကြီးဆီကို လိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။ဆရာကြီးက လွန်စွာအားရ ဝမ်းသာပီတိ ဖြစ်ခဲ့ရပါသတဲ့။

ဒေါ်ဒေါ်ရဲ့ တတိယဆရာကြီးတဦးကို ပြောရရင်တော့ ဆရာကြီးဦးရာဇတ်။ မန္တလေးအမျိုးသားကျောင်း၊ ကျောင်းအုပ်ဆရာကြီး၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေသူ ဦးရာဇတ်။ ဒေါ်ဒေါ်က အမျိုးသားကျောင်းထွက်ပါ။ ဒေါ်ဒေါ် စာပေလောကထဲ ဝင်ခါစမှာ ကြီးပွားရေး မဂ္ဂဇင်းအယ်ဒီတာဦးလှရဲ့ ပန်ကြားချက်နဲ့ ဦးလှ ဘာသာပြန်လက်စ “ နေရူးမှ သမီးသို့ ထောင်တွင်းက ပေးစာများ ” စာအုပ်ကို တအုပ်လုံးပြီးအောင် ဘာသာပြန်ထုတ်ဝေခဲ့ဖူးတယ်။ နောက်များ မကြာခင်မှာပဲ ဆရာကြီးဦးရာဇတ်က  “ အမာရေ ၊ကိုယ် ဘာသာပြန်နေတဲ့ စာကို အလုပ်ရှုပ်လို့ ပြီးအောင် ဆက်မပြန်နိုင်တော့ဘူး။ အမာပဲ ဆက်ပြီး ဘာသာပြန်လိုက်ပါတော့တဲ့။ မောရစ်ကောလစ် စာအုပ်ကို ဆရာကြီးရဲ့ တာဝန်ပေးချက်အရ ။ ဒေါ်ဒေါ်ဘာသာပြန်လိုက်ရတယ်။ ဒီစာအုပ်ဟာ အထူးလူကြိုက်များပြီး အောင်မြင်ကျော်ကြားသွားခဲ့လို့  ဒေါ်အမာလဲ မအမာ (တက္ကသိုလ်သပိတ်မှောက် ကျောင်းသူ ) ကလောင်အမည်နဲ့ စာရေးဆရာ အဖြစ် နာမည်ကျော်ကြားသွားခဲ့တယ်လို့  သိရပါတယ်။ ၁၉၃၈ ကပါ။ ကြီးပွားရေး မောင်လှကပဲ ထုတ်ပေးတာ။ ၃၀၀၀ ကုန်သွားလို့ ပြန်ရိုက်ရသတဲ့။

ဒေါ်ဒေါ်တို့က ဆရာကြီးကို ချစ်ကြောက်ရိုသေပါ။ဆရာရင်း ၊တပည့်ရင်းတွေဆိုတော့ သားသမီးလို ခင်မင်နေပါတယ်။ဆရာကြီးက ကျောင်းမှာဆိုရင် ခပ်တည်တည်ပဲ ဆရာတပည့်လို ဆက်ဆံပေမဲ့ အပြင်ရောက်ရင် တန်းတူ မိတ်ဆွေလို အလေးထားဆက်ဆံတတ်သတဲ့။ ဒေါ်ဒေါ့်ကို ဆရာကြီး ဦးရာဇတ် ဘာသာပြန်ခိုင်းတဲ့ မောရစ်ကောလစ်ရဲ့“  ဗမာပြည်တွင်းစစ်ဆေးခဲ့ရသော မှုခင်းများ ” စာအုပ်နဲ့ စာရေးဆရာအဖြစ်ကို အပြီးအပိုင်ရောက်ခဲ့ရလို့ ဆရာကြီးကို ကိုယ့်ကျောင်းဆရာကြီး အဖြစ်နဲ့သာမက ကိုယ့်စာပေဘဝရဲ့ ဆရာမိဘတဦးလိုလဲ အထူးလေးစားချစ်ခင်ခဲ့ရပါတယ်။

ဒေါ်ဒေါ်ရဲ့ တခြားဆရာတဦးကို တဆက်တည်းပြောရရင် ဆရာကြီးဦးရာဇတ်တို့ရဲ့ အမျိုးသားကျောင်းက မြန်မာစာနဲ့ သမိုင်းဆရာကြီး ရွှေပြည်ဦးဘတင်ဖြစ်ပါတယ်။“  ဆရာရွှေပြည်” က နန်းတွင်းအဆိုတော် အဆက်တွေထဲက မဟာဂီတကို ဆက်ခံဆည်းပူးခဲ့သူ ဖြစ်လေတော့ စာသင်တဲ့အခါ ကဗျာလင်္ကာတွေ သင်ရန် ဖတ်ရုံမျှနဲ့ တင်းမတိမ်ဘဲ ဆိုပြ၊ ဟဲပြမှ အားရသူပါ။ဆရာကြီး ဦးရာဇတ်က ဆရာရွှေပြည်ရဲ့စာသင်ခန်းကို  တခြားအခန်းတွေနဲ့ ဝေးရာပို့ထားရသတဲ့။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဟောပြောပွဲ၊ မန်းတက္ကသိုလ်ကလောင်ရှင်အသင်း ဟောပြောပွဲ၊ တက္ကသိုလ်မြန်မာစာဌာန ဟောပြောပွဲတွေမှာလဲ “ အဆို ” တွေပါရှိပါတယ်။

ဒေါ်ဒေါ်ဆီမှာ ဆရာရွှေပြည်ဟောပြောတဲ့ တိတ်ခွေတွေ ၁ စုံလောက် ရှိပါတယ်။ လူထုသားတပည့် ၊မိတ္ထီလာကောလိပ်စာကြည့်တိုက်မှူး ကိုဝင်းတင့်က တိတ်ခွေတွေကို စာရွက်ပေါ် ပြောင်းချပေးခဲ့တယ်လို့  ကြားလိုက်ပါတယ်။ ဒေါ်ဒေါ်က ဂီတသမားမဟုတ်၊ “ ပွဲကြိုက်ခင် ” တဦးသာ ဖြစ်ပေမဲ့ ရတနာပုံမန္တလေးလို မဟာဂီတမြို့တော်မှာ လူလာဖြစ်တဲ့ စာရေးဆရာဆိုတော့  သမိုင်းပေးတာဝန်လိုဖြစ်ပြီး ရေးရတဲ့အခါ ဆရာရွှေပြည် အပါအဝင် ဒေါ်စောမြအေးကြည်တို့လို ၊ယောမင်းကြီးဦးဖိုးလှိုင်မြေး  ဦးခင်မောင်အေးတို့လို ပုဂ္ဂိုလ်တွေဟာ အားကိုးအားထားဖြစ်လာခဲ့ပါတယ်။ ပန်းချီဝင်းဖေ (ရုပ်ရှင်ဒါရိုက်တာ မန်း – ပန်တျာကျောင်းအုပ်ကြီးဟောင်း ) ဟာ ဆရာရွှေပြည်ရဲ့သားတဦးပါ။ ဒေါ်ဒေါ်တို့ရဲ့ လက်စွဲပန်းချီဆရာ၊ ကာတွန်းဆရာအဖြစ် ပေါ်ဦးသက် (မြို့မငြိမ်းရဲ့ သားမက်) နဲ့အတူ တာဝန်ယူခဲ့ဖူးပါတယ်။ ဒေါ်ဒေါ်က ဘာသာပြန်အယ်ဒီတာအဖြစ် တိုက်ထိုင်အလုပ်ကိုပါ ပန်းချီဝင်းဖေကို ပေးခဲ့ပါတယ်။ကိုဝင်းဖေက ရန်ကုန်ကို ရုပ်ရှင်လောကထဲ ခြေစုံပစ်ဝင်သွားခဲ့ပါတယ်။ဆက်မလုပ်ဖြစ်တော့ဘူး

ကိုဝင်းဖေရဲ့ညီ“ ကိုတင်ဝင်း ” ဆိုတာ ရှိသေးတယ်။ သူကလဲ “ ဂလိ ” ဆိုတဲ့နာမည်နဲ့ ကာတွန်းဆွဲခဲ့ဖူးလို့ “ ဂလိတင်ဝင်း ” ခေါ်ပါတယ်။ တက္ကသိုလ် မရောက်ခဲ့ဘူး။ ဆိုရှယ်နီပါတီတွင် ပြည်သူ့လူငယ်အဖွဲ့ဝင် နိုင်ငံရေးသမားတစ်ဦးအဖြစ် ထောင်ကျဖူးတယ်။ ဒါကိုလည်း ဒေါ်ဒေါ်က သူ့ဆရာရဲ့ သားတဦးအဖြစ်နဲ့ သံယောဇဉ်ရှိတယ်။ လူထုမှာ အယ်ဒီတာတာဝန်ပေးထားဖူးလို့ ကိုဝင်းဖေအရင် သူနဲ့ ခင်မင်ရင်းနှီးခဲ့တယ်။ ထောင်က ထွက်လာပြီးမှ ထင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားခဲ့ပါတယ်။ ဒေါ်ဒေါ်က သူ့ဆရာ ရွှေပြည်ဦးဘတင်ရဲ့ သားတွေကို သူ့သားတွေလို သံယောဇဉ်ကြီးပါတယ်။ လူထုမီးဖိုချောင်ထိ ပေါက်ရောက်တဲ့ သားတပည့်တွေဖြစ်ပါတယ်။

ဒေါ်ဒေါ်ရဲ့ ဆရာစာရင်းမှာ မပါမဖြစ်သူတဦးကတော့ ဒေါ်ဒေါ့်ဖခင် ဦးတင်ရဲ့ သူငယ်ချင်း ဦးဖေသိန်း ဖြစ်ပါတယ်။ ဒေါ်ဒေါ်က တသက်လုံး “ ဦးလေးသိန်း ” လို့ပဲ ခေါ်တယ်။ ဆရာကြီးရွှေဥဒေါင်းပေါ့။ ဆရာကြီးကို တခြားပုဂ္ဂိုလ်တွေက စုံထောက်မောင်စံရှားရဲ့ ဖခင်ကြီးအဖြစ် ကြောက်ရွံ့ရိုသေကြပေမဲ့ ဒေါ်ဒေါ်ကတော့ သူ့အဖေရဲ့သူငယ်ချင်း အဖြစ်နဲ့  ပိုကြောက်ရွံ့ပုံမရပါဘူး။ ဒါပေမဲ့ သူ့စာတွေနဲ့ ကြီးပြင်းလာခဲ့တာ မဟုတ်လား။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း နဲ့ စားပွဲတလုံးတည်းထိုင်ပြီး သူရိယသတင်းစာမှာ အယ်ဒီတာ လုပ်ခဲ့သူပေပဲ။ ဘာပဲဖြစ်ဖြစ် လူထုဒေါ်အမာရဲ့ စကားပြေကို တချို့ဆရာကြီးရွှေဥဒေါင်းရဲ့ စကားပြေနဲ့ ခွဲမရဘူးတဲ့လေ။

မန်းစကား၊နန်းစကားဆိုတာ ခန့်ငြားထည်ဝါပါတယ်။ဆရာကြီးရွှေဥဒေါင်းနဲ့ လူထုဒေါ်အမာတို့နှစ်ဦးဟာ နန်းစကား၊ မန်းစကားနဲ့ အပိုင်နိုင်ဆုံးရေးနိုင်တဲ့ “ မန်းသားမန်းသူ ” စာရေးဆရာကြီးနှစ်ဦးဖြစ်ပါတယ်။ ဆရာကြီး မြမျိုးလွင်လဲ စကားကြွယ်ပါရဲ့။ မန်းစကား၊ နန်းစကား နိုင်နင်းပါရဲ့။ ဒါပေမဲ့ “ နွဲ့”လွန်းလို့ ခန့်ငြားထည်ဝါတဲ့ စကားပြေအဆင့်ကို ရောက်မလာခဲ့ပါဘူးလို့  ဆိုရမယ်ထင်ပါတယ်။ ဆရာကြီးရွှေဥဒေါင်းက သူ့စကားပြေကို သူကိုယ်တိုင်လဲ ဂုဏ်ယူတယ်။ “ ဝါကျလက်သမား ” ဆိုတဲ့ စကားကို သုံးပြီး ဝါကျတည်ဆောက်မှုကိစ္စကို ဖော်ပြပြောဆိုခဲ့ဖူးတယ်။ ဆရာကြီးရဲ့ စကားပြေအထွတ်အထိပ်ဟာ ဆရာကြီးရဲ့ “ တသက်တာမှတ်တမ်း ” ဖြစ်မယ်ထင်ပါတယ်။ ဆရာကြီးရဲ့ လက်ရာမွန်ပါ။ ဒါပေမဲ့ သူ့တူမ ဒေါ်ဒေါ်ကတော့ သူမကြိုက်ရင် “ တည်း ” လိုက်တာပါပဲတဲ့။ တချို့နေရာတွေမှာ ဝတ္ထုဟန်အဖြစ် “ လက်လွန်သွားပြီး ” ကြွားလွန်းတယ်ထင်တာမျိုးတွေ ကို ဒေါ်ဒေါ်က ဖြုတ်ထားပြင်လားလုပ်ပစ်တာကို ဆရာကြီးက သိပေမဲ့ မသိဟန်ဆောင်နေသတဲ့။ သူ့ “ တူမ ” က “ စွာ” တာကိုး။ သူ့လိုချင်တာရှိရင် ဘယ်တော့မှ ဒေါ်ဒေါ့်ကိုမပြောဘဲ ဦးလေးလူထုဦးလှဆီကိုပဲ မှာပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
(ဆရာမောင်စွမ်းရည်၏ စာမူများမှာ ပြည့်စုံခြင်း မရှိသေးပါ၊ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, လူများ၊ ရုပ်ပုံလွှာများ, မောင်စွမ်းရည်, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်