Myanmar Build & Décor 2015 ပြပွဲ ကျင်းပပြုလုပ်မည်

October 7, 2015

ဦးမျိးသန့်

Myanmar Build & Décor 2015  ပြပွဲ ကျင်းပပြုလုပ်မည်

 ရန်နောင်(ဗိုလ်တထောင်)   မိုးမခ။ အောက်တိုဘာလ ၇ – ၂၀၁၅

Mr Ajinveat Vhongthong

 

           ခေတ်မီဆောက်လုပ်ရေးသုံးပစ္စည်းများ ၊အိမ်တွင်းပိုင်းပြင်ဆင်ခြင်းဆိုင်ရာဒီဇိုင်းများနှင့် ပရိဘောဂပစ္စည်းများ ခင်းကျင်းပြသမည့် ဒုတိယအကြိမ်မြောက် Myanmar Build and Décor ပြပွဲကြီးကို ရန်ကုန်မြို့ရှိ Myanmar Event Park တွင် လာမည့် အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ  ကျင်းပသွားမည်ဖြစ်သည်။

           Myanmar Build & Décor ပြပွဲကြီးသည် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍအတွက် လိုအပ်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို စုဝေးဆွေးနွေးခင်းကျင်းပြသသည့်
နှစ်စဉ်ကျင်းပသော ပြပွဲကြီးတခုဖြစ်သည်။  Myanmar Build & Décor ၏ ပထမအကြိမ်ပြပွဲကို ၂၀၁၄ ခုနှစ်က အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ကုမ္ပဏီပေါင်း ၁၀၀ ကျော်မှ ပါဝင်ပြသခဲ့ကြကာ ဧည့်သည်ပေါင်း ၃၀၀၀ ကျော်မှ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှူလေ့လာခဲ့ကြသည်။

          Myanmar Build & Décor 2015 ပြပွဲကြီးသည် ဆောက်လုပ်ရေး နယ်ပယ်ရှိနည်းပညာသစ်များ၊ အတွေ့အကြုံများကို တွေ့ဆုံဆွေးနွေးဖလှယ်နိုင်သည့် ပြပွဲကြီးဖြစ်သည့်အပြင် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊အိမ်အတွင်းပိုင်းပြင်ဆင်ခြင်း ဒီဇိုင်းများ၊ ပရိဘောဂအသုံးအဆောင်ပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများစွာကို တစ်နေရာတည်းတွင် တစုတစည်းတည်း စိတ်ဝင်စားစွာလေ့လာနိုင်သည့် နေရာတခုလည်း ဖြစ်သည်။

          ယခု ပြပွဲကြီးမှတဆင့် ဆာက်လုပ်ရေးနယ်ပယ်မှကျွမ်းကျင်သူများ၊ကန်ထရိုက်တာများ၊အင်ဂျင်နီယာများ၊ဗိသုကာပညာရှင်များ၊အိမ်အတွင်းပိုင်းပြင်ဆင်ခြင်းဆိုင်ရာဒီဇိုင်းနာများ၊
အဆောက်အဦးပိုင်ရှင်များ၊ ဟိုတယ်နှင့် အပန်းဖြေစခန်းလုပ်ငန်းရှင်များ၊ အဆောက်အဦးတည်ဆောက်သူများနှင့် အခြားဆက်စပ်သည့် နယ်ပယ်များမှ လုပ်ငန်းရှင်များအနေနှင့် များပြားလှစွာသောထုတ်ကုန်များ၊ နောက်ဆုံးပေါ်နည်းပညာများနှင့် အဆက်အသွယ်များ ကို တွေ့ကြုံလေ့လာရရှိမည်ဖြစ်သည်။

          ပြပွဲကြီးတွင် Myanmar Associatesship of Government Technical Institute (A.G.T.I ) Society မှ ကြီးမှူး၍ ` မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးနှင့် အိမ်အလှဆင်ခြင်းစာမျက်နှာသစ် ´ ဟူသောခေါင်းစဉ်ဖြင့် ဟောပြောပွဲတခုကိုလည်း ပူးတွဲ ကျင်းပသွားမည်ဖြစ်သည်။

          ပြပွဲကို  အောက်တိုဘာလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့ရှိ Myanmar Event Park (MEP ) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်သည်။www.myanmarbuidder.com အွန်လိုင်းမှ  စာရင်းပေးသွင်းနိုင်ကာ ပြပွဲနေရာတွင်လည်း စာရင်းပေးသွင်းနိုင်သည်။

          


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:News, Yan Naung (Bo Ta Htaung)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်