ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု ဥပဒေကိုသက်သွင်းမည်ဟု နော်လှလှစိုးပြော

October 9, 2015

ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု ဥပဒေကိုသက်သွင်းမည်ဟု နော်လှလှစိုးပြော

ဟန်သစ်နိုင်၊ မိုးမခ၊ အောက်တို ၈ရက်၊ ၂၀၁၅
           

အောက်တိုဘာ ၈ရနေ့တွင် ဆင်းရဲနွမ်းပါးသောကလေးသူငယ်များကို ပညာရေးအတွက် ကူညီ ထောက်ပံ့ ပေးနေသော S4SK –M နှင့် NCRWG တို့မှ ကလေးများသည် မိမိတို့ရဲ့အကာ အကွယ်အခွင့် အရေး များကို လွှတ်တော်ထဲရောက်ရင် အမှန်တကယ်တင်ပြတောင်းဆိုပေးဖို့ မင်္ဂလာဒုံမြို့နယ် အောင်နိုင်ရေးရုံး ရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများထံတွင် နေ့လည်၁၂နာရီက လာရောက် အကူအညီ တောင်းခံနေ ကြောင်း တွေ့ရှိခဲ့ရသည်။

တရားဥပဒေစိုးမိုးမှုအားနည်းနေခြင်းကြောင့် အရွယ်မရောက်သေးသောကလေးငယ်များ၊ မိဘမဲ့ ကလေးများ၊  ဆင်းရဲနွမ်းပါးသော ကလေးများနှင့် မသန်စွမ်းကလေးသူငယ်များအတွက် အမှန်တကယ် အကာအ ကွယ်ပေးနိုင် မည့် ဥပဒေများကိုလွှတ်တော်ထဲရောက်လျှင် အမှန်တကယ်တင် သွင်းဆောင်ရွက် သွား မည်ဟု မင်္ဂလာဒုံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆူဇန်နာလှလှစိုး မှပြောပြသည်။

          မြန်မာနိုင်ငံသည် ၁၉၉၁ခုနှစ်မှစတင်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးပဋိဥာဏ်စာချုပ် ကို ယခုထိလက်မှတ်ထိုးနေသော်လည်း ကာကွယ်စောင့်ရှောက်မှု အားနည်းနေသေးကြောင်း၊ ထိုလူ့အခွင့် အရးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအရ ကလေးများသည် ဘယ်အခြေ အနေဘယ်လိုပဲ ရှိနေပါစေ က လေးတိုင်းသည် ပညာသင်ကြားခွင့်ရှိသင့် ကြောင်း၊ မိမိကူညီဆောင် ရွက်ပေးနေသော မတရားမှုများ တင်ပြ တိုင်ကြားသည့်အမှုများထဲတွင် ကလေးသူငယ်အမှုသည် အများ ဆုံးဖြစ်နေကြောင်း၊ ရဲစခန်းများ၊ တရားရုံးနှင့် ဆေးရုံများသည်လည်း ကလေးသူငယ်များအတွက် ကာကွယ် မှုသည် အင်မတန် နည်းနေသေးကြောင်း ပြောပြသည်။

          ဆက်လက်၍ “ဥပဒေတော့ရှိတယ်၊ စိုးမိုးမှုတော့မရှိဘူး၊ အဲဒါကြောင့် ဒီဥပဒေကို တကယ်အသက် သွင့်မယ့် လုပ်ဆောင်မှုမျိုးက အမှန်တကယ်လိုအပ်နေပါတယ်၊ ကျမရွေးကောက်ပွဲမှာ အနိုင်ရလို့ရှိရင်တော့ ကျမအရင်ကတည်းကကျွမ်းကျင်ခဲ့တဲ့လုပ်ငန်းတွေလဲဆက်လုပ်မယ် အခြေအနေပေးရင်၊ ပြီးတော့ ဥပဒေ အပိုင်း အရ ပိုမိုကျစ်လစ်တောင့်တင်းခိုင်မာပြီး တကယ်အသက်ဝင်တဲ့ ဥပဒေဖြစ်အောင်လဲကြိုးစား သွားမယ်” ဟုပြော သည်။
         

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Han Thit Naing, သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်