လောအယ်စိုး – လေနီရိုင်းကိုဆန်ကာ ပျံသည့်ငှက် – အပိုင်း (၂)

October 15, 2015

– လေနီရိုင်းကိုဆန်ကာ ပျံသည့်ငှက် – အပိုင်း (၂)
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၅

ဘားအံမြို့ ကန်သာယာဘေးတွင် ကင်မရာတစ်လုံးကိုလွယ်၍ ကျွန်တော်လည်း ဓာတ်ပုံဆရာပေါက်စဖြစ်သွားသည်။ ဘာပဲ ဖြစ်ဖြစ်၊ ဝါသနာကိုအရင်းခံသောအလုပ်ဖြစ်၍ ကျွန်တော် ဓာတ်ပုံဆရာဆိုသောဂုဏ်ပုဒ်ကို မြတ်နိုးသည်။ ဖခင်ကြီး၏ စာ အုပ်ဗီရိုကြီးမှ ဗဟုသုတစာပေများကို တစ်အုပ်ပြီး တစ်အုပ် ဖတ်ပါတော့သည်။ ထိုကာလအတွင်း ကျွန်တော့်သူငယ်ချင်း ၏သတင်းကို ဘာမျှမကြားရပါ။ တစ်ခါတစ်ရံ ၎င်း၏မိခင်ကြီးနှင့်ဆုံသောအခါ သူလည်း ဘာမျှအခြေအနေကိုမသိရဟု ဆိုပါ သည်။ ရန်ကုန်တက္ကသိုလ်ကြီးကို အတူတက်ကြမည်ဟူသော ကျွန်တော်တို့နှစ်ယောက်၏အိပ်မက်ကြီးသည် ပြိုကွဲသွားပြီ လားဟု သံသယဝင်လာမိခဲ့တော့သည်။ ထိုကာလအတွင်း အစိုးရဝန်ထမ်းဖြစ်သောကျွန်တော်၏မိခင်သည် ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီမြို့သို့ပြောင်းရွှေ့ခဲ့ရပါသည်။

ဘယ်သူ၊ ဘယ်အဖွဲ့အစည်းကထောင်သည်မသိသောဗုံးများက မြဝတီမြို့တွင် ထိုအချိန်က မကြာခဏ ပေါက်ကွဲသည်။ မိ သားစုဝမ်းရေးအတွက် ရိုးသားစွာလုပ်ကိုင်စားသောက်နေကြသည့် အပြစ်မဲ့ပြည်သူတို့ သေဆုံးကြရသည်။ ရင်နင့်စရာမြေ စာပင်များ၏ ဘဝတွေ။

ဘားအံ-မြဝတီကားလမ်းတွင်လည်း ဓားပြတိုက်ခြင်း၊ ခရီးသွားကားကိုပစ်ခတ်ခံရခြင်းတို့ကိုလည်း ပြည်သူပြည်သားတို့ ရင် ဆိုင်ရသည်။ ကော့ကရိတ်မြို့မှ မြဝတီဒေါနတောင်ကြောတစ်လျှောက် ကားလမ်းခရီးတွင် နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုး၊ မျက် နှာပေးအမျိုးမျိုးနှင့် ခရီးသွားကားများတို့ကိုတား၍ အစိုးရစစ်တပ်မှ ငွေကြေးများကောက်ခံသည်။ ကရင်ပြည်နယ်လူထုသည် မည်သူ့ကို အဖေခေါ်ရမည်မသိတော့။ လူငယ်၊ လူလတ်၊ ကျားမအရွယ်စုံ ထောင်သောင်းချီ၍ မိမိ၏ဇာတိရပ်ရွာ ကိုစွန့်ကာ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မှတစ်ဆင့်၊ ထိုင်းနိုင်ငံအတွင်းသို့ မိသားစု စားဝတ်နေရေးအတွက် ထွက်ခွာခဲ့ကြရသည်။

ပျိုမျစ်နုနယ်သောမြန်မာနိုင်ငံမှ သမီးပျိုတို့ ထိုင်းနိုင်ငံပြည့်တန်ဆာခန်းတို့တွင် ဘဝအလှများ နိဂုံးချုပ်ခဲ့ကြသည်။ ထိုင်းနိုင်ငံ သားတို့ကလည်း မြန်မာနိုင်ငံမှဈေးပေါလှသည့် အိမ်စေမိန်းကလေးများကိုနှိမ်သည့်အနေဖြင့် လူသားအဝတ်လျှော်စက်များ ဟု နင့်နင့်သီးသီးသုံးစွဲကာ ခေါ်ကြသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်း မျိုးချစ်ဇာတိမာန်ကိုမချိတင်ကဲမျိုချရင်း၊ ဘဝများစွာကို မိမိ၏ပုဂ္ဂလိကဘဝနှင့် မိသားစုဘဝအတွက် ရင်းနှီးခဲ့ကြရသည်။ စတေးခဲ့ရသည်။

တက်သောအစိုးရတိုင်းနှင့် အဆင်ပြေသော စီးပွားရေးသမားများကလည်း တိုင်းပြည်ဒုက္ခရောက်လေ သူတို့တွေကမူပို၍ အဆင်ပြေကြသည်ဟုတောင် သတ်မှတ်ရမည်။ ပေါင်းသင့်၊ ကျွေးမွေးသင့်၊ လာဘ်လာဘပေးသင့်သူတို့ကိုပေးပြီး၊ သူတို့တစ် တွေကတော့ အဆင်ပြေကြီးပွားသွားကြသည်။

အများစုဖြစ်သောဝန်ထမ်းတွေ၏ဘဝများသည် လစာတိုးသွားသည်ဆိုပေမယ့် ကျွန်တော်၏မိခင်အပါအဝင် ဝန်ထမ်းအများ တို့၏ဘဝသည် ပို၍ထူးမခြားနား။ ကုန်ဈေးနှုန်းများကလည်း ဖွားဖက်တော်လေအလား။

ဘဝ၏အနာဂတ်ဆိုသည်ကား အဘယ်နည်းဟူသောမေးခွန်းများ လူငယ်တို့ မိမိတို့ကိုယ်ကို မိမိ မေးခွန်းထုတ်မိသောအချိန်ကာလတစ်ခုပင်ဖြစ်ခဲ့သည်။ မရေရာမှုများ လွှမ်းနေသည့်အချိန်နာရီ။

၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပိတ်ထားသောတက္ကသိုလ်၊ ကောလိပ်နှင့် အသက်မွေးမှုပညာကျောင်းများပြန်၍ဖွင့်တော့ မည်ဟု နဝတအစိုးရမှ ကြေညာသည်။

(၃) နှစ်ကျော်ကျော် အသီးသီးကျွမ်းဝင်၊ စမ်းသပ်ရုန်းကန်နေသောဘဝသစ်အသီးသီးတို့ကို တက္ကသိုလ်၊ ကောလိပ်ကျောင်း သား/သူတို့သည် တစ်ခါခေတ္တရပ်စဲကာ စာသင်ခန်းအသီးသီးကို ပြန်၍ဝင်ကြရပြန်သည်။ အတော်များများလည်း အိမ်ထောင် ကျကာ စာပေးစာယူပြင်ပပညာရေးခရီးကို ဆက်၍လှော်ခတ်ကြပါတော့သည်။

အားသစ်အင်သစ်၊ မျှော်လင့်ချက်အသစ်ဖြင့် ကျွန်တော်သည်လည်း တက္ကသိုလ်တက်ဖို့ပြင်ဆင်ရတော့သည်။ ၁၉၉၁ ခုနှစ် စာသင်နှစ် ရန်ကုန်တက္ကသိုလ်ဥပဒေကျောင်းသားတစ်ယောက်အနေနှင့် ကျွန်တော်ပညာသင်ကြားခွင့်ရရှိခဲ့ပါသည်။ တွေး ကာ၊ တွေးကာ ကျွန်တော်တစ်ယောက် အတိုင်းမသိပျော်ရွှင်မိသည်။ နိုင်ငံ၏ခေါင်းဆောင်ကောင်းများမွေးထုတ်ရာ၊ အသိ ပညာရှင်၊ အတတ်ပညာရှင်တို့၏ ဘူမိနက်သန် အစဉ်အလာကြီးမားလှသော ရန်ကုန်တက္ကသိုလ်ကြီး၌ ကျွန်တော်စာသင်သား တစ်ဦးအနေဖြင့် ခြေချ၊ ပညာဆည်းပူးခွင့်ရရှိတော့မည် မဟုတ်ပါလား။ ကျောင်းပိတ်၍ပြန်လာသော ရန်ကုန် ဝိဇ္ဇာသိပ္ပံတ က္ကသိုလ်မှ အစ်ကို၊ အစ်မများကိုမြင်ရတိုင်း ကျွန်တော် သူတို့တစ်တွေကို အလွန်အားကျသည်။ သူတို့တစ်တွေ၏ လက်ဖက် ရည်ဆိုင်စကားဝိုင်းကို ကျွန်တော်အဝေးမှငေးကာ မျှော်ကြည့်ခဲ့ရသောအကြိမ်သည် ရာချီရှိခဲ့ပေသည်။

သစ်ပုတ်ပင်ကြီး၊ ဂျပ်ဆင်ခရစ်ယာန်ဘုရားကျောင်း၊ အဓိပတိလမ်းမကြီးနှင့် ဘွဲ့နှင်းသဘင်ဆိုတာတွေကို ကျွန်တော်မိမိ၏ မျက်စိနှင့် ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ချင်သည်။ ထိုတက္ကသိုလ် ပရဝုဏ်အတွင်းကျင်လည်လိုသည်။ ရန်ကုန်မြို့သို့သွားရ မည့်နေ့ရက်ကို ဆန္ဒစောကာနေ့ရက်တို့ကို လက်ချိုးရေတွက်၍ စောင့်စားမိခဲ့သည်။ မိမိဘဝ၏အချိုးအကွေ့၊ အပြောင်းအလဲ ကြီးတစ်ခုဟု လေးလေးနက်နက်သတ်မှတ်ကာ အနာဂတ်နေ့ရက်များအတွက် ရင်အခုန်ကြီးခုန်ခဲ့မိပါသည်။ အနာဂတ်အရုဏ် ဦးကာလတစ်ခု။

ကျွန်တော် သူ့ကိုသတိရမိသည်။ မည်သည့်အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသနည်း။ ဘယ်အရပ်၊ ဘယ်လိုနေရာမှာ ရှိနေ နိုင်သနည်း။ သူငယ်ချင်းအချို့မှာသူတို့၏ ဗွေဆော်ဦး မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်တိုက်ပွဲတွင် ကျဆုံး သည်။ ငှက်ဖျား၊ အသည်းရောင်အသားဝါ၊ အူရောင်ငန်းဖျားရောဂါဒဏ်တွေ နယ်စပ်ရောက် ကျောင်းသား/သူတွေအတော် များများ အလူးအလဲခံစားနေရသည်ဟုလည်း ကြားသည်။ အသီးသီးတို့၏ မိဘ၊ ဆွေမျိုးသားချင်းများ သောကရောက်ကြ သည်။ နယ်မြေ၏ရာသီဥတုနှင့် အစိမ်းကြီး စိမ်းကြသော ပြည်မမှလူငယ်ကျောင်းသားများက ပို၍ခံစားကြရသည်။

ဘာအဆက်အသွယ်မှ ကျွန်တော် သူ့ထံမှမရပါ။ ကျွန်တော့်ထက် အမှတ်ကောင်းပြီး ဂုဏ်ထူးပင် နှစ်ဘာသာထွက်သောသူ့ အနေနှင့် ရန်ကုန်တက္ကသိုလ်တက်နိုင်သောအမှတ်ရရှိထားပေလိမ့်မည်။ ဝိဇ္ဇာဘာသာတွဲဖြင့် ဆယ်တန်းကိုေ အာင်မြင်ကြ သောသူတွေအတော်များများ အမှတ်နည်းနည်းလေးတွေနှင့် ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အင်္ဂလိပ်ဘာသာအဓိကဖြင့် အနည်းဆုံး မော်လမြိုင်တက္ကသိုလ်သို့ ရောက်ကြကုန်သော
အချိန်ဖြစ်သည်။

သို့သော် တက္ကသိုလ်ဝင်ခွင့်များလျှောက်ကြသောအချိန်တွင်ူတစ်ယောက် အချိန်မီရောက်မလာနိုင်ခဲ့ပါ။ စိတ်မကောင်းကြီး စွာကျွန်တော်ခံစားရသည်။ အလားအလာရှိသောသူ၊ ထိုက်တန်သောသူတစ်ယောက်အနေဖြင့် ကျွန်တော် သူ့ကို ရန်ကုန် တက္ကသိုလ်ကြီးသို့တက်၍ ပညာသင်ကြားစေလိုသည်။

သို့သော် ဘာမျှ၊ ဘာမျှ ကျွန်တော်မတတ်နိုင်တော့ပါ။ သေချာသည်ကတော့ သူသည်လည်း ရှိသည့်အရပ်မှ တက္ကသိုလ်ကော လိပ်များပြန်လည်၍ဖွင့်သည့်သတင်းကို ကြားသိနေပေလိမ့်မည်။

သတ်မှတ်ထားသော ကျောင်းများပြန်လည်ဖွင့်သောနေ့ရက်မတိုင်မီ တစ်လကျော်အလို ကျောင်းစရိတ်၊ နေထိုင်ရမည့်အ ဆောင်စရိတ်၊ အထွေထွေသုံးများအတွက် မိခင်တာဝန်ကျရာ ထိုင်း-မြန်မာနယ်စပ်မြဝတီမြို့သို့ ကျွန်တော်ခရီးပြုခဲ့ရပါသည်။ လိုအပ်မည့်ငွေကြေးတို့ကို စုဆောင်းသည်။ နယ်စပ်မြို့ဆိုတော့ လူတွေကအနယ်နယ် အရပ်ရပ်မှ ပုံသဏ္ဍာန်စုံ၊ စရိုက်အကျင့် စာရိတ္တအစုံ၊ တန်ခိုးအရှိန်အဝါကြီးထွားလှသော မဝတဥက္ကဋ္ဌ၊ ဗျူဟာမှူး၊ ပြည်သူ့စစ်ခေါင်းဆောင်တို့၏ အာဏာစက်ကွင်း၏ သားကောင် ပြည်သူတို့၏ ဘဝများကို ကျွန်တော်မြင်တွေ့ခံစားရသည်။ အထူးသဖြင့် ထောက်လှမ်းရေးတပ်ဆွယ်ရုံးတို့သည်မြဝတီသားတို့အဖို့ ခေတ်သစ်ကင်ပေတိုင်ရုံးများကဲ့သို့ ဖြစ်နေသည်။ သာမန်ပြည်သူတို့နှင့် အခြေခံဝန်ထမ်းများတို့၏ဘဝ များသည် ပြင်းထန်လှသော လောကဓံပင်လယ်လှိုင်းကြီးထက်ဝယ် လူးလွန့်နေသော လှေငယ်များပမာ။

အကောင်းဘက်ကကြည့်ရင်ဖြင့်လည်း ထိုင်းနိုင်ငံမှတင်သွင်းလာသော အဝတ်အထည်၊ လူသုံးကုန်ပစ္စည်းနှင့် အစားအ သောက်များတို့ကိုသုံးစွဲခွင့်၊စားသောက်ခွင့်ရရှိကြသည်။

မြဝတီ-ကော့ကရိတ်ယာဉ်တန်းနှင့် ခရီးသွားလာရခြင်းသည်လည်း စိတ်ဝင်စားဖွယ်၊ ရင်ခုန်စရာများနှင့် ပြည့်နေသော ခရီးသွားမှုအတွေ့အကြုံ တစ်မျိုးဖြစ်သည်။ ဒီနေ့ကားတန်းရှိတယ်ဟေ့ ဆိုသည်နှင့် နံနက်ခင်းစောစောကတည်းက ကားသံတွေတဝီဝီ၊ ကုန်ပစ္စည်းနှင့် ခရီးသည်များတို့ကို တင်ထားသောကားကြီး၊ ကားလတ်၊ ကားသေးတို့ မြို့ထဲတွင်
လှုပ်လှုပ်ရှားရှားနှင့် တရုန်းရုန်း။  မိဘ ၊ဆွေမျိုး၊ မိတ်ဆွေတို့ကလည်း မြို့ထိပ်ရှိ ကားကြီးဝင်းထဲလိုက်ပြီး ပို့ဆောင်ကြသည်။ ယာဉ်တန်းထွက်ပြီဟေ့ ဟုဆိုသည်နှင့် ကားများ အလုအယက် ဝင်းထဲမှ တသီကြီး ထွက်ကြတော့သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ကိုးမိုင်အကွာအဝေးရှိ သင်္ဃန်းညီနောင်ကျေးရွာတွင် အနည်းဆုံး (၁) နာရီ (သို့) (၃-၄) နာရီခန့် ထိုအချိန်က ကြာတတ်သည်။ သို့မဟုတ် မြဝတီကားဝင်းကြီးထဲ နံနက်ခင်းကတည်းက ကားတွေထွက်နိုး၊ ထွက်နိုးနှင့် တစ်နေ့လုံးစောင့်ဆိုင်းနေပြီးမှ နောက်ဆုံး ဒီနေ့ကားတန်းမဖြစ်တော့ဘူးဟေ့ ဆိုသော သတင်းကို အတိအကျရပြီး အထုပ်အပိုးတွေနှင့် အိမ်အသီးသီးသို့ပြန်ကြရသည့် အကြိမ်တွေက မနည်း။ ဒီနေ့ကားတန်းမရှိတော့လည်း မနက်ဖြန်ဆိုရင် သေချာသလောက်ရှိသွားပြီ ဆိုကာ အသစ်သော မနက်ဖြန်များကို မြဝတီမြို့မှခရီးသွားများ စိတ်လှုပ်ရှားမှုကြီးစွာဖြင့် ရင်ခုန်တတ်စမြဲ။

အကွေ့အကောက်ပေါင်းများစွာနှင့် တောင်တန်းပြာ ၊ဒေါနတောင်ကြော ကားလမ်းခရီးကိုတော့  ထိုအချိန်က မြဝတီ-ကော့ကရိတ်ယာဉ်တန်းများ၊ ခရီးသည်များ ရှုမျှော်ခင်းများကို ခံစား၍ မသွားနိုင်ကြဟု
ကျွန်တော်ထင်ပါသည်။ မည်သည့်နေရာမှ မြေမြှုပ်မိုင်း ပေါက်ကွဲလိမ့်မည်နည်း။ သစ်ပင်များ(သို့) တောင်နံရံဘေးမှ လက်နက်ကိုင်တို့ ပေါ်လာပြီး ပစ်ခတ်ကြ၊ ဓားပြတိုက်ကြ ဆိုရင်တော့ ဒုက္ခ ဒုက္ခ ဆိုပြီး၊ စိုးရိမ်မှုပေါင်းများစွာဖြင့် ခရီးပြု ကြရသည်။

ဘာသာအမျိုးမျိုးကို ကိုးကွယ်ကြသူ၊ ခရီးသွားအသီးသီး၏ ပါးစပ်ဖျားမှ လှုပ်ရုံ (သို့) ရင်တွင်းမှ ဆုတောင်းနေကြသည့် အသံကိုလည်း ဒေါနတောင်ကြောတစ်လျှောက်တွင် ထိုအချိန်က လျှံ၍၊ လျှံ၍ ထွက်နေမည် ဟူ၍ပင် ဆိုချင်ပါတော့သည်။ ဝမ်းရေးအတွက် သောကပင်လယ် ခရီးစဉ်တစ်ခုပေလား။

ဟေ့..မသွားရဘူး။ ဒါ (၅ဝ) ဂိတ် မဟုတ်ဘူးကွ။ (၂ဝဝ)ပေးမှ ထွက်ဆိုသော လုံခြုံရေးကို တာဝန်ယူထားကြသည့်
တပ်မတော်သားတို့၏ အသံနေ၊ အသံထားအမျိုးမျိုး၊ မျက်နှာပေးအမျိုးမျိုး တို့ကိုလည်း မရိုးအောင် ခရီးသွားတို့ အဆင်ပြေအောင် တစ်ဂိတ်ပြီး တစ်ဂိတ်ဖြတ်ခဲ့ရသည်။

ကဲညီလေးရေ၊ ဒီဘီယာဘူးလေး ဝယ်တိုက်ပါဦး ဆိုပြီး သေနတ်ကို ဘေးတွင်ချထား၊ တစ်ဘူးတည်းသော သံဘီယာဘူးငယ်ကို အရှေ့တွင်ထားကာ စပယ်ယာ(သို့) ဒရိုင်ဘာတို့ကို ဝယ်၍ တိုက်ခိုင်းသည်။ ဥာဏ်သွားလိုက်ပုံက ကားတန်းကြီးဆုံးသွားသည်အထိ သူ လွန်ဆန်၍ မရသောကားများမှ အပ ကားတော်တော်များများကို ထိုဘီယာဘူးကို ရှေ့တွင်ချ၍ ဂိတ်ကြေးကောက် ၊ငွေကောက်ခြင်းဖြစ်သည်။

တစ်ဘက်တွင်လည်း အသီးသီးသောရာထူးကြီး အရာရှိများက အမျိုးမျိုးသောနည်းတို့ဖြင့် ငွေကြေး၊ လာဘ် တံစိုးတို့ကို နယ်စပ်တွင်တာဝန်ကျသူတို့က ရရှိထားကြသည် မဟုတ်ပါလား။ သာမန်အကြပ်တပ်သားတို့က အထက်အရာရှိဆိုသူများကဲ့သို့ ငွေဝင်လမ်းဖြောင့်ကြမည် မဟုတ်သည် ကား သေချာသည်။ သူတို့တစ်တွေလည်း ကိုယ့်မိသားစုနှင့်ကိုယ်၊ အခက်အခဲကိုယ်စီတွေနှင့် ရာသီဥတု၊ နယ်မြေအနေအထား၊ ခက်ထန်မှုအမျိုးမျိုးနှင့် ကြုံတွေ့ရသည်။ ဒီကြားထဲ ကရင်လက်နက်ကိုင်ပြောက်ကျား တို့၏  ခြုံခိုတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းတို့ကိုလည်း ခံရသေးသည်။ ရေရိုင်း၊ မြေရိုင်း၊ ရာသီအရိုင်းတို့တွင် သူတို့တစ်တွေလည်း စိတ်ဆင်ရိုင်းများ ဝင်သွားကြကာ မုန်ယိုသွားပေတော့သည်။ ခရီးသည်တွေကလည်း သူတို့တစ်တွေကို မုန်းတီးမှုအရောင်လွှမ်းသောမျက်လုံးနီနီများဖြင့် ကြည့်ကြသကဲ့သို့ သူတို့တော်တော်များများက စာနာမှုကင်းကာ ဆက်ဆံလာကြသည်။ အပြန်အလှန်နိယာမ၏ သီအိုရီ။

ကားသမားများက ထိုဒဏ်ကို ကျင့်သားရနေပေမယ့် ခရီးသွားတွေအတွက် စိတ်ချမ်းသာမှု အလွန်နည်းသော ခရီးတစ်ခု။ ဤအဖြစ်အပျက်များတို့သည် ရှမ်းလူမျိုး တေးရေး၊ တေးဆို စိုင်းဆိုင်မောဝ် ၏ “အို … မြောက်ပိုင်းလမ်း၊ မူဆယ် – နမ့်ခမ်းလမ်း၊ အို … မြောက်ပိုင်းလမ်း ” ဆိုပြီး၊ မူဆယ်ကားလမ်းကို ခံစားသီကျူးထားသကဲ့သို့ ကျွန်တော်၏ ကြုံတွေ့၊ ခံစားမှုများတို့ကို ဖော်ပြခြင်းဖြစ်ပါသည်။

အခြား ကျွန်တော်မသိတာ ဥာဏ်မမီတာတွေ အများကြီးရှိပါသည်။ မယုံမရှိပါနှင့်၊ ထိုအခက်အခဲ၊ ကြန့်ကြာမှု၊ စိတ်ဆင်းရဲမှုကြောင့်လည်း စီးပွားတိုးတက်ကာ ဝင်ငွေလမ်းဖြောင့်ကြသူတွေကလည်း ရှိသေးသည်။ ပေးကမ်းသင့်သည့်သူကို ပေး၊ ကျွေးသင့်သူကို ကျွေး၊ ဒေါနတောင်ကြောကား လမ်းတစ်လျှောက် စိတ်ဆင်းရဲမှုအထွေထွေကို ကြိတ်မှိတ်ခံပြီး ထိုင်းနယ်စပ်မှ လူသုံးကုန်ပစ္စည်းများ၊ ရန်ကုန်မြို့မင်္ဂလာဈေးသို့ ရောက်သည်နှင့် အတိုင်းအတာတစ်ခုအရ အမြတ်အစွန်းက ထွက်၍ လာတော့သည်။

မြဝတီမြို့ ပြည်သူလူထုတို့လည်း အသစ်အသစ်သော မဝတဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တပ်မှ အရာရှိကြီးငယ်တို့ကိုလည်း အဆင်ပြေသလို ဆက်ဆံရသည်။ ဒီကြားထဲပြည်သူ့စစ်ဆိုသော အဖွဲ့အစည်းက ရှိသေးသည်။

တစ်ခါတစ်ရံ ကရင်လက်နက်ကိုင်တပ်ဖွဲ့ကအဝေးမှ လက်နက်ကြီးဖြင့် မြဝတီမြို့တွင်း သို့ ပစ်ခတ်သော အခါများတွင်လည်း မြေစာပင်အဖြစ် ပြည်သူတို့မှာ ပဋိပက္ခ၏သားကောင်များ ဖြစ်ရရှာပြန်သည်။

သာမန်ဝန်ထမ်းတစ်ဦး၏ သားဖြစ်သော ကျွန်တော်သည် အများစုဖြစ်သည့် ဝန်ထမ်းတို့၏ နယ်စပ်ဒေသ ဘဝ အခက်အခဲများတို့ကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပါ။ ၁၉၉၁ခုနှစ် ၊နိုဝင်ဘာလ တတိယပတ်အရောက် ကျွန်တော် ရန်ကုန်တက္ကသိုလ်သို့ အရောက်သွားပြီး ပထမနှစ်ကျောင်းသားအဖြစ် မှတ်ပုံတင်ရတော့မည်။ စိတ်လှုပ်ရှားနေသော ကျွန်တော့်ကို ကြည့်၍ မိခင်သည် ကြည်နူးနေသည်။

ထိုအချိန်က မြဝတီမြို့တွင်နေထိုင်သော ကျွန်တော်သည် ကားတန်းဖြစ်မည့်နေ့ကို ရင်ခုန်စွာဖြင့်  မျှော်လင့်မိနေပါတော့သည်။ ကားတန်းသတင်းကို စုံစမ်းရသည်။ ရှေ့အပတ်တွင် ကားတန်းဖြစ်မည်ဟုလည်း ကြားသည်။ ဘာပဲဖြစ်ဖြစ် ပစ္စည်းများကို ထုပ်ပိုးပြီး ကျွန်တော် အဆင်သင့်ပြင်ထားသည်။

‘ဖိုးခွား၊ အိမ်ရှေ့မှာ မင်းရဲ့ဧည့်သည်တစ်ယောက် ရောက်နေတယ်ဟေ့’ ဆိုသော အသံကြောင့် အိမ်သန့်ရှင်းရေး လုပ်လက်စ ကိုဖြတ်ပြီး ကျွန်တော်အိမ်ရှေ့သို့ ထွက်ခဲ့ပါသည်။ ဝင်ငွေနည်းသော ဝန်ထမ်းတစ်ဦးဖြစ်သည့် ကျွန်တော်၏မိခင်သည် မြို့ထဲတွင် အိမ်ကို မငှားနိုင်ပါ။ စာနာတတ်သည့် ရှမ်းအမျိုးသမီးကြီးနှင့် မိသားစုက ကျယ်ဝန်းသော ၎င်းတို့၏ အိမ်ဝင်းထဲ အနောက်ခြမ်းတွင် အဆောက်အဦငယ်တစ်လုံးရှိ၍ ကျွန်တော်တို့ကို နေစေခြင်းဖြစ်ပါသည်။

ကျွန်တော့်နာမည်ကို ခေါ်သောကြောင့် အိမ်ရှင်အမျိုးသမီးကြီးက ခြံတံခါးကိုဖွင့်ပေးပြီး ဧည့်သည် ဆိုသူ တစ်ဦး ခြံ၏ အနောက်ပိုင်း ကျွန်တော်နေထိုင်သော အဆောက်အဦငယ်လေးဘက်သို့ လမ်းလျှောက်၍ လာသည်။ ဆံပင်ကတိုတို ၊နေကာမျက်မှန်တပ်ထားပြီး ဘောင်းဘီရှည် အနက်ရောင် ကို ဝတ်ထားသည်။ အင်္ကျီက စပို့ရှပ်လက်တို။ မည်သူမှန်း ကျွန်တော်လည်း ချက်ချင်းမသိ၊ သေချာကြည့်လိုက်တော့မှ ‘ဟာ… ဟေ့ကောင်’ ဟု ကျွန်တော့်နှုတ်မှ  အံ့သြစွာဖြင့် ရေရွတ်ပြီး သူ၏ အမည်ကို ခေါ်လိုက်မိသည်။ သူသည် ကျွန်တော့် သူငယ်ချင်းပါ။ အသားလည်း အတော့်ကိုညိုသွားသည်။

‘မင်း ဘယ်လိုလဲ၊ ဘယ်လိုပုံစံနဲ့ ဒီမြို့ကို ဝင်လာသလဲ’ ဟု ကျွန်တော်က မေးတော့

‘အေး… ပြည်သူ့စစ်တွေစောင့်တဲ့ ဂိတ်ကနေ ငါ ပိုက်ဆံပေးပြီးဝင်လာတာ’ တဲ့။
‘မင်းကို ဘယ်သူမှ စစ်ဆေးမေးမြန်းတာတွေ မလုပ်ဘူးလား’ ဟု ကျွန်တော်က မေးသောအခါ

‘ဟာ… ပိုက်ဆံပေးလိုက်ပြီးကတည်းက ငါ့ကို ဘာမှ မမေးတော့ဘူး။ အဲဒါနဲ့ ငါလည်း စံမလော့ (မြဝတီမြို့တွင် အသုံးပြုသော ဆိုက်ကားတစ်မျိုး) ငှား၊ ခရစ်ယာန်ဘုရားကျောင်းကို တစ်ခါတည်းသွားပြီး မင်းတို့မိသားစုတွေ ဘယ်မှာနေသလဲဆိုတာ စုံစမ်းပြီး လာခဲ့တာပါ သူငယ်ချင်းရယ်။ ‘

စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ခြင်းနှင့် သူက အလောတကြီးစကားပြောသည်။

‘သူငယ်ချင်း ငါ့ကို ကူညီပါဦး။ ငါ တက္ကသိုလ်တက်ဖို့ ပြန်လာတာကွ’ဟု သူက အားကိုးတကြီးဖြင့် ကျွန်တော့်ကို ဆိုပါသည်။

‘အားလုံးမင်းအတွက်နောက်ကျသွားပြီလို့ထင်တယ်’ဟူ၍သာကျွန်တော်စိတ်မကောင်းခြင်းများစွာနဲ့ပြောမိ
လိုက်ပါသည်။’ကိုယ်သင်ရမယ့်ဘာသာရပ်နဲ့ခုံနံပါတ်တောင်အသီးသီးကျနေပြီကွာ
။ရှေ့လာမယ့်ကားတန်းဆိုရင်ငါလည်းရန်ကုန်ကိုဆင်းရတော့မယ်’ဟုကျွန်တော်ဆက်၍ပြောလိုက်သောအခါ’အေးလေ၊ငါလည်းမင်းနဲ့အတူရန်ကုန်ကို

လိုက်မယ်။ငါလုပ်နိုင်သမျှအနေအထားကိုအကောင်းဆုံးကြိုးစားမယ်ကွာ။ပြီးတော့ရန်ကုန်တက္ကသိုလ်ကဘာသာရပ်တွေကိုဆုံးဖြတ်ပေးတဲ့ဌာနကို

သွားပြီးငါ့အခြေအနေမှန်ကိုပြောပြမယ်။ရသလောက်အသနားခံကြည့်တာပေါ့ကွာ။’

ကျွန်တော်တကယ်စိတ်မကောင်းပါ။သူသည်လည်းအလွန်မှရန်ကုန်တက္ကသိုလ်ကိုတက်ချင်ရှာပေလိမ့်မည်။
‘အေးရန်ကုန်ကိုအတူသွားကြတာပေါ့ကွာ။
ဟိုရောက်မှမင်းအတွက်ဘယ်လိုအကောင်းဆုံးဖြစ်မယ်ဆိုတာကိုကြိုးစားကြတာပေါ့ကွာ’
ဟူ၍ကျွန်တော်သူ့ကိုအကောင်းဆုံးအားပေးပြီးဘားအံမှတစ်ဆင့်ရန်ကုန်သို့အတူသွားကြရန်
ကျွန်တော်တို့ဆုံးဖြတ်လိုက်ကြသည်။

ထိုင်း-မြန်မာနယ်စပ်တစ်နေရာရှိကရင့်လက်နက်ကိုင်အခြေခံစခန်းတစ်ခုတွင်လအတော်ကြာ
သူနေထိုင်ခဲ့ရသောအတွေ့အကြုံကိုကျွန်တော့်အားပြောပြသည်။
နယ်အစုံမှလူငယ်အစုံတို့၏ဘဝအတွေ့အကြုံအထွေထွေ။စရိုက်ပေါင်းစုံတို့နှင့်သူထိတွေ့ဆက်ဆံခဲ့ရသည်။
စစ်သင်တန်းကာလအတွင်းစည်းကမ်းဖောက်ဖျက်မိ၍သင်တန်းမှူး၏အပြစ်ပေးခြင်းခံခဲ့ရသည်ကိုလည်း
သိခဲ့ရသည်။’ငါလည်းဟိုရောက်မှအဆိုတော်ထူးအိမ်သင်နဲ့ရက်တော်တော်ကြာအတူတူနေခဲ့ရသေးတယ်။
ငါတောင်သူ့ကိုထမင်းဟင်းချက်ပေးရသေးတယ်’ဆိုပြီးထိုအတွေ့အကြုံအတွက်သူဂုဏ်ယူနေပုံရသည်။

‘အေးငါအိမ်မှာမရှိကတည်းကငါ့ညီလည်းမိဘတွေဆုံးမလို့မရတော့ဘူးဆိုပြီးလူကြုံနဲ့
အကြောင်းကြားလာတာနဲ့ငါလည်းအတော့်ကိုစိတ်မကောင်းဖြစ်သွားတယ်ကွာ။
လွန်ခဲ့တဲ့(၃)လလောက်ကအမေလည်းငါ့ဆီကိုရောက်လာတယ်။ညီမလေးလည်းအရွယ်ရောက်လာပြီလေ။
သူ့အတွက်လည်းငါစိတ်ပူတာပေါ့ကွာ။မင်းလည်းသိတဲ့အတိုင်းပဲ၊တစ်အိမ်လုံးကလည်း
ငါ့ကိုအရမ်းမျှော်လင့်ထားတာ။’ကျွန်တော်ငြိမ်၍သူပြောသမျှကိုဆက်၍နားထောင်နေမိသည်။

‘ကျန်းမာရေးအရအဖေလည်းဘာအလုပ်မှလုပ်နိုင်တော့တာမဟုတ်ဘူး။အမေရှာသလောက်လည်း
အိမ်အတွက်ဘယ်လောက်ငမှာလဲသူငယ်ချင်းရာ။ငါ့ရဲ့ယုံကြည်ခံယူချက်နဲ့မိသားစုဘဝကို
လဲရမလိုတောင်ဖြစ်သွားပြီသူငယ်ချင်း။’

သူကဆက်၍’အခုငါပြန်လာတာလည်းကျောင်းပြန်တက်ပြီးဘွဲ့တစ်ခုတော့ရအောင်ယူမယ်ကွာ။
တည်ငြိမ်တဲ့မိသားစုဘဝကိုငါရအောင်ပြန်တည်ဆောက်မယ်လို့ငါဆုံးဖြတ်ထားတယ်။’

(၂)နှစ်ကျော်ကျော်ကာလသူတွေ့ကြုံလိုက်သောအတွေ့အကြုံကသူ့အားဘဝခံယူချက်
အသစ်တစ်ခုကိုပေးလိုက်ပြီဖြစ်ကြောင်းကျွန်တော်သဘောပေါက်မိသည်။
သူကျွန်တော့်ကိုမပြောပြချင်သောခါးသီးမှုများစွာလည်းရှိပေလိမ့်မည်။ထိုအတွက်လည်း
ကျွန်တော်မမေးလိုပါ။မမေးရက်ပါ။

‘ငါနယ်စပ်(KNU)စခန်းကထွက်လာပြီးမဲဆောက်မြို့ပတ်ဝန်းကျင်ကရွာတစ်ရွာမှာ(၄)
လလောက်အလုပ်လုပ်ခဲ့တယ်။ရသလောက်ငွေစုပြီးအဲဒါလေးနဲ့ငါကျောင်းတက်မယ်ကွာ။’

‘တစ်ခါ၊ငါဘယ်လူကြီးကိုမှမသိမပေးဘဲတိတ်တိတ်ကလေးမဲဆောက်ကိုထွက်ခဲ့တယ်ကွာ။ မတတ်နိုင်ဘူးလေ၊မိသားစုစားဝတ်နေရေးကပိုပြီးအရေးကြီးတယ်မဟုတ်လားကွာ။’

ထိုကာလအတွင်းမိမိတို့နေရပ်သို့(KNU)တို့၏နယ်စပ်စခန်းများမှပြန်လာကြသူတို့သက်ဆိုင်ရာအာဏာပိုင်တို့ကိုသတင်းပို့ကြရသည်။

စစ်ထောက်လှမ်းရေးတို့ကသူတို့သိလိုသောသတင်းအချက်အလက်များတို့ကိုမေးမြန်းပြီးနေအိမ်အသီးသီးသို့ပြန်၍ပို့ပေးကြသည်။

သူသည်လည်းမြဝတီမြို့ရှိအာဏာပိုင်တာဝန်ရှိသူများအားသွားရောက်သတင်းပို့ရသည်။ရည်ရွယ်ချက်ဖြစ်သောကျောင်းတက်ရန်

အတွက်ပြန်လာခြင်းဖြစ်ကြောင်းကိုလည်းမေတ္တာရပ်ခံကာထိုကိစ္စကိုပါကူညီရန်အတွက်တင်ပြသည်။လိုအပ်သောစုံစမ်းစစ်ဆေးမှုများရှိသောကြောင့်

ယခုလာမည့်ကားတန်းအပတ်နှင့်သူကျွန်တော်နှင့်အတူမပါလာခဲ့။

၁၉၉၁ခုနှစ်၊ဆောင်းဦးကာလတွင်ကျွန်တော်ရန်ကုန်မြို့သို့ရောက်ရှိပြီး၊
လှိုင်တက္ကသိုလ်ဝင်းအတွင်းစိတ်လှုပ်ရှားမှုများစွာနှင့်၁၉၉၁ခုနှစ်၊ဥပဒေပညာသင်နှစ်အတွက်ကျောင်းအပ်သည်။တောက်ပနေသောမျက်လုံးအစုံတို့ဖြင့်ကျွန်တော်နှင့်

အရွယ်မတိမ်းမယိမ်း၊အရွယ်တူများကိုလှိုင်တက္ကသိုလ်ဝင်းအတွင်းတွေ့ရသည်။

မြန်မာနိုင်ငံတစ်နံတစ်လျားရှိတက္ကသိုလ်အသီးသီးတို့
သည်တစ်ခါပြန်၍ကျောင်းသူ/သားတို့ဖြင့်စိုစိုပြည်ပြည်ဖြစ်ခဲ့ပြန်သည်။
တက်ကြွလန်းဆန်းနေသောခြေလှမ်းအစုံစုံတို့သည်အသီးသီးသောတက္ကသိုလ်ပရဝုဏ်အတွင်း
တစ်ဖန်ပြန်၍ရှင်သန်သက်ဝင်ခဲ့ပြန်ပါပြီ။

အရေးအခင်းနောက်တစ်ခါပြန်ဖြစ်ရင်အစိုးရကဘယ်နှနှစ်ပိတ်ဦးမလဲမသိဘူးဆိုသော
သံသယတွေကလည်းရှိကြသည်။အေးလေ၊ဘာပဲဖြစ်ဖြစ်ကျောင်းဖွင့်တဲ့အချိန်တက်ရတာကလည်း
အမြတ်ပဲပေါ့ဟုနောင်တော်အစ်ကို၊အစ်မကြီးများကကျွန်တော်တို့ကျောင်းသား/သူအသစ်တို့ကိုအားပေးသည်။

တစ်ခါ၊ရန်ကုန်တက္ကသိုလ်ကြီးအားကျွန်တော့်အတွက်ဘဝအနာဂတ်ပျိုးခင်းသစ်လေးတစ်ခုလို့
ကိုရင်ထဲကလှိုက်လှိုက်လှဲလှဲကြီးကိုယုံကြည်ခံယူမိပါသည်။
ကျွန်တော်တက္ကသိုလ်ကျောင်းတက်၍တစ်လကျော်ကျော်လောက်မှာ
ကျွန်တော်အဆောင်မရခင်ခေတ္တနေထိုင်ရသောပြည်လမ်းပေါ်ရှိယုဒဿန်ရိပ်သာသို့မိတ်ဆွေတစ်ဦးနှင့်
သူရောက်ရှိလာသည်။

‘သူငယ်ချင်း၊ငါသမိုင်းဘာသာတွဲရတယ်။ဘားအံမှာပြန်ပြီးတက်ရင်တက်၊ဒါမှမဟုတ်ရင်စာပေးစာယူနဲ့
ဆက်သွားချင်ရင်သွားဆိုပြီးတက္ကသိုလ်ဘာသာရပ်တွေကိုအမှတ်အလိုက်ခွဲပေးတဲ့ဆရာက
ငါ့ကိုပြောလိုက်တယ်’

ဘာမျှမတတ်နိုင်တော့။သူအလွန်တက်ချင်သောနိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှင့်
ရန်ကုန်တက္ကသိုလ်မြေပရဝုဏ်အတွင်းသူအခြေချခွင့်တကယ်မရှိရှာတော့ပါ။

‘အေးလေ..ရှိတဲ့လှေ၊လှော်ခွင့်ရတဲ့တက်နဲ့အကောင်းဆုံးခရီးရောက်အောင်လှော်ပေတော့
သူငယ်ချင်းရေ၊လှော်ကြတာပေါ့ကွာ’ဟူ၍သာကျွန်တော်ဆိုနိုင်တော့သည်။

ဆယ်တန်းစာမေးပွဲမဖြေခင်၊ကျွန်တော်တို့နှစ်ဦးသားရည်မှန်းချက်ကြီးကြီးမျှော်လင့်ချက်အပြည့်ဖြင့် ‘နိုင်ငံတကာဆက်ဆံရေး'(InternationalRelation–IR)ကိုစာလုံးကြီးကြီးဖြင့်ရေးကာနှစ်ဦး သားစာကြည့်စားပွဲရှေ့တွင်ကပ်ထားပြီးဝီရိယထားကာစာအတူကျက်ခဲ့ကြသည်။သန်းခေါင်ယံလွန်ခဲ့သည့်
ညများစွာ။သူ့အတွက်လည်းဒီအိပ်မက်ကြီးဟာတစ်စစီပျက်စီးသွားပေပြီ။ကျွန်တော်လည်းထိုဘာသာရပ်ကို
အမှတ်မမီဘဲဥပဒေပညာကိုတော့သင်ကြားခွင့်ရသည်။ဘာပဲဖြစ်ဖြစ်၊ကျွန်တော်က
ရန်ကုန်တက္ကသိုလ်ကိုတက်ခွင့်ရသေးသည်။သူ့အတွက်ဆုံးရှုံးမှုတွေတစ်ခုစီ၊တစ်ခုစီဆင့်၍
လာသလိုမျိုးခံစားသွားရှာသည်။’အကောင်းဆုံးကိုဆက်ပြီးရင်ဆိုင်သွားပါကွာ’ဟူ၍သာ
ကျွန်တော်သူ့အားအားပေးနိုင်တော့သည်။မကြာမီသူဘားအံသို့ပြန်သွားသည်။

ပထမနှစ်ကျောင်းသားတစ်ဦးအနေဖြင့်အရာရာအားလုံးကျွန်တော့်အတွက်
အသစ်တွေချည်းသာ။ရေသစ်၊မြေသစ်၊မိတ်ဆွေသစ်၊အတွေ့အကြုံအသစ်၊ပြီးတော့
ရင်ခုန်သံအသစ်များစွာဖြင့်ကျွန်တော်လှိုင်တက္ကသိုလ်ဝင်းအတွင်း၊အချိန်တွေကုန်မှန်းမသိ၊
ကုန်ဆုံးသွားခဲ့သည်။ကျောင်းစာတွေထက်မြန်မာနိုင်ငံတစ်နံတစ်လျားမှရောက်ရှိလာသော
ကျွန်တော့်လိုပထမနှစ်ကျောင်းသား/သူအသစ်တို့နှင့်¤င်းတို့မိသားစုများ၏ရေခံမြေခံ
ဘဝဖြတ်သန်းခရီးကြမ်းမှုများအား(၄)နှစ်နီးပါးပညာမသင်ကြားခဲ့ရသောကာလတွေအတွင်း
သူတို့တစ်တွေအချိန်တွေကိုအသုံးပြုခဲ့ကြပုံ၊ကြေးစားကုန်းရွာသားတင်မောင်မြင့်ထံမှ
အင်းသူအင်းသားတွေ၏ဘဝအထွေထွေနှင့်နေထိုင်စားသောက်ပုံ၊
ကချင်လူမျိုးနန်းတိန်းနော်လာ၏ဖားကန့်ကျောက်စိမ်းတွင်းများအတွင်း
သာမန်ကျောက်တူးသမားတို့၏ရုန်းကန်မှုတွေ၊မိုးကုတ်သူ၊မိုးကုတ်သားတွေ၏ပတ္တမြား၊
နီလာ၊ဗဟုသုတတွေကိုကွယ်လွန်သွားခဲ့ပြီဖြစ်သောကိုအောင်ဝိုင်းထံမှအလွန်
တန်ဖိုးရှိလှသောအတွေ့အကြုံတွေရရှိခဲ့သည်။

တက္ကသိုလ်ပညာရေးမှသင်ကြားမပေးနိုင်သည့်၊လောကစာသင်ခန်းပြင်ပမှဘဝအထွေထွေတို့၏
စာမျက်နှာများကိုကျွန်တော်တစ်မျက်နှာချင်း၊စာတစ်လုံးစီဖတ်နေခဲ့သည်။

ရန်ကုန်အမိတက္ကသိုလ်ကြီးသည်သာစစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကိုကျွန်တော်တို့
အမိမြန်မာနိုင်ငံ၏ရင်သွေးကျောင်းသူ/သားအသီးသီးအားသန္ဓေတည်ကာမွေးဖွားခွင့်ပေးလိုက်သည်ဟု
ကျွန်တော်ရင်နှင့်လေးလေးနက်နက်ယုံကြည်သည်။
တစ်ခါ၊၁၉၉၁ခုနှစ်၊နိုဝင်ဘာလအတွင်းဒေါ်အောင်ဆန်းစုကြည်နိုဗယ်ဆုရရှိသောအကြောင်းအရာကို
အခြေခံပြီးရန်ကုန်တက္ကသိုလ်ပင်မ၌လှုပ်ရှားမှုထပ်မံပေါ်ပေါက်လာပြန်သည်။

နဝတစစ်အစိုးရသည်သူတို့၏သုံးနေကျဖြစ်သောဆေးခါးကြီးနည်းဗျူဟာ
အတိုင်းတက္ကသိုလ်တွေကိုတစ်ခါထပ်၍ပိတ်လိုက်ပြန်သည်။နိုင်ငံရေးလှိုင်း၊
ဒီရေအရှိန်မြင့်နေသောကျောင်းသားလူငယ်ထုနှင့်ပညာရေးကိုတည်ငြိမ်စွာဖြင့်လိုလားခရီးပြုလိုသော
ပညာသင်သားတို့အကြား၊ခံစားမှုတွေကွဲပြားသွားခဲ့ပေပြီ။မဆုံးနိုင်သည့်ကျောင်းပိတ်ရက်တွေ..။
ဒီတစ်ခါဘယ်လောက်များထပ်ပြီးရှည်လျားလိမ့်ဦးမည်နည်း။

ဘာဆိုဘာမျှကျွန်တော်တို့ကျောင်းသားထုကြီးမတတ်နိုင်ပါ။ဒီစစ်အစိုးရပြုသမျှ
တစ်တိုင်းပြည်လုံးကပြည်သူလူထုတွေခါးစည်းပြီးခံကြပေဦးတော့ဟူ၍သာ။
ကျွန်တော့်ရဲ့ရည်မှန်းချက်တွေလည်းတစ်ခါထပ်ပြီးမှေးမှိန်သွားသကဲ့သို့နင့်နင့်သီးသီးခံစားခဲ့ရပြန်သည်။

ရင်းနှီးမှုတွေတောင်နက်နက်ရှိုင်းရှိုင်းလေးလေးနက်နက်မရှိကြသေးခင်ကာလမှာ
ပညာသင်ဖော်သူငယ်ချင်းတို့အသီးသီးသောအဆောင်ခန်းတံခါးတွေကိုနာကျင်စွာဖြင့်ပိတ်ပြီး၊နေရပ်
အသီးသီးသို့ကျောင်းဖွင့်ရက်တွေမရောက်သေးမီပြန်ကြရပြန်သည်။မျက်လုံးချင်းတွေစကားပြောစ၊
ရင်ခုန်နေသူအသီးသီးတို့လည်းသံယောဇဉ်အဖူးအညှောင့်လေးတွေကိုရင်မှာကိုယ်စီသိမ်းလွယ်၍
တက္ကသိုလ်မြေကိုတစ်ခါခွဲခွာခဲ့ရပြန်ပြီကော။

ကျွန်တော်ကတော့ကျောင်းပိတ်ရက်ကာလအတွင်းစာပေအမျိုးမျိုးသုတ၊
ရသအစုံဖတ်ဖြစ်ခဲ့သည်။မိမိကိုယ်ကိုမိမိစိတ်မလေမိအောင်ကြိုးစား၍အချိန်ကိုအသုံးပြုခဲ့သည်။

ဒီတစ်ကြိမ်ကျောင်းပိတ်ရက်ကတော့နှစ်နှင့်ချီကာမကြာမြင့်ခဲ့တော့ပါ။
အစိုးရကကျောင်းတွေပြန်ဖွင့်မည့်ရက်တွေကိုတစ်ခါကြေညာပြန်သည်။ ထူးခြားတာကတော့ယခုအကြိမ်ရန်ကုန်တက္ကသိုလ်ဝင်းထဲကိုဝင်လိုက်သည်နှ
င့်ခြံစည်းရိုးအသစ်တွေတော်တော်များများကိုတွေ့ရပါသည်။စစ်အစိုးရခမျာလည်းသူ့နည်းသူ့ဟန်နဲ့
ဘယ်လိုအတွေးအခေါ်တွေများနှင့်ရန်ကုန်တက္ကသိုလ်ဝင်းကြီးအတွင်းစည်းရိုးတံတိုင်းတွေ၊
အများကြီးတားထားပစ်လိုက်ပါသည်။

သို့သော်ကျွန်တော်တို့ကျောင်းသားထု၏စည်းလုံးမှု၊အင်သစ်အားသစ်အတွေးသစ်များနှင့်အတူ
စစ်အာဏာရှင်အားဆက်၍ရွံမုန်းနေသည်တွေကိုတော့ဘယ်လိုမှအာဏာရှင်စစ်ဘီလူးများမတားဆီး၊
မချုပ်နှောင်နိုင်ခဲ့ပေ။

ဆက်လက်ဖော်ပြပါမည်။

အပိုင်း (၁)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, လူများ၊ ရုပ်ပုံလွှာများ, အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်