စင်ကာပူရောက် မြန်မာမဲဆန္ဒရှင်များ မိုင်ဝက်ကျော် တန်းစီပြီး ကြိုတင်မဲ ပေးတာ ၂ ရက် ရှိ

October 17, 2015

စင်ကာပူရောက် မြန်မာမဲဆန္ဒရှင်များ မိုင်ဝက်ကျော် တန်းစီပြီး ကြိုတင်မဲ ပေးတာ ၂ ရက် ရှိ

(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၅

လွန်ခဲ့တဲ့ ၁၅ အောက်တိုဘာ ရက် နံနက်ဆန်းကတည်းက စင်ကာပူ  အော်ချတ်မြို့လည်နားက မြန်မာသံရုံးရှေ့မှာ နိုဝင်ဘာရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးဖို့ မြန်မာနိုင်ငံသားတွေ တန်းစီပြီး စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။

ယမန်နေ့က  ဒုတိယမြောက်နေ့ အောက်တိုဘာ ၁၆ မှာတော့ဖြင့် လူတန်းကြီးဟာ မီတာ ၈၀၀ ကျော် (မိုင်ဝက်) ခန့် ရှည်လျားသွားတာကို တွေ့ခဲ့ရပါတယ်။

ကြိုတင်မဲပေးသူ မြန်မာပြည်သား ၂ သောင်းကျော်မှာ ပထမနေ့က လူ ၂ ထောင်နီးပါးသာ မဲပေးနိုင်ခဲ့ပါတယ်။

မြန်မာသံရုံး ၀န်ထမ်းတွေ မည်သို့ စီစဉ်ထားသည်ကို မသိကြရပေမယ့် မြန်မာပြည်သူတွေကတော့ တဦးကို တဦး ပြန်လှန်ရှင်းပြ သတင်းဖြန့်ဝေပြီး မဲပေးမှုကို လျင်မြန်ချောမွေ့အောင် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေကြပါတယ်။

အောက်တိုဘာ ၁၅   ကနေ ၁၈ အထိ မဲပေးတာကို စီစဉ်ထားတယ်ဆိုပေမယ့် လာမယ့် စနေ တနင်္ဂနွေမှာ အလုပ်အားရက် လာကြမယ့် မြန်မာတွေ သည်ထက် ပိုများပြားနိုင်တယ်လို့ ဆိုကြပါတယ်။

စင်ကာပူ စာနယ်ဇင်းတွေကတော့ အဝေးက သူတို့တိုင်းပြည်အရေးအတွက် အခုလို သံရုံးမှာ တန်းစီပြီး လူထောင်သောင်းချီ မဲပေးကြတာကို ထူးခြားသတင်းအဖြစ် တင်ဆက်ပေးနေကြပါတယ်။

ဓာတ်ပုံတွေက စင်ကာပူ ချယ်နယ်နယူးအေးရှားက ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓာတ်ပုံသတင်း, နိုင်ငံတကာရေးရာ

One Response to စင်ကာပူရောက် မြန်မာမဲဆန္ဒရှင်များ မိုင်ဝက်ကျော် တန်းစီပြီး ကြိုတင်မဲ ပေးတာ ၂ ရက် ရှိ

  1. ဝတ်မှုန်(စင်ကာပူ) on October 19, 2015 at 5:33 am

    မျက်ရည်ကျမိပါတယ်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်