ကိုသန်းလွင် – ထွက်ပေါက်၊ ဆန္ဒပြခြင်းနှင့် သစ္စာစောင့်သိခြင်း

October 20, 2015

ကိုသန်းလွင် – ထွက်ပေါက်၊ ဆန္ဒပြခြင်းနှင့် သစ္စာစောင့်သိခြင်း
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၅

(၁)

၁၉၇၀ ခုနှစ်က အမေရိကန်နိုင်ငံ ပရင်စတန်တက္ကသိုလ်မှ Albert Hirschman ဆိုသူက Exit, Voice and Loyalty ဆိုသော စာအုပ်တအုပ်ရေးသားထုတ်ဝေခဲ့ပါသည်၊ “ထွက်ပေါက်၊ ဆန္ဒပြခြင်းနှင့် သစ္စာစောင့်သိခြင်း” ပာူ၍ မြန်မာပြန်သော် ရနိုင်လိမ့်မည် ထင်ပါသည်၊ ဤစာအုပ်တွင် လူတို့၏ လူ့ကျင့်ဝတ် နှင့် နိုင်ငံရေး၊ စီးပွားရေး တို့ ဆက်စပ်ပုံများကို ဖော်ပြထားပါသည်။

စာရေးသူမှာ စီးပွားရေး ပညာရှင်တယောက်ဖြစ်ပြီး နိုင်ငံပေါင်းများစွာမှ ကြီးမားသော ကုမ္ပဏီကြီးများ အကြောင်း သူတို့အောင်မြင်ပုံ၊ ကျဆုံးပုံများကို လေ့လာထားချက်များ ပါဝင်ပါသည်၊  သူ့စာအုပ်တွင် နိုက်ဂျီးရီးယားနိုင်ငံ မီးရထားကုမ္ပဏီကြီးလုပ်ငန်းများ ဖရိုဖရဲ မအောင်မမြင်ဖြစ်ရပုံများမှ အစပြုပြီး အမေရိကန် သမတ ဂျွန်ဆင် လက်ထက် ဗီယက်နမ်စစ်ပွဲ ပေါ်လစီကြောင့် သဘောထားကွဲလွဲသော အရာရှိကြီးများ နှုတ်ထွက်ကြပုံ အထိ အကြောင်းစုံပါဝင်ပါ သည်။

ကုမ္ပဏီ တခုသည် အကြောင်းပေါင်းစုံကြောင့် လုပ်ငန်းများ မအောင်မမြင် ဖြစ်နေပြီဆိုပါစို့၊ မိမိ၏ အနာဂါတ်မှာ ဤ ကုမ္ပဏီတွင် ဆက်နေပါက ကောင်းစရာမရှိတော့ဟုယူဆသော ၀န်ထမ်းများအဖို့  ရွေးချယ်စရာ သုံးခုဖြစ်လာပါသည်၊ Exit ဆိုသည်မှ ထိုကုမ္ပဏီမှ ထွက်ရန်ဖြစ်ပါသည်၊ Voice ဆိုသည် မှာ ကုမ္ပဏီတွင် ဆက်လက် အလုပ်လုပ်ပြီး မှားယွင်းနေသော အချက်များကို အများသိအောင် ထုတ်ဖော်ပြောဆိုပြီး အမှားများကို ပြင်ဆင်ရန် ကြိုးစားခြင်းပင် ဖြစ်ပါသည်၊ နောက်ဆုံးတခုမှာ ကုမ္ပဏီ အပေါ် တွင် သစ္စာရှိစွာ (Loyalty) နေပြီး မှားယွင်းနေသော ပေါ်လစီများကိုလစ်လျူရှုကာ ဆက်လက် အလုပ်လုပ်ကိုင် ပေးရန်ပင်ဖြစ်သည်။

မစ္စတာ ပာာ့ရှမင် ၏အယူအဆတွင် များစွာသော ကုမ္ပဏီများ၌ အမှားကို ထုတ်ပြဝေဖန်တတ်သော Voice များကို ယေဘူယျအားဖြင့် မကြားရတတ်ပါဟုဆိုသည်၊ လူအများစုမှာ သစ္စာရှိခြင်းကိုသာ ပြသကြပြီး ဝေဖန်ရေး အလုပ်ကို မလုပ်လိုကြပေ၊ အကယ်၍ အလုပ်ထွက်ကြသည် ဆိုလျင်လည်း လူနည်းစု ဖြစ်သောကြောင့်  ကုမ္ပဏီကို မထိခိုက်တတ်ပေ၊ အကယ်စင်စစ် အမှားတွေကို အမှန်ဖြစ် အောင် လုပ်ဖို့ဆိုလျင် မိမိအန္တရာယ်ကို မကြောက်မရွံ့ရဲဝံ့စွာ ဆန္ဒထုတ်ဖော်ကြရန် လိုပါသည်။

ထိုစာအုပ်မှ လမ်းသုံးသွယ်ကို နမူနာယူ၍ (Freeman Dyson) ဆိုသော အင်္ဂလန်မှ ဖီလိုဆိုဖါတဦးက ပြီးခဲ့သည့် ကမ္ဘာစစ်အတွင်းကာလ ဂျာမနီနိုင်ငံ၏ လူ့အဖွဲ့အစည်း၏သမိုင်းကို ကောက်ချက်ချ ဆန်းစစ်ပြခဲ့ပါသည်။

ဂျာမဏီ နိုင်ငံ မှ ကွန်တမ်သီအိုရီ၏ ဖခင်ကြီး Max Planck ကို ၁၈၅၈ ခုနှစ်တွင် မွေးဖွားပြီး ၁၉၃၃ ခု အာဏာရှင် ဟစ်တလာ အာဏာရရှိချိန်တွင် သူသည် အသက် ဂ၅ နှစ်အရွယ် ကမ္ဘာသိ သိပ္ပံပညာရှင် ကြီး ဖြစ်နေပါပြီ၊ သူသည် ၁၉၃၃ ခု မေလတွင် အာဏာရှင်ကြီး ဟစ်တလာနှင့် တကြိမ်သာ တွေ့ဖူးပြီး သူက ဂျာမန် သိပ္ပံနှင့် ဓာတုဗေ နိုဘယ်ဆုရှင် Fritz Haber ကို အလုပ်ထုတ် မပြစ်ပါရန် မေတ္တာရပ်ခံ ခဲ့ပါသည်၊ မစ္စတာဟေဘာ မှာ နိုဘယ်ဆုရ ဓါတုဗေဒ ပညာရှင်တဦးဖြစ်ပြီး လေထဲမှနိုက်တြိုဂျင် ဓါတ်ငွေ့ ကို မြေသြဇာ အဖြစ်ပြောင်းလဲပေး နိုင်သောနည်းကို တီထွင်တွေ့ရှိခဲ့သူတဦးဖြစ်ပါသည်၊ ဟစ်တလာ ကဂျာမန်သိပ္ပံပညာ ၏ဂုဏ်ထူးဆောင် ပုဂ္ဂိုည်ကြီးကိုဒေါသတကြီး အော်ဟစ် ကြိမ်းမောင်း ခဲ့ပါသည်။

ပလန့် က ဂျာမဏီ နိုင်ငံတော်အပေါ် သစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတွင်းမှာပင် ဆက်လက် နေထိုင် ခဲ့ပါသည် (Loyalty) ၊ ထိုအချိန်တွင် သူ့မိတ်ဆွေ အိုင်းစတိုင်းမှာ ဂျာမဏီနိုင်ငံ ကို စွန့်ခွါဘို့ဆုံးဖြတ်ပြီး အမေရိကားသို့ ရောက်ရှိနေပါပြီ (Exit)၊ ၁၉၃၃ ခုနှစ်နောက်ပိုင်း ဟစ်တလာ အာဏာ လွှမ်းမိုးချိန် တွင် မိမိဆန္ဒကို ထုတ်ဖေါ်ခြင်း (Voice) ဆိုသည်မှာ မရှိတော့ပါ၊ အာဏာရှင်ကို ခုခံ ပြောဆိုသူသည် မိမိ ဖါသာ သေကြောင်းကြံသည်နှင့် အတူတူပင် ဖြစ်ပါလိမ့်မည်၊ မက်(စ) ပလန့် မှာ ဂျာမဏီ နိုင်ငံ အပေါ် သစ္စာရိုမလား၊ ဟစ်တလာကိုဆန့်ကျင်ခုခံမလားဆိုသော မေးခွန်း ၂ ခုကြား တွင်ဗျာများ နေခဲ့ပါသည်၊

နိုင်ငံအပေါ် သစ္စာစောင့်သိ ရိုသေခြင်းနှင့် မကောင်းဆိုးရွားကို ခုခံကာကွယ်ခြင်း နှစ်ခုတို့ကို မည်သို့ ခွဲခြားနိုင်ပါသ နည်း၊ ပလန့် အနေဖြင့်ဂျူးလူမျိုးတို့ကို သန်းချီ၍ သတ်ရန် အမိန့်ပေးသည့် ခေါင်းဆောင် ကြီးကို အရိုအသေပေး နေရခြင်းလည်းဖြစ်ပါသည်။ နိုင်ငံကြီးတခုလုံး အာဏာရှင် တဦး၊ စစ်လိုလား သူတဦး၏ လက်ထဲသို့ ကျရောက်နေချိန်တွင် ဘာလုပ်ရမည် ဆိုသည်ကို လွယ်ကူစွာ စဉ်းစား၍ မရနိုင် ပါ။ သားဖြစ်သူ အာဝင် ပလန့် (Erwin Planck) မှာ အာဏာရှင်ကြီး၏ရုံး ဗုံးပေါက်မှုတွင် ပါဝင်ပါတ် သက် သည်ဆိုကာ ရုံးတော်မှ ပဌမ သေဒဏ် ချမှတ်လိုက်ပါသည် (Resistance) ၊ ဖခင်လုပ်သူ၏ တောင်းပန်မေတ္တာရပ်ခံမှုကြောင့် သေဒဏ်မှ လွတ်မြောက်ခဲ့ရပါသည်၊  အာဏာရှင်ကို ဆန့်ကျင်ခဲ့ သော သား နှင့် သစ္စာရှိခဲ့သော ဖခင် နှစ်ယောက်စလုံး  ဇတ်သိမ်းမကောင်းခဲ့ကြပါချေ၊ သိပ္ပံပညာ ရှင်ကြီး အဖို့ ဘ၀တခုလုံးအတွက် အရွေးချယ်မှားခဲ့သညိဟုဆိုရပါလိမ့်မည်၊

ပာာ့ရှမင် ၏ စာအုပ်က နျူးကလီးယားဗုံးထုတ်လုပ်ရေး သမိုင်းမှာလည်း စဉ်းစားစရာ အချက်များစွာကို ပေးခဲ့ပါသည်၊ ၁၉၃၈ ခုနှစ်နျူးကလီးယား ဖစ်ရှင်း(Nuclear Fission) ကို Mrs Meitner မှတွေ့ပြီးချိန်မှ စပြီး အမေရိကန် အစိုးရသည် လူအား ငွေအား အချိန် မြောက်များစွာ အကုန်ခံ၍ နျူးကလီးယာဗုံး တည်ဆောက်ရန်၊ ကြိုးစားစီစဉ်ခဲ့ကြပါသည်။

နျူးကလီးယာဗုံးကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကမ္ဘာသူကမ္ဘာသားတို့၏ အသက်အန္တရာယ်ကြီးမားပုံကို သိပ္ပံပညာရှင်များ ကနဦးစပြီး သဘောပေါက်ခဲ့ကြပါသည်၊ ထိုအချိန်က နိုင်ငံရေးခေါင်းဆောင်များအဖို့ ဗုံးဖြစ်မြောက်လာရေးမှာ မသေချာသေးပါ၊ ၁၉၃၉ခုနှစ်ကသာ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီနှင့် ဆိုဗီယက်နိုင်ငံမှ သိပ္ပံပညာရှင်များစုပေါင်းပြီး ဤဖြစ်လာနိုင်သည့် အန္တရာယ်များ အကြောင်းကို ကမ္ဘာ့လူသားထု သိအောင် ဆန္ဒထုတ်ဖော် နိုင်ခဲ့ကြပါလျင်၊ ဗုံးထုတ်လုပ်ရေးစီမံကိန်းကို ဟန့်တားနိုင်ခဲ့ ကြပါလျင် (Voice) ကမ္ဘာကြီးတွင် ယခုလို နျူးကလီယာဗုံး အန္တရာယ် ရှိနေလိမ့်မည်မဟုတ်ပါ၊  အစိုးရ ခေါင်းဆောင်ပိုင်းမှာ တကယ့် အန္တရာယ်ပြုမည့် အနုမြူဗုံး ပေါ်ပေါက်လာမည်ပာု မသိသေးသော ကြောင့် သတင်း ထိန်းချုပ်မှု များလည်း မရှိသေးပါ၊ သိပ္ပံပညာရှင်များက မိမိတို့ အစိုးရများအပေါ် သစ္စာရှိမှု (Loyalty)  ကိုသာရွေးချယ်ခဲ့ကြပါသည်၊ ထို့ကြောင့်လည်း ယခုအခါ အနုမြူဗုံးအန္တရာယ်နှင့် ဆုံးနိုင်ဘွယ်ရာမရှိသော လက်နက် အပြိုင်အဆိုင် တပ်ဆင်နေကြသည့် ကမ္ဘာကြီးဖြစ်ပေါ် လာရခြင်း ဖြစ်ပါသည်။

၁၉၄၀ မှ ၁၉၄၅ ခုနှစ်အတွင်း အစိုးရများ၏ လျှို့ဝှက်ချက် ထိန်းချုပ်မှုများကြောင့် အများသိအောင် ဆန္ဒထုတ်ဖေါ် ခြင်း (Voice) ဆိုသည်မှာ မဖြစ်နိုင်တော့ပါ။

ဂျာမဏီနိုင်ငံ၏ အနုမြူဗုံး အစီအစဉ်တွက် သစ္စာစောင့်သိမှု (Loyalty) ကို ရွေးချယ်ခဲ့သူ နောက်တဦး မှာ ၀ါနာပိာုက်စင်ဘတ် (Mr Heisenberg) ဖြစ်ပါသည်၊ သူက မက်(စ)ပလန့် ကို ဂျာမဏီ၏ အနုမြူဗုံး တည်ဆောက်ရေး အစီအစဉ် တွင်ပါဝင်ရန် ဖိတ်ခေါ် ခဲ့ပာန်တူသည်၊ ဤတကြိမ်တွင် ပလန့်က(Exit) ငြင်းပယ်ခဲ့သည်။

(၂)

စာရေးသူမစ္စတာဟာ့ရှမင် က Exit ဆိုသည်မှာ အမေရိကန် နိုင်ငံသားတို့၏ တန်ဘိုးထားအပ်သော ထုံးစံတခုဖြစ်နေပါပြီဟု ဆိုသည်၊ ၁ရ ရာစုနှစ်များက သန်းနှင့် ချီသော ဥရောပ တိုက်သားတို့သည် မိမိ နေရပ်ကို စွန့်ခွာပြီး ရေကြည်ရာ မြက်နုရာကို ရှာဖွေရမည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်၊ ထို့ကြောင့်သာ ယခု အမေရိကားဟုခေါ်နေကြသော နိုင်ငံကြီး ပေါ်ပေါက်လာရခြင်းဖြစ်သည် ဟု ဆိုကာ လူတို့၏ နေရာဟောင်းကို စွန့်ပြီး အသစ်ရှာဖွေခြင်း အလေ့အထကို ထောပနာပြုခဲ့သည်။

ဗုဒ္ဓလောင်းလျာ သိဒ္ဓထ္ထမင်းသားသည် ဖခင်၏နန်းတော် အ၀န်းအ၀ိုင်းအတွင်း နေထိုင်ခြင်းဖြင့် ဆင်းရဲခြင်း ကုန်ရာ နိဗ္ဗာန်ကို ရှာဖွေမတွေ့ ရှိနိုင်ဟု ဆုံးဖြတ်ချက် ချခဲ့သည်၊ မိမိ အသိုင်းအ၀ိုင်းကို စွန့်ခွာပြီး ဥရုဝေလ တောသို့ ချဉ်းကပ်ခါ အမှန်တရားကို ရှာဖွေခဲ့သည်။
ပုဂံခေတ်တွင် ဖခင်အလောင်းစည်သူမင်းနှင့် အစ်ကိုဖြစ်သူ မင်းရှင်စော ကို သတ်ခါ ဘုရင် ဖြစ်လာ သည့် နရသူမင်း ၏ လုပ်ရပ်များကို မကြေနပ်သဖြင့် ပံ့သကူ မထေရ်မြတ်သည် သီဟိုဋ္ဌ်ကျွန်းသို့ ထွက်ခွာ နေထိုင်ခဲ့သည်။

မြန်မာ စစ်အစိုးရ လက်ထက်တွင် တိုင်းပြည်၏အခြေအနေကိုကြည့်ခါ့  မိမိတို့၏ အနာဂါတ်သည် မကောင်းနိုင်ဟု ဆုံးဖြတ်ခါ ပြည်သူပြည်သား အများအပြားသည် နိုင်ငံရပ်ခြားသို့ ထွက်ခွါ ခဲ့ကြသည်၊ ၁၉၈၈ ခု နောက်ပိုင်းတွင် နိုင်ငံအတွင်းတွင် ဆန္ဒပြနေခြင်းဖြင့် (Voice) လိုရာမရောက်နိုင်ကြောင်း သဘောပေါက်ခဲ့ကြသည့် တိုင်းသူပြည်သား အများအပြား Exit ကိုရွေးချယ်ကြရပြန်သည်၊

သစ္စာရှိမှု (Loyalty) ဖြင့် ပါတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိအောင် ဆက်လက် နေကြ သူများ လည်း ရှိသည်၊ အုပ်ချုပ်သူနှင့် ပူးပေါင်းခါ စီးပွားလမ်းပွင့် သူများလည်း ရှိသည်၊ ဤသို့ ထွက်ခွာခြင်း (Exit) ဆန္ဒပြခြင်း (Voice) နှင့် သစ္စာရှိမူ အပေါ် မူတည်၍ လူတို့၏ ဘ၀များစွာ ပြောင်းလဲခဲ့ကြရသည်၊ လူတဦးချင်းစီကို လိုက်၍ ဆုံးဖြတ်ချက်များချကြရာတွင် ရည်ရွယ်ချက်ကွဲပြားခြင်း၊ အသိဥာဏ် ဆန္ဒစွဲ များ ရှိကြသော်လည်း လူ၏ဗီဇမှာ မိမိဘ၀အခြေအနေ ကို ပိုမိုကောင်းမွန်အောင်သာ ဆောင်ရွက်ကြ မည် ဖြစ်ပါ၏၊ အခြေအနေက ယိုယွင်းပျက်စီးနေပြီဆိုလျင် ပါတ်ဝန်းကျင် ပိုမိုကောင်းမွန်သည်ဟု ယူဆရသော နေရာသစ်ဆီ သို့သာ ရွှေ့ပြောင်းလိုကြပေလိမ့်မည်၊

သင်္ဘောကပ္ပတိန် တယောက်အဖို့ မိမိတာဝန်မှာ ခရီးသည်များကို လိုရာခရီးသို့ အပြီးတိုင်ပို့ဆောင်ရေး ပင်ဖြစ်သည်၊ ရေယို နေသောသင်္ဘောတစီးတွင် အခြေအနေမဟန်တော့ပါက လူအများသည် ထို သင်္ဘော ကိုစွန့်ခွါကြတော့ မည်သာဖြစ်၏၊ ယိုနေသောအပေါက်ကို ဖါထေးပေးနိုင်လျင် လူတွေက လည်း သင်္ဘောကိုစွန့်ခွါ ရန်ဝန်လေးကြပေလိမ့်မည်၊

မစ္စတာဟာ့ရှမင်းမှာ စီးပွားရေးပညာရှင်ဖြစ်သောကြောင့် သူ့စာအုပ်မှာ စီးပွားရေးဆိုင်ရာ ပြဿနာများ အကြောင်းကိုလည်း ဝေဆာနေအောင်ရေးပြထားပါသည်၊ ကျွန်တော့်အနေဖြင့်မူ နိုင်ငံတည်ဆောက် ရေး အတွက် ပေါ်လစီချမှတ်သူများအဖို့ ဤစာအုပ်ကိုဖတ်ရှုသင့်သည်ဟုထင်မြင်မိသည်၊ ဤစာအုပ်မှ ပြည်သူပြည်သား တို့၏စိတ်ဓါတ်အား လွှမ်းမိုးစေသော အကြောင်းရပ်များကို နားလည်ခြင်းဖြင့် ပြည်သူတို့၏ ဘ၀များကို စာနာတတ်စေလိမ့်မည်ဟု ယူဆမိပါသည်၊

ကိုသန်းလွင်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်