fbpx

မိုက်ခဲစိန် – စင်ကာပူက မြန်မာတွေရဲ့ အနိုင်မခံစိတ်ဓာတ် အာဆီယံအားလုံးကို လှုပ်နှိုးလိုက်ပြီ

October 20, 2015
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မိုက်ခဲစိန် – စင်ကာပူက မြန်မာတွေရဲ့ အနိုင်မခံစိတ်ဓာတ် အာဆီယံအားလုံးကို လှုပ်နှိုးလိုက်ပြီ
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၅

ဗိုလ်ချုပ်အောင်ဆန်း၏ အနိုင်မခံကဗျာကို မြန်မာတိုင်းသိပါတယ်။ ” ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်”  ဆိုတဲ့အတိုင်း၊ စင်ကာပူက မြန်မာမဲဆန္ဒရှင်တွေဟာ ရက်ပေါင်းများစွာ မီတာပေါင်းများစွာ တန်းစီပြီး မိမိတို့၏ အဝေးရောက်ဆန္ဒမဲကို မရောက်ရောက်အောင် မဆုတ်မနစ် ကျးကုတ်ကျားခဲ မဲပေးခဲ့ကြပါတယ်။ ဒီလိုပြောတာ အလွန်မဟုတ်ဘူး။ မြန်မာအစိုးရနဲ့ သံရုံးမှာ မဲစာရင်းအမှား၊ မဲဆန္ဒရှင်စာရင်းအလွဲတွေနဲ့ ကြုံကြရသော်လည်း လွယ်လွယ်နဲ့ နောက်ဆုတ် အညံ့ခံခြင်း လုံးဝမပြုကြပဲ မိမိတို့ အသံ၊ မိမိတို့ အခွင့်အရေး ရပိုင်ခွင့်ကို စွဲစွဲမြဲမြဲ မဆုတ်မနစ် တောင်းဆို ရယူပြီး အမှားကို ဖယ်၊ အမှန်ကို ဖော်ထုတ် ရယူ အောင်လံထူ လိုက်ကြတာကို တွေ့ကြရလို့ ဖြစ်ပါတယ်။

 

စင်ကာပူက မြန်မာပြည်သူတွေဟာ မျက်ရည်တွေနဲ့ သွေးချွေးတွေနဲ့ မိမိတို့အရေး မိမိတို့ အနာဂတ်အရေးကို တဦးအရေး အများအရေး တခဲနက် ရေးသားမော်ကွန်းတင်လိုက်ကြတာ ဖြစ်လို့ စင်ကာပူနည်းတူ ပြည်ပရောက် မြန်မာတွေဟာ ‘ဒို့ မြန်မာ … ဒါ ငါဒို့ မြန်မာ” လို့ အကျယ်လောင်ဆုံး အမြင့်မားဆုံး လွှင့်ထူလိုက်ခြင်းလို့ ဆိုရင် မမှားပါ။ ပုံမှန်အားဖြင့် ခွင့်ယူ အချိန်ပေးပြီး မဲဆန္ဒ သွားပေးယုံ သက်သက်တင် မဟုတ်ဘဲ မှားနေ လွဲနေတာတွေ ရင်ဆိုင်ရတာကို (အော် … ဟုတ်ကဲ့ပါ၊ နောက်တခါများကျမှပဲ) လို့ ခေါင်းငုံလှည့်ပြန်တာ မဟုတ်၊ ဒီအလွဲအမှားကို အညံ့မခံ အနိုင်မခံ စိတ်ဓာတ်နဲ့ တွန်းလှန် ဖြိုချ ပြင်ဆင် ရယူလိုက်နိုင်တာဟာ ရှေ့ဆက်သွားရဦးမယ့် ရွေးကောက်ပွဲခရီးလမ်းဆုံးအတွက် စံနမူနာ ဖြစ်တယ်၊ နည်းလမ်းစိတ်ဓာတ်လည်း ဖြစ်နေပါတော့တယ်။

အဲသည်မှာ မိုးမခကာတွန်းကဏ္ဍမှာ လိုင်လုဏ်က ရေးသားရာမှာ မြန်မာတွေ သူတို့တိုင်းပြည်အတွက် နိုးကြားတက်ကြွ လုံလ၀ီရိယရှိရှိ အနိုင်မခံစိတ်ဓာတ်နဲ့ မီတာပေါင်းများစွာ တန်းစီစောင့်ဆိုင်း မဲပေးနေကြတာကို စင်ကာပူက ငါးခြင်္သေ့ကြီးက ကြည့်ပြီး ငို ရှာတယ်လို့ ဆိုပါတယ်။ သူတို့တိုင်းပြည်ကြီး ကောင်းစားသွားရင် ငါတို့ကို ထားပြီး ပြန်ကုန်ကြတော့မယ် တဲ့ပေါ့ ဗျာ။ ဒါကို စင်ကာပူ မျိုးချစ်ဝက်ဆိုက်တခုကယူပြီး ဒါကို ဘာသာပြန် တင်ပြတဲ့အပြင် သူတို့အာဘော်ထုတ်ပုံက “ဒီကောင်တွေက ငါတို့ဆီမှာ အလုပ်လာလုပ်နေရတာ၊ ငါတို့က ကျေးဇူးရှင်တွေမို့ သူတို့တွေမရှိရင် ငါတို့ပြည် ပျက်မလေး ဘာလေးနဲ့ ရာရာစစ ပြောစရာလား” တဲ့လေ။

 

တကယ်တန်း ပြောကြကြေး ဆိုရင် အာဆီယံတိုင်းပြည်တွေကြားထဲမှာ ၂၅ နှစ်ကျော် (၆၂ က ရေတွက်သော် အနှစ် ၅၀ကျော်) အာဏာရှင်တွေ တပါတီစနစ်တွေကို ကြံ့ကြံ့ခံပြီး နိုင်ငံရေး နိုးကြားသူ မျိုးဆက်ဟာ မြန်မာတွေပါ။ မြန်မာတွေ လှုပ်နိုးလို့ အာဆီယံတွေ ခုံလှုပ်ပြီး အာဆီယံနိုင်ငံတွေ အသီးသီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကုန်ကြတာကြောင့် ၁၉၈၈ နောက်ပိုင်း ပါတီစုံရွေးကောက်ပွဲတွေနဲ့ အာဆီယံနိုင်ငံသားတွေ ပြောင်းလဲမှု အရသာမြည်းစမ်း ကြုံတွေ့ကြရတာပါ။ အကြိမ်ကြိမ် ရှုံးနိမ့်မှုတွေ ဖိနှိပ်မှုတွေကြားမှာ အကြိမ်ကြိမ် ဦးခေါင်းသည် သွေးသံတို့နဲ့ ရဲရဲနီသော်ငြား ငါ၏ဦးခေါင်းသည် မညွတ် ဆိုတဲ့ မြန်မာတွေဟာ အာဆီယံနိုင်ငံသားတွေအတွက် (အာဏာပိုင်အစိုးရတွေကို မဆိုလိုပါ) ရှေ့ဆောင်လမ်းပြပါ။ ပေါ်ပေါ်တင်တင် ၀န်မခံပဲနေချင် နေမယ် အာဆီယံနိုင်ငံသားတွေကြားမှာ မြန်မာတွေကို အခြားသူတွေက တိတ်တခိုးတော့ ကြိတ်ပြီးတော့ အတုယူ အားကျခဲ့ကြတယ်လို့ ဆိုချင်တယ်။

သာဓကတခုပြောချင်တာက စင်ကာပူကိုပဲ ဖြစ်ပါတယ်။ ၂၀၀၇ ရွေှ့ဝါရောင်မှာ စင်ကာပူရောက် မြန်မာတွေ နိုင်ငံရေးရေချိန်တက်ပြီး တက်ကြွ နိုးကြား လှုပ်ရှားလာတော့ စင်ကာပူအစိုးရ ဘာလုပ်သလဲ။ တက်ကြွသူ မြန်မာအများအပြားရဲ့ ဗီဇာတွေ နေထိုင်ခွင့်တွေကို ကန့်သတ် ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့် အချို့မြန်မာတွေ ပြည်တော်ပြန်တာ၊ အခြားနိုင်ငံတွေကို ပြောင်းရွှေ့တာတွေ ဖြစ်ခဲ့ရတယ် မဟုတ်လား။ အစကတော့ စင်ကာပူအစိုးရက မြန်မာစစ်အစိုးရနဲ့ ပင်းတယ်၊ ယိုင်းတယ် ဆိုခဲ့ကြတာ။ တကယ်ကတော့ စင်ကာပူဟာ အတိုက်အခံဒီမိုကရေစီစနစ် မရှိအောင် ဖိနှိပ်ချိုးဖဲ့ထားတာကနေ မြန်မာတွေ နိုးကြားမှုကြောင့် သူတို့ရဲ့ အနိုင်မခံ၊ အရှုံးမပေးစိတ်ဓာတ် ပြင်းထန်မှုကြောင့် သူတို့စင်ကာပူနိုင်ငံသားတွေကြား မြန်မာတွေလို လွတ်လပ်တဲ့ ဒီမိုကရေစီစိတ်ဓာတ် ကူးဆက်ပြန့်နှံ့ကုန်မှာ စိုးလို့ နိုင်ငံရေးပေါ်လစီနဲ့ ဖြတ်တောက်ခဲ့တာလို့ ဆိုလိုက်ချင်ပါတယ်။ စင်ကာပူနဲ့တကွ အာဆီယံက နိုင်ငံသားတွေဟာ မြန်မာတွေရဲ့ ဒီမိုစိတ်၊ အညံ့မခံ အနိုင်မခံ ကြံ့ကြံ့ခံ တိုက်ပွဲဝင်တဲ့စိတ်ကို ကူးစက် ရယူ နိုးထလာနေပြီလို့ ဆိုချင်ပါတယ်။

အနီးနားဆုံးက အင်ဒိုနီးရှား ရွေးကောက်ပွဲကို ကြည့်ပါ။ စစ်အုပ်စု မျိုးဆက်ကနေ အရပ်သားအုပ်စုတွေ အစိုးရအဖြစ် ပြောင်းလဲကူးယူသွားပါပြီ။ မလေးရှားမှာလည်းပဲ တပါတီအာဏာရှင်တွေ နေရာလု အာဏာချင်း ခွဲဝေနေရာကနေ မဲဆန္ဒရှုင်တွေရဲ့ မေးခွန်းထုတ်မှုကို ရင်ဆိုင်နေရပါပြီ။ ထိုင်းတွေကိုယ်တိုင်ကလည်း ဘုရင်အုပ်စု၊ ခရိုနီအုပ်စု၊ စစ်အုပ်စုတွေကို မေးခွန်းထုတ် ဆန္ဒပြတိုက်ပွဲဝင်လွန်းလို့ ရွေးကောက်ပွဲတောင် မလုပ်ရဲတာဟာ သက်သေတခုပါပဲ။

ကဲ … သည်တော့ ငါတို့ မြန်မာတွေရဲ့ အနိုင်မခံစိတ်ဓာတ်၊ သခင်အောင်ဆန်းစိတ်ဓာတ်ဟာ အာဆီယံအားလုံးကို တထစ်ပြီး တထစ် တဆင့်ပြီး တဆင့် လှုပ်နိုးနေတယ်။ ငါတို့ နိုင်ငံသားစိတ်ဓာတ်ကို အခြားနိုင်ငံသားတွေကလည်း အားကျ အတုယူနေကြတယ်ဆိုတာ ရဲရဲကြီး ယုံကြစေချင်ပါတယ်။

မြန်မာတွေကလည်း စင်ကာပူမှာ မပြန်ကြသေးလည်း ဘာအရေးလဲ၊ သူတို့တွေဆီက အားကျဂုဏ်ယူရတဲ့ ဧည့်နိုင်ငံသားတွေအဖြစ်နဲ့ ရှေ့တန်း ရောက်သည်ထက် ရောက်လာကြမှာ မြေကြီးလက်ခတ် မလွဲပါခင်ဗျား။

(Photo links – http://www.allsingaporestuff.com/article/myanmar-nationals-think-spore-will-collapse-without-them )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မိုးမခကို ပေးတဲ့စာ, သူတို့အာဘော်, နိုင်ငံတကာရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)