အချစ်ရဲ့ ကိုယ်ရံတော် နဲ့ မိတ်ဆက်တဲ့ အိန္ဒြာမိုး

October 20, 2015

 အချစ်ရဲ့ ကိုယ်ရံတော်  နဲ့ မိတ်ဆက်တဲ့ အိန္ဒြာမိုး
 
ရန်နောင်(ဗိုလ်တထောင်)  မိုးမခ    အောက်တိုဘာ  ၂၀  – ၂၀၁၅
 
          တေးသံရှင် အဆိုတော် အိန္ဒြာမိုး ၏ ဒုတိယတေးစီးရီးသစ်  ဖြစ်သည့် ` အချစ်ရဲ့ကိုယ်ရံတော် ´ တေးစီးရီးသစ်
မိတ်ဆက်ပွဲကို အောက်တိုဘာ (၁၅) ရက်နေ့က စီးတီးစတား ဟိုတယ် တွင် ကျင်းပပြုလုပ်ခဲ့သည်။
           တေးစီးရီးမိတ်ဆက်ပွဲတွင် တေးရေးဆရာ အကယ်ဒမီဂီတမှူး
ဝင်းကို၊ ဂစ်တာဇော်မင်း၊ အဆိုတော် စိမ်းမို့မို့ နှင့် ဆရာဦးအောင်သျှံဝိုင်း တို့မှ
အမှတ်တရ မုဒိတာ စကားများပြောကြားပေးခဲ့ကြသည်။
          တေးသံရှင်
အိန္ဒြာမိုး မှလည်း တေးစီးရီး ထုတ်လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
          အချစ်ရဲ့
ကိုယ်ရံတော် တေးစီးရီးတွင် တေးရေး အကယ်ဒမီဦးဝင်းကို မှ တစ်ကိုယ်တော်ရေးစပ်သီကုံးပေးထားပြီး  တေးသီချင်းစုစုပေါင် (၁၀)ပုဒ်ပါဝင် သည်။ ဂီတမှူး
ဂစ်တာဇော်မင်း ၏ ZMG Music Band နှင့် တီးခတ်ပြီး ဂစ်တာဇော်မင်းမှပင် ဒီဗီဒီကာရာအိုကေ
ကို ပုံဖော်ရိုက်ကူးပေးထားသည်။ သရုပ်ဆောင်များမှာ အိန္ဒြာမိုး၊ဇန်ဇန်၊ပက်ထရစ်တင်ထွန်း၊
D & Z Dancer Group ၊ကိုကို၊  ယွန်း နှင့်
သိင်္ဂီတို့ ဖြစ်သည်။ တေးစီးရီး မူပိုင်မှာ ယမင်းရွှေစင်နှင့် နီနီမာတို့ ဖြစ်ပြီး အောက်တိုဘာ
(၂၅) ရက်နေ့တွင် ထင်းရှူးရိပ်တေးသံသွင်းမှ ဖြန့်ချိမည်ဖြစ်သည်။
          ထိုတေးစီးရီး
ဖြန့်ချိသောနေ့တွင် ဦးဥတ္တမ ပန်းခြံ ဟက်ပီးဝေါလ် ၌ ပထမဦးဆုံး ဝယ်ယူသူ အယောက်(၁၀၀)
ဦးအား အမှတ်တရ လက်ဆောင်များပေးအပ်၍ တေးသံရှင်များ၊ သရုပ်ဆောင်များမှ လက်မှတ်ရေးထိုး
သီဆိုဖျော်ဖြေပေးကြမည်ဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:News, Yan Naung (Bo Ta Htaung)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်