ကာတွန်းဝင်းအောင် – ကာတွန်ဆန်းထွန်း ကွယ်လွန်သည့် ၀မ်းနည်းမှတ်တမ်း

October 29, 2015

ကာတွန်းဝင်းအောင် – ကာတွန်ဆန်းထွန်း ကွယ်လွန်သည့် ၀မ်းနည်းမှတ်တမ်း

(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ အောက်တိုဘာ ၂၉ ၊ ၂၀၁၅

ကာတွန်း ဦးဆန်းထွန်း ည(၁း၃၀)က ရန်ကုန် ဆေးရုံကြီးမှာ ကွယ်လွန်သွားကြောင်း ဦးဆန်းထွန်းရဲ့ညီအရင်းဖြစ်သူ သူငယ်ချင်း ဘိုဘိုထွန်းက ဒီနေ့မနက်မှာ ဖုန်းဆက်ပြောပါတယ် ။ အကိုနေမကောင်းဖြစ်နေတာကြာပြီ ဒီတခါ ဆေးရုံတင်တာ မျှော်လင့်ချက်မရှိမှန်းသိနေတယ်။ မကြာခင် မကြားချင်တဲ့ သတင်းကြားရ တော့မယ်ဆိုတာ ကြိုသိပေမယ့် တကယ်ဆုံးပြီဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။

အကို့လက်ရာတွေကို ကျနော်အထက်တန်း ကျောင်းသားဘဝမှာကတည်းက ရင်းနီးကျွမ်းဝင်ခဲ့တာပါ ဆယ်။ ကျော်သက်အရွယ်မှာ အကို့ရဲ့ ပို့စ်ကဒ်လေးတွေက ချစ်စေတမန် အောင်သွယ်တော်လေးတွေလည်း ဖြစ်ခဲ့တယ် ။ ပုံလေးတွေကိုလည်း ကူးရေးခဲ့ဖူးတယ် ။ အကို့ ရုပ်ပြကာတွန်းစာအုပ်တွေကလည်း တခေတ်တခါက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တယ်။ အကို့ညီ ကာတွန်းဘိုဘိုထွန်းနဲ့ ကျနော်က ငယ်သူငယ်ချင်းဆိုတော့ အကိုနဲ့ ငယ်ငယ်ကတည်းက ရင်းနီးခင်မင်ခဲ့တယ်။ အကိုဟာ မာန်မာနကင်းစင်သူ စိတ်နှလုံးကောင်းမွန်သူ အနုပညာဖန်တီးမှုအားကောင်းသူမို့ နှမျောမိတယ်။ ဒီနှစ်ကာတွန်းဆရာကန်တော့ပွဲမှာ ကန်တော့ခံဆရာတယောက်လျှော့သွားတဲ့ အတွက်လည်း ဝမ်းနည်းမိတယ်။ အကိုကောင်းရာသုကတိဘုံ မှာ ငြိမ်းချမ်းစွာအနားယူနိုင်ပါစေ ။

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကာတွန်း ၀င်းအောင်, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments