မောင်လူပေ – RIT ကျောင်းသားတွေရဲ့ ၇၆ ခုနှစ်က အသံ၊ ခုထိလည်း ပဲ့တင်ထပ်နေဆဲ

October 30, 2015

– RIT ကျောင်းသားတွေရဲ့ ၇၆ ခုနှစ်က အသံ၊ ခုထိလည်း ပဲ့တင်ထပ်နေဆဲ
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၅

အဖြစ်အပျက်က ၁၉၇၆ခု ဇွန်လ ၆ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။အဲဒီအချိန်က အရေးအခင်းတွေ တန်းစီ ဖြစ်နေချိန်။ ၁၉၇၄မှာ ဦးသန့်အရေးအခင်း။ ၁၉၇၅မှာ အလုပ်သမားအရေးအခင်းနဲ့။ ဒီအဖြစ်အပျက်ဖြစ်တဲ့နှစ် ၁၉၇၆ မှာ မှိုင်းရာပြည့် အရေးအခင်းတွေ  ဖြစ်နေကြတယ်။ ကျောင်းသားတွေက နိုင်ငံရေးရေချိန်တက်နေကြပြီ။ တိုင်းပြည်စီးပွားရေးကလည်း မကောင်းတော့ ကုန်ဈေးနှုန်းတွေတက်။

ဒီလိုအခြေအနေတွေကြောင့် အစိုးရက ကျောင်းသားတွေကို ချွေးသိပ်တဲ့အနေနဲ့ တက္ကသိုလ်ကျောင်းတွေမှာ နိုင်ငံတိုးတက်ရေးအတွက် ကျောင်းသားများရဲ့အသံကို နားထောင်ဆွေးနွေးမယ် ဆိုပြီး လုပ်လာတာ။

ပထမဆုံး တိ/မွေးကုကျောင်းကို သွားကြတယ်။ အောင်မြင်ခဲ့တယ်။ ဒုတိယမြောက်အနေနဲ့ အာအိုင်တီကို ရောက်လာတာပါပဲတဲ့။

လာတဲ့သူတွေက ပညာရေးဝန်ကြီးဒေါက်တာခင်မောင်ဝင်း၊ နိုင်ငံတော်ကောင်စီဝင် ဦးလှဟန်၊ ဦးလှမိုး၊ ဦးသက်ဆွေလေးနဲ့ ဦးတင်ထွဋ္ဋ်တို့ ပါတယ်။ ကျောင်းအပေါ်ထပ်က စက်မှုခန်းမမှာ ကျင်းပတယ်။

ကျောင်းက လမ်းစဉ်လူငယ်တွေနဲ့ကြိုတင် ဇာတ်တိုက်ထားတာကို သိသွားတဲ့ ကျောင်းသားတွေက ဆွေးနွေးပွဲမှာ အတင်းဝင်ပြီးဆွေးနွေးကြတယ်တဲ့။

ဒုတိယမြောက် ဝင်ပြီး ဆွေးနွေးတဲ့ ပခုက္ကူက ကိုခင်အောင်က

” ခင်ဗျားတို့ အခု ကုလားထိုင်ပေါ်က ဆင်းသွားကြပါ။ တိုင်းပြည်ကောင်းစားလိမ့်မယ်။ ပွင့်ပွင့်လင်းလင်း မေးပါဆိုလို့ မေးရဦးမယ်။ ကျွန်တော်တို့ဆီ ဘာရည်ရွယ်ချက်နဲ့ လာခဲ့တာလဲ။  MI တွေလည်း တော်တော်များများ ပါမှာပေါ့။ ကျွန်တော်က ကြောက်တတ်တယ်ဗျာ။ ကျွန်တော်ပြောမှာတွေက RIT ကျောင်းသား တယောက် ပြောမယ့်စကားတွေ မဟုတ်ဘူး။ ပြည်သူ့ရင်ထဲမှာ ပြည့်သိပ်နေတဲ့ စကားတွေကို ပြည်သူ့ကိုယ်စား ပြောမှာ။ အဖမ်းခံရမှာ ကြောက်ပေမဲ့ ပြည်သူ့အတွက် ကျွန်တော်အဖမ်းခံရဲပါတယ်။ နိုင်ငံရေး လှည့်ကွက်တွေကို မယုံဘူး။ ၁၉၆၇ တရုတ်ဗမာ အရေးအခင်းကို ကြည့်ရင် သိတာပဲ။ ဒီနေ့ အလုပ်သမား အရေးအခင်းဖြစ်တာ တနှစ်ပြည့်ပြီ။ ဒီနေ့မှာ ကျောင်းသားတွေ ပြောချင်တာ ပြောဆိုပြီး လာထိုင်ကြည့်နေတာလား။ ကျွန်တော်တို့ပြောတဲ့စကားသံတွေ ဒီခန်းမထဲမှာပဲ ပျောက်ကွယ်မှာစိုးတယ်။ ပြောချင်တာ ပြောရရင် တထောင့်တည ပြောမကုန်ဘူး။ ပြောမကုန်တဲ့စကားတွေ ပြောနိုင်အောင်  အခုန နောင်တော်ကြီး ပြောသွားသလို ကျောင်းသားသမဂ္ဂ ဖွဲ့ခွင့်ပေးပါ။ ”

စန္ဒာဝင်းခိုင် ဆိုတဲ့ ကျောင်းသူက

” ကျွန်မကတော့ ဒီနေ့လွတ်လပ်ရေးနေ့လို့ သတ်မှတ်ပါတယ်။ ကျွန်မတို့ဆီမှာ စာပေလွတ်လပ်ခွင့်မရှိပဲ ဒီနေ့မှာမှ အကိုကျောင်းသားများ ပြောတဲ့အတိုင်း လွတ်လွတ်လပ်လပ် ပြောခွင့်ရလို့ပဲ။ အရေးအခင်းဖြစ်တိုင်း သေနတ်သုံးပြီး မဖြေရှင်းကြပါနဲ့။ အဲဒါလည်း ကြောက်လို့မဟုတ်ပါဘူး။ တဗိုလ်ကျရင် တဗိုလ်တက်မှာပဲ။ အဖမ်းခံကျောင်းသားများကို ပြန်လွှတ်ပေးပါ။ ခုဆိုရင် စာမေးပွဲ နီးနေပါပြီ။ အလကားနေရင်း နစ်နာပါတယ်။   ဒီလိုအခွင့်အရေးမျိုးတွေ တောင်းဆိုပေးမဲ့ ကျောင်းသားသမဂ္ဂဖွဲ့ပေးပါ။ ”

ရှမ်းလူမျိုး ကျောင်းသား တဦးက

” ကျွန်တော် ဒီနေ့ နိုင်ငံခေါင်းဆောင် ဖြစ်ချင်တယ်။ စစ်ထဲဝင်ရင် ကောင်းမလား စဉ်းစားနေတယ်။ ပညာရေးဝန်ကြီး ဖြစ်ချင်တယ်။  ပညာရေးတက္ကသိုလ် သွားရမလား။ စစ်ထဲ ဝင်ရမလား။  ကျန်းမာရေးဝန်ကြီး ဖြစ်ချင်တယ်။ ဆေးတက္ကသိုလ် သွားရမှာလား။ စစ်ထဲ ဝင်ရမလား။ ရွေးချယ်ပေးကြပါ။ ”

စစ်ဗိုလ်တဦးရဲ့ သားဖြစ်သူ ကျောင်းသားက

” ကျွန်တော်ပြောချင်တာက ၇၄ ဒီဇင်ဘာ ၁၁ ရက်က ဦးသန့်အရေးအခင်းနဲ့ ပတ်သက်လို့ပါ။ တက္ကသိုလ်နယ်မြေမှာ ရှိတဲ့ ဦးသန့်အလောင်းကို သိမ်းရာမှာ သွေးထွက်သံယိုမရှိ ဆိုတဲ့သတင်း လွှတ်တော်မှာတင်တယ်။ တက္ကသိုလ်နယ်မြေနဲ့ ကျွန်တော့်အိမ်က လမ်းပဲခြားပါတယ်။ အဲဒီနေ့ညကကျွန်တော် တညလုံး ထိုင်ကြည့်နေတယ်။ အလောင်းလုရာမှာ စစ်သားတွေက အဆစ်ပိတ်ဝါးလုံးတွေနဲ့ လိုက်ရိုက်လို့ နဖူးကွဲ သွေးရဲရဲနဲ့ ပြေးလာသူတွေကို ကျွန်တော်ကိုယ်တိုင် တွေ့တယ်။ သွေးထွက်သံယို မဖြစ်ဘူးဆိုတဲ့ သတင်းကို ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားရင် သိနိုင်ပါတယ်။ ကျွန်တော်ဟာ တပ်မတော်က အမှုထမ်းတယောက်ရဲ့ သားပါ။ ရှေ့တန်းတပ်စခန်းချတဲ့ နေရာတွေကို လိုက်ဖူးတယ်။ တပ်သား၊ အကြပ်၊ အရာခံဗိုလ်ကစပြီး တပ်ရင်းမှူးထိ ဒီအစိုးရကို မကြည်ဘူး။ ဘယ်တပ်ရင်းကလို့တော့ မပြောပါရစေနဲ့။ တနေ့ သေနတ်ပြောင်းဝက သူတို့ဘက်လှည့်လာနိုင်လို့ပါ။ ဒီနေ့လူဝတ်လဲ ( အရပ်ဖက်သို့ပြောင်း) တဲ့ စစ်ဗိုလ်တယောက်ဟာ ရွှေတွင်းထဲ ကျသွားတာပါပဲ။ ဒါကြောင့် အဖေနဲ့ကျွန်တော်နဲ့ မတည့်တာပါ ခင်ဗျား။ ”

မြစ်ဝကျွန်းပေါ်က ကျောင်းသားက

” ကျွန်တော်တို့မြို့နယ်က ရေလုပ်ငန်းနဲ့အသက်မွေးပါတယ်။ ဒါကို စိုက်ပျိုးဧရိယာ သတ်မှတ်ပြီး အမတော်ကြေး ထုတ်ချေးပါတယ်။ ဒီငွေတွေကို ရေလုပ်ငန်းမှာသာ ရင်းနှီးမြှုပ်နှံပြီး အမြတ်ပိုရအောင် ရှာနိုင်ပါတယ်။ဒါကြောင့် စပါးမစိုက်ကြပါဘူး။ စပါးမအပ်နိုင်တဲ့လူတွေကို ဖမ်းဆီးအရေးယူတယ်။  တနေ့ တနေ့ ၉ မိုင်ဝေးတဲ့ ရဲဌာနကို သွားချည်ပြန်ချည်လမ်းလျှောက်ပြီး ခံဝန်လက်မှတ် ထိုးနေရတယ်။ ”

တောင်သူတယောက်ရဲ့သား ကျောင်းသားက

” ကျွန်တော်လည်း တောင်သူတယောက်ရဲ့ သား တောသားပါ။ ကျွန်တော်တို့ဆီမှာလည်း သူ့ရာသီနဲ့ကိုက်တဲ့ သီးနှံ မစိုက်ရပါဘူး။ သူတို့ညွှန်ကြားတဲ့သီးနှံစိုက်ရလို့ အရှုးံပေါ်ကြတယ်။ ”

အခြားကျောင်းသားတွေက

” ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးပြီးရင် ဘာရှိလဲ။ လမ်းဆုံးမှာ ကွန်မြူနစ်ပဲရှိတယ်။ တောထဲက ကွန်မြူနစ်တွေ သွားခေါ်ပြီး အုပ်ချုပ်ခိုင်းလိုက်။ သက်ငယ်ရိုး ( သက်ကယ်ရိုး) နဲ့ခေါင်းလောင်းထိုးလို့မရဘူး။ သစ်သားတံနဲ့ ထိုးရတယ်။ သူ့နေရာနဲ့သူ မနေပဲ နေရာတကာ ဝင်ပါလို့မရဘူး။ ကျွန်တော်တို့ ထမင်းတနပ် လျှော့စားပေးမယ်။ ခင်ဗျားတို့လည်း ကား တစီးပဲ စီး။ လာတာက လူနည်းနည်း ၊ ကားတွေက အများကြီး၊ နိုင်ငံတော်ငွေတွေ အလကား ကုန်တယ်။   အလုပ်ခန့်တာ ပါတီဝင်မှ ခန့်တာလား။ ပါတီနဲ့ အစိုးရအလုပ်နဲ့ဘာဆိုင်လဲ။ ပါတီမဝင်ရင် အလုပ်မရတော့ဘူးလား။ ”

စသည်နဲ့ ကျောင်းသားကျောင်းသူ နှစ်ဆယ်လောက် ဝင်ဆွေးနွေးကြပါတယ်တဲ့။

ကျောင်းသားတွေရဲ့ မေးခွန်းတွေကို မဖြေနိုင်တဲ့ ဝန်ကြီးနဲ့အဖွဲ့လည်း အကြံပြုဆွေးနွေးပွဲကြီး အမြန်ရပ်၊ စက်မှုခန်းမပေါ်ကနေဆင်းပြေးရတာပါပဲ။

အောက်ရောက်တော့ ကျောင်းသားတွေထဲက ပျော်တတ်တဲ့သူတွေက ဆူးပန်းလေးတွေ ပန်းခွေလုပ်ပြီး ကားတံဆိပ်မှာ သွားချိတ်ထားကြ။ သစ်ရွက်ခြောက်တွေ ကြဲပေးထားပြီး ကားတွေကိုပါ ဝိုင်းထားလို့ ပြန်ထွက်လို့ မရအောင် ဖြစ်ခဲ့တယ်။

ဖယ်ပေးပါလို့ ပြောတာကို ဒေါက်တာအောင်ကြီးစကားကိုပဲ နားထောင်တယ်လို့ ပြောလို့ ဆရာကြီးက ဖယ်ပေးလိုက်ပါ သားတို့ရယ်လို့ ပြောမှ ဖယ်ပေးကြတယ်လို့ သိရတယ်။

နောက်ပိုင်းမှာ မှိုင်းရာပြည့်အရေးအခင်း ထပ်ဖြစ်ပြီး ကျောင်းပိတ်ရပြန်ပါတယ်။

(အဲဒါတွေဟာ မောင်ကိုမှိုင်း စာအုပ်လေးထဲကနဲ့ ကွန့်မက်ရေးကြတဲ့ အကိုကြီးတွေ ပြောပြသမျှ အဖြစ်အပျက်အစုံပါပဲ။  ကျန်သေးရင် ထပ်ထည့်ပေးကြပါဦးဗျာ။ အသေးစိတ်သိရတော့ ပိုကောင်းတာပေါ့။ ရဲရဲတောက် ဆွေးနွေးခဲ့ကြတဲ့ အာအိုင်တီ ကျောင်းသားကျောင်းသူများအား ဦးညွှတ်လျှက်။ )

(မောင်လူပေ ဖေ့စ်ဘွတ်ကနေ ယူပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖြစ်ရပ်များ၊ အမှတ်တရများ

2 Responses to မောင်လူပေ – RIT ကျောင်းသားတွေရဲ့ ၇၆ ခုနှစ်က အသံ၊ ခုထိလည်း ပဲ့တင်ထပ်နေဆဲ

  1. လှမောင် on October 31, 2015 at 7:16 pm

    အခုခေတ် အခြေခံကျောင်းဆရာတွေ လစိာုးရ။
    တက္ကသိုလ်ဆရာနွေလဲ လစာတိုးရ။ နယ်က ဆရာတွေတော့ ကျူရှင်မသ်နိုင်ပေမဲ့ ရန်ကုန်တက္ကသိုလ်ဆရာတွေက ကျူရှင် တဘာသာ၃သောင်း လုပ်စားကြတာ ရိုးနေပြီ။ မြန်မာအချင်းချင်း လယ်ပင်းည်တဲ့ ငွေအာဏာရှင်ခေတ်။

    ကျောင်းဆရာတွေလဲ US$200 နီးပါး လစာရပေမဲ့ အနှိမါခဲရဆုံး န်ထမ်းတဲ့။ အရေအတွက်က သိများတာကိုး။

    ကျောင်းသားကော သပိတ်မှောက်ခေ့င်းဆောတွေ ထောင်ထဲ ထည့်ခံရတယ်။

  2. naymin@aol.com on November 2, 2015 at 8:23 am

    မောင်လူပေ ရေ ကိုမျိုးဆင့် (B. E – Mining : 1972-78) ပထမ စပြောတာ ဗျ။ လမ်းစဉ်လူငယ်ထဲက။ ကျနော်က မဘောတူလို့ ဦးသာဒင်( နိုင်ငံရေးသိပ်ပံဌာန)ကန့်ကွက်ပြီး ကျ နော်တို့ ကွန်ယက်ကလူတွေနဲ့ စတင်ခဲ့တာ။အသေးစိပ်သိရင် +1 510 299 8943 ကျနော့ကို မေးနိုင်တယ်။ တချို့အလျက်တွေ လွှဲနေတယ်။ 23 ယောက် ထပြောတာ။ ကျနောက် ပထမ နဲ့ ကိုကြည်ခိုင် က နောက်ဆုံးပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်