ဂျော်ဒီး – “မဲညစ်ကြီးလဲ မောင်းထုမှာ။ မဲသူခိုးကြီးများလဲ တောထုတ်မှာ”

November 8, 2015

Illustration – Htain Thar



ဂျော်ဒီး – “မဲညစ်ကြီးလဲ မောင်းထုမှာ။ မဲသူခိုးကြီးများလဲ တောထုတ်မှာ”

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၅

မိုးမခရွာသားကလေးငယ်များ အလွန်ပျော်ရွှင်နေကြသည်။ အဘယ်ကြောင့်ဆိုသော်၂၀၁၅  ကား  သူတို့အတွက် အလွန်ထူးခြားသည့် နှစ်တနှစ် ဖြစ်လေသည်။ မိုးမခရွာထောင်စုေ ရွးကောက်ပွဲကြီးကျင်းပမည့်နှစ် ဖြစ်လေရာ ပါတီအသီးသီး၏ မဲဆွယ်စည်းရုံးပွဲများဖြင့်  တရွာလုံး အုံးအုံးကြွက်ကြွက် စည်ကား ဆူညံနေခဲ့လေသည်။ ကလေးများအတွက်တော့ေ ပျာ်စရာပွဲတော်ကြီးပင်တည်း။ သို့သော် နက်ဖန်တွင်

ရွေးကောက်ပွဲ စတင်တော့မည်ဖြစ်ရာ ပါတီအသီးသီး၏ မဲဆွယ်ဖျော်ဖြေသံများ ရွေးကောက်ပွဲအကြိုနေ့တွင် တိတ်ဆိတ်သွားလေသည်။ ကလေးများမှာ မနေတတ်မထိုင်တတ်ဖြစ်ကာ သူတို့ဆုံနေကျ  မိုးမခပင်ကြီးအောက်တွင်  စုရုံးရောက်ရှိနေကြပြီး မဲဆွယ်ပွဲများမှ  ဖျော်ဖြေမှုများကို  ပြန်လည်စမြုံ့ ပြန်နေကြလေသည်..။

“မော်ဒယ်တွေ အဆိုတော်တွေ၊ ဓါတ်ရှင် မင်းသားမင်းသမီးတွေကို  ခုမှပဲအရှင်လတ်လတ် မြင်ရသကွာ”

ရန်နောင်က  သူ့ကိုယ်လုံးသေးသေးလေးကို စည်းချက်ကျကျ လှုပ်ရမ်းယိမ်းနွဲ့ရင်း  အားရပါးရ ပြောလိုက်သည်။

ဇာနည်ဝင်းကတော့ မျက်နှာကို  ခပ်တင်းတင်းမော့လိုက်ရင်း ဂုဏ်ယူဝင့်ကြွားလိုက်သည်။

“ဟေ့…ဟိုအစိမ်းသရဲပါတီကြီးရဲ့  မဲဆွယ်ပွဲတွေမှာ ပါတီမူဝါဒတွေကို ပွင့်လင်းမြင်သာဖွင့်ချပြတဲ့ “ပွင့်လင်းမြင်သာ ဇာ နှစ် ဇာ” ဆိုတဲ့ မော်ဒယ်နှစ်ယောက်က  ငါတို့အမျိုး “ဇာ” မျိုးနွယ်တွေကွ။ သိလား”

ချမ်းမြက မြေကြီးပေါ်တွင်  တုတ်တချောင်းနှင့် ဟိုဟိုဒီဒီ ခြစ်ရင်း  ..

“ငါ့ပုံတွေတော့  အင်တာနက်မှာ ပျံ့ နေတယ်တဲ့ကွာ။ ငါက ကလေးဆိုတော့ အနီရောင်ကြိုက်တယ်လေ။

အဲဒါကြောင့်  အနီရောင်ခေါင်းစည်းဝတ်။ တကိုယ်လုံး အနီရောင်စတစ်ကာတွေ ကပ်လိုက်တာ။

အ၀တ်အစားတောင် ၀တ်စရာမလိုတော့ဘူးကွ။ အဲဒါကိုကွာ မိုးမခအထောက်တော် ဂျော်ဒီးက ငါ့ပုံကို

ဓါတ်ပုံရိုက်ပြီး မိုးမခအင်တာနက်စာမျက်နှာကနေ “အနီရောင်ရင်ခွင်ပိုက် သမ္မတ အလောင်းကလေး” ဆိုပြီး

တင်လိုက်တယ်တဲ့ကွာ။ ငါ့ကို  ခွင့်ပြုချက်တောင် မတောင်းဘူးကွ။ ကလေးအခွင့်အရေး ချိုးဖောက်မှုနဲ့

တရားစွဲရကောင်းမလား စဉ်းစားနေတယ်။”

ထိုစဉ် ဈေးခြင်းတောင်းကြီးကို  လက်မှာချိတ်ရင်း  ခေါင်းငိုက်စိုက်ချကာ လမ်းလျှောက်လာသော ဂျီးဒေါ်ကို  သူတို့အားလုံး  တွေ့ လိုက်ရလေသည်။ ဂျီးဒေါ်ကား မျက်စိမျက်နှာမကောင်း။ သူ့လက်ထဲက  ဈေးခြင်းတောင်းတွင်လည်း  ပါနေကျကန်စွန်းရွက်စည်းလေးတောင်  မတွေ့ရ။

“ဂျီးဒေါ်.. ဂျီးဒေါ်.. ဂျီးဒေါ် ”  ကျော်ဟုန်းက အနားကပ်ခေါ်သော်လည်း ဂျီးဒေါ်ကား ခေါ်မကြား အော်မကြား။

ဂျီးဒေါ်နောက်နားတွင်  လမ်းလျှောက်လာသော  တူတော်မောင်သာဂိက

“ကလေးတို့  မင်းတို့  ဂျီးဒေါ်ကို  အထင်မလွဲကြပါနဲ့။ သူက  သွေးကြီးလိြု့ ပန်မထူးတာ မဟုတ်ပါဘူးကွယ်။ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေက ဆောင်းဘောက်စ်တွေ  လော်စပီကာတွေ  မတရားဖွင့်လို့   သူ့ခမျာ  နားလေးသွားရှာတာပါ”

“ဘာ သာဂိ။ ဘာပြောတယ်။ နင်တို့က ပြောင်းလဲချိန် တန်ပြီ၊ ပြောင်းလဲချိန် တန်ပြီ … ဆို။ အခုလောလောဆယ်တာ့ ပြောင်းလဲချိန် မရောက်ခင်၊ ကုန်ဈေးနှုန်းတွေ ပြောင်းလဲကုန်ပြီသိလား။ တာဝတိံသာ  ရောက်ကုန်ပြီ။ အခု ငါဝယ်နေကျ ကန်စွန်းရွက်တောင် မ၀ယ်နိုင်ခဲ့ဘူး။ စိတ်နာတယ်။ ဒါကြောင့်  နင်တို့ ရွေးကောက်ပွဲလဲ စိတ်မ၀င်စားဘူး။ မဲလဲသွားမထည့်ဘူး။”

ဂျီးဒေါ်ကား အတော် နားလေးသွားရှာလေပြီ။ သူများပြောတာက တခြား။ သူကြားတာက တလွဲ။ ပြောချင်ရာ ပြောကာ ဒေါပွနေလေသည်။

သာဂိ။    ။ ဂျီးဒေါ်ရယ် မဲမထည့်ပဲတော့  မနေပါနဲ့။ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးမှာ စိုးလို့ပါ။

ဂျီးဒေါ်။   ။ ယုန်သားစားချင်တယ်၊ ဟုတ်လား။ ကန်စွန်းရွက်တောင် မ၀ယ်နိုင်တာ။ နောက်ပြီး နင့်ယုန်က ဘယ်က ရမှာလဲဟဲ့။ ယုန်တွေနေဖို့ တောစပ်မပြောနဲ့ ခြုံဖုတ်လေးတောင်  မရှိတော့ဘူး။ သိရဲ့လား။ တရုတ်ပြည်ကို အကုန်ရောင်းပစ်လိုက်တာ … နင့်အဘ အစိမ်းသရဲတွေက …”

သာဂိ။    ။အင်း … ဒါ့ကြောင့် ဟိုကိုယ်တော်ကြီးတွေ ယုန်ထောင်ကြောင်မိသွားရရှာတာကိုး။ ဟဲ..ဟဲ..ဟဲ”

သာဂိနှင့် ဂျီးဒေါ် အချီအချပြောနေစဉ်၊ မိုးမခပင်အောက်မှ ကလေးများကား ခုရက်ပိုင်းအတွင်း သူတို့နားရည်ဝနေသော  သီချင်းများကို အော်ဟစ် သီဆိုနေကြလေသည်။

ခင်လွန်း၊မင်းညွန့်လှိုင်တို့ကား ကာရံနဘေ အသံနေအသံထားဖြင့် ဆိုရမည်ဆိုလျှင် နံပါတ်ဝမ်းပင်တည်း။

“မေမေနိုင်မှ ဖြစ်မယ်။ မေမေနိုင်မှ ဖြစ်မှာပါ”

“ဖွါးဖွါးအတွက် မဲပေးပါ။ ဖွါးဖွါးအတွက်  မဲပေးပါ”

ထိုစဉ် မိုးမခရွာသားလေး မောင်မောင်ဘောပင်တယောက်  ဖနောင့်နှင့် တင်ပါး၊ တသားတည်းကျအောင်  ပြေးရင်း တုန်တုန်ရီရီ  ရောက်လာလေသည်။ နောက်ကို လှည့်ကြည့်ရင်း  ချက်ခြင်းစကားမပြောနိုင်။ ပြူးနေသော  မျက်လုံးကား ပိုမိုပြူးကျယ်ကာ၊ ပြောင်နေသော နဖူးပေါ်တွင်ေ ချွးသီးချွေးပေါက်တို့က  တလက်လက်။

မောင်ရစ်က အနီးရှိအင်ဖက်တရွက်ကို  ကောက်ကာ၊ ယပ်ခတ်ပေးရင်း  စပ်စုသည်။

မောင်မောင်ဘောပင်ကား မနဲအားယူကာ …

“ သ သ သ သရဲတွေ – သရဲတွေ”

ကလေးများအားလုံး … သရဲဆိုသည်နှင့် သရဲအရှင်လတ်လတ်မြင်ခဲ့သူ မောင်မောင်ဘောပင်အနီး သို့

ပြေးကပ်ကာ၊ တယောက်တပေါက်  စိတ်ဝင်တစား မေးကြလေသည်။

“နက်ဖြန် ရွေးကောက်ပွဲမှာ   မဲထည့်ဖို့တဲ့ … သင်္ချိုင်းကုန်းထဲက  ထ လာကြတာ။”

“ဟင် … သရဲတွေကလည်း မဲပေးရတယ်လား”

“သူတို့ သေပြီးသားလူတွေလဲ  မဲစာရင်းထဲ ပါတယ်တဲ့။”

ကလေးများ  အချီအချပြောသံကို  နားထောင်ရင်း၊ သာဂိက ဂျီးတော်ကြားအောင် အသံကုန်အော် ပြောလိုက်သည်။

“ကဲ – ဂျီးဒေါ်။ အဲဒါသာကြည့် နက်ဖန်ကျင်းပမဲ့ မိုးမခရွာလုံးကျွတ်ရွေးကောက်ပွဲကြီးမှာ ရွေးကောက်ပွဲကျင်းပပေးမဲ့ ရွာလူကြီးတွေနဲ့ ရွေးကောက်ပွဲကော်မရှင်လူကြီးတွေ ညစ်ပတ်ချက်ကတော့ ကမ်းကုန်ရောဗျာ။ ဒါတခုပဲ  ရှိသေးတယ်။ ညစ်တာတွေကတော့ မျိုးစုံဗျ၊ ပြောမကုန်ပါဘူးဗျာ”

“အေး … အဲဒီလို   ညစ်ပတ်မှန်းသိလို့၊ နင်တို့ တရွရွလုပ်နေတဲ့ ရွေးကောက်ပွဲကြီးကို  ငါ အယုံအကြည်မရှိတာ။ အဲဒါကြောင့်  မဲမထည့်တာ။ ဒါပေမဲ့ ဒင်းတို့ ဘယ်လောက်ညစ်ညစ်၊ အရှုံးအနိုင်ကတော့  သိသာနေပါပြီ။ တရွာလုံးက  အနီရောင်တွေ  လွှမ်းနေတာ ကလေးသိ၊ ခွေးသိ …”

သာဂိ။     ။“အဲဒါကြောင့်  ဂျီးဒေါ်ကို  ပြောတာပေါ့ဗျ။ ဂျီးဒေါ်တို့၊ ကျနော်တို့  ခုလိုကန်စွန်းရွက်ရေ

လုံပြုတ်တောင် နပ်မမှန်တဲ့ ဘ၀မှာ  နေချင်သေးလား”

နားလေးနေရှာသော  ဂျီးဒေါ်ကား  ကြားဟန်မတူ။ နားထောင်နေသော ကလေးများက ရောင်းသူ ၀ယ်သူအသံတူစွာ သံကုန်ဟစ်ကာ ဖြေလေသည်။

“နေချင်ဘူး”

သာဂိက  နားလေးနေသော  ဂျီးဒေါ်ကြားအောင်  အသံကိုထပ်မြှင့်ကာ …

“ထမင်းတနပ် လျှော့စားခိုင်း၊ ဖယောင်းတိုင်ထွန်း နေခိုင်း၊ ဆိုက်ကားနင်း စားခိုင်း၊ တနေ့ ၂၀၀၀ နဲ့ လောက်အောင် သုံးခိုင်းတဲ့သူတွေ၊ နယ်လှည့် ပါးရိုက်တဲ့သူတွေ အုပ်ချုပ်တဲ့ဘ၀မှာ ဆက်နေချင်သေးလား”

ကလေးများ  ။     ။ နေချင်ဘူးးးးးးးးးးးးး

သာဂိကား   နားလေးနေသော  ဂျီးဒေါ်ကို  တရားဟောရသည်ထက် သွက်လက်ထက်မြက်သော မိုးမခရွာသားကလေးများနှင့် ပိုပြီးအတိုင်အဖောက်ညီကာ၊ လက်ရှိ မိုးမခရွာထောင်စု အာဏာရ အစိမ်းသရဲပါတီကြောင့် ရွာသူရွာသားများ၏ ပညာရေး၊ ကျန်းမာရေး၊ ရွာတွင်းငြိမ်းချမ်းရေး  အစစ ချွတ်ခြုံကျနေရကြောင်း၊ ထိုသို့ ညံ့ဖျင်း၊ ညစ်ပတ်လွန်းသော  အစိမ်းသရဲပါတီကိုေ ရွးကောက်ပွဲနည်းလမ်းဖြင့် ဖြုတ်ချရန် အနီရောင်အင်အားစုမှ ကြိုးပမ်းနေကြောင်း။ အိမ်က  မိဘ ဘိုးဘွား အကိုအမတွေကို နက်ဖန်ရွေးကောက်ပွဲမှာ  အနီရောင်အင်အားစု၊ အနီရောင်ပါတီကို မဲသွားပေးဖို့  သတိပေးကြဖို့  လေရှည်နေလေသည်။

သာဂိ။    ။“အဲဒီတော့ – မင်းတို့မိုးမခရွာသား ကလေးငယ်တွေရဲ့ အနာဂတ်ကောင်းဖို့ ခေတ်ဟောင်းစနစ်ဟောင်းကနေ ခေတ်သစ်စနစ်သစ်ကို  ပြောင်းဖို့လိုနေပြီကွ။ ပြောင်းလဲချိန်တန်ပြီ …”

မိုးမခရွာသား ကလေးငယ်များကား ခေသူမဟုတ်။ လောလောလတ်လတ် ကြုံတွေ့ ထားသော မဲဆွယ်စည်းရုံးပွဲကြီးများမှ   ကြားထားသည့်အတိုင်း အားမန်ပါပါေ ကြွးကြော်လိုက်ကြသည်။

“ ပြောင်းလဲချိန် တန်ပြီ..”

“စနစ်ပြောင်းဖို့.. အနီရောင်ကို မဲပေးစို့”

နားလေးနေသော ဂျီးဒေါ်ကား ကြားတချက်၊ မကြားတချက်ဖြင့် ပြောချင်ရာပြောရင်း ဈေးခြင်းတောင်းကြီးကိုဆွဲကာ ထွက်ခွါသွားလေသည်။

“ပြောင်းလဲချိန်တော့  တန်တာ  အမှန်ပဲ။ ခုမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ အနှစ်(၅၀)လောက်ကတည်းက။ ခုလည်း တကယ်ပြောင်း မပြောင်းတော့ ကန်စွန်းရွက်ဈေးဝယ်ထွက်ရင်း စောင့်ကြည့်ရဦးမယ်ဟေ့”

သာဂိကလည်း –

“နက်ဖန်ရွေးကောက်ပွဲကို  ဦးဦးတို့တွေ  တရားမျှတမှု ရှိမရှိ စောင့်ကြည့်ရမှာကွ။ ကလေးတို့လဲ  တတ်နိုင်သမျှ ကူကြနော်” လို့ ပြောရင်း  ကလေးများကို  နှုတ်ဆက် ထွက်ခွါလေသည်။

မိုးမခပင်ကြီးအောက်တွင်ကား မိုးမခရွာသားလေးများက  အော်ဟစ်သီဆို ကခုန်ရင်း ကျန်ရစ်လေသည်။

“ ခြင်္သေ့ကို  မောင်းထုတ်စို့၊ ခြင်္သေ့ကို  တောထုတ်စို့”

“မဲညစ်ကြီးလဲ မောင်းထု မှာ။ မဲသူခိုးကြီးများလဲ တောထုတ်မှာ …”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ, ဂျော်ဒီး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်