ဇာနီကြီး – NLD အစိုးရဖွဲ့ရန် နှင့် စစ်ဗိုလ်ချုပ်များ အခြေအနေ
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၅
မြို့နယ် ၇ မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့၍ ပြည်သူ့ လွှတ်တော်တွင် ၄၃၃ ဦးနှင့် အမျိုးသားလွှတ်တော်တွင် ၁၆၈ ဦး၊ စုစုပေါင်း ပြည်ထောင်စုလွှတ်တော်တွင် ၆၅၇ ဦး ရှိမည် ဖြစ်သည်။
လွှတ်တော် နှစ်ရပ်နှင့် တပ်ကိုယ်စားလှယ်များ တင်မြှောက်သည့် ဒုတိယသမ္မတ သုံးဦးအနက် သမ္မတရွေးဥပဒေအရ၊ မဲအများဆုံးရရှိသူက နိုင်ငံအကြီးကဲ၊ သမ္မတ (အစိုးရ) ဖြစ်မည်ဖြစ်ရာ ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၆၅၇ ဦး၏ ထက်ဝက်ကျော် ၃၂၉ ဦး ရရှိမည့်ပါတီကသာ အစိုးရဖွဲ့နိုင်မည်ဖြစ်သည် ဟုဆိုသည်။
တပ်မတော်မှာ ၂၅% ရယူထားသည်။
NLD မှ ၃၂၉ ဦး ရရှိပါက အများစု ၅၁% ရမည်။
USDP နှင့် အခြား၊ တိုင်းရင်းသားပါတီများက ၂၄% ရရှိမည်။
ယခုအချိန်တွင် NLD အမတ် ၄၀၀ ကျော် နိုင်မည့် အခြေနေဖြစ်နေသည်။ (11-Nov-2015)
NLD ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဥက္ကဌ ဦးတင်ဦးက ယခုအထိ ပျမ်းမျှအားဖြင့် ၈ဝ% (၄၉၀နေရာ) အနိုင်ရသည်ဟု ခန့်မှန်းထားကြောင်း ယနေ့ RFA သို့ပြောသည်။
.
အခြေအနေက အင်အယ်ဒီ အပြက်အသတ်နိုင်သော်လည်း တပ်မတော်နှင့်သာ ညှိနှိုင်းပြီး အစိုးရဖွဲ့ရပါမည်။ ရွေးကောက်ခံ အစိုးရတွင် တပ်မတော်၂၅% ပါမည်။ ကာချုပ်သည် အရေးပါသော၊ ဒု-သမ္မတတစ်ဦးနှင့် ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ရာထူးများကို ခန့်အပ်ပြီး၊ သမ္မတက အခြားဝန်ကြီးများကို ခန့်အပ်ရမည်။ (အခြေခံဥပဒေ)
ကာချုပ် မဲလာပေးစဉ် မီဒီယာမေးမြန်းချက်များ၅မိနစ် ဗွီဒီယို ထွက်လာပါသည်။
စစ်ဗိုလ်များနှင့် တည့်အောင်ပေါင်းရမည့် အခြေခံဥပဒေ ရှိပါသည်။ သမ္မတသည် အစိုးရအဖွဲ့ အကြီးအကဲအဖြစ်သည်။ အမတ်အများကြီး ရတိုင်း အင်အားမကြီးပါ။ တနည်းအားဖြင့် အခြေခံဥပဒေကို လိုက်နာရမည့်အကြောင်း၊ မလိုက်နာပါက အင်အားသုံးမည်၊ သမ္မတရွေးပွဲတွင် စစ်တပ်ထောက်ခံသော ဒုသမ္မတလောင်းက ဆက်လက်အရေးနိုမ့်လျင်ပင်၊ နိုင်ငံတော်အာဏာ အမြင့်ဆုံးအဖွဲ့ဖြစ်သော ကာလုံ (၁၁)ဦးတွင် ကာချုပ်နှင့် လက်ရှိစစ်ဗိုလ်ချုပ်များက နေရာအများစု ယူထားပါသည်။
အောက်ပါ ဇယားမှာ အင်အယ်ဒီ ဝက်ဆိုဒ်ကိုးကားပြီး ၁၁-နိုဝင်ဘာ-၂၀၁၅ အချက်လက်များဖြင့် အင်အယ်ဒီ ၉၆% အနိုင်ရရန် မှန်းဆဇယားဖြစ်သည်။
စံတော်ချိန် သတင်းစာမှ မျက်နှာဖုံးတွင် ပြည်ခိုင်ဖြိုးပါတီ ရှုံးနိုမ့်ပါကလည်း ပြည်သူဆုံးဖြတ်သည့် ရလဒ်အတိုင်း လက်ခံမည်ဟု သမ္မတဦးသိန်းစိန်ကဆို … ဟုစာလုံးအဖြူ နောက်ခံအနီဖြင့် တင်ပြထားသည်။ အောက်မှာလည်း ပြည်သူလူထုရွေးချယ်ခြင်းကို လက်မခံနိုင်စရာအကြောင်းမရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား… ဟု အဖြူရောင်စာလုံးကြီး၊ နက်ပြာရောင်နောက်ခံဖြင့် ဖေါ်ပြထားပါသည်။ မျှော်လင့်သလို ရွေးကောက်ပွဲ ငြိမ်းချမ်းစာ ပြုလုပ်နိုင်သောကြောင့် အမေရိကန်နှင့် နိုင်ငံတကာမှ လက်ရှိအစိုးရကို ချီးကြူးကြပါသည်။ တရုပ်နိုင်ငံတစ်ခုသာ ငြိမ်နေပြီး တိုင်းရင်းသားလက်နက်ကိုင်များလည်း မြန်မာလူထုနည်းတူ စိတ်ရှည်စွာဖြင့် ရွေးကောက်ပွဲကော်မရှင်၏ နောက်ဆုံးရလဒ်များကို စောင့်ကြည့်နေကြပါသည်။
Recent Comments