ကျော်မောင် (တိုင်းတာရေး) – လည်လွန်လွန်းလို့

November 17, 2015

– လည်လွန်လွန်းလို့
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅

လည်လိုက်တာမှ ပန်ကာကျနေတာပဲ ဟုပြောသော စကားမျိုး၊ ဒီလူက ဂျင်ဗျ၊ ဂျင်ထက်လည်တဲ့လူ၊ တော်တော်ဖျံကျတဲ့လူ ဆိုတာမျိုးသည် လူ့အသိုင်းအ၀ိုင်းတွင် ကြားရဖန်များသော စကားများဖြစ်သည်။ ထိုကဲ့သို့သော ပြောစကားမျိုး ခဏခဏ ကြားရလျှင် ထိုအသိုင်းအ၀ိုင်းအတွက် မကောင်းတတ်။

တခါက မိသားစုထမင်းဝိုင်းတွင် အားလုံးစုံစုံညီညီစားသောက်နေကြသည်။  သားသမီးများအား မိခင်ဖြစ်သူမှ ဟင်းများကို ဝေပုံကျ ခွဲဝေပေးသည်။ ထို့နောက်တွင် မြိန်ရေရှက်ရေ အားပါးတရ စားသောက်နေကြချိန်၊ သားအလတ်မှ ဟင်းပေးပါဦးဟု တောင်း၏။  မိခင်က သတိပြုမိသဖြင့် ခုနလေးတင်ပဲ ဟင်းတွေ ပေးထားသေးတယ်၊ မကျန်တော့ဘူးလားဟု ဟင်းထပ်ထည့် မပေးသေးဘဲ မေးသော် ကုန်သွားပြီဟု ဖြေသည်။ တခြားသူတွေက မကုန်သေး။ သားလတ်ဖြစ်သူက ထမင်းပုံထဲတွင် ဟင်း ကိုအုပ်ကာ ဖွက်ထားသည်။ ဖခင်ဖြစ်သူက ထမင်းပုံကို ထိုးနှောက်ရှာဖွေလိုက်မှ ဟင်းတုံးတွေကို တွေ့သည်။ ခေါင်းတချက် ခေါက်လိုက်ပြီးမှ ဟင်းထပ်ထည့်ပေးလိုက်သည်။

အတန်းငယ်တခုရှိ အင်္ဂလိပ်စာမေးခွန်းတွင် အစ အက္ခရာစာလုံးတလုံးဖော်ထားသော ကွက်လပ်ဖြည့် မေးခွန်းတခုပါသည်။ ထိုမေးခွန်းသည် စာသင်သားများအတွက် ဝေါဟာရကြွယ်ဝစေရန် ရည်ရွယ်ပုံရသည်။ သို့သော် စာသင်သားတယောက်က စာမေးပွဲနီးမှ လေ့လာသည့်အတွက် အချိန်က မရ။ မဖြေခင် ညဖက်တွင် သူဘာလုပ်သနည်းဟူသော် အစပေးထားသော အဖြေစကားလုံးများကိုသာ နှုတ်တိုက်ကျက်မှတ်သွားသည်။ စာမေးပွဲတွင် ထိုအပိုင်းကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့သည်။

ခရီးတခုသွားရာတွင် အုပ်စုထဲ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ ပါသည်။ တည်းခိုရာနေရာရောက်ချိန်တွင် ပုံမှန်ညစာ စားချိန်ကို အတော်လေး ကျော်ခဲ့သည်။ ကလေးတွေက ဆာနေပြီ။ ငိုတဲ့သူကငို၊ ဂျီကျတဲ့သူကကျ၊ မှိုင်တဲ့သူက မှိုင်နဲ့ဖြစ် နေကြသည်။ လူကြီးတွေက ကလေးတွေစားဖို့အတွက် ကြံရတော့သည်။ မူလအစီအစဉ်မှာ တည်းခိုသောနေရာတွင် ထမင်း ဟင်းရမည်၊ အဆင်သင့်စားကြမည်ဟု စီစဉ်ထားခဲ့သည်ဖြစ်သည်။ သို့သော် ခရီးသွားတွေ ကြိတ်ကြိတ်တိုးကျလာသည့်အခါ ထမင်းဆိုင်တွေမှာ ထမင်းတွေ ဟင်းတွေက ကုန်သွားသည်။ ထမင်းအတွက် ပါလာသည့်ဆန်ကို မီးမွှေးပြီး ချက်လိုက်ကြ သည်။ ချိုင့်အလွတ်တလုံးဆွဲပြီး ထမင်းဆိုင် တဆိုင်ပြီးတဆိုင် ဟင်းလိုက်ရှာဝယ်ရသည်။ တဆိုင်မှာပဲ ၀ယ်သူတွေ စုပြုံနေ တိုးဝှေ့နေကြပြီး အလုအယက်ဝယ်နေကြသည်ကို တွေ့သည်။

ငါးဖယ်ဟင်းတခွက်ကို ဈေးရောင်းသူက လှမ်းအပေး အလယ်ကနေ ဖြတ်ယူပြီး ချိုင့်အလွတ်ထဲ လောင်းချလိုက်သည်။ ၀ယ် သူက အခြားတယောက်။ ဒီဟင်းတခွက်ပဲ ကျန်တော့တာ။ မရတဲ့သူက ဟေ့လူ ခင်ဗျား ကျနော်ဝယ်ထားတဲ့ဟင်းလို့ မကျေမ နပ်အပြောကို ဒါ ကလေးတွေအတွက်ပါလို့ ပြောကာ ဟင်းဖိုးချေပြီး ဆိုင်ထဲမှ အမြန်ထွက်သည်။ အဲဒါနဲ့ ကလေးတွေအတွက် ညစာ မငတ်ရအောင် ကြံဆောင်နိုင်ခဲ့သည်။ ကလေးတွေကို ငါးဖယ်ဟင်းထည့်ပေးချိန်မှာ ချီးကျူးသူက ချီးကျူးကြသည်။

ရပ်ထဲရွာထဲက ပညာရှိကြီးတယောက်ကို အသရေဖျက်လှောင်ပြောင်ချင်သည့်အတွက် ကြက်အရှင်တကောင်ကို လည်ပင်း ကကိုင်ထားပြီး လက်ထဲကကြက် အရှင်လား အသေလား မေးသောဖြစ်ရပ်တွင် ပညာရှိကြီး၏ မောင့်သဘောအတိုင်းပါကွယ် ဟုဆိုပြီးဖြေပုံကို သတိရမိပါသည်။ ပျင်းတာပေါ့မောင်တို့ရယ်ဟု မပြောရုံတမယ်။

မှတ်မိခဲ့တဲ့ ဟာသလေးတခုမှာ ပိုက်ဆံကျပျောက်သွားလို့ ငိုနေတဲ့ ကလေးကို ကျပျောက်သွားတဲ့ ပိုက်ဆံဘယ်လောက်လည်း မေးပြီး ပေးတဲ့အခါ သိပ်မကြာခင်မှာပဲ အဲဒီကလေးက ထပ်ငိုပြန်ပါတယ်။ စုံစမ်းတဲ့အခါ ခုနက ပိုက်ဆံသာ မပျောက်ရင် သူ့မှာအခုရတာနဲ့ဆိုရင် နှစ်ဆဖြစ်နေမှာပဲ ဆိုတဲ့အတွေးနဲ့ ပျောက်သွားတဲ့ပိုက်ဆံကို သတိရပြီး ငိုတာပါတဲ့။

သူက ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေတာကွ၊ ဟိုက ချိန်ခွင်နဲ့ ချိန်ပြီးရောင်းစားသွားဦးမယ်ဟု အပြောကို ဟေ့ ဒို့က ချိန်ခွင်ပေါ်တက်ထိုင်မယ်များထင်နေလားဟု ပြန်ပက်သည်။ အေးဗျ ဟုတ်သားပဲ ဘယ်သူက ချိန်ခွင်ပေါ်တက်ထိုင်ပြီး အချိန်ခံမှာ လည်းဗျဟု ဘေးကတယောက်က ထောက်ခံစကားဆိုသည်။ စပြောသော လူက အတောမသတ်အောင် ရယ်သည်။ မင်းတို့က ရောင်းစားတယ်ဆိုတာ ချိန်ခွင်နဲ့ရောင်းတယ်ပဲ ထင်ကြတာကိုးကွဟု ရယ်ရင်းပြောသည်။

လည်သူများအကြောင်း ရေးမည် စဉ်းစားသည့်အခါ နီးစပ်ရာ မိတ်ဆွေများကို စကားမစပ် လိုက်မေးဖြစ်သည်။ ကြုံတွေ့ဖူးကြ သော လူလည်များအကြောင်း၊ ကြားဖူးနားဝရှိသော လူလည်များအကြောင်း ရှိခဲ့လျှင် မျှဝေပါဟု။ တချို့က စဉ်းစားပြီး ပြန် ဖြေသည်။ မရှိပါဟု။ တချို့က သူတို့ကြုံတွေ့ခဲ့ရသော လူလည်များအကြောင်း ပြောပြသည်။ တချို့က သူတို့ ကြားဖူးခဲ့ရ သော လူလည်များအကြောင်း တဆင့်ဖောက်သည်ချသည်။

လူ့လောကတွင် လူလည်တွေက များလှသည်။ လည်လည်ဝယ်ဝယ်ရှိသူဟု ချီးကျူးပြောဆိုခံဖြစ်နေရာမှ တော်တော်လည် တဲ့လူဟု ပြောဆိုခံရပြီဆိုလျှင် လည်သည့်အဆင့် တဖက်ကမ်းခပ်ပြီဟု ပြောနိုင်သည်။ တခါတရံတွင် လူလည်ပိုပိုသာ သာလုပ်သူများသည် တခြားသူကို လူလည်ကျရင်း တခြားသူမှ တန်ပြန်လူလည်ကျသည်ကို ကြုံတွေ့ရသည်များလည်း ရှိတတ်သည်။ လည်သူတွေကို တွေ့သောအခါ ထိုသူတွေ လည်သည်ကို နပ်သူတချို့က သိသည်။ ထိုသို့ နပ်ဖို့က တော်ရုံ အတွေ့အကြုံဖြင့် မရ။ ဘာပဲဖြစ်ဖြစ် လူလည်ကျ မခံရအောင် နပ်ဖို့လိုသည်။

လည်သူတွေ အကြောင်း ရေးနေချိန် သီချင်းတပုဒ် နားထောင်မိသည်။ တောသူတွေမယ် အရိုးခံပါကွယ် ချစ်တယ်ကြိုက်တယ် ဆိုလာပါတဲ့ ကိုလူညိုထွား မြို့ကြီးသားရယ်ဆိုသော သီချင်းစာသားပါသည့် သီချင်းဖြစ်နေသည်။

ထို့ပြင် မင်းက ဒို့ကို အတယ်လို့များထင်နေလား။ ဒီမှာကြည့် အံတိုနေပြီဟုဆိုသောစကားအားလည်း အဖန်ဖန်တလဲလဲ ကြားယောင်မိကာ ကိုယ့်အံသွားကိုကိုယ် အသာအယာစမ်းမိပါကြောင်း။

ကျော်မောင် (တိုင်းတာရေး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်