အေအမ်တီ – ငါးတစ်ကောင်ရဲ့နွေတေး

November 19, 2015

အေအမ်တီ – ငါးတစ်ကောင်ရဲ့နွေတေး
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅

ကျနော်က လမ်းတွေကိုချစ်တယ်။ နွေရာသီဖုန်လမ်းတွေဆို ပိုလို့ချစ်တယ်။ ကျနော် ခရီးတခုက ပြန်လာတိုင်း ကျနော်တို့မြို့ရဲ့ လမ်းတွေကို တခုတ်တရ ကြည့်မြဲ။ လမ်းဆုံ၊ လမ်းမွှာ၊ လမ်းသွယ်၊ လမ်းထောင့်၊ လမ်းကြား။ အခုလို ဧပြီ၊ မေဆိုရင် ကျနော် တို့မြို့လမ်းတွေ ဖုန်အလိမ်းလိမ်း။ ငယ်စဉ် ဖတ်စာအုပ်တွေကိုတော့ ကျနော်မမှတ်မိတော့ပေမယ့်  ကြယ်စုံတဲ့နွေရာသီ ဖုန် လမ်းတွေကိုတော့ အလွတ်ရနေမိတယ်။ လရောင်အောက်မှာ လူတိုင်းလမ်းလျှောက်နိုင်ပေမယ့်လည်း ကျနော့်ဘဝမှာ လ (၇) နွေ ကွယ်ခဲ့ဘူးတယ်။ လမ်း (၇) နွေ ငတ်ခဲ့ဘူးတယ်။ လငတ်တဲ့ကျနော်ဟာ သံတိုင်ကြားကနေပြီး လရောင်ကို ရေခွက်နဲ့ ကဲ့ခဲ့ဖူးတယ်။ အဲဒီလမထွက်တဲ့အရပ် ဒေသကနေ ကျနော်တို့မြို့လေးဆီ တံတားကြီးတစင်း ဆောက်ခဲ့ဘူးတယ်။ အဲဒီ တံတားပေါ်မှာ “လေ” နီးပါးလောက်ပဲ သွားလို့ရတယ်။ ည ည …  အမေ့အိမ် တံခါးကို သွားသွားတိုးတဲ့နွေလေဟာ ကျနော် များလားလို့  အမေတွေးနေလောက်တယ်။

နှစ်ချို့အမှောင်ထုကြီးထဲမှာ ခြင်ထောင်တလုံးကို ကျနော် စိတ်နဲ့ထောင်အိပ်ခဲ့တယ်။ ခြင်ထောင်ကြိုးတချောင်းကို ကြိုးတိုက် ဘက်နံရံမှာချည်ပြီး နောက်တစ်ချောင်းကို အမေ့အိမ်ဘက်နံရံမှာ ချည်ခဲ့တယ်။ ကျန် တဲ့ နောက်နှစ်ချောင်းကိုတော့ ကံကြမ္မာ နဲ့ပဲ ပူးချည်ထားလိုက်တယ်။ အမေ့အိမ်ဘက်ကကြိုး မကြာမကြာပြတ်တတ်တော့ ကျနော့်လက်ဖျံတစ်ချောင်းဟာ ခြင် ထောင်ကြိုးချည်ဖို့ တိုင်ဖြစ်သွားတယ်။ အဲဒီလက်နဲ့ အဝေးကလရောင်ကို ရင်အုပ်ထဲ လှမ်းကဲ့ပြီး ရင်ဘက်ထဲအထိ ဝင်ကိုက် တဲ့ခြင်တွေကိုလည်း အဲဒီလက်နဲ့ပဲ ရိုက်မောင်းခဲ့တယ်။ အဲဒီအချိန်ကစလို့ ကျနော် ကဗျာရေးဖြစ်ခဲ့တယ်။ အဲဒီလက်ဖျံရိုးကိုပဲ ဂစ်တာလုပ်ပြီး   နှစ်ကာလတွေကို တီးခတ်ခဲ့တယ်။ မြင်ခွင့်မရတဲ့လောကကို  Earing နဲ့ တီးတာ ဘယ်လောက်သပ်ရပ်သလဲ။ ကျနော်တို့ဟာ လင်းနို့တွေလိုပဲ အမှောင်ကိုသီချင်း လုပ်ဆိုခဲ့ကြတယ်။ စည်ကားတဲ့ အသုဘတစ်ခုလို ပန်းတွေပွင့်နေတဲ့ အချိန်ကာလတို့ သေဆုံးရာကျွန်း၊  အဖြူရောင်နဲ့မိုးလင်းပြီး အဖြူရောင်နဲ့မိုးချုပ်တဲ့ ပန်းကလေးများရဲ့ လက်ပေါ်မှာကြီးပြင်းတဲ့ ကျနော့်ကဗျာဟာ ဘယ်လိုအရောင်မျိုးကို သောက်စို့ခဲ့သနည်း။ ကျနော့်ကဗျာကို မီးပင်လယ်အောက်ကရတဲ့ ပုလဲတို့ဖြင့် သီထားသလော။

ကျနော့်ပင်လယ်မှာ အမေ မလာတဲ့နေ့တွေဆို မုန်တိုင်းကျတယ်။ ကျန်ခဲ့တဲ့ သမုဒ္ဒရာ (၇) စင်းနဲ့ အမေ့ကုန်းပတ်ကြီးဆို ဘယ် လိုနေမလဲ။ မုန်တိုင်းတွေကို အသားကျစီးနင်းဖို့အတွက့် ဖိနပ်ခဏခဏပြတ်တဲ့ကျနော်ဟာ ငါးတကောင်ဖြစ်ချင်ခဲ့တယ်။ ဖိနပ်လည်းမလို ကုန်းပတ်လည်းမလိုတဲ့ ငါးတစ်ကောင်ဖြစ်ချင်ခဲ့တယ်။ ကျနော့်အိမ်ခြံဝင်းတံခါးလေးကို ကျနော်ပြန်တွေ့ရ တဲ့ညက အခုချိန်ထိရင်ထဲ တဟူးဟူး။ ဖယောင်းတိုင်လေးထွန်းပြီး တံခါးဆင်းဖွင့်ပေးတဲ့အမေဟာ ကျနော့်ကို အနောက် တောင် မုတ်သုံတခုနဲ့ အိမ်ပြန်လာလိမ့်မယ်လို့မထင်ခဲ့ဘူး။ ပြန်တွေးတိုင်း ကျနော့်တံခါးရွက်တွေ တဖျတ်ဖျတ်။ (၇) နှစ်လုံး ငုံထားခဲ့တဲ့  သူ့လရောင်တွေကို  ရွှေလင်ဗန်းကြီးထဲ အန်ကျွေးခဲ့တဲ့ ညပေါ့ အမေ။

နောက်တော့ရဟန်းတပါးအဖြစ်   ငယ်စဉ်တောင်ရိုးလေးဆီ  အတက်တောလမ်း။  ကျောက်တုံး၊ ဝါးတောတွေ ဘာမှမပြောင်း လဲ။ ကျောက်တုံးတတုံးပေါ်ထိုင်ပြီး ငယ်ငယ်တုန်းကလိုပဲ ကျနော်အငေးကို ကျောက်တုံးတတုံးလို တောင်အောက်ဘက် ပစ် လွှင့်လိုက်မိတယ်။ ဟိုးအဝေးမှာ  မီးခိုးတိုင်သုံးခုနဲ့ စက်ရုံ၊  လယ်ကွင်းများ၊  ရွာငယ်လေးများ လှမ်းမြင်နေရပြီ။ ခပ်ပျပျ ပင် လယ်ဘက်မှာ ကျနော့်အငေး ပျက်ကျသွားတယ်။ ပင်လယ်မှာ အစာရှာတဲ့ ငှက်တအုပ်ဟာ ဟိုးအဝေးဆီမှာ မိုးတွေညို့လာ တိုင်း ပင်လယ်ကို ကျောခိုင်းတတ်ကြတယ် မဟုတ်လား။  အိမ်ပြန်ရောက်တော့ ကျနော်က ပေါင်းဟောင်းသင်းဟောင်းတွေကြား မှာ အသစ်။ သူတို့က အစာသစ်တွေ ကျနော့်ကိုကျွေးပြီး ကျနော်က အန်ဖတ်ဟောင်းတွေ ချကျွေးခဲ့ပေါ့။ လူတွေကြည့်ရ တာလည်း   နွေရာသီထဲဖြတ်ပျံတဲ့   ငှက်တွေလိုပဲ  မောနေလိုက်ကြတာ။ အိမ်မှာကျနော်က   သစ်လွင်နေဆဲလို့ထင်နေတဲ့ ဟိုတုန်းက ကျနော့်စာအုပ်  တွေက ဝါကျင်ကျင်။ လူတွေလည်း အိုသွားလိုက်ကြတာ။ ခလေးတွေကျတော့ ကြီးလာလိုက်ကြ တာ။ စာသင်ကျောင်းခေါင်းလောင်းသံလေးကြားတော့ တကိုယ်လုံး စိမ်းသစ်သွားသလို။ တအိမ်လုံး ကျောင်းသွားကြလို့ ကျနော်တယောက်ထဲ အိမ်မှာကျန်ခဲ့တဲ့ စာအုပ်ဟောင်း၊ ဓာက်ပုံဟောင်းတွေကြားမှာ ကျနော် စိမ်းလိုက် ဝါလိုက်။

အရင်က ကျနော် လဲလျောင်းနေကျနေရာက ပြတင်းပေါက်မှာ လွယ်အိတ် မချိတ်ဖြစ်တော့။ ရေဒီယိုလေးပဲချိတ်ထားဖြစ် တော့တယ်။ လရောင်ဖိတ်ကျနေတဲ့ အုန်းလက်တွေအောက်မှာ ရပ်ကွက်ဟာ ရေအောက်ရှုခင်းလို ရှိနေပြီ။ ကျနော်က ရေဘဝဲတစ်ကောင်လို အိမ်ဘက်ဆီပြန်ခဲ့တယ်။ ကျနော် စာကျက်နေတုန်း၊ ကျနော်လမ်းပေါ်မှာ ဂီတာတီးနေတုန်း၊ ကျနော် သံတိုင်ကြားမှာ ညကိုငေးနေတုန်း ကျနော့်ခေါင်းပေါ်ကဖြတ်သွားတဲ့ကြယ်တွေကြား လေယာဉ်မှိတ်တုတ်တွေက ဟိုးတုန်း ကအတိုင်း။ ဘယ်အချိန် ဘယ်လေယာဉ်ဆိုတာ မမှတ်မိတော့ပေမယ့် သူတို့ကျနော့်ကိုမှတ်မိဖို့ကောင်းတယ်လို့ တွေးမိ သည်။

အိမ်ရောက်တော့အမေမအိပ်သေးဘူး။ မျက်လုံးမှိတ်တုတ် မှိတ်တုတ်နှင့် ကျနော့်ကိုစောင့်နေသည်။ မိဘနှင့်ဝေးတဲ့အရပ် မှာနေလျှင် ကျမ္မာရေးဂရုစိုက်ဖို့မှာတယ်။ အမေ့ကျမ္မာရေး၊ ကျနော့်ကျမ္မာရေး၊ တိုင်းပြည်ကျမ္မာရေးအားလုံးကောင်းလျှင် ပြန် ဆုံမည်လို့ တွေးခဲ့မိတယ်။ ကောင်းကင်မှာ နောက်ထပ်လေယာဉ်တစင်းရဲ့အသံကို ကြားမိတယ်။ သူတို့တွေအိမ်ပြန်ကြ တာဖြစ်မည်။ ကျနော်က မိုးလင်းလျှင် အိမ်ကထွက်မယ်။ လပြည့်ညတွေရော၊ လကွယ်ညတွေရော၊ မတွေ့ရတော့ မယ့်မျက်နှာတွေရော၊ မတွေ့ရတော့မယ့်လယ်ကွင်းတွေရော ကျနော်အောက်က ကတ္တရာလမ်းထဲ  မျောပါသွားတယ်။ လ သာတဲ့ နွေညတွေဆီအရောက်  သူတို့စီဆင်းကြလိမ့်မယ်။

အေအမ်တီ
၂၇၊ ၄၊ ၂၀ဝ၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်