ဆလိုင်းရွှေလင်း – အပရ စေတနာများ

November 23, 2015

 
ဆလိုင်းရွှေလင်း – အပရ စေတနာများ
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၅
(၁)
အိန္ဒိယအမျိုးသားခေါင်းဆောင် မဟတ္တမဂန္ဒီနှင့် ပတ်သက်၍ ပြောစမှတ်တွင်သော ဖြစ်ရပ်များစွာအနက် တစ်ခုမှာ ဤသို့တည်း။
တစ်ရံခါတွင် ရထားပေါ်အတက်၌ မဟတ္တမဂန္ဒီ၏  ဖိနပ်တစ်ဖက် ကျွတ်၍ အောက်သို့ ကျသွားသည်။ ရထားဘီးက စ၍လိမ့်နေပြီ။ ဆင်းပြီးကောက်ရန် မဖြစ်နိုင်တော့ပါ။ သူတော်ကောင်းကြီး ဂန္ဒီ ဘာလုပ်သည် ထင်ပါသနည်း။ ကျန်နေသော အခြားဖိနပ်တစ်ဖက်ကို မြန်မြန်ချွတ်လိုက်သည်။ ကျွတ်ကျကျန်ရစ်ခဲ့သော ဖိနပ်ဆီသို့ မှန်း၍ ကျန်တစ်ဖက်ကို မြန်မြန်ပစ်ပေးခဲ့သည်။ အခြားသူတို့က သူ့အပြုအမူကို အံ့သြနေကြသည်။ ဂန္ဒီက ရှင်းပြပါသည်။
‘ငါက ဆင်းကောက်လို့ မရတာ သေချာသွားပြီ။ ခုလို အခြားတစ်ဖက်ကို ပစ်ချပေးထားခဲ့မှ ဖိနပ်ကောက်ရသူက ၂-ဖက်စလုံး စီးနိုင်မှာလေ’
သူသည် ထိုဖိနပ်ကို ကောက်ရသူအား ပေးလှူမည်ဟု ကြိုတင်ကြံရွယ်ချက်မရှိခဲ့ပါ။ မလှူမီဖြစ်သော စေတနာ (ပုဗ္ဗစေတနာ) မဖြစ်ပေါ်ခဲ့သည်မှာ သေချာ၏။ ဖိနပ်ကို ပေးလှူမည်ဟု မဆုံးဖြတ်ရပါပဲလျက် ဖိနပ်တစ်ဖက် လက်လွတ်ဆုံးရှုံးသွားသည်။ ထိုဖိနပ်ဆုံးရှုံးသွားစဉ်၊ ပေးလှူနေသော စေတနာ (မုဉ္စစေတနာ) လည်း ဖြစ်ပေါ်ခဲ့သည် မဟုတ်ပေ။ ထို ဖိနပ်တစ်ဖက် ဆုံးရှုံးသွားပြီး နောက်တွင်မှ ထိုဖိနပ်တစ်ဖက်ရသူသည် အခြားတစ်ဖက်ကိုပါ ရရှိလျက်သုံးဆောင်ခံစား ချမ်းသာပွားနိုင်ပါစေဟု ဆုံးရှုံးပြီးမှ ဖြစ်သောစေတနာ (အပရစေတနာ) ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် သူတော်ကောင်းတို့သည် ဆုံးရှုးံမှုများဖြစ်ပေါ်လာသည့်တိုင် ထိုဆုံးရှုံးမှုမှ အကျိုးအမြတ်အဖြစ် အပရစေတနာများဖြစ်ပေါ်နိုင်ကြောင်း ကြည်ညိုအားကျဖွယ် လေ့လာသိရှိရပါသည်။
(၂)
ဇာတ်တော်ကြီးဆယ်ဘွဲ့အနက် မဟာဇနကဇာတ်တော်ကို ဖတ်ဖူးကြပါလိမ့်မည်။ ဇနက မင်းသားသည် သမုဒ္ဒရာ၌ သင်္ဘောပျက်စီး နစ်မြုတ်သောအခါ ငိုကြွေးပူဆွေးမနေပဲ ကြိုတင်ပြင်ဆင်သင့်သည်ကို ပြင်ဆင်၏။ သမုဒ္ဒရာ၌ တပြောင်းပြန်ပြန် တလွန့်လူးလူး ကူးခတ်နေရစဉ်၌ သီလစောင့်၏။ အနီးအနား၌ စားသောက်နိုင်သော ငါးငယ်ပုဇွန်ငယ်များ ရောက်လာသည့်တိုင် ကိုက်သတ်စားသောက်ခြင်း မပြုပဲ စောင့်ထိန်းနိုင်ခဲ့သည်။
သူတော်ကောင်း သူမြတ်လောင်းများသည် အသက်ဘေးနှင့် တွေ့ကြုံနေရသော အရေးပေါ် ကာလများ၌ပင် ရနိုင်သော ကုသိုလ်ပါရမီများကို ဆည်းပူးဖြစ်အောင် ဆည်းပူးဖြည့်ဆည်းသွားကြသည်။
ဇနက္ကသည် အပြောကျယ်လှသော သမုဒ္ဒရာ၌ စီးမြောကူးခတ်ရင်းသီလစောင့်မည်ဟု ကြိုတင်ကြံရွယ်ထားခြင်း မရှိသဖြင့် ပုဗ္ဗစေတနာ မရှိခဲ့ပါ။ သင်္ဘောပျက်၍ ကူးခတ်စဉ်၌လဲ ထိုသို့ သီလဆောက်တည်မည်ဟု မုဉ္ဇစေတနာရှိခဲ့မည်မထင်ပေ။ ကူးခတ်စီးမြောပြီးနောက်တွင်မှ ထိုသီလကုသိုလ်ကို မိမိရရဆည်းပူး လိုက်နိုင်သည်။ သူတော်ကောင်းတို့သည် အခက်အခဲကိုပင် အခွင့်အလမ်းအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိကြပါပေကုန်၏။ သာဓုခေါ် ကြည်ညိုဖွယ်ဖြစ်ပါသည်။

 

(၃)
လယ်တီဆရာတော်ကြီး၏ ကပ္ပိယကြီးတစ်ဦးသည် ခိုးယူခံရသော ကိစ္စတစ်ခုနှင့် ပတ်သက်ပြီး တဖျစ်တောက်တောက် ပြောဆိုနေသည်။ မြည်တွန်တောက်တီးနေသည်။ ဆရာတော်ကြီးက – ‘ ဟဲ့ … ကပ္ပိယ၊ ပြောမနေနဲ့၊ တိတ်တိတ်နေ၊ တို့တွေ ဟိုဘ၀တွေတုံးက သူခိုးတွေ ဖြစ်ခဲ့ကြတယ်ဆိုတာ လူသိသွားအုံးမယ်။’ ဟုမိန့်ပါသတဲ့။
သူများပစ္စည်းခိုးသူသည်ုကံနှင့် ကံ၏ အကျိုးပေးတရားတော်အရ အကျိုးပေးချိန်တန်လာသောအခါ ပြန်၍ အခိုးခံရတတ်ကြောင်း ၀ဋ်လည်တတ်ကြောင်း လယ်တီဆရာတော်ကြီးက ဆုံးမခြင်းဖြစ်သည်။ အမှန်တော့ ထို့ထက်ပိုသော လေးနက်သည့် အကြောင်းခြင်းရာ တစ်ရပ်လည်း ရှိသေးသည်ဟု စာရေးသူ ယုံကြည်ပါသည်။
ရန်သူမျိုး ၅-ပါးဘေးကို ကြုံတွေ့ရပါလို၏ ဟု အဘယ်သူမျှလိုလားကြသည်မဟုတ်၊ ဆုတောင်းကြသည်မဟုတ်။ ထိုဘေး ၅- မျိုးနှင့် ဆုံတွေ့ရသော အခါ၌လဲ ၀မ်းနည်းကြ၏။ ဒေါသထွက်ကြ၏။ သောကဖြစ်ကြ၏။ ထိုသို့ဖြစ်ကြခြင်းမှာ အဘိဓမ္မာသဘောအားဖြင့် အကုသိုလ်ဖြစ်ကြခြင်းပင်။ ရန်သူနှိပ်စက်ခြင်းလည်း ခံရသေးသည်။ အကုသိုလ်ဲ ဖြစ်ကြရသေးသည်။ မိအေး ၂-ခါနာခြင်းဖြစ်သည်။ နာလဲနာ၍ နံလည်းနံရခြင်း ဖြစ်သည်။ံ။
အတိတ်ဘ၀၏ အကုသိုလ်ကြောင့် ရန်သူမျိုး ၅-ပါးဘေးရန်ကို ကြုံရလျှင် ထိုအဖြစ်ကြောင့် ပစ္စုပ္ပန် ယခုဘ၀တွင်လည်း ထပ်မံ၍ အကုသိုလ် မဖြစ်သင့်။ ခန္တီသည်းခံခြင်း၊ သတိသံဝေဂပွားများခြင်းတို့ဖြင့် ရန်သူမျိုး ၅-ပါးကို အကြောင်းပြု၍ ကုသိုလ်တရားသာ ဖြစ်ပွားသင့်သည်ဟု လယ်တီဆရာတော်ကြီးက ဆုံးမလိုခြင်း ဖြစ်မည်ဟု ထင်ပါသည်။ သတိသံဝေဂနှင့် ခန္ဓီသည် ပုဗ္ဗစေတနာ၊ မုဉ္ဇစေတနာအားဖြင့် မထင်ရှား၊ အပရစေတနာအားဖြင့်ကားထင်ရှားမည်ဟု ယူဆပါသည်။
(၄)

 

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စာရေးသူကိုပြောပြခဲ့ဖူးသည်။
‘ မြောက်ဒဂုံက ကျွန်တော့်ဂိုဒေါင်ကြီးအဖောက်ခံရဖူးတယ်။ အတော်များများ ဆုံးရှုံးသွားတယ်။ သူခိုးတွေကို စိတ်ဆိုးတာပေါ့။ အဲဒီအချိန်မှာ ကျွန်တော့်အမေက ပြောတယ်။ ဟဲ့ ….. သားငယ်ငယ်လေးတုံးက ရပ်ကွက်မီးလောင်လို့ တို့တတွေ အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထမင်းထုပ်တွေ စားခဲ့ရတာ မှတ်မိလားတဲ့။ မီးလောင်တာက အလဟဿဖြစ်သွားတာတဲ့။ သူခိုးခိုးသွားတာက အလဟဿ မဖြစ်ဘူးတဲ့။ သူခိုးဖြစ်စေ၊ သူခိုးနဲ့ပတ်သက်နေသူတွေဖြစ်စေ ခိုးရာပါပစ္စည်းကို သုံးဆောင်ခံစားချမ်းသာပွားကြမှာပဲတဲ့။ ငါ့ပစ္စည်းဥစ္စာကြောင့် သူတို့တွေ ချမ်းသာကြပါစေလို့ မေတ္တာပို့ပါတဲ့။ ဆုံးရှုံးရတာချင်းတူပေမဲ့ အကျိုးရှိပုံချင်း မတူဘူးတဲ့။ အဲဒါနဲ့ ကျွန်တော်လဲ အပူမီးလျော့ပါးသွားတယ်၊ မီးလောင်တာနဲ့စာရင်သုံးဆေင်ခံစားသူတွေအတွက် ကောင်းပါတယ်ဆိုပြီး နှလုံးသွင်းလိုက်တော့ စိတ်အေးချမ်းသွားပါတယ်။’
ထိုသူမှာ သူခိုးအခိုးမခံရမီ၌ဖြစ်စေ၊ အခိုးခံနေရဆဲ၌ဖြစ်စေ စေတနာမပေါ်သဖြင့် ပုဗ္ဗစေတနာ မုဉ္ဇစေတနာ မဖြစ်ပေ။ အခိုးခံရပြီးနောက်၌ စေတနာပေါ်လာသည်။ အပရစေတနာဖြစ်မည်ကား သေချာ၏။ အကောင်းထဲက အဆိုး၊ အရှုံးထဲက အမြတ်ဟုဆိုနိုင်သည်။ ထိုသို့ ဆိုသဖြင့် သူခိုးတွေကို အားပေးနေခြင်းမဟုတ်ပေ။ သူခိုးခိုးနိုင်အောင် ပေါ့ပေါ့ဆဆ လက်လွတ်စပယ်နေကြပါဟုလဲ ပြောခြင်းမဟုတ်ပေ။ ပစ္စည်းဥစ္စာကို ကာကွယ်နိုင်သလောက် ကာကွယ်ထားကြရမည်မှာ တာဝန်ဖြစ်သည်။ ထိုသို့ ကာကွယ်ပါလျက် အခိုးခံရသောအခါ ကုသိုလ်ဖြစ်အောင် အကုသိုလ် မဖြစ်အောင် ကြိုးစားအားထုတ်နည်းကို သိစေလို၍ ဖြစ်ပါသည်။
(၅)
လူတစ်ဦးသည် ရဟန္တာအရှင်မြတ်တစ်ပါးဆွမ်းလာရပ်သဖြင့် စေတနာထက်သန်စွာ လှူဖွယ်များကို လှူဒါန်း၏။ အတန်ကြာသောအခါ – ‘ ငါသည် ဘာအလုပ်မျှမလုပ်သော အချောင်သမား ထိုရဟန်းကို လှူခဲ့သည်မှာ မှားလေစွ၊ ကျွန်များကို ကျွေးမွေးလှူဒါန်းခြင်းက ပို၍ အကျိုးရှိနိုင်သေး၏’ ဟု နောင်တရကာ နှလုံးမသာမယာဖြစ်လေသည်။ အပရစေတနာချို့ယွင်းခြင်းဖြစ်သည်။
တစ်ခုသော ဘ၀၌ ထိုသူသည် ထိုအလှူ၏ အကျိုးပေးမှုကြောင့် သူဌေးစည်းစိမ်ကြီးကို ရသည်။ သို့သော် လှူပြီးဖြစ်သော စေတနာ (အပရစေတနာ) ချို့ယွင်းခဲ့သဖြင့် ကောင်းပေ့ဆိုသော စည်းစိမ်များကို မခံစားနိုင်သော စိတ္တဇရောဂါစွဲကပ်သည်။ နတ်သုဒ္ဓါတမျှ အရသာထူးကဲသော အစားကောင်း အစားထူးများကို အလျှံပယ် စားသုံးနိုင်ပါလျက် စားသုံးလိုသော ဆန္ဒမရှိ၊ အဆင်းရဲဆုံးသူများ စားရသော ဆန်ကွဲထမင်းနှင့် ပုန်းရည်ဟင်းကိုသာ မြိန်ရေယှက်ရေစားသုံးလေသည်။
နူးညံ့တောက်ပြောင်သော တန်ဖိုးအကြီးဆုံးပိုးဖဲကတ္တီပါ အ၀တ်အစားများ အလျှံပယ်ပေါများပါလျက် ၀တ်ဆင်သုံးစွဲလိုသော ဆန္ဒမရှိ။ ဆင်းရဲသားများ သုံးစွဲရသော ကြမ်းထမ်းလှသော ဂုံနီ်မျှင်လို အ၀တ်အစားများသာ ၀တ်ဆင်လေသည်။
မြင့်သော မြတ်သော မွေ့ယာကုတင်ကြီးများရှိပါလျက် ခွေးလို ကြမ်းပြင်ထက်၌သာ အိပ်စက်၏။ အပရစေတနာချို့တဲ့ခြင်းကား နစ်နာလှပေစွ။ (ယခုခေတ်၌ ကြွယ်ဝချမ်းသာပါလျက် ရောဂါဝေဒနာတစ်ခုခုကြောင့် စားရေး၊ ၀တ်ရေး၊ နေရေး၊ ၌ပင်ပန်းဆင်ရဲကြကုန်သောသူတို့လဲ စဉ်းစားဖွယ်ဖြစ်သည်။)
အငြိမ်းစားဆရာမကြီးဒေါ်မြသိန်း(M.Ed)က ဤသို့ ပြောပြဖူးသည်။
‘ဆရာမရဲ့အစ်မကြီးက မေမြို့၊ ရေချမ်းအိုးတောင်ရွာမှာ နေတယ်။ သူ့ဆီမှာ ငွေကြေးဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ သီးနှံဖြစ်စေ တစ်ခုခုလာချေးရင် ချေးနိုင်သလောက် ချေးငှားလိုက်တယ်။ ပြီးတော့ ချေးယူသူကို တခါတည်း ပြောလိုက်တယ်။ ဘာပြောလဲ ဆိုတော့ ပြန်ဆပ်နိုင်ရင် ပြန်ဆပ်ကြပါတဲ့။ မဆပ်နိုင်ရင်လဲ ကျွန်မကတော့ လှူတယ်လို့ သဘောထားပါတယ်တဲ့။ ဘာမှ စိတ် အနှောက်အယှက် မဖြစ်ကြပါနဲ့တဲ့။ ကျွန်မလဲ ပြန်မပေးရကောင်းလားလို့ အကုသိုလ်မဖြစ်ချင်ဘူးတဲ့။ ချေးယူသူတွေလဲ အလှူခံ ပုဂ္ဂိုလ်တွေဖြစ်သွားတော့ သံသရာမှာ ကြွေးတွေ ပါမသွားတော့ဘူးပေါ့တဲ့။ သူတို့ကိုလဲ အကုသိုလ် မဖြစ်စေချင်ဘူးပေါ့တဲ့။ အဲသလိုပြောပြီး ချေးလေ့ရှိတယ်။ အဲဒီစေတနာတွေကြောင့်လား မသိဘူး။ အစ်မကြီးစိုက်ခင်းမှာ သူများထက်ကို အဆများစွားအပင်အောင်တယ်။ ဘေးခြံတွေတောင် အံ့သြကြရတယ်။’
ဆရာမကြီး၏ အစ်မကြီးသည် အပရစေတနာကိုပါ တခါတည်းပြင်ဆင်ပြီးသားဖြစ်သွားသည်။ အံ့သြချီးကျူးကြည်ညိုဖွယ် ဖြစ်ပါသည်။
(၆)
ရှေးက ဗုဒ္ဓဘာသာဝင်ဘုရင်များသည် ကုသိုလ်တော်မှတ်တမ်းများကို ရေးသားမှတ်တမ်းတင်စေကာ အခါအားလျော်စွာ မင်းမှုထမ်းများအား ဖတ်ကြားစေကြကြောင်း သိရသည်။ အပရစေတနာကို တိုးပွားသထက်တိုးပွားအောင် ဆောင်ရွက်သော နှစ်လိုဖွယ်၊ကုသိုလ် အလေ့အထဖြစ်သည်။ ယခုခေတ်၌လဲ ပြုသင့်ပါ၏။
၁၉၉၈-ခုနှစ်တွင် ဆောမြို့နယ်၌ ဝေဒနာပြင်းထန်စွာခံစားနေရသော အဖွားအိုတစ်ဦးသည် ရပ်ရွာလူကြီးများကိုခေါ်၍ အမွေကိစ္စ ပြောသည်။ မည်သည့်ပိုင်ဆိုင်မှုကို မည်သူ့ကို ပေးခဲ့မည် စသဖြင့် သေသေချာချာ ရေးသားမှတ်တမ်းတင်စေသည်။ တရားဓမ္မကိုလဲ အတန်အသင့် ဆည်းပူးထားဟန်တူသည်။ သို့မဟုတ် ရင့်ကျက်နေဟန်တူသည်။ ‘သူတို့လေးတွေ ငါပေးခဲ့တဲ့ဟာတွေနဲ့ အဆင်ပြေကြမယ်လို့ ထင်ပါတယ်’ ဟု အပြီးသတ်ပြောခဲ့ရာ အပရစေတနာသဘောလေးကို တွေ့ရသည်။ အမွေပေးရာတွင် မေတ္တာ၊ ကရုဏာကြီးလျှင် ကြီးသလောက် ကုသိုလ်ရမည်မှာ မလွဲပေ။ ပေးထားသော အမွေပစ္စည်းများဖြင့် ကျန်းမာအဆင်ပြေကြမှာပါ ဟု အပရစေတနာ ပွားလျှင်ပွားသလောက် ကုသိုလ်ရနိုင်ပါသည်။
ဂျပန်နှင့် နော်ဝေအပါအ၀င် ကမ္ဘာ့နိုင်ငံကြီးအချို့သည် မြန်မာနိုင်ငံ၏ ကြွေးမြီအချို့ကို လွတ်ငြိမ်းခွင့်ပေးခဲ့ကြသည်။ ကြွေးပေးစဉ်က ထိုသို့ လွတ်ငြိမ်းခွင့်ပေးဖို့ စေတနာရှိချင်မှ ရှိလိမ့်မည်။ အခက်အခဲများပြေလည်သွားကြပါစေဟု စေတနာထားလျှင် ကြွေးလျော်သော ကာလနောက်ပိုင်း၌ အမြဲတမ်း အပရစေတနာပြဌာန်းရာရောက်၍ ကုသိုလ်ကြီးမားမည်မှာ အထူးဆိုဖွယ် မလိုချေ။
ကွယ်လွန်ခါနီးတွင် ပြုခဲ့သမျှသော ကောင်းမှုများကို သတိရ၀မ်းမြောက်ခြင်းဖြင့် အပရစေတနာအစွမ်း ကြောင့် သုဂတိဘုံဘ၀ရောက်နိုင်ကြောင်းလဲ အရေးတကြီး ညွှန်ပြကြပါသည်။

 

ဆလိုင်းရွှေလင်း
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်